ထိုင်းမြန်မာနယ်စပ်ဂိတ် ၄ ခု မှ ဝင်ထွက်ခွင့် Friday, August 23, 2013

21 views
Skip to first unread message

Tomme Aung

unread,
Aug 23, 2013, 7:12:37 AM8/23/13
to travel...@googlegroups.com
Home News ထိုင်းမြန်မာနယ်စပ်ဂိတ် ၄ ခု မှ ဝင်ထွက်ခွင့်

Friday, August 23, 2013

ထိုင်းမြန်မာနယ်စပ်ဂိတ် ၄ ခု မှ ဝင်ထွက်ခွင့်

ထိုင်း-မြန်မာနယ်စပ် တရားဝင် ဂိတ် ၄ ခု ကနေ နိုင်ငံခြားသား၊ ထိုင်းနဲ့ မြန်မာနိုင်ငံသား တွေကို နိုင်ငံကူး လက်မှတ်နဲ့ ဝင်ထွက် သွားလာ ခွင့်ပြု တော့ မှာ ဖြစ်ပါတယ်။ အခုလ ၂၈ ရက်နေ့ လာမယ့် ဗုဒ္ဒဟူးနေ့ မနက် ၈ နာရီမှာ စတင် ခွင့်ပြု သွားမှာ ဖြစ် ပါတယ်။

ထိုင်း-မြန်မာနယ်စပ်က တရားဝင် နယ်စပ်ဂိတ် ၄ ခု ဖြစ်တဲ့ တာချီလိပ်-မယ်ဆိုင်၊ မြဝတီ-မဲဆောက်၊ ကော့သောင် - ရနောင်းနဲ့ ထားဝယ် မြို့နယ် ကို ဆက်ထားတဲ့ ထီးခီး - နမ့်ဖုရောန့် နယ်စပ်ဂိတ် တွေ ပဲဖြစ်ပါတယ်။ အခုလို ဝင်ထွက် သွားလာခွင့် ပြုတော့ မှာဖြစ်တဲ့ အကြောင်းကို လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်း က ဘီဘီစီ ကို အတည်ပြု ပြောကြားပါတယ်။

နယ်စပ်ဂိတ် က ဝင်ပြီး ရန်ကုန်-မန္တလေး လေဆိပ် က ပြန်ထွက် တာပဲဖြစ်ဖြစ်၊ ထိုင်း-မြန်မာ နယ်စပ်ဂိတ် တခုကပဲ ဖြစ်ဖြစ် ထွက်ခွာ သွားလာ ခွင့် ပေးထား ပါတယ်။ နိုင်ငံကူး လက်မှတ် တွေနဲ့ ဝင်ထွက် သွားဖို့ ကိုတော့ ထိုင်း နဲ့ မြန်မာသံရုံး တွေမှာ ပြည်ဝင်ခွင့် ဗီဇာ ကြိုတင် ယူထားရ မှာ ဖြစ်ပါတယ်။ ဒါက နိုင်ငံကူး လက်မှတ် နဲ့ သွားလာမယ့် သူတွေ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံသားနဲ့ မြန်မာနိုင်ငံသား တွေ အတွက် နိုင်ငံကူး လက်မှတ် မလိုပဲ နယ်စပ် ဖြတ်ကျော်ခွင့် လက်မှတ် နဲ့ နယ်စပ် ကနေ မိုင် ၁၃ဝ လောက်အထိ ဝင်ထွက် သွားလာခွင့် ပြုဖို့ ကို တော့ နိုင်ငံအစိုးရ တွေ အကြား ဆက်လက် ဆွေးနွေး နေတုန်းဖြစ်ပါတယ်။ မကြာခင် မှာ အကောင်အထည် ဖေါ်နိုင်လိမ့်မယ် လို့ မျှော်လင့် ရကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ရုံးအဖွဲ့မှူး ဦးသန်းနိုင်ထွန်း က ဘီဘီစီ ပြောပါတယ်၊

ဘီဘီစီ (မြန်မာပိုင်း)


xxxxxxx နိင်င်ရပ်ခြားမှ တိုး Agencies များအတွက်ယခု ဖော်ပြပါ သတင်းသည် သိပ်ရေပန်းစား လူကြိုက်များမည်မထင်ပါ။ Main Agency နှင်. ချိတ်ဆက်ပြီး တိုးပက်ကေ.ခ်ျ ရောင်းချရသော ပြည်တွင်းအမျိုးသားပိုင် Agency များအတွက်လဲ သိပ်ပြီးထူးခြားမှုမရှိနိုင်လောက်ပါ။
 Main Agencies များမှာ မြန်မာနိုင်ငံတွင်း သွားလာပြီးမှ ထိုင်းနိုင်ငံနှင် တရုပ်နိုင်ငံတို.ကိုသွားရောက်ချင်သည်. Tourists များအား လည်းကောင်းတို.မူရင်းနိုင်ငံမှာပင် တစ်ခါတည်း လမ်းကြောင်းရေးဆွဲ ရောင်းချထားပြီးဖြစ်သည်။ သို.သော် ထိုင်းနိုင်ငံ ရှိ အေးဂျင်.ကိုသာလျင် ထိုင်းနိုင်ငံအတွက် ကိုင်တွယ်ခိုင်းသည်။ တရုပ်နိုင်ငံကို မြန်မာနိုင်ငံပြီး နယ်စပ်ဖြတ်ကာ သွားလည်ချင်သူများကို လဲ တရုပ် အေးဂျင်စီများကို ပြုလုပ်ခိုင်းကြပါသည်။

ထိုင်း နှင်. တရုပ်တွင်လည်ပြီး နယ်စပ်ဂိတ်များမှ တစ်ဆင်. မြန်မာနိုင်ငံကို ၀င်ရောက်လာလျင်လည်း ထိုနည်းအတိုင်းပင်   Binding Tour ပြုလုပ်တတ်ကြသည်။
စာရေးသူပြောချင်သူမှာ နိုင်ငံခြားသားများအား နယ်စပ်ဂိတ်များ ဖြတ် ၀င်ထွက်သွားလာခွင်. ပြုသဖြင်. Binding Tour များ တိုးတက်များပြားလာမည်ဖြစ်သော်လဲ၊ ပြည်တွင်းရှိ Tour Agencies များအတွက် လေယာဉ်ဖြင်. အိမ်နီးချင်းနိုင်ငံများအားသွားလာနေရမှုအပြင် ကုန်းကြောင်းဖြင်.လဲ သွားလို.ရလာကာ Trend တစ်ခု တိုးပြီး Possibility of Access in Program (by air/ by road)  လုပ်နိုင် ပြောင်းနိုင် တာလောက်သာ အကျိုးရှိမည်ထင်သည်။
အဘယ်ကြောင်.ဆိုသော်
၁။ ပြင်ပ Agencies များမှ တစ်ဆင်. ပြည်တွင်း Agencies များကတစ်ဆင်.ခံ Tour Package လက်ခံဆောင်ရွှက်ပေးကြရခြင်း။ လည်းကောင်းတို. လောင်းရိပ်လွတ်အောင် ရုန်းမထွက်နိုင်ကြသေးသဖြင်. မိမိတို.စိတ်ကြိုက် လမ်းကြောင်းဆွဲကာ Binding Tour များ မပြုလုပ်ပေးနိုင်ခြင်း။
 (ပြုလုပ်ပေးနိုင်လျင် မြန်မာ Agency များကတစ်ဆင်. အိမ်နီးချင်းနိုင်ငံတို.ကို ပြန်ခိုင်း အမြတ်ထုတ်နိုင်မည်။)
၂။ နိုင်ငံရပ်ခြားတွင် မြန်မာလူမျိုး ခရီးသွားလုပ်ငန်းရှင်များမှ ရုံးခန်းများထားရှိ မရောင်းချနိုင်မှုကြောင်. နိုင်ငံတကာမှ Trေvel Agencies များ