ဘရာဇီးလ်နိုင်ငံထုတ် လေယာဉ်သစ်နှစ်စင်း နိုဝင်ဘာလတွင် ရောက်ရှိမည်

5 views
Skip to first unread message

Thomas Latt

unread,
Sep 7, 2012, 9:28:25 PM9/7/12
to travelmyanmar
  ဘရာဇီးလ်နိုင်ငံထုတ် လေယာဉ်သစ်နှစ်စင်း နိုဝင်ဘာလတွင် ရောက်ရှိမည်
ကနေဒါ လေကြောင်း လိုင်းတွင် အသုံးပြု နေသည့် Embraer E-190 လေယာဉ် တစ်စင်းကို တွေ့ရစဉ်။
ပို့ဆောင်ရေး ၀န်ကြီးဌာန၊ မြန်မာ့လေ ကြောင်းမှ သက်တမ်းရင့် လေယာဉ်များ နေရာတွင် လေယာဉ် သစ်များ အစားထိုး ပျံသန်းပြေးဆွဲ ရန် စီစဉ်ဆောင်ရွက် လျက်ရှိရာ လာမည့်နိုဝင် ဘာလတွင် ဘရာဇီးလ် နိုင်ငံမှ ၀ယ်ယူ ထားသည့် လေယာဉ် သစ်နှစ်စင်း ရောက်ရှိမည်ဖြစ် သည်။

လေယာဉ် သစ်နှစ်စင်းမှာ ဘရာဇီးလ် နိုင်ငံ SOA JOSE JOS မြို့ရှိ Embraer လေယာဉ် ကုမ္ပဏီမှ ထုတ်လုပ်သည့် E-၁၉၀ လေယာဉ် အမျိုးအစားဖြစ်ပြီး မြန်မာ့ လေကြောင်းတွင် နှစ် ၃၀ ၀န်းကျင်ခန့် ပျံသန်းပြေးဆွဲခဲ့ပြီး သက်တမ်း ကုန် ဆုံးတော့မည်ဖြစ်သော ဖော်ကာ အက်ဖ် ၂၈ လေယာဉ်များ နေရာတွင် အစားထိုး ပြေးဆွဲရန် စီစဉ် ထား သည်ဟု မြန်မာ့လေကြောင်းမှ မန်နေဂျင်းဒါရိုက်တာ ဦးသန်းထွန်းက ပြောသည်။

မြန်မာ့လေကြောင်းအနေဖြင့် အက်ဖ် ၂၈ လေယာဉ်များနေရာတွင် တရုတ် နိုင်ငံထုတ် CRJ-900 လေယာဉ်များကို ၀ယ်ယူ အစားထိုး ရန် ပထမစတင်စီစဉ်ခဲ့ခြင်း ဖြစ်သော်လည်း အင်ဂျင်စွမ်းရည် ကောင်းမွန်သည့် အမေရိကန်နိုင်ငံမှ GE-CF 34-8E အင်ဂျင်စက်များကို တပ်ဆင်အသုံးပြုထားသည့် Embraer လေယာဉ်များမှာ ကမ္ဘာ့လေယာဉ်ဈေး ကွက်တွင် အသာစီးရနေသောကြောင့် Embraerလေယာဉ်များကိုသာ ၀ယ်ယူ ရန်စီစဉ်ခဲ့သည်ဟု ၎င်းကပြောသည်။

" အခုဝယ်မည့် Embraer လေယာဉ် တွေက Air Bus A-320 လေယာဉ်တွေထက် ထိုင်ခုံနေရာကျယ်ဝန်းပြီးတော့ ပစ္စည်းထားသိုဖို့ နေရာကလည်း ကျယ်ပါတယ်။ တခြား Regional Jet တွေထက် သာလွန်ကောင်းမွန်ပြီးတော့ လေယာဉ်အပိုပစ္စည်း ဈေးနှုန်းနဲ့ လေယာဉ် ထိန်းသိမ်းစရိတ်တွေကလည်း သက်သာပါတယ်"ဟု ဦးသန်းထွန်းက ပြောသည်။

အဆိုပါ လေယာဉ်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၅ သန်းမှ သန်း ၄၀ အထိရှိသည်။ Embraer လေယာဉ်များ ပြုပြင် ထိန်းသိမ်းမှုကို အမေရိကန်နိုင်ငံနှင့် ပေါ်တူဂီ နိုင်ငံတို့၌ လုပ်ကိုင်ဆောင်ရွက်ပေးလျက်ရှိပြီး ယခုအခါ တရုတ်နိုင်ငံနှင့် အကျိုးတူ ပူးပေါင်းကာ ဟာဘင်းမြို့၌ ထုတ်လုပ် တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။ စတင်ပျံသန်းပြေးဆွဲမည့်နေ့ကို ဒီဇင်ဘာလ ပထမပတ် တွင် တရားဝင် ထုတ်ပြန်ကြေညာမည်ဟု သိရသည်။

လာမည့်ပွင့်လင်းရာသီတွင် စတင်ပျံ သန်းပြေးဆွဲသွားမည့် အိန္ဒိယနိုင်ငံ ဗုဒ္ဓ ဂယာ၊ ထိုင်းနိုင်ငံ ချင်းမိုင်နှင့် ဟဲဟိုး၊ မန္တလေး၊ ညောင်ဦး အစရှိသော ပြည်တွင်းခရီးစဉ်များကိုပါ အဆိုပါ လေယာဉ်သစ်နှစ်စီးဖြင့် ပြေးဆွဲမည်ဟု ဦးသန်းထွန်းက ပြောသည်။

၁၉၄၀ ပြည့်နှစ်၊ စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော မြန်မာ့လေကြောင်းသည် လက်ရှိတွင် အက်ဖ် ၂၈၊ အေတီအာရ်၊ MA နှင့်Beech 1900 စသည့် လေယာဉ်အမျိုး အစား လေးမျိုးဖြင့် ပြည်တွင်းခရီးစဉ်များကို ပျံသန်းပြေးဆွဲလျက်ရှိသည်။

မြန်မာ့လေကြောင်းတွင် လေယာဉ် ခရီးစဉ်လက်မှတ်များကို ယခင်က လျှောက်လွှာတင်စနစ်ဖြင့်သာ ၀ယ်ယူခဲ့ရပြီး ယခုအခါ ပုဂ္ဂလိက လက်မှတ် အရောင်းဌာနများတွင်လည်း အလွယ်တကူ ၀ယ်ယူနိုင်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကာ အွန်လိုင်းမှ E Ticketing စနစ်ဖြင့် လည်း ၀ယ်ယူနိုင်ရန် ပြောင်းလဲ စီစဉ် ဆောင်ရွက်လျက်ရှိသည်။

သီဟတိုး - မြန်မာတိုင်းမ်
Reply all
Reply to author
Forward
0 new messages