ခရီးသွားလုပ်ငန်းမှာ
လုပ်ကိုင်ဆောင်ရွက်နေကြသော မိတ်ဆွေအပေါင်းအသင်းများအား
နိဆ်ာချက်
GMA AIRLINES နှင့် MAI AIRLINES တို့ ၁၄/၀၄/၂၀၁၄ တွင် မင်္ဂလာဒုံ
လေယာဉ်ကွင်းမှာပွတ်တိုက်ပြီးနောက်ပိုင်း နောက်ဆက်တွဲသိသင့်သည့် သတင်းများ
၁) ပွတ်တိုက်မိသော လေယာဉ်နှစ်စီး၏ ကုတ်နံပါတ်ကိုသိထားဖို့ လိုပါတယ်။ လေယာဉ်ဟာလည်း
ကားလိုပါပဲ။ သံထည်တွေကို တစ်ဘုန်းဘုန်းထုရိုက်တာနဲ့ အကောင်းပြုလုပ်လို့မရပဲ
အလိုင်းမန်းမှန်ဖို့ လိုအပ်ပါတယ်။ ထိပ်မှ ပွတ်တိုက်ထားတဲ့ ရွှေလျှားပစ္စည်းတစ်ခု
(ကား၊လေယာဉ်၊သင်္ဘော)တို့ဟာ စက်ပစ္စည်းတွေမည်သို့ပင်ကောင်းကောင်း
အလိုင်းမန်းညှိယူလို့မရပါ။ (Expert များအားမေးမြန်းနိုင်ပါတယ်)။ သို့အတွက်ကြောင့်
ခရီးသည်များ အသက်အန္တရာယ်
ကာကွယ်ရေးအတွက် လေယာဉ်တစ်စီးလုံးကို ပြန်လဲသင့်တယ်လို့ပဲ ယူဆပါတယ်။
အာမခံကုမ္ပဏီကလည်း လေယာဉ်တစ်စီးလုံးဆုံးရှုံးတာ မဟုတ်တဲ့အတွက်
လျှော်ကြေးပါးပါးလေးပဲပေးပါလိမ့်မယ်။ ဒီ့အတွက်ကြောင့် အဆိုပါ လေယာဉ်ကုမ္ပဏီများမှ
၎င်း လေယာဉ်နှစ်စီးကို မည်သို့စီစဉ်မည်ကိုသိထားဖို့လိုပါတယ်။ (သံသယမေးခွန်းဆိုပါက
ဆေးပြန်သုတ်ပြီး ရောချမည်လားဟု မေးရမည်ဖြစ်ပါတယ်။)
၂) အဆိုပါလေကြောင်းလိုင်းများ ပြန်လည် လည်ပတ်ဖို့
အပြည်ပြည်ဆိုင်ရာခွင့်ပြုချက်လက်မှတ် ပြန်ရ၊မရနှင့် ရလျှင်လည်း
မည်သည့်နည်း၊မည်သို့မည်ပုံ ရရှိမည်ကို သိထားဖို့လိုပါတယ်။
၃) အဆိုပါလေကြောင်းလိုင်းနှစ်ခု၏ လေယာဉ်နှစ်စီးစလုံး operation
ပြန်လည်စတင်သည့်နေ့မတိုင်ခင်တွင် အထက်ပါအချက်အလက်များကို ပြည်သူအများကြိုတင်
ရှင်းလင်းစွာ သိရှိထားဖို့လိုပါလိမ့်မယ်။
ကျွန်မတို့ ကုမ္ပဏီသည်လည်း GMA AIRLINES ၏ PSA ဖြစ်ပါတယ်။
သို့ရာတွင် ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ပရောဖတ်ရှင်နယ်ကျကျ
လုပ်ကိုင်ဆောင်ရွက်ချင်သော ဆန္န၊ အများအကျိုးကို အလေးထားလိုသော ဆန္နဖြင့်
ဤပို့စ်ကိုတင်ပါတယ်။
မိတ်ဆွေများ၏ ကော်မန့်များကို ကြိုဆိုပါတယ်။
မေတ္တာဖြင့်
သတိုးသူဇာအောင်
မှတ်ချက် ။ ကျွန်မ လေကြောင်းလိုင်းမှ Specialist တစ်ဦး မဟုတ်သောကြောင့်
လေကြောင်းလိုင်းဆိုင်ရာ အသုံးအနှုန်းများမှားနေပါက နားလည်ပေးကြပါရန်။
Haut du formulaire
Tin Aung Moe Two thumbs up for your post. Yes, I also think we need comments from the technical experts on their air-worthiness after the repairs. And those experts must be independent ones not associated with both airlines.
