ခေတ်သစ် သတင်းခိုး ငတက်ပြား သတိထား ပါ ( to Travel Myanmar Web peers)

63 views
Skip to first unread message

Tomme Aung

unread,
Jul 2, 2014, 6:31:07 AM7/2/14
to travel...@googlegroups.com

ခေတ်သစ် သတင်းခိုး ငတက်ပြား သတိထား ပါ ( to Travel Myanmar Web peers)

June 27 ရက်နေ့က မိတ်ဆွေ ဂိုက်များ နှင့် အများသူငါ အတွက် ရသေ့ပျံဂူ အကြောင်း ရေးခဲ့တယ်။ မသိသေးတဲ့ သူတွေအတွက်ရည်ရွယ်ပြီး မျှဝေချင်တဲ့စေတနာ groups.com / forum/ travel နဲ့ facebook တို့မှာ တင်ခဲ့တာဖြစ်တယ်။
၃၀ ရက်နေ့ June ရတနာပုံ သတင်းစာမှာ ကိုယ့်ဆောင်းပါးပါလာတာ တွေ့ရတယ်။ သတင်းအနေနဲ့ သတင်းထောက် အတာ ဆိုတဲ့သူက ဖော်ပြရေးထားပါတယ်။ Attached Photo ကို ကြည်နိုင်ပါတယ်။
အတာက အထက်ပါ ရသေ့ပျံအကြောင်း မိမိရေးထားတဲ့ အချက်အလက်အချို့ ကို မူရင်းအတိုင်းထဲ့ကူးချ ဖော်ပြပြီး ဧည့်လမ်းညွှန်များမှ တစ်ဆင့် သိရပါတယ်လို့ ဝါးချထားတယ်။ ဓါတ်ပုံကလည်းမိမိရိုက်ခဲ့တဲ့ ဓါတ်ပုံ 99 Mark 2 Car အဖြူရောင်နဲ့ပုံပါ။
ဆိုချင်တာက ဂျာနယ်လစ် ethic နားမလည်တာ ။ သူများဆောင်းပါးကို ကူးယူတာ မလုပ်ကောင်းပါဘူး။
နောက်ပြီး ရတနာပုံသီတင်းစာဆိုတာ နိုင်ငံပိုင် ဖြစ်လို့ နိုင်ငံအတွက် ရှေ့ထား သီတင်းခိုးယူ ဖော်ပြတာ မလုပ်သင့်ဘူး။ စာရေးသူက အချိန် ငွေ နဲ့ ဦးနောက်ရင်း ရေးခဲ့ရတာကို လေးစားနားလည်ပေးဖို့ လိုပါတယ်။
ကူးယူဖော်ပြတဲ့ အတာက groups .gooါle ကနေ ကူးယူတာဖြစ်နိုင်ပါတယ်။ အမှန်ဆိုရင် မူလရေးသူထံ ခွင့်ပြုချက် ဒါမှမဟုတ် အသိပေးမှု လုပ်သင့်ပါတယ်။ ကိုယ်က ဒီစာမူကို အများအတွက် လျူဒါန်းသလို ဖော်ပြပေးခဲ့လို့ ပြသနာ မလုပ်ပါဘူး။ မိမိကိုတော့ အသိလေးပေးရင် တော်ပါပြီ။ အခုလည်း သီတင်းစာကနေ ထပ်မံ ဖော်ပြလိုက်တော့ မသိသေးတဲ့ လူတွေကို အကျိုးပြုနိုင်လို့ ဝမ်းသာတာ တစ်ပိုင်း ကျင့်ဝတ်နားမလည်ဘဲကူးယူဖေါ်ပြတဲ့ အတာ ဆိုသူကို စိတ်ကသိကအောက် ဖြစ်တာတစ်ပိုင်းနဲ့ အနေခက်ရတယ်။
ဒါ့အပြင် ဒီweb ပေါ်မှာ စေတနာ ဖြင့် ရေးသားပေးနေကြသော ညီအကို မောင်နှမများ အထူးဂရုစိုက်ကြဖို့ အတွက်သာ တင်ပြတာဖြစ်ပါကြောင်း။

အစဉ်လေးစားလျက်
သွေးသစ်

Yathae Pyan 1.jpg
Yathae Pyan 2.jpg

Nansein Than

unread,
Jul 2, 2014, 8:48:08 AM7/2/14
to travelmyanmar

So bad!

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/569ee4e2-ce6b-412e-8a37-a42590996c4b%40googlegroups.com.
For more options, visit https://groups.google.com/d/optout.

