ရန်ကင်းတောင်အရှေ့ဘက်က Nature’s Life အပန်းဖြေမြင်းစီးကွင်းသို့ ရောက်ခဲ့ပြပါပြီ

11 views
Skip to first unread message

Thaung Naing Oo

unread,
Aug 13, 2013, 1:28:18 PM8/13/13
to travelmyanmar

ရန်ကင်းတောင်အရှေ့ဘက်က Nature’s Life အပန်းဖြေမြင်းစီးကွင်းသို့ ရောက်ခဲ့ပြပါပြီ

          ဒီနေ့ ကျွန်တော့်ဧည့်သည် (ဂျပန်လူမျိုး) က မြင်းစီးသင်ချင်တယ်ဆိုလို့ ကျွန်တော်၏မိတ်ဆွေ ဒေါက်တာ ဦးဆန်းထွန်းဦးရဲ့ Nature’s Life အပန်းဖြေမြင်းစီးကွင်းသို့ လိုက်ပို့ပေးခဲ့ပါတယ်။ စုဆောင်းလာခဲ့သမျှ အချက်အလက်များကို ဧည့်လမ်းညွှန်ညီအစ်ကိုမောင်နှမများအတွက် မျှဝေပေးလိုက်ပါတယ်။

          နေရာကတော့ မန္တလေးမြို့၊ နန်းရှေ့ရပ်ကနေ (6) မိုင်ကွာဝေပြီး၊ ကားမောင်းချိန် (၁၅) မိနစ်ခန့် ကြပါမယ်။ နန်းရှေ့မှ ရန်ကင်းတောင်သွားလမ်းအတိုင်းသွားပြီး၊ မြကျောက်ဘုန်းတော်ကြီးကျောင်းအရှေ့ဘက်ကနေ မြောက်ဘက်ချိုးကွေ့ပြီး ရေမြောင်းအတိုင်းလိုက်သွားရပါတယ်။ လမ်းများကောင်မွန်နေပါပြီ။ ဆည်မြောင်းဝင်းရောက်ရင် တောင်ဘက်ကနေပတ်ပြီး အရှေ့ကိုလိုက်သွားကာ ဆိုင်းဘုတ်လမ်းညွှန်များအတိုင်းသွားလျှင် Nature’s Life အပန်းဖြေမြင်းစီးကွင်းသို့ ရောက်ရှိပါမယ်။

 

မြင်းစီးသင်လိုသူများအတွက်

ကိုယ်ခန္ဓာအလေးချိန် ၁၈၀ ပေါင်ထက်မကျော်ရပါ။

တစ်ခါသင်လျှင် ၈-ကြိမ် (၈-ရက်) သင်ရပါမယ်။

တစ်ကြိမ်ကို ၁း၃၀ ကြာပါမယ်။

နံနက် 6:00 မှ ညနေ ၇း၀၀ အတွင်း သင်နိုင်ပါတယ်။

ဦးစွာ (၃) ရက်ဆက်တိုက် သင်ရပါမယ်။

နောက်ပိုင်း တစ်ရက်ခြား (သို့) တစ်ပတ်ခြား ဆက်သင်နိုင်ပါတယ်။

မနားတမ်းဆက်တိုက်သင်နိုင်ရင် ပိုကောင်းပါတယ်။

သင်တန်းကြေး ကျပ် ၁သိန်းခွဲပါ။

မြင်းစီးတတ်ပြီး အပျော်တမ်းစီးလိုသူများအတွက်

၁။ ခြံဝင်းအတွင်းစီးလျှင်

၁ ကြိမ် (၄၅) မိနစ် = ၁သောင်းခွဲ ကျပ်

 

၂။ ပြင်ပ (၂၀) ကီလို

၈ သောင်းကျပ်

နံနက် (6:00 ) မှ နေ့ (၂း၀၀) ထိ

Sight Seeing ပါသည်။

၁ နာရီကျော်တိုင်း ၁ သောင်းခွဲကျပ် ထပ်ပေးရပါမည်။

 