8 hours ago · Like · 3
code no. သိရရင်လဲ please post
Bo Gyi · Friends with Ko Nyi and 3 others
ကို Aung Moe ဆို သိလောက်တယ်
7 hours ago · Like · 1
Ko Pauk · Friends with Aye Aye Khaing and 76 others
တာဝန် သိတပ်တဲ့ ညီမငယ်ရေ
ကျေးဇူးပါ
7 hours ago · Like · 1
Htet Htet yes , they should make this very clear!!!
Win Minthein · Friends with Su Tin and 1 other
အင်း လေယာဉ်အကြောင်းကို ဘာမျှ မသိပဲနဲ့ အဲလို့ ရမ်းမရေးတာအကောင်းဆုံးပါပဲ။ လေယာဉ်တွေ အဲလို တိုက်မိတာမျိုးဖြစ်ရင် check C အဆင့်ကိုလုပ်ရပါတယ်။ အဲယားဘတ်စ်တွေကို check B and C အဆင့်လုပ်နိုင်တာ စင်ကာပူမှာပဲရှိတယ်လို့ သိထားပါတယ်။
7 hours ago · Like · 2
Thatoe Thuzaraung Win Minthein
ပို့စ်ကိုသေသေချာချာဖတ်ပါ။.လေယာဉ်နဲ့ပတ်သတ်လို့ ဘာမျှမသိတာ မဟုတ်ပါ။
တစ်ချို့သောကိစ္စတွေမှာ ခရီးသွားလုပ်ငန်းကသူတွေဟာ လေယာဉ်အကြောင်းနဲ့
ပတ်သတ်တာထက်ပိုပြီး လေးနက်တဲ့အပိုင်းတွေကို ကြိုတွေးထားတက်ကြပါတယ်။
လုပ်ငန်းစဉ်ကို အသေးစိတ်သိရှိတယ်ဆိုရင် မေတ္တာထားပြီး ရှင်းပြပေးပါ။
6 hours ago · Edited · Like · 8
Win Minthein · Friends with Su Tin and 1 other
လေယာဉ်တစ်စီးလုံးပြန်လဲသင့်တယ်ဆိုတဲ့ အသုံးအနှုန်းလေးကို ဘာ့ကြောင်းများ ရေးထားတာပါလိမ့်။ လေယာဉ်ကို ကားတွေ သင်္ဘောတွေလို အလိုင်းမင့်ချိန်တယ်လို့များ ထင်ထားပါသလား။ သံသယမေးခွန်း ဆေးပြန်သုတ်ပြီးရောချမည်လား ဆိုတဲ့ အသုံးအနှုန်းတွေကို မသုံးသင့်ဘူးလို့ ထင်ပါတယ်။ ...See More
6 hours ago · Like · 3
Thatoe Thuzaraung အခုလိုရှင်းပြတာကောင်းပါတယ်။C of
A လို့သုံးတဲ့ အသုံးအနှုန်းလေးကို Win Minthein သိတယ်ဆိုတော့ လေကြောင်းလိုင်းနဲ့ပတ်သတ်သူဖြစ်ပါလိမ့်မယ်။
ဒါကြောင့် ကျွန်မတင်ပြတဲ့အချက်အားလုံးကို အသေးစိတ်ရှင်းပြပေးပါလား။
ကျွန်မတို့ ခရီးသွားလုပ်ငန်းကသူတွေအားလုံး Win Minthein ဆွေးနွေးချက်ကို
စိတ်ဝင်စားနေကြပါလိမ့်မယ်။
6 hours ago · Like · 3
Win Minthein · Friends with Su Tin and 1 other
လေကြောင်းက ဆရာသမားတွေကို တိုက်ရိုက်မေးပါလားဗျာ။ လာရှင်းပြကြပါလိမ့်မယ်။ တစ်ခုတော့ ပြောပြချင်ပါတယ် နိုင်ငံတစ်ကာကိုပျံနေတဲ့ လေယာဉ်တွေအားလုံးဟာ အာမခံထားရတယ်ဗျ။ အာမခံပေးတဲ့ ကုမ္ပဏီတွေက သူတို့ကျေနပ်လောက်တဲ့ အနေအထားအရောက်ရင် ပျံသန်းဖို့ကို အာမခံပေးမှာ မဟုတ်တာသေချာတယ်ဗျ။
6 hours ago · Like · 3
Aung Moe · Friends with Hnin Witt Yee and 5 others