Nyi Nyi ®

unread,
Jul 2, 2014, 9:51:18 PM7/2/14
to travel...@googlegroups.com
Dear Ko သွေးသစ် we're sorry to hear this happened to you. Can you pls contact the editor in chief of that news paper. We'll of course support the case. With best regards, Frankie

Tomme Aung

unread,
Jul 3, 2014, 3:50:49 AM7/3/14
to travel...@googlegroups.com
Dear ကို ညီ

အခုလို နားလည် အားပေးစကားပြေလို့ အထူးကျေးဇူးတင်ပါတယ်။ ကျွန်တော် အခု ဘာမှတော့ မစဉ်းစားတတ်ပါဘူး။ ပထမဆုံး ကူးယူခံရတဲ့အတွေ့အကြုလည်းဖြစ် ကိုက စေတနာနဲ့ ရေးပေးခဲ့တာမို့ ခွင့်လွတ် နားလည်ပေးလိုက်ပါတယ်။ ဒီပေါ်မှာ နောက်ထပ် post တွေကို တင်ကြမယ့်သူတွေ အများသိစေဖို့ အတွေ့အကြုံ ဖလှယ်ပေးမယ့်သူတွေ ဂရုစိုက် နိုင်ဖို့နဲ့ ဒီ web site ကို ဂျာနယ်တစ်ချို့ က ရည်ညွှန်း ဖော်ပြကြဖို့ စောင့်ကြည့်ခံနေရ တယ်လို့ ထင်တာက တစ်ကြောင်း စိုးရိမ်လို့ အချင်းချင်း လက်တို့လိုက်ရတာပါ။
ဧည့်လမ်းညွှန် မောင်နှမများ သတိရှိကြပါလို့
လေးစားစွာဖြင့်
သွေးသစ်

chawchaw mirror

unread,
Jul 3, 2014, 11:38:39 PM7/3/14
to travelmyanmar

ကိုယ့်ဘက်က စေတနာ မှန်မှန် နဲ့ လူ အများကို
သိစေချင်။ ဖတ်စေချင် လို့ ရေးထားတာ ဖြစ်တဲ့ အတွက်
အကယ် ၍ ကိုယ့် စာမူ ကို အများသူငှာဖတ်နိုင်အောင်
ကူးယူ ဖေါ်ပြ ခံ ရမယ် ဆိုရင် ဂုဏ်ယူ သင့် ပါတယ်။

တစ်ခုဘဲ ရှိတာက ကိုယ်ရေးထားတဲ့ စာမူကို
( ကိုယ့် နာမည် ကို အညွန်းလေးတောင် မသုံးစွဲဘဲ )
 စာစောင် မှာ ဖေါ်ပြ တဲ့ အတွက် အနည်း နဲ့ အများ
စိတ်ခု သွားတဲ့ သဘော ဖြစ် မှာပါ။


သတင်းထောက်က အကြမ်းဖြင်း ရည်ညွှန်းပြီး
( ဧည့်လမ်းညွှန် များထံ မှ သိရပါသည် ) လို့တော့
ရေးထားတာ ဖြစ်တဲ့ အတွက် စာဖတ်သူတိုင်း
 သေချာပေါက် နားလည် နိုင်တာက အဆိုပါ
သတင်းထောက်  တင်ပြတာ အားလုံး
ဧည့်လမ်းညွှန်များထံမှ  မှီငြမ်း
 ရေးတာ ဆိုတာ ကိုတော့ သိသာပါတယ်။

အခုလို Travel net မှာ ဧည့်လမ်းညွှန်များထံ မှ လို ရောထွေး လုံးချ မရေးဘဲ
 စာရေးသူ ကိုယ်တိုင် ရဲ့ နာမည် ကလောင်နာမည်သုံးစွဲ
သင့်တယ်ဆိုတာ စာရေးသူကိုယ်တိုင်က  ရေးလိုက်တဲ့ အတွက်
ပိုကောင်းတာက နောက်ပိုင်း စိတ်ဝင်စားလို့ ကူးယူချင်သူတွေ
နာမည် သေသေချာချာ ( ဘယ်သူ ဘယ်ဝါ ) ဆိုတာ
ရည်ညွှန်း ဖေါ်ပြ လိမ့်မယ် လို့ ယူဆ ရပါတယ်။






--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.

