Question by Thomas Latt - Answers By Chaw Chaw Mirror !!!!!!!!!

31 views
Skip to first unread message

Thomas Latt

unread,
Feb 18, 2014, 1:51:45 AM2/18/14
to travelmyanmar
Question by Thomas Latt

အောက်ဖေါ်ပြပါ ခရီးစဉ်ဒေသတွေကို (ဖြစ်နိုင်ရင်) နိုင်ငံခြားသား ဧည့်သည် မပို့သင့်ဘူး
လို့ (အခြေအနေအရပ်ရပ် အရ) ယူဆပါတယ်။
ဘာကြောင့် မပို့သင့်သလဲ ဆိုတာရယ်၊ နောက်ထပ် ဘယ်ခရီးစဉ်နေရာ
ဒေသတွေကို ထပ်ဖြည့်သင့် သလဲ ဆိုတဲ့ အမြင်ကလေးများသိချင်ပါတယ်။

ဒါမှမဟုတ် အဲဒီခရီးစဉ်ဒေသတွေ ကို မဖြစ်မနေပို့သင့် ပါတယ်၊
ခရီးစဉ်ထဲ မှာ မဖြစ်မနေထည့် သွင်းသင့်ပါတယ် ဆိုရင် လဲ
ဘာကြောင့်.. ဆိုတဲ့ မိမိတို့ရဲ့ အမြင်ကလေးများကို မျှဝေစေချင် ပါတယ်။
အားလုံးအတွက် တန်ဖိုးရှိလိမ့်မယ် လို့ယုံကြည်ပါတယ်။
၁။ ကျိုက်ထီးရိုး
၂။ မန္တလေးတောင်
၃။ ပုပ္ပါးတောင်ကလပ်
၎။ အင်းဝ
၅။ ငွေဆောင်

&&&&&&&&&&&&&&&&&&&&&&&

Answers By Chaw Chaw Mirror !!!!!!!!!

၁။ ကျိုက်ထီးရိုး ဘုရားအထိ ရောက်အောင် နိုင်ငံခြားသားတွေ အတွက်
ဘုရားနားက တောင်ပေါ် အထိ အထမ်း တက်ရတာထက်
ကား စီးလို့ ရ သွားတယ် ဆိုတော့ အရင်ကထက် သာတယ် လို့ ဆိုလို့ ရပါတယ်။

တောင်တက်ကားတွေက (( အမိုးအကာတွေ ထိုင်ခုံလေးတွေပါပြီး )
( ငါးပိသိပ် ငါးချဉ် သိပ် ) မဖြစ်ဘဲ သက်တောင့် သက်သာ ဖြစ်ဖို့
လိုအပ်သလို လုံခြုံ စိတ်ချရဖို့ လိုအပ်ပါတယ်။
အထူးသဖြင့် ဘုရား အနီးမှာ သန့်စင်ခန်းတွေ များများ ထားပေးတာမျိုး
လုပ်ပေးနိုင်မယ် ဆိုရင်တော့ နိုင်ငံခြားသား များ အတွက်
ပိုပြီး အဆင်ပြေပြေ သွားလို့ လာလို့ ရပါတယ်။

ဧည့်လမ်းညွှန် point of view အရ ကြည့်မယ် ဆိုရင်တော့
နိုင်ငံခြားသား နဲ့ ကျိုက်ထီးရိုး မသွားချင်ပါ။
ကျိုက်ထီးရိုး တောင်ပေါ် အနားက ဟိုတယ် တွေက Guide များ
တည်းဖို့ အခန်းတွေကို လုံခြုံ စိတ်ချ စွာ အဆင်ပြေစွာ စီစဉ် ပေးတာ မျိုး
မရှိ တဲ့ အတွက် အခန်းရှားပါးမှု ပြဿ နာ များကြောင့် လုံးဝ မကြိုက်ပါ။
အတတ်နိုင်ဆုံး tour လက်ခံရင် ရှောင် တဲ့ ခရီးစဉ် တစ်ခုဘဲ ဖြစ်ပါတယ်။

