Groups
Conversations
All groups and messages
Send feedback to Google
Help
Training
Sign in
Groups
Travel Myanmar (Tourism information, activities, idea exchange inside Burma)
Conversations
Labels
About
Groups keyboard shortcuts have been updated
Dismiss
See shortcuts
Golden Myanmar goes Public
3 views
air
flight
Skip to first unread message
Nyi Nyi ®
unread,
Jan 16, 2013, 1:05:11 PM
1/16/13
Reply to author
Sign in to reply to author
Forward
Sign in to forward
Delete
You do not have permission to delete messages in this group
Copy link
Report message
Show original message
Either email addresses are anonymous for this group or you need the view member email addresses permission to view the original message
to travel...@googlegroups.com
အများပိုင်လေကြောင်း လိုင်းအဖြစ် ကျပ်သန်းပေါင်း တစ်သန်းကျော် ရင်းနှီးမြှုပ်နှံ ထားသည့် ရွှေမြန်မာ လေကြောင်းလိုင်းမှ အစုရှယ်ယာ တစ်စုကို ကျပ်တစ်သောင်းဖြင့် စတင်ရောင်းချ သွားမည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်း ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားလိုက်သည်။ ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ်တွင် ဇန်နဝါရီလ ၁၄ ရက်က ပြုလုပ်သည့် ရွှေမြန်မာ လေကြောင်းလိုင်း မိတ်ဆက်အခမ်းအနားတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ “ရွှေမြန်မာ လေကြောင်းလိုင်းက ပြည်သူအများပိုင်တဲ့ လေကြောင်းလိုင်း တစ်ခုပါ။ ရှယ်ယာတစ်စုကို ကျပ်တစ်သောင်း ထည့်ဝင်လိုက်တာနဲ့ လေကြောင်းလိုင်းပိုင်ရှင် ဖြစ်ပါပြီ” ဟု ယင်းက ထပ်မံ ပြောသည်။ အဆိုပါ ရွှေမြန်မာ လေကြောင်းလိုင်းသည် မြန်မာနိုင်ငံ၏ ပထမဆုံး ဈေးနှုန်း အသက်သာဆုံး လေကြောင်းလိုင်းအဖြစ် ပြည်တွင်းခရီးစဉ်များကို ဇန်နဝါရီလ ၁၇ ရက်မှ စတင်ပျံသန်းသွားမည်ဖြစ်ပြီး ပြည်ပခရီးစဉ်များကို မတ်လအတွင်း ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ ယင်းလေကြောင်းလိုင်းသည် Low Cost Carrier လေကြောင်းလိုင်း ဖြစ်သည့်အတွက် လေယာဉ်ပေါ်တွင် အစားအသောက်များကို အခမဲ့ ဧည့်ခံကျွေးမွေးမည် မဟုတ်ဘဲ ခရီးသည်များ အနေဖြင့် လိုအပ်ပါက နှစ်သက်ရာ အစားအသောက်များကို ဝယ်ယူစားသောက်နိုင်ကြောင်း သိရသည်။ ယင်းလေကြောင်းလိုင်းမှ ခရီးသည် ၁၈၀ ဆံ့ Airbus A-320, XY-AGS လေယာဉ်များဖြင့် ရန်ကုန်-မန္တလေး-ရန်ကုန် ခရီးစဉ်များကို ပထမဆုံး ပျံသန်းသွားမည်ဖြစ်ပြီး မတ်လဆန်းမှ စတင်ကာ ရန်ကုန်နှင့် မန္တလေးတို့မှ ဗန်ကောက်၊ စင်ကာပူနှင့် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့များသို့ တိုက်ရိုက်ပျံသန်းနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လက်ရှိတွင် တိုင်းရင်းသားပိုင် လေကြောင်းလိုင်းများအဖြစ် အဲပုဂံ၊ အဲကမ္ဘောဇ၊ အေးရှားဝင်းလိုင်းတို့ အပြင် နိုင်ငံတကာ လေကြောင်းလိုင်း ၂၄ လိုင်း ပျံသန်းလျက်ရှိကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်နေ့ထုတ် မြန်မာတိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages