ပြည်တွင်းခရီးစဉ်များတွင် တိုးချဲ့ပြေးဆွဲမည့် ဘရားဇီးလ်နိုင်ငံထုတ် EMBRAER 190 လေယာဉ် ရောက်ရှိ

2 views
Skip to first unread message

Nyi Nyi ®

unread,
Dec 15, 2012, 10:47:21 AM12/15/12
to travel...@googlegroups.com
ဒီဇင်ဘာ ၁၁ ရက် ညနေ ၆ နာရီခွဲတွင် ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ မြန်မာ့လေကြောင်း၏ ပြည်တွင်း ခရီးစဉ်များတွင် အသုံးပြုရန် အမေရိကန်နိုင်ငံမှ ပျံသန်းရောက်ရှိ လာသော EMBRAER 190 လေယာဉ်ကို ကြည့်ရှု စစ်ဆေးသည်။ ပြည်ထောင်စု ဝန်ကြီးသည် EMBRAER 190 လေယာဉ်ပေါ်သို့ တက်ရောက်ကာ လေယာဉ်မှူးကြီးနှင့် လေယာဉ် အဖွဲ့သားများအား နှုတ်ဆက်ပြီး ယခုမြန်မာ့လေကြောင်းတွင် အသုံးပြုမည့် ဘရားဇီးလ်နိုင်ငံထုတ် EMBRAER 190 လေယာဉ်သည် Jet လေယာဉ် အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါ ကောင်းမွန်၍ အဆင့်မီ ခရီးသည်တင် လေယာဉ်ဖြစ် သဖြင့် ခရီးသွားပြည်သူများ စိတ်ချမ်းမြေ့စွာ စီးနင်းနိုင်ရေး၊ ခရီးသည်များ ဘေးအန္တရာယ် ကင်းရှင်းရေးကို အထူး ဂရုပြု ဆောင်ရွက်ပေး ရမည်ဖြစ်ကြောင်း၊ နောင်ယခုထက် ပိုမိုခေတ်မီ ဆန်းသစ်သော လေယာဉ်များဖြင့် အစားထိုးပျံသန်းနိုင်ရေး စီမံဆောင်ရွက် သွားမည်ဖြစ်ရာ လေယာဉ်မှူးကြီးများ၊ တာဝန်ရှိသူများ အနေဖြင့် နိုင်ငံတကာ စံချိန်စံနှုန်းများနှင့် အညီ လေ့လာဆည်းပူး နေကြရန် လိုအပ်ကြောင်း မှာကြားပြီး သတင်း မီဒီယာများ၏ မေးမြန်း ချက်များကို ဖြေကြားခဲ့သည်။ EMBRAER လေယာဉ်တစ်စင်းမှာ မကြာမီ ရက်ပိုင်းအတွင်း ထပ်မံရောက်ရှိ လာမည်ဖြစ်ပြီး အဆိုပါ လေယာဉ်နှစ်စင်းသည် မြန်မာ့လေကြောင်း၏ ပြည်တွင်း ခရီးစဉ်များတွင် ဒီဇင်ဘာလကုန် ပိုင်းမှစ၍ စတင်ပြေးဆွဲ သွားမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages