Juz my 2 cents in Myanmar Hotels

16 views
Skip to first unread message

Nyi Nyi ®

unread,
Oct 22, 2013, 7:35:23 AM10/22/13
to travel...@googlegroups.com
မြန်မာပြည်ခရီးသွားရာသီကြီးစတင်ပါပြီ။ ဗုံးခွဲတာတွေ၊ ပြည်တွင်းမငြိမ်မသက်မှုများ၊ ဘာသာရေးအဓိကရုဏ်းအရိပ်အယောင်များရှိပေမယ့် ဟန်မပျက် ချီတက်ကြဖို့ရာရှိပါတယ်။ ဗုံးကွဲတဲ့ကိစ္စမှာ တချို့ဧည့်သည်တွေဘက်က ခရီးစဉ်ဖျက်သိမ်းတာတွေလုပ်တာမျိုးတွေလည်းကြားနေ၊ မြင်နေရပါတဲ့အခါကျနော်တွေးမိတာလေးတွေကို မြန်မာဟိုတယ်တွေအပေါ်ကိုကျနော့်ရဲ့"အမြင်" တစ်ခုအနေနဲ့ပြောချင်မိပါတယ်။

ဝယ်လိုအားနဲ့ရောင်းလိုအား မမျှမတဖြစ်နေတာကို ကျနော်တို့တွေအားလုံးနားလည်နိုင်ကြတယ်လို့ယူဆပါတယ်။  Demand များပြီး Supply နည်းတာ တစ်ဖက်ကကြည့်ရင်တော့ Revenue အတွက်အခွင့်ကောင်းပါ။ ၀င်ငွေတိုးတယ်ပေါ့ဗျာ။ ဒါပေမယ့် အခွင့်ကောင်းက ၀င်ငွေ လို့ပဲမြင်နေကြပြီဆိုရင်တော့ မြန်မာ့ဟိုတယ်လုပ်ငန်းများ အခြေအနေမကောင်းဘူးလို့ပဲဆိုရပါမယ်။ မိုးရွာတုန်းရေခံ ဆိုပေမယ့် ဘယ်လိုခွက်မျိုးနဲ့ခံသလိုလို့ဆင်ခြင်ကြည့်နိုင်ဖို့ဖြစ်ပါတယ်။ ကိုယ့်ခွက်ထဲကိုယ် ရသလိုခံတာကို တစ်နပ်စားကြံတယ်လို့ကျနော်က ၀ိဂြိုလ်ပြုပါရစေ။

ကျနော့်အမြင်တော့ ကျွမ်းကျင်ဝန်ထမ်းများလျော့ကျလာတာနဲ့ မြန်မာပြည်ရဲ့ဟိုတယ်လုပ်ငန်းများတက်လာတာနဲ့ဟာပြိုင်တူလိုဖြစ်သွားတယ်လို့ထင်ပါတယ်။ ကျွမ်းကျင်ဝန်ထမ်းတွေက နိုင်ငံရပ်ခြားထွက်ပြီးအလုပ်လုပ်ကြချိန်၊ မြန်မာပြည်မှာ ဟိုတယ်လုပ်ငန်းတွေ တက်လာချိန်၊ ဒါမှမဟုတ် ဟိုတယ်အသစ်တွေပေါ်လာချိန်ဖြစ်နေတာလည်းတစ်ကြောင်း၊ ဟိုတယ်အခန်းမလုံလောက်မှုကြောင့် ဈေးနုန်းတွေတက်ပြီးထိန်းရတာကလည်းတစ်ကြောင်းကြောင့်၊ ဟိုတယ်ရဲ့ ၀န်ဆောင်မှုတွေဟာ ဒေါင်းများကသလို အရှေ့ကကြည့်တော့ လှသလိုနဲ့နောက်ကကြည့်တော့ ဟောင်းလောင်းဖြစ်နေတော့တာပါပဲ။ (ယူထားတဲ့အခန်းခနဲ့ ၀န်ထမ်းကိုပေးတဲ့လစာ၊ ယူထားတဲ့အခန်းခနဲ့ ပေးထားတဲ့ဝန်ဆောင်မှု၊ အခန်းခနဲ့ သုံးထားတဲ့ပစ္စည်းများ၊ အခန်းခနဲ့ ဧည့်သည်ရဲ့ မျှော်လင့်ထားချက် (expectation) တွေ ယှဉ်ကြည့်နိုင်ပါရန်။ )