ကိုဝင်းမင်းသိန်းရှင်းပြသည်ကိုကျေးဇူးတင်ပါသည်။ ဒိထက်ပို၍အများနားလည်သောလွယ်ကူသောစကားအသုံးအနှုံးများဖြင့်ရှင်းလင်းစေချင်ပါသည်။မိမိတို့မှာ၎င်းနယ်ပယ်မှမဟုတ်၍အချို့အသုံးအနှုံးများမှာနားမလည်ပါ။ ကျေးဇူးတင်ပါသည်။
6 hours ago · Like · 1
Thatoe Thuzaraung ကိုဝင်းမင်းသိန်းပြောသလို
လေကြောင်းကသူတွေ ကျွန်မတို့ကိုလာရှင်းပြခိုင်းဖို့ကတော့ လက်ရှိအခြေအနေအရ
သိတ်မလွယ်လှပါ။
လေကြောင်းလိုင်းနဲ့ပတ်သတ်ပြီး
နိုင်ငံတစ်ကာမှာမြန်မာခရီးသွားလုပ်ငန်းမျက်နှာငယ်နေတာ နှစ်ပိုင်းလောက်ရှိနေပါပြီ။
လေယာဉ်နောက်ကျ၊ သို့မဟုတ် တစ်စုံတစ်ခုဖြစ်လာရင် တာဝန်ယူတဲ့အခြေအနေတစ်ခုကို
မရှိသေးတဲ့အတွက် ကုမ္ပဏီ နဲ့ ဧည့်လမ်းညွှန်များဟာ ၊နိုင်ငံခြားမှ
ကုမ္ပဏီများ၊နိုင်ငံတစ်ကာခရီးသွားများနှင့် မျက်နှာပျက်ရပေါင်းလည်း
သိတ်များနေပါပြီ။
အာမခံသဘောတစ်ရားမှာ ကျေနပ်လောက်တဲ့အနေအထားမရောက်ရင် ပျံသန်းခွင့်မပေးဘူးဆိုတာ
အဖြေက ယထာဘူတကျပါတယ်။
ဒီအဖြေက ကျွန်မတို့အတွက်တန်ဖိုးလည်းရှိပါတယ်။
အခုလိုဖြေပေးတာ ကျေးဇူးပါ။
ကျွန်မတို့ခရီးသွားလုပ်ငန်းကသူတွေက သံသယမျက်စိနဲ့အရာရာကြည့်တက်သလို
ကြည့်ဖို့အခြေအနေတွေလည်း မြန်မာပြည်မှာ အမြဲဖြစ်ပျက်နေတက်ပါတယ်။
5 hours ago · Edited · Like · 2
Win Minthein · Friends with Su Tin and 1 other
အင်း သည်ကိစ္စနဲ့ပတ်သတ်လို့ အမ်အေအိုင်က ဒေါ်အမရသာလားမသိဘူး ဘယ်တွေလုပ်ထားတယ်ဆိုတာ သတင်းထုတ်ပြန်ထားတာတွေ့လိုက်တယ်။ အဲသည်မှာ အတော်ပြည့်ပြည့်စုံစုံပါတာတွေ့တယ်။ အသေးစိတ်ကတော့ သူကို ခင်ဗျားမေးကြည့်ပါလား။ သူဆိုရင်တော့ ခင်ဗျားတို့ကို ဖြေလိမ့်မယ်ထင်ပါတယ်။
5 hours ago · Like · 1
Aung Soe Moe MAI မှလေယာဉ်မှာ Airbus 319 , registration XY-AGR ဖြစ်ပြီး GMA မှလေယာဉ်မှာ Airbus 320 registration XY-AGT ဖြစ်ပါတယ် .. registration လို့ခေါ်ပါတယ် code number လို့မခေါ်ပါဘူး .. XY ဆိုတာမြန်မာပြည်မှာ register လုပ်ထားတဲ့အဓိပ္ပာယ်ပါ .. မြန်မာပြည်ကလေယာဉ်တွေအားလ...See More
5 hours ago · Unlike · 19
Aungthet Htwe · Friends with Koko Gyi and 3 others
အခုလို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြတာ အင် မတန် ကောင်းမွန်တယ်လို့ ယူဆပါတယ်။
MAI ဘက်က သတင်းထုတ်ပြန်ချက် အရ ဆိုရင် လေယာဉ် ပျက်စီးမှုက minor မဟုတ်တာ တွေ့ရပါတယ်။
GMA လေယာဉ်ဟာ လည်းအလားတူပဲ ဖြစ်မယ်။ အဓိက ပျက်စီးမှုက structure ပိုင်းပါ။ repair ပိုင်းမှာက အဆင့်ဆ...See
More
5 hours ago · Unlike · 10
Thanks for your information ko aung soe moe.
Win Minthein · Friends with Su Tin and 1 other
ကဲ ဆရာသမားတွေ လာရောက်ဖြေကြားနေပြီမို့ ဒေါ်သတိုးသူဇာအောင်လည်း ကျေနပ်လိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျား။ NDT test တွေဘာတွေ အားလုံးလုပ်ပြီး ကျေနပ်မှ ပေးပျံမှာပါ။
သေချာတာကတော့ လေယာဉ်ပျံဟာ မော်တော်ကားမဟုတ်သလို သင်္ဘောလည်းမဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
4 hours ago · Like · 4
Ko Ko Htoo · Friends with Thanda Win and 10 others
ကျေးဇူးတင်တယ် ကိုအောင်စိုးမိုးရေ aviation terms တွေကို other fields ကလူတွေ နားလည်ဖို့ရာက အတော်ခက်တာပါ။ ကျွန်တော် YIT မှာ Aeronautical major နဲ့ ၄နှစ်နောက်ပြီး မြန်မာ့လေကြောင်းမှာ ၁၂နှစ်လုပ်သက်ရလာပြီးမှ MCAR တွေ ICAO annexes တွေကိုနဲနဲနားလည်လာတာပါ ။လေယဥ...See More
4 hours ago · Like · 5
Thatoe Thuzaraung Ko Aung Soe Moe,
Please keep posted.
Thanks for
your kindly collaboration.
4 hours ago · Edited · Like · 5
Thatoe Thuzaraung ကိုအောင်သက်ထွေး ကော့်မန်ထဲမှာ
(MAI ဘက်က သတင်းထုတ်ပြန်ချက် အရ ဆိုရင် လေယာဉ် ပျက်စီးမှုက minor မဟုတ်တာ
တွေ့ရပါတယ်။
GMA လေယာဉ်ဟာ လည်းအလားတူပဲ ဖြစ်မယ်။ အဓိက ပျက်စီးမှုက structure ပိုင်းပါ။ )
လို့ဆိုထားပါတယ်။ ဓါတ်ပုံတွေကလည်း အလားတူပဲဖေါ်ပြနေတာပါ။
နားလည်တက်ကျွမ်းတဲ့ပုဂ္ဂိုလ်တွေရဲ့အကျိုးသင့်အကြောင်းသင့် ဖြေရှင်း
ချက် ကွန်မန့်တွေကိုလည်း ကျွန်မတို့အလေးထားရမှာပါ။
သို့သော်လည်း လေယာဉ်လိုင်းနဲ့ ပတ်သတ်တဲ့သူမဟုတ်တဲ့ အပြင်လူ(လုပ်ငန်းခွင်နားမလည်သူ)အနေနဲ့ပြောရရင်
ပျက်စီးသွားတဲ့အရာဝတ္တူတစ်ခုဟာ မူလအတိုင်းပြန်ဖြစ်တယ်လို့တော့
ယုံကြည်ရအတော်ခက်တဲ့ကိစ္စပါ။
ကျန်တဲ့အပိုင်းကိုတော့ ခရီးသွားလုပ်ငန်းခွင်မှာ ကျင်လည်နေသူများ စောင့်ကြည့်ရ
/စောင့်ကြည့်သင့်ပါတယ်။
4 hours ago · Edited · Like · 3
Thuriya Bkk · Friends with Min Than Htut and 13 others
ှSecurity ဘယ်မှာလဲ မေးရင် ဘယ်လိုဖြေမလဲ။
Thuriya Bkk · Friends with Min Than Htut and 13 others
ဖြေတဲ့သူတွေ က ဘာနားလည်လို့ လဲ မေးချင်ပါတယ်။
Ko Ko Htoo · Friends with Thanda Win and 10 others
ဝင်းမင်းသိန်းရေ ဘော်ဘော်မြန်မာလေကြောင်းမှာ ရှိပါ့ဗျား ,,မသူဇာအောင်ခင်ဗျား လေယဉ်ဟာ အစိတ်အပိုင်းပေါင်းမြောက်များစွာကို ဆက်စပ် assembly လုပ်ထားတာဖြစ်တဲ့အတွက် မကောင်းတဲ့အပိုင်းကို ဖြတ်ထုတ် ဖြုတ်ထုတ်ပြီး ကောင်းတာကိုပြန်တပ်လိုက်ရင် နဂိုမူလအရည်အသွေးကိုပြန်ရမည်ဟု ကျွန်တော်နားလည်ထားပါသည်ခင်ဗျား
