ဟိုတယ်တွင် ရာဇဝတ်မှုများဖြစ်ပေါ်ခြင်းက မြန်မာ့ခရီးသွားလုပ်ငန်းကို ထိခိုက်လာနိုင်ဟု ဟိုတယ်/ခရီး ဒုဝန်ေ

19 views
Skip to first unread message

Tomme Aung

unread,
Aug 8, 2013, 10:16:06 AM8/8/13
to travel...@googlegroups.com

Thursday, August 8, 2013

ဟိုတယ်တွင် ရာဇဝတ်မှုများဖြစ်ပေါ်ခြင်းက မြန်မာ့ခရီးသွား လုပ်ငန်းကို ထိခိုက်လာနိုင်ဟု ဟိုတယ်/ခရီး ဒုဝန်ကြီးပြော

နိုင်ငံတကာ ဧည့်သည်များ ဝင်ရောက်မှုအား ကောင်းချိန်တွင် ရာဇဝတ်မကင်း သောအမှုအခင်းများကြောင့် မြန် မာ့ခရီးသွားလုပ်ငန်း မထိခိုက်စေ ရန် ဟိုတယ်လုပ်ငန်းရှင်များ ဂရု စိုက်ရန်လိုပြီဟု ဟိုတယ်နှင့် ခရီး သွားလာရေး ဒုတိယဝန်ကြီး ဒေါက် တာတင်ရွှေက ပန်ဒါဟိုတယ်၌ ပြုလုပ်သော ရန်ကုန်ဟိုတယ်ဇုန် အလုပ်အမှုဆောင် ပြန်လည်ရွေး ချယ်ပွဲတွင် ပြောကြားခဲ့သည်။

၂၀၁၁ခုနှစ်အတွင်း ဖြစ် ပျက်ခဲ့သည့် ဟိုတယ်ပေါ်မှလူပြုတ် ကျသည့်ကိစ္စ၊ လမ်းမတော်ဟိုတယ် တစ်ခုတွင် ဖြစ်ပွားခဲ့သည့် အခန်း တွင်းလူသေမှု၊ လှိုင်မြို့နယ် ဟို တယ်တွင် ဂျပန်နိုင်ငံသားသေ ဆုံးမှုနှင့် စမ်းချောင်းမြို့နယ်အ တွင်းရှိဟိုတယ်တို့တွင် ဖြစ်ပေါ် ခဲ့သည့် မူးယစ်ဆေးဝါးဆိုင်ရာ များမှာ မြန်မာ့ဟိုတယ်လုပ်ငန်း အား အကျည်းတန်စေသည့် ရာ ဇဝတ်မှုခင်းများ ယခုခရီးသွားရာ သီတွင် ထပ်မံမဖြစ်ပေါ်ရန် ဟိုတယ် လုပ်ငန်းရှင်များ စည်းကမ်းတကျ ထိန်းကျောင်းလုပ်ဆောင်ရန် လို အပ်သည်ဟု ဒုဝန်ကြီးကပြောဆို ခဲ့သည်။

ဟိုတယ်နှင့်ခရီးသွားလာရေး ဒုတိယဝန်ကြီး ဒေါက်တာတင်ရွှေ က ''မနှစ်ကဆိုရင် မြန်မာနိုင်ငံ ကိုလာတဲ့ နိုင်ငံတကာခရီးသည် အရေအတွက် စံချိန်တင်တယ် ဆိုပေမယ့် တစ်ဖက်ကဖြစ်ပျက် သွားတဲ့ ဒီကိစ္စရပ်တွေကြောင့် ဟိုတယ်လုပ်ငန်း ကျဆင်းလာနိုင် တယ်။ ဒါကြောင့် ဟိုတယ်လုပ်ငန်း ရှင်တွေ ဟိုတယ်ဆိုင်ရာ စည်းကမ်း အတိုင်း လိုက်နာဖို့လိုတယ်''ဟု ပြောဆိုသည်။

ယင်းနှင့်ပတ်သက်ပြီး ရန် ကုန်ဟိုတယ်ဇုန်ဥက္ကဋ္ဌ ဦးရန်ဝင်း က ''ဟိုတယ်လုပ်ငန်းရှင်တွေအ နေနဲ့ ဒုဝန်ကြီးပြောတဲ့စည်းကမ်း ပိုင်းဆိုင်ရာများကို ဂရုတစိုက်လုပ် ဆောင်ဖို့ လိုအပ်ပါတယ်။ ဟိုတယ် အခန်းခတွေလဲ သတ်မှတ်ထားတဲ့ အတိုင်း ကောက်ခံကြရမှာဖြစ် သလို ဟိုတယ်လုပ်ငန်းရှင်တွေလဲ စည်းလုံးမှုရှိစွာနဲ့ ယခင်အတွေ့ အကြုံတွေကို သင်ခန်းစာယူဖို့လို ပါတယ်''ဟု ပြောသည်။

လက်ရှိအချိန်တွင် မြန်မာ နိုင်ငံလုံး အတိုင်းအတာဖြင့် မြန် မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပိုင် ဟိုတယ်အလုံးပေါင်း ၇၅ဝအ ထိရှိပြီး အခန်းစုစုပေါင်း ၂၇၀၀၀ ကျော်အထိရှိနေကာ နိုင်ငံခြား ပိုင်အနေဖြင့် ဟိုတယ်အလုံးပေါင်း ၃၀ အထိရှိကာ အခန်းအရေအ တွက်မှာ ၅၂၀ရ ခန်းအထိရှိနေ ကာ ထပ်တိုးတည်ဆောက်နေ သည့်ဟိုတယ်များ ပြီးစီးသွားပါ က ဟိုတယ်အခန်းပေါင်း ၃၅၀၀၀ အထိရှိမည်ဖြစ်ကြောင်း၊ လက် ရှိခြောက်လတာကာလအတွင်း မြန်မာနိုင်ငံတွင်း ဝင်ရောက်လာ သည့်နိုင်ငံခြားသားဧည့်သည်ခု နှစ်သိန်းကျော်အထိ ရှိနေပြီဖြစ် ကြောင်း ဟိုတယ်နှင့်ခရီးသွားလာ ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ချက် အရ သိရသည်။

နိုင်နိုင်ဇော် ၊ ရန်ကုန် ၊ သြဂုတ်(၇) ၊ရန်ကုန်တိုင်းနေ့စဉ်သတင်းစာ

Reply all
Reply to author
Forward
0 new messages