မင်းတုန်းအိမ်သာနှင့် နဲနဲလေးတော့ လွဲနေသော မန္တလေး မြနန်းစံကျော် နန်းတော်1887 ခုနှစ် ပုံစံပြမြေပုံ။ရှားပါးမြေပုံ
ယခု ၁၉၉၃ ခုနှစ်မှာ ပြန်လည်တည်ဆောက်တဲ့ နန်းတော် ပန္နက် နဲ့ နဲနဲ ကွဲလွဲနေသလားလို့ပါ။
ဥပမာ နာမည်ကျော် glass palace က ရွှေနန်းတော်ကျောင်း ဆိုဒ်လောက်ပဲရှိပါတယ်
။ ယခု အသစ်က တော်တော်ကြီးတယ်။ ယခု အလယ်နန်းဆောင်က ယခင်က
မင်းညီမင်းသားတွေအတွက် မူလတန်းကျောင်း nursery ပါ။
အများသူငှာ နိုင်းယှဉ်နိုင်အောင် ဓါတ်ပုံတင်ပေးလိုက်ပါတယ်။
မင်းတုန်းမင်း အိမ်သာက ဘီးတပ်လှိမ့်ရတဲ့ Mobile toilettes ပါ။
တစ်ခြားနေရာတွေမှာ တွေ့ရတဲ့မြေကျင်းတွေက တစ်ခြားသူတွေအတွက်ပါ။
ဘုရင် ရေအိမ်တက်ချင်မှ မှန်နန်းဆောင် အနောက်မြောက်ထောင့်ကို လှိမ့်
ယူလာပေးရပါတယ်။ ဒါကို ပြင်သစ်လူမျိုး Claude Charlot က ၁၈၈၇ မှာ
ရေးထားခဲ့ပါတယ်။ အဲဒီအထဲမှာ ပြင်သစ်ရေမွှေး နဲ့ တစ်ရူးလိပ် ထည့်ထားရပါတယ်။
သူက ပဲ ဆက်ပြီး မင်းတုန်းမင်းက တရားဖက်သောမင်းဖြစ်တယ်။
အသံဗလံဆူတာမကြိုက်ဘူး။ ငှက်ဆိုးထိုးတာလဲ မကြိုက်ဘူး။ ဒါ့ကြောင့်
နန်းဆောင်တွေပေါ်မှာ ကင်းတဲအသေးဆောက် ပြီး လေးသမားကို
စောင့်ပစ်ခိုင်းပါတယ်တဲ့။ ခြောက်လှန့်ရုံပါ။ ပြီးတော့ အနံ့အသက် ကောင်းနဲ့
ရေမွှေးကြိုက်သူဖြစ်တယ်။ ဒါ့ကြောင့် အိမ်သာကို အိပ်ခန်းဆောင်
နားနေဆောင်တွေနဲ့ဝေးဝေးမှာ ထားခဲ့ကြောင်းဆိုပါတယ်။
ကျန်တာကတော့ ဆက်ပြီးဖော်ထုတ်စေနိုင်ရန် အတွက် မူရင်းမြေပုံကို ဖော်ပြပေးလိုက်ပါတယ်။
လန်ဒန်ပြတိုက်နဲ့ ကျွန်တော့်ဆီမှာပဲ ရှိတော့တယ်လို့ မြေပုံလက်ဆောင်ပေးသော Mr. Carl Handerson က ၂၀၀၃ မှာ ပြောခဲ့ပါတယ်။
ရှားပါးမြေပုံပါ။
ိ