4 hours ago · Like · 1
Aung Moe · Friends with Hnin Witt Yee and 5 others
အခုလိုအချိန်ပေး၍ရှင်းလင်းပေးခဲ့သူ ဆွေးနွေးပေးခဲ့သူအပေါင်းကိုကျေးဇူးအထူးတင်ရှိပါသည်။ဆွေးနွေးခဲ့သောအချက်များမှာမှတ်သားစရာ။ဗဟုသုတတိုးစရာများဖြစ်ပါသည်။
တလက်စထဲမရှင်းလင်းသောအချက်များကိုတတ်ကျွမ်းသူတစ်ဦးဦးမှဖြေကြားပေးစေလိုပါသည်။
အားလုံးသ...See More
3 hours ago · Unlike · 1
Aung Soe Moe မသတိုးသူဇာအောင် လေယာဉ်နဲ့ပတ်သက်ပြီး သိထားတဲ့အခြေခံ အချက်လေးတွေမှာတောင်အားမနာတမ်းပြောရရင် အတော်လွဲနေပါတယ်ခင်ဗျာ .. ဥပမာ လေယာဉ်ဟာလည်းကားလိုပါပဲ .. သံထည်တွေ ... အလိုင်းမန့် ချိန်တာတို့ ဘာတို့ပေါ့ .. နောက်အယူအဆတခုက လေယာဉ်ပျံထိခိုက်မိပြီး အကောင်းပြန်မဖြစ်တေ...See More
2 hours ago · Unlike · 4
Tin Aung Moe Hey come on, we don't want to go into those technical details. Our
question is very simple that is "WILL IT BE SAFE TO FLY THOSE AIRCRAFTS!
By the way do not make jokes with insurance as tou and me and everybody knows
that is just bullshit in Myanmar so far! As I said earlier your comments must
be sincere and you must be independent. Please don't tell me about where you
got your training but I would welcome your comments ad long as you are sincere!
Thanks! .
27 minutes ago · Unlike · 1
Thatoe Thuzaraung လေယာဉ်လိုင်းဖက်ကသူတွေ
ကွန့်မန့်ကို ဖတ်ရတုဲု့အခါမှာ Technical လမ်းကြောင်းပိုင်းကိုသာဆွဲတင်ယူသွားတာကို
တွေ့ရပါတယ်။
သို့ပေ့မယ် စိတ်ရှည်ရှည်နဲ့ ဖိုရန်ကိုဆွဲယူတဲ့အခါမှာ ကျွန်မတို့လိုချင်တဲ့
အပိုင်းတစ်ခုကိုရလာပါတယ်။
မြိတ်လေဆိပ်မှာထိခိုက်သွားတဲ့ MAI လေယာဉ်ကို ပြုပြင်ထိန်းသိမ်းပြီး
ပြန်လည်ပြေးဆွဲခဲ့တယ်လို့ ကိုအောင်စိုးမိုးကဆိုထားပါတယ်။
ကျွန်မတို့လိုချင်တာ အဲ့ဒီ့အချက်ပါပဲ။
ဒီအချက်ဟာ MAI လေကြောင်းလိုင်းကို လုံးဝမသုံးရလို့ ကမ္ဘာအနှံအပြားက Tour Operators
တွေက Contract ထဲမှာထည့်သွင်းချုပ်ဆိုတဲ့အကြောင်းအရာတစ်ခုပါ။
ဒါဆိုရင် ခရီးသွားလုပ်ငန်းကသူတွေ ဆွေးနွေးချင်တဲ့အဓိကအကြောင်းအရာတစ်ခုကို
လေကြောင်းလိုင်း အိတ်စပတ်များနားလည်မယ်လို့ ယူဆပါတယ်။
5 minutes ago · Edited · Like
Bas du formulaire