ဆီမီးခုံရွာမှ ရုပ်စုံယွန်းကျောင်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်

17 views
Skip to first unread message

Thomas Latt

unread,
Mar 17, 2014, 11:56:02 PM3/17/14
to travelmyanmar

ဆီမီးခုံရွာမှ ရုပ်စုံယွန်းကျောင်း ထိန်းသိမ်းစောင့်ရှောက်ရန် လိုအပ်

Tuesday, March 18, 2014


မြင်းခြံ ၊ မတ် ၁၇
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်ရှိ ဆီမီးခုံကျေးရွာသည် ရှေးယခင်နှစ်ပေါင်းများစွာအချိန်ကတည်းက တည်ရှိသောကျေးရွာကြီးဖြစ်သည်။ ရှေးဟောင်းရွာကြီးဖြစ်သည်နှင့်အညီ အနုပညာလက်ရာ ဘုရားပုထိုး၊ ကျောင်းကန်များလည်း အများအပြား ရှိကြသည်။
အနုပညာလက်ရာမြောက်သော ဘုရားပုထိုး၊ ကျောင်းကန်များမှ ရုပ်စုံယွန်းကျောင်းလည်း ပါဝင်သည်။ ဆီမီးခုံကျေးရွာရှိ သက်တမ်း (၁၅၂) နှစ်ရှိပြီဖြစ်သော ရုပ်စုံယွန်းကျောင်းကို မန္တလေးမြို့ရှိ ယွန်းကျောင်း ဆောက်လုပ်အပြီး နောက်တစ်နှစ် မြန်မာသက္ကရာဇ် (၁၂၂၂) ခုနှစ်တွင် ဆောက်လုပ်ခဲ့သည်။ ရှေးသူဟောင်းများမှ ၎င်းကျောင်းကြီးဆောက်လုပ်သည့်ခုနှစ်ကို`အောင်ကျော်ချမ်းချစ်`ဟုလည်းကောင်း ၊ `အင်ကြင်းကံကော်`ဟု လည်းကောင်း လင်္ကာဖြင့်မှတ်သားထားကြသည်။
ဆီမီးခုံကျေးရွာမှ ရုပ်စုံကျောင်းဆရာတော်နှင့် ကျေးရွာလူကြီးများက မန္တလေးမြို့မှ ရုပ်စုံယွန်းကျောင်းနှင့် မိမိတို့ရွာရှိ ရုပ်စုံယွန်းကျောင်းတို့ တူညီကြသည်ဟု ပြောကြားကြသည်။ ယခုအခါ ဆီမီးခုံကျေးရွာရှိ ရုပ်စုံယွန်းကျောင်းသည် များစွာပျက်စီးလျှက်ရှိသည်ကို တွေ့မြင်ရသည်။
ပျက်စီး လျှက်ရှိသော ရှေးဟောင်းအနုပညာလက်ရာမြောက်သော ရုပ်စုံယွန်းကျောင်းကို ထိန်းသိမ်းပြုပြင်ရန် ရုပ်စုံယွန်း ကျောင်းဆရာတော်မှလည်း ထိန်းသိမ်းဆောင်ရွက်မည့် ဒါယကာ၊ ဒါယိကာမ များအား လိုလားလျက်ရှိကြောင်း သိရသည်။

MOI Webportal Myanmar
Reply all
Reply to author
Forward
0 new messages