ဟိုတယ်သမားတွေကိုကျနော့်မှာမေးစရာတစ်ခုပဲရှိပါတယ်။ ဒါကတော့ မြန်မာပြည်ရဲ့ခရီးသွားလုပ်ငန်းဟာ ဒီလိုပဲ အခြေအနေအမြဲကောင်းနေမှာလားဆိုတာပါပဲ။ ကျနော်က မကောင်းမြင်တာမဟုတ်ပေမယ့် နိုင်ငံတကာမှာလည်းဒီလိုပဲ ခရီးသွားလုပ်ငန်းတက်ရခြင်း၊ ကျရခြင်းအကြောင်းတရားတွေအများကြီးရှိပါတယ်။ ဘာကြောင့်ခရီးသည်တွေမြန်မာပြည်ကိုရုတ်တရက်ပြုံကျလာသလဲ ဆိုတဲ့မေးခွန်းနဲ့ အဲ့လိုဝင်လာတဲ့အရေအတွက်က အိမ်နီးချင်းနိုင်ငံအသေးလေးတွေနဲ့ယှဉ်ရင်တောင် မှီရဲ့လားဆိုတဲ့မေးခွန်းနှစ်ခုကတော့ ဟိုတယ်လုပ်ငန်းရှင်တွေကိုပဲ ကိုယ်တိုင်စဉ်ခြင်ကြည့်ရင် အနည်းဆုံး ခပ်ရေးရေး လေးမြင်နိုင်မယ်ထင်ပါတယ်။

နောက်ဆုံးကျနော်ပြောချင်တဲ့အကြောင်းကတော့ "money for value" နဲ "value for money" ဖြစ်မဖြစ်ချိန်ထိုးပြီး၊ နိုင်ငံတကာဟိုတယ်လုပ်ငန်းများ အရှိန်အဟုန်နဲ့ ၀င်မပြီးခင်မှာ မိမိတို့ရဲ့ လက်ရှိရရှိနေတဲ့အခွင့်အရေးကို မှန်ကန်စွာအသုံးချပြီး နောင်တစ်ချိန် နိုင်ငံတကာ အမှတ်တံဆိပ်များနဲ့ယှဉ်လာတဲ့အခါ တိုင်းရင်းသားပိုင်ဟိုတယ်လုပ်ငန်းတွေ စီးပွားရေးအရ ကျဆင်းလာမှုကိုရှောင်နိုင်မယ်လို့ ကျနော်ကတော့တထစ်ချ ယုံကြည်တယ်ဗျာ။ ဒီတော့ ပိုက်ဆံချည်းလှိမ့်ယူမနေပဲ ၀န်ဆောင်မှုလေးတွေမြှုင့်တင်ပြီး ကိုယ့် Brand လေးတွေကိုယ်တည်ဆောက်ဖို့ အချိန်မှီတန်ကောင်းပါတယ်။

မြန်မာ့စီးပွားရေးလောကမှာရေရှည်ကြည့်ပြီးလုပ်တဲ့လုပ်ငန်းတွေမရှိတာ၊ဒါမှမဟုတ် ရေရှည်ကြည့်ပြီးလုပ်ချင်တဲ့စီးပွားရေးသမားကြီးတွေမရှိတာကလည်း မြန်မာပြည်ရဲ့လက်ရှိအားနည်းချက်လို့တောင်ဆိုရမ
လိုဖြစ်နေတော့မပြေးသော်လည်းကန်ရာရှိဟိုတယ်ပိုင်ရှင်တွေလည်းဘာသားနဲ့ထုထားသလည်းလို့ပဲ ဖြေလျော့စဉ်းစားကြည့်ပေမယ့် မြန်မာပြည်မှာကိုယ့်ထိုင်တဲ့သစ်ကိုင်းကိုယ်ချိုင်သလိုဖြစ်နေတာလေးတွေ
ခံစားမိလို့ဒီစာကိုရေးမိပါတယ်။ အားလုံးကျမ်းမာကြပါစေဗျာ။


Hla Darle Khin

unread,
Oct 22, 2013, 10:45:39 AM10/22/13
to travel...@googlegroups.com
ကိုညီနိုင်ရေ-

ခရီးသွားအေဂျင်စီကနေပြောတယ်ဆိုရင် ကိုယ့်လက်ထိပ်ထိမှနာလို့ထအော်တယ်လို့မထင်ပါနဲ့။ Hotel တွေမှာ Individual cancellation policy တွေရှိပါရဲ့နဲ့ နောင်နှစ်မှဝင်မဲ့အခန်းခအတွက် non-refundable deposit တွေကောက်တာကိုလည်း တော်တော့်ကို အံ့သြမိပါတယ်။ cancellation policy ကိုစာချုပ်တွေမှာ စည်းကမ်းချက်တစ်ခုအနေနဲ့ ထည့်ထားတာက ဘာကြောင့်များလဲဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ နားလည်နိုင်အောင် ရှင်းပြပေးဖို့ ကိုညီနိုင် post ရဲ့နောက်ဆက်တွဲအနေနဲ့ ပြောပြချင်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလမှာ ဘန်ကောက်ကို ကိစ္စလေးတစ်ခုရှိတာနဲ့ မဖြစ်မနေသွားခဲ့ပါတယ်။ ဟိုတယ်ကို အွန်လိုင်းကနေ Credit Card Information ပေးပြီး ဒီအတိုင်းပဲ book လုပ်လိုက်ပါတယ်။ (အထင်မကြီးပါနှင့်။ ကိုယ်ပိုင်ကဒ်မရှိလို့ အကိုရဲ့ကဒ်နဲ့သုံးလိုက်တာပါ။) သုံးရက်အလိုမှ အခန်းဖျက်သိမ်းခဲ့ရင် ၁ညစာကောက်ပါမယ်တဲ့။ ရောက်သွားတော့မှ cash နဲ့ပေးလို့လည်းရပါတယ်။ သြော်..ငါတို့တိုင်းပြည်ကဟိုတယ်တွေများ.... ၃ပတ်လောက်လေးပဲဆိုရင် ကောင်းမှာပဲလို့ တွေးမိပါတယ်။

outbound ခရီးစဉ်တွေမှာလည်း cut off date က ၃ ပတ်ပေးပါတယ်။ စင်္ကာပူလိုနိုင်ငံအတွက်တောင် cut off date က ၁၅ ရက်ပါပဲ။

ခရီးသွားအေးဂျင့်များမှ ပို့သသော မေတ္တများဖြင့် မြန်မာပြည်မှ Hotelier များ ကျန်းမာကြပါစေ။




2013/10/22 Nyi Nyi ® <nyi...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/29a8d775-eb4c-4153-ba2c-cf4b2bb45414%40googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.

Nyi Nyi ®

unread,
Oct 23, 2013, 8:04:14 AM10/23/13
to travel...@googlegroups.com
ကျနော်ကတော့ မြင်ယောင်နေပါတယ် မဒါလီ။ ဒီအချိုးတွေမပြင်ဘဲ ဆက်သွားကြမယ်ဆိုရင် Tour Operators တွေကို များမကြာတဲ့ကာလတွေမှာ အမေကျော်ဒွေးတော်လွမ်းတယ်တို့၊ တိုင်းရင်းသားလုပ်ငန်းရှင်များ အခက်တွေ့ တို့ဆိုတာမျိုးတွေ သတင်းတွေထဲမှာဖတ်ကြရတော့မယ်။ အဲ့ဒီကြတော့မှ ဈေးတွေအသည်းအသန်လိုက်ချလည်း Brand မယှဉ်နိုင်တဲ့အတွက် ဘယ်လိုလုပ်လုပ်ဧည့်သည်က ကိုယ့်ဆီမ၀င် ဆိုတာမျိုးတွေဖြစ်ပြီး နေရင်းထိုင်ရင်း budget ဟိုတယ်စာရင်းဝင်သွားကြလေသတည်းပေါ့။ ဒါပေမယ့် အချို့ကလည်းတွေးကြမှာပေါ့ ROI (Return On Investment) ကိုအချိန်တိုမှာ ရအောင်ယူပြီးနောက်မ၀င်လည်းဘာမှမဖြစ်ဘူး၊ ရသလောက်က အမြတ်ပဲလို့ ထင်ရင်ထင်နေကြမှာ။ အချို့ကတော့ ဈေးကြီးပေးပြီး management တွေကို အသည်းအသန်ဝယ်ကြရလိမ့်ဦးမယ်။ ခွင့်သာခိုက်မှမလိုက်ချင်ရင် အမိုက်နင့်ပြင်ရှိလိမ့်မလား လို့သာပြောချင်ပါတော့တယ်။
Reply all
Reply to author
Forward
0 new messages