Yangon Hotel Zone in plan

1 view
Skip to first unread message

Nyi Nyi ®

unread,
Jan 9, 2013, 9:22:51 PM1/9/13
to travel...@googlegroups.com
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပွင့်လင်းနွေးထွေးစွာ ဆက်ဆံလာနိုင်မှုများကြောင့် ခရီးသွားဧည့်သည်များ လာရောက်မှု တိုးတက်များပြားလာလျက်ရှိရာ ရန်ကုန်မြို့ စည်ပင်သာယာရေး နယ်နမိတ်အတွင်း ဟိုတယ်ဇုန်သစ် တစ်ခု တည်ဆောက်ရန် စီစဉ်နေကြောင်း ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “နှစ်စဉ် အကြောင်း အမျိုးမျိုးကြောင့် မြန်မာနိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာမှ ခရီးသွား ဧည့်သည်တွေဟာ တဖြည်းဖြည်း တိုးတက် များပြားလာတယ်။ အဓိက ဝင်ရောက်လာ တာကလည်း စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်သူတွေ၊ ရင်းနှီးမြှုပ်နှံလိုသူတွေ၊ ကမ္ဘာလှည့် ခရီးသွားတွေအပြင် နိုင်ငံတကာ လူမှုရေး အဖွဲ့အစည်းတွေကလည်း လာရောက်တာ များပြားတယ်။ ဒါကြောင့် ဧည့်သည်တွေအတွက် အဆင်ပြေပြေ တည်းခိုနိုင်အောင် ဟိုတယ်ဇုန်သစ်တစ်ခု ဖွင့်လှစ်ဖို့ စီစဉ်တာ ဖြစ်ပါတယ်'' ဟု ၄င်းက ပြောကြားသည်။ ဟိုတယ်ဇုန်အသစ် ဖွင့်လှစ်ရန် လောလောဆယ်တွင် ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ယုဇနဥယျာဉ်အနီး မြေနေရာကို ကွင်းဆင်းလေ့လာမှုများ ပြုလုပ်လျက်ရှိသည်။ အဆိုပါ မြေနေရာမှာ အကျယ်အဝန်း ဧက ၂ဝဝ ခန့်သာရှိရာ မြေအကျယ်အဝန်း နည်းပါးသဖြင့် ဟိုတယ်ဇုန်သစ်တွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည့် လုပ်ငန်းရှင်များက စိတ်ဝင်စားမှု လျော့နည်းလျက်ရှိသည်။ ဟိုတယ်ဇုန်အသစ်အတွက် အနည်းဆုံး မြေဧက ၅ဝဝ ကျော်ရှိသည့် မြေအကျယ်အဝန်းရှိမှသာ ဟိုတယ်ဇုန် လုပ်ငန်းများ အကောင်အထည်ဖော် လုပ်ကိုင်နိုင်မည်ဖြစ်သည်။ ယခင်က ရန်ကုန်မြို့အရှေ့ပိုင်းတွင် မြေအကျယ်အဝန်း ဧက ၈ဝဝ ခန့်ရှိသော နေရာအား ဟိုတယ်ဇုန် ပြုလုပ်နိုင်ရေး အတွက် လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း လယ်ယာမြေများပါ အကျုံးဝင်နေသဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ချေ။ ယခုအခါ ရန်ကုန်ဟိုတယ်ဇုန် အစီအစဉ်ဖြင့် ရန်ကုန်မြို့ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ယုဇနဥယျာဉ်အနီး မြေနေရာ ဧက ၂ဝဝ ခန့်ပေါ်တွင် ဟိုတယ်ဇုန်သစ် အသေးတစ်ခု အကောင်အထည်ဖော် တည်ဆောက်သွားရန် စီစဉ်လျက်ရှိသည်။ လောလောဆယ် စီးပွားရေးမြို့တော် ရန်ကုန်တွင် ခရီးသွားဧည့်သည်များ စီးပွားရေး လုပ်ငန်းဖြင့် လာရောက်သူများ၊ လူမှုရေးနှင့် ကျန်းမာရေးဝန်ဆောင်မှု လုပ်ငန်းများဖြင့် လာရောက်သူများ စသည်ဖြင့် များပြားလျက်ရှိရာ လက်ရှိရန်ကုန်၌ တည်ရှိနေသော ဟိုတယ်များဖြင့် လုံလောက်မှုမရှိနိုင်သည့် အနေအထား ဖြစ်လာသည်။ လက်ရှိအချိန်၌ စီးပွားရေးမြို့တော် ရန်ကုန်တွင် ကြယ်ငါးပွင့်အဆင့် ဟိုတယ်ငါးလုံး၊ ကြယ်လေးပွင့်အဆင့် ဟိုတယ်ခြောက်လုံး၊ ကြယ်သုံးပွင့်အဆင့် ဟိုတယ် ၁၃ လုံး၊ ကြယ်နှစ်ပွင့် အဆင့် ဟိုတယ် ၂၁ လုံးနှင့် ကြယ်တစ်ပွင့်အဆင့် ဟိုတယ် ၂၈ လုံးတို့ ရှိနေသည့်အပြင် မိုတယ်နှင့် အင်းများလည်း ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်သော စာရင်းအင်းများ၌ ဖော်ပြထားသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
This conversation is locked
You cannot reply and perform actions on locked conversations.
0 new messages