၂။ မန္တလေးတောင် ( ခရီးစဉ်အရ သွားရောက် လည်ပတ် သင့်တဲ့
နေရာ တစ်ခု ဖြစ်ပါတယ်။ ) သို့ရာတွင် တောင်တက်ကားလမ်း တစ်လျှောက်တွင်
ကားလမ်းမ အလယ် ထိ ရောက်အောင် ( ရွှေမြန်မာ မန်းသူမန်းသားများ အားကစားသမားများ တောင်တက်သမားများက နယ်ချဲ့ လမ်းလျှောက် )
ကြတော့ ထိမိ ခိုက်မိ တိုက်မိ မည် စိုးရိမ်သဖြင့်
အမြဲ ရင် တထိပ်ထိပ် နဲ့ တောင်တက်ကားများကို စီးနေရပါတယ်။

( 2 pax- 4-6 pax ) Tourists များကို ဦးဆောင် သွားရင်
ကိုယ့် tour car နဲ့ ကိုယ်တောင်ပေါ် တက်လို့ ရလို့ ပိုကောင်းပါတယ်။
ပြသနာ နည်းပါတယ်။ သို့ရာတွင် group tour များအတွက်
မိမိတို့ ကားနဲ့ တက်လို့ မရဘဲ အငှားကား များ။
ကားသေးလေးများခွဲ တက်ရခြင်း။
ကားမောင်းသူများ။စပယ်ယာ များကို အမြဲ သတိထားနေရခြင်း။
ကား နဲ့ ဧည့်သည် မလွဲ အောင် အမြဲ သတိထားနေရခြင်း။
စိတ်ဗျာများစရာ။စိတ်မောစရာ များရှိလို့ စိတ်ပင်ပန်းစေတဲ့ ခရီးစဉ်
ဖြစ်သလို ထုံးစံ အတိုင်း တောင်ပေါ် မှာ အိမ်သာ သန့်စင်ခန်း
အခက်အခဲ များရှိတဲ့ အတွက် အဆင်မပြေ ဖြစ်ပါတယ်။
လျှစ်စစ် cable car များ နှင့် တက် နိုင်လျှင် ထို ကိစ္စ နည်းနိုင်ပါတယ်။
ထိုသို့ မဟုတ်ပါလျှင် group tourist များ အတွက် ကား နံပါတ်စဉ်
အလိုက် လူအရေအတွက် အလိုက် ကားကို ထွက်ခိုင်း။
တောင်အောက် ရောက်မှ လူပြန်စု ။
လိုင်းကား များလို တစ်ဦးခြင်း ငွေပးစနစ် ထား။
မည်သည့် လိုင်းကားအတက်ကားကို မဆို စီးနင်းခွင့် ရှိသလို
အပြန် အဆင်းကားများကိုလည်း စီးနင်းခွင့်ပေး။
တန်းစီ စနစ် ဖြင့် အလှည့်ကျ တက်ဆင်းခိုင်း ဆိုရင် ပို ကောင်းပါတယ်။
တကယ် စနစ်တစ်ကျ ကြည့်ကြပ် လုပ်ရင် ဖြစ်နိုင်ပါတယ်။

၃။ ပုပ္ပါးတောင်ကလပ် ( မျောက်စာ များကို နေရာ တစ်နေရာ တွင်
တောင်ပေါ်ထိပ်ဆုံး သို့ မဟုတ် အောက်ဆုံး သို့ မဟုတ်
တောထဲ တွင် သီးသန့် ကျွေးမွေးခြင်း။
တောင်တက်လမ်း တစ်လျှောက် လှေကားများတွင်
မျောက်စာကျွေးခြင်းကို ပြင်းထန်စွာ တားမြစ်ခြင်း။
။မျောက်စာ ရောင်း သော ဈေးသည် များ မရှိအောင်
စည်းကမ်းသတ်မှတ် တားမြစ်ခြင်း။ )
များပြုလုပ်မည် ဆိုပါက စိတ်ဝင်စားစရာ နေရာ တစ်ခု ဖြစ်ပါတယ်။

၎။ အင်းဝ ( အင်းဝ မြို့ ရှိ နိုင်ငံခြားသားများ စီးနင်း လိုက်ပါသော
မြင်းလှည်းများ` ၏ ကြံ့ ခိုင်ရည် ပြန်လည် တည်ဆောက်ခြင်း
။ပုဂံ ကကဲ့သို့သော သက်တောင့် သက်သာ ရှိစေသည်
့ မြင်းလှည်းများ ပုံစံ အတိုင်း ပြန်လည် ပြုပြင်ခြင်း
။မြစ်တစ်ဖက်ကမ်းကူး လှေဆိပ် နေရာမှ မြင်းလှည်းသွားရာ
လမ်း တစ်လျှောက် ကို ကတ္တရာလမ်းများ ခင်းပေးခြင်း
။ အင်းဝ လှေဆိပ် နှစ်ဖက် လုံး၏ ဆိပ်ခံ ဘောတံတားများ
ကောင်းမွန် ခိုင်ခန့် အောင် လုပ်ပေးခြင်း။
မပါမဖြစ် အိမ်သာ သန့်စင်ခန်း များများ ထားရှိ တည်ဆောက်ခြင်း
။ရေ မှ အစ ယူသုံးရ လွယ်ကူအောင် လုပ်ပေးမည်
ဆိုပါက အလွန် လှပသော ခရီးစဉ် တစ်ခုဘဲ ဖြစ်ပါတယ်။

၅ ။ငွေဆောင် ကမ်းခြေ ရှိ ဟိုတယ် များ ဈေးနှုန်း
ယခု ထက် ပိုမို လျှော့ချပေးနိုင်ခြင်း။
လျှပ်စစ်မီး ၀န်ဆောင်မှု ၂၄ နာရီ ရအောင် လုပ်ပေးနိုင်ခြင်း။
အင်တာနက် ၀န်ဆောင်မှု ကောင်းကောင်း ပေးနိုင်ခြင်း။
speed boat / banana boat / များ ။
အခြား casino / bar/ massage / spa / များ ရှိအောင် လုပ်ပေးခြင်း။
အန္တရာယ် ရှိသော ကျောက်ဆောင်။ ချောက် ကျသော နေရာ များကို
သေသေချာချာ မှတ်သား တားမြစ်ပေးခြင်း။
ပင်လယ်တွင်း လုံခြုံရေးများ ချပေးထားခြင်း။
အများသုံး public toilets များထားပေးခြင်း
။ရှိပါက လည်ပတ် သင့်သော နေရာ တစ်ခု ဖြစ်ပါသည်။

မည်သို့ပင် ဖြစ်စေကာမူ မြန်မာပြည်တွင်
မည်သည့် နေရာ ဒေသ ကို သွားသွား
-- ကျန်းမာရေးစောင့်ရှောက်မှု ဆေးရုံ။ဆေးခန်းများ
နေရာ တကာတွင် ပြည့်စုံ စွာ ရှိခြင်း။
လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ခြင်း။
အင်တာနက်။ဖုံးလိုင်း ကောင်းမွန်ခြင်း။
၂၄ နာရီ မီး ရရှိခြင်း။
public Bus / plane များ ၂ နာရီ ခြား တစ်ခါ လောက်
ထွက်ပေးနိုင်မှု ရှိခြင်း။
အဆိုပါ ၀န်ဆောင်မှု ကောင်းများ ပေးနိုင်ပါမူ။
( အထက် ဖေါ်ပြပါ အခက်အခဲ များကို
စနစ်တစ်ကျ ကိုင်တွယ် ဖြေရှင်း အဖြေရှာ
စည်းကမ်း တင်းကြတ်ပါမူ )

မည်သည့် နေရာကို မဆို သွားရောက် လည်ပတ် သင့်ပါသည်။
— with Thomas Latt.

Nyi Nyi ®

unread,
Feb 19, 2014, 11:01:57 AM2/19/14
to travel...@googlegroups.com
ကျနော်လည်း အလုပ်ရှုပ်နေလို့မရေးဖြစ်တာ။ တကယ်ရေးဖို့ ရည်ရွယ်နေတာက မြန်မာပြည်မှာမသွားလည်း ဖြစ်တယ်ဆိုတဲ့ နေရာ (၁၀) ခုအကြောင်းပါ။ (မဖြစ်မနေသွားသင့်တဲ့နေရာ ၁၀ ခုမဟုတ်ဘူးပေါ့ဗျာ။) ကိုသောမတ်စ် ပြောတဲ့နေရာ (၅) ခုမှာ ငွေဆောင်တစ်ခုကိုတော့ သွားသင့်တယ်လို့မြင်တယ်။ အားလုံးနဲ့ သဘောထားတိုက်ဆိုင်ဖို့မရည်ရွယ်ပါဘူး။

(၁) ကျိုက်ထီးရိုး - ဒေသခံများရဲ့ တလွဲဘာသာရေးတန်ဖိုးလွန်ကဲနေခြင်း (ဥပမာ မကာလိုနေရာမျိုးဖြစ်နေတာ)၊ နေစရာ ရှားပါးခြင်း၊ ခရီးသွားလုပ်ငန်းအတွက် တရင်းတနှီးမဖြစ်ခြင်း စတဲ့အချက်တွေနဲ့ ဒီနေရာကို ကျနော်ကတော့ လတ်တလော ခရီးမသွားလဲ မြန်မာပြည်လည်ပတ်ရတဲ့တန်ဖိုး မလျော့သွားဖူးလို့ မြင်ပါတယ်။

(၂) မန္တလေးတောင် - ရှုပ်ယှက်ခတ်နေတဲ့ ခရီးသည်လူထုကြီးကြားထဲတိုးဝှေ့တက်ဆင်းပြီး မြင်ရတဲ့ မြင်ကွင်းကလည်း အမြဲတမ်းလိုလိုမြူတွေဆိုင်းနေတတ်ပြီး ကင်မရာခွန်၊ ကားရပ်နားဖို့နေရာစတဲ့အခက်အခဲတွေနဲ့ ယှဉ်ကြည့်ရင် မသွားလည်း ဘာအရသာမှ မပျက်ဘူးလို့မြင်ပါတယ်။

(၃) ပုပ္ပါးတောင်ကလပ် - ကျိုက်ထီးရိုးနဲ့ မတူတဲ့တစ်ချက်ကတော့ ခရီးသွားလုပ်ငန်းအတွက် friendly ဖြစ်တယ်လို့မြင်ပါတယ်။ ခုတ်မယ်ထစ်မယ် ပါးပါးလှီးမယ်ဆိုတာတွေမရှိဘူး။ နောက်တစ်ခုက တောင်ကလပ်ပေါ်မတတ်ဘူးဆိုရင်တော့ အဆင်ပြေနိုင်ပါတယ်။ တောင်ကလပ်ဆိုရင်တော့ သွားလည်း မထူးဘူးလို့ပြောလို့ရပါတယ်။ ခြေဗလာ နဲ့မျောက်ချေး ပဲပြေးမြင်မိတယ်။

(၄) အင်းဝ ကတော့ ကျေးလက်နဲ့ ရှေးဟောင်း သမမျှတဆွဲဆောင်မှု ရှိတဲ့နေရာတစ်ခုဖြစ်ပေမယ့် မြင်းလှည်းခရီးစဉ်ကိုမဖြစ်မနေသဘောမျိုးသွားနေရတဲ့အတွက် သက်ကြီးခရီးသည်တွေနဲ့ မသင့်တော်ဘူးလို့ မြင်ပါတယ်။

(၅) ငပလီ ကို လေယာဉ်နဲ့ သွားမှရောက်တယ်။ ကားလမ်းနဲ့ သွားလို့ရမယ့် အနီးဆုံး ကမ်းခြေအဖြစ် ငွေဆောင်ကိုတော့ ရွေးချယ်ပါတယ်။ ရွေးချယ်စရာ ဟိုတယ်အတန်အသင့်ပေါများတာရယ်၊ သန့်ရှင်းတဲ့ ကမ်းခြေဖြစ်တာရယ်ကြောင့် ကျနော်ကတော့ ဒီ ငါးခုထဲက ဒီတစ်ခုကို ပဲရွေးပါတယ်။
Reply all
Reply to author
Forward
0 new messages