Thida Win

unread,
Jul 3, 2014, 11:38:47 PM7/3/14
to travel...@googlegroups.com
အစ်ကို ကျွန်တော်အထူးဝမ်းနည်းပါတယ်။ ကျွန်တော် သူခိုးမဟုတ်ပါဘူး။
သတင်းကျင့်ဝတ်မသိသူလည်းမ ဟုတ်ပါဘူး။ အစ်ကိုရယူထားတဲ့
သတင်းတန်ဖိုးကိုမသိသူလည်းမဟုတ်ပါဘူး။ အစ်ကိုတင်ထားတာကို အစ်ကို
ခွင့်ပြုချက်မယူဘဲရေးမိတဲ့အတွက် ကျွန်တော်မှားပါတယ်။
စိတ်ဝင်စားတဲ့စိတ်နဲ့ မျှဝေပေးချင်တဲ့ဆနကိုအခြေခံ ပြီးရေးမိတာပါ။
အစ်ကိုကို ခင်ချင်လို့ မိတ်ဆက်နေတာပါ။
အစ်ကို့ဖုန်းနံပါတ်လည်းတောင်းဖူးပါတယ်။ အစ်ကို မပေးလို့ပါ။
အခုကိစနဲ့ပတ်သက်ပြီး အစ်ကိုကျေနပ်အောင် ကျွန်တော်ဘာလုပ်ပေးရမလဲ။
စာမျက်နှာထက်က တောင်းပန်ပေးရမယ်ဆိုရင်လည်း တောင်းပန်ပါတယ်။
ကျွန်တော်အစ်ကိုဆီက ခွင့်ြ့ပုချက်တောင်းဖို့ပျက်ကွက် မိပါတယ်။
အစ်ကိုကြိုက်သလို တောင်းဆိုပါ။ ကျွန်တော်အမှားအတွက် တာဝန်ယူပါ့မယ်။
ကျွန်တော်အစ်ကိုနဲ့ ခင်ချင်ပါတယ်။ ကျွန်တော့်ကို ကျေးဇူးပြုပြီး
ခွင့်လွှတ်ပေးပါ။ အစ်ကိုဖုန်းနံပါတ်လေးကူညီပါနော်
လေးစားစွာဖြစ်
အနူးအညွှတ်တောင်းပန်အပ်ပါသည်။
အတာ

Tomme Aung

unread,
Jul 4, 2014, 3:24:46 AM7/4/14
to travel...@googlegroups.com
ရပါတယ်။ အများအတွက် အကျိုးပြုတာပဲ မဟုတ်လား ။ ညီလေး လိုအပ် တာက အကို့ ကလောင်နာမည် ဖော်ပြဖို့ မဟုတ်ပါ ။ အကို့ ကို ဒီအကြောင်း ထည့်ရေးချင်ကြောင်း အသိပေးရမှာ ပျက်ကွက် ယုံလောက်ပါ။ စာနယ်သမားအချင်းချင်းမို့ ခွင့်လွှတ်နားလည်းပေးလိုက်ပါတယ်။

Bo Saw

unread,
Jul 5, 2014, 12:34:16 AM7/5/14
to travel...@googlegroups.com
mirror ​အဆိုပြုထားတာ​ကောင်းပါတယ်​။
ထင်​ထားတဲ့အတိုင်း အတာ ဆို​သောက​လောင်​ရှင်​က ​တောင်းပန်​ Message ​ပေးပြီး Tomme Aung ကခွင့်​ပြုနားလည်း​ပေး၍ အားလုံးကို ​လေးစားပါသည်​ ။

Ye Naing Oo

unread,
Jul 5, 2014, 12:50:11 AM7/5/14
to travel...@googlegroups.com
တစ်ခုခုဆို စိတ်လိုက်မာန်ပါ မပြောမိ၊ မဆိုမိ ၊ မလုပ်မိတာ ကောင်းပါတယ်..မိတ်ဆွေတို့..နောင် အကြောင်းစုံသိရတဲ့အခါ စိတ်မကောင်း ဖြစ်ကြရတတ်လွန်းလို့ပါ..ခုလို ပြေပြေလည်လည် ဖြစ်သွားကြတာ သိပ်ကောင်းပါတယ်..
လေးစားလျက်..
YNO


On Sat, Jul 5, 2014 at 11:04 AM, Bo Saw <saww.m...@googlemail.com> wrote:
mirror ​အဆိုပြုထားတာ​ကောင်းပါတယ်​။
ထင်​ထားတဲ့အတိုင်း  အတာ ဆို​သောက​လောင်​ရှင်​က ​တောင်းပန်​ Message ​ပေးပြီး Tomme Aung  ကခွင့်​ပြုနားလည်း​ပေး၍ အားလုံးကို ​လေးစားပါသည်​ ။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.

Ko Htike

unread,
Jul 5, 2014, 3:27:34 AM7/5/14
to travelmyanmar

နှစ်ယောက်လုံးကို ချီးကျူးပါတယ်။ ကိုသွေးသစ် သဘောထားကြီး လူကြီးလူကောင်းဆန်သလို ကိုတာရဲ့အမှားကိုဝန်ခံရဲပြီး တာဝန်ယူရဲ့တဲ့သတ္တိကို လေးစားပါတယ် cheers

On Jul 5, 2014 11:04 AM, "Bo Saw" <saww.m...@googlemail.com> wrote:
mirror ​အဆိုပြုထားတာ​ကောင်းပါတယ်​။
ထင်​ထားတဲ့အတိုင်း  အတာ ဆို​သောက​လောင်​ရှင်​က ​တောင်းပန်​ Message ​ပေးပြီး Tomme Aung  ကခွင့်​ပြုနားလည်း​ပေး၍ အားလုံးကို ​လေးစားပါသည်​ ။

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
Reply all
Reply to author
Forward
0 new messages