၃။ ပြင်ပ (၂၅) ကီလို

ကျပ် ၁ သိန်း

နံနက် 6:00 မှ ညနေ ၄း၀၀ ထိ

Sight Seeing ပါသည်။

၁ နာရီကျော်တိုင်း ၁ သောင်းခွဲကျပ် ထပ်ပေးရပါမည်။

(အမြဲစီးလျှင် ဈေးညှိပေးသည်)

 

မြင်းစီးနည်း

အခြေခံ (၅) မျိုးရှိသည်ဟုဆိုပါတယ်။

1.    Walking  (လမ်းလျှောက်ခြင်း)

2. Sitting (ထိုင်စီးခြင်း)

3. Trot  (Up & Down- ခရီးရှည်စီးခြင်း)( အခက်ခဲဆုံးဟု ဆိုပါတယ်။)(ပင်ပန်းသည်)

4. Center  (ကဆုန်ပြေးခြင်း)

5. Gollob (ဒုန်းဆိုင်းခြင်း)

 

အခြား

1.    Jumping (ခုန်လွှား-ကျော်ခြင်း)

2.    Resert  (အလှစီး)

3.    Endualce (ခရီးရှည်) စသည်စသည်---

 

အစားအသောက်များ

မြန်မာအစားအစာနှင့် တရုတ်အစားအစာများ၊ ဖျော်ရည်များ ရနိုင်ပါသည်။

 

နိုင်ငံခြားသား အပျော်တမ်းစီး ၁၅ ယောက်ကျော်ပါပြီ။ တရုတ်ဧည့်သည်များ အများဆုံးလာသည်။

 

မှတ်ချက်။ ။ ချွေးပေါက်ပေါက်ကျအောင် တပင်တပန်း သင်ခဲ့ရပြီး (လွယ်လွယ်လေးပါလို့ထင်ခဲ့တယ်။ တကယ်လုပ်ကြည့်တော့ တော်တော်ခက်ခဲတဲ့ပညာပဲ) လို့ ဧည့်သည်တော်က မှတ်ချက်ပေးခဲ့ပါတယ်။

 

သောင်းနိုင်ဦး

ဧည့်လမ်းညွှန်၊ မန္တလေး


P8132087.JPG
P8132097.JPG
P8132098.JPG
P8132099.JPG
P8132100.JPG
P8132101.JPG
P8132102.JPG
P8132103.JPG
P8132104.JPG
P8132105.JPG
P8132106.JPG
P8132088.JPG
P8132107.JPG
P8132108.JPG
P8132109.JPG
P8132089.JPG
P8132090.JPG
P8132091.JPG
P8132093.JPG
P8132094.JPG
P8132095.JPG
P8132096.JPG

Khaing Soe Linn Khaing

unread,
Aug 20, 2013, 2:14:16 AM8/20/13
to travel...@googlegroups.com
ညီလေး သောင်းနိုင်ဦးး
Tour Itinerary တစ်ခုအဖြစ်အသုံးပြုရတာပေါ့။မျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
မစ္စတာခိုင်
Comenseememyanmar


2013/8/13 Thaung Naing Oo <thaungna...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAF_m_ngd2vQi%3Devue__CAC7ZPZRxuoZa1aj2r5YqnhxeDQOj-w%40mail.gmail.com.
For more options, visit https://groups.google.com/groups/opt_out.



--
Great using ...

Ko Nyi Nyi

unread,
Aug 20, 2013, 8:08:24 AM8/20/13
to travelmyanmar
Thanks for sharing useful information Ko Thaung Naing Oo .

With best wishes ,

Ko Nyi (Tharawon -Pyay)


2013/8/20 Khaing Soe Linn Khaing <comen...@gmail.com>

Rain Man

unread,
Aug 20, 2013, 2:53:23 PM8/20/13
to travelmyanmar
Many thanks for sharing this with us. You have been one of the most contributing members of our society (tour guides). All the best to you!


2013/8/20 Ko Nyi Nyi <nyi...@gmail.com>
Reply all
Reply to author
Forward
0 new messages