ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊ မန်နေဂျာများနှင့် တာဝန်ခံများအား တွေ့ဆုံမှာကြား

11 views
Skip to first unread message

Thomas Latt

unread,
Jun 19, 2014, 2:56:39 AM6/19/14
to travelmyanmar
ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ
အထွေထွေမန်နေဂျာများ၊ မန်နေဂျာများနှင့် တာဝန်ခံများအား တွေ့ဆုံမှာကြား

18.6.2014

နေပြည်တော် ၊ ဇွန်လ ၁၈ရက်

ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဦးဌေးအောင်သည် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရုံးအမှတ်(၃၃)၊
ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ ကျောက်စိမ်းခန်းမ၌
နေပြည်တော်ဟိုတယ်ဇုန်ရှိ ဟိုတယ်များမှ အထွေထွေမန်နေဂျာများ၊
မန်နေဂျာများနှင့် တာဝန်ခံများအား တွေ့ဆုံမှာကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ ပြောကြားရာ၌ ယခုအခါ နေပြည်တော်တွင်
ဟိုတယ်ဆိုင်ရာဝန်ဆောင်မှု လုပ်ငန်းများ တိုးတက်ပြည့်စုံလာပြီဟု ဆိုနိုင်
ပါကြောင်း၊ အထူးသဖြင့် နိုင်ငံတော်အဆင့် အစည်းအဝေးနှင့် ကွန်ဖရင့်များ
ကျင်းပလာနိုင်ပြီဖြစ်ပါကြောင်း၊ အထူးသဖြင့် အစိုးရကိုယ်စားလှယ်တော် များ
တည်းခိုနေထိုင် ရန်အဆင့်မြင့်နေရာထိုင်ခင်းနှင့် အသုံးအဆောင်များ
ရှိလာပြီဖြစ်ပါကြောင်း၊ သို့ရာတွင် အချို့မှာ ဒုတိယ အဆင့်စီမံကိန်းများ
အချိန်မီပြီးစီးရန်လိုအပ်သည့်အတွက် ယခုကပင်
အားသွန်ခွန်စိုက်လုပ်ကိုင်သွားရန် လိုအပ်ပါကြောင်း၊
အခြားအထောက်အကူပြုလုပ်ငန်းများလည်း အဆင်သင့်ဖြစ်စေလိုပါကြောင်း၊
အထူးသဖြင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးရေးမှာ အရေးကြီးသဖြင့်
လေ့ကျင့်ပျိုးထောင်မှုကို ၀န်ကြီးဌာနနှင့် အတူ
ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုပါကြောင်း ရှင်းလင်းပြောကြားပါသည်။ ဆက်လက်၍
ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်
ဦးအောင်ဇော်ဝင်းက လိုအပ်သည်များကို ဖြည့်စွက်မှာ ကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မွန်းလွဲပိုင်းတွင်
ပြည်ထောင်စုဝန်ကြီးရုံး၊ နီလာအစည်း အဝေးခန်းမ၌ ကျင်းပပြုလုပ် သည့်
မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့်အဖွဲ့ဝင်အသင်းများမှ
အကြံပြု တင်ပြချက်များအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
ဆောင်ရွက်ထားရှိမှုနှင့် ဆက် လက်ဆောင်ရွက် မည့် အခြေအနေနှင့်ပတ်သက်၍
လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြားခဲ့ ပါသည်။

ပြည်ထောင်စုဝန်ကြီးမှ အမှာစကားပြောကြားရာ၌ အမျိုးသားခရီးသွားလုပ်ငန်း
ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုကော်မတီ၏ ဒုတိယအကြိမ်အစည်းအဝေးကို
မကြာမီကျင်းပပြုလုပ်ရန်ရှိကြောင်း၊ သို့ဖြစ်ရာ ယခင် ပထမအကြိမ်အစည်းအဝေး၌
မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်နှင့် အဖွဲ့ဝင်အသင်းများမှ ဗဟို
ကော်မတီဥက္ကဌထံသို့ အကြံပြုတင်ပြခဲ့သည့်အချက်များအပေါ် ၀န်ကြီးဌာနများမှ
သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍ အလိုက် ပြန်လည်ဖြေကြားပေး
ပို့လာသည်များရှိပါကြောင်း၊ ၄င်းအချက်များအား ဟိုတယ်
နှင့်ခရီးသွားလုပ်ငန်းဝန်ကြီးဌာနမှ စုစည်း၍ ဗဟိုကော်မတီဥက္ကဌ
ဒုတိယသမ္မတထံသို့ ဆက်လက်တင်ပြခဲ့ ပါကြောင်း၊ အဆိုပါတင်ပြချက်များအရ
တိုးတက်မှုအခြေအနေ၊ လုပ်ငန်းပြီးစီးမှုအခြေအနေများကို
ပြန်လည်ညှိနှိုင်းဆွေးနွေး ရန်ဖြစ်ပါကြောင်း ပြောကြားပါသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော သက်ဆိုင်ရာဝန်ကြီးဌာနအလိုက်
တာဝန်ရှိပုဂ္ဂိုလ်များ၏ တင်ပြချက်များအပေါ် ဆွေးနွေး ညှိနှိုင်းပြီး
အစည်းအဝေးအား မွန်းလွဲပိုင်းတွင် ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

Source: www.myanmartourism.org
--


~ an asian tour operator aato ~
“If you reject the food, ignore the customs, fear the religion and avoid
the people, you might better stay at home.” — *James Michener*
Reply all
Reply to author
Forward
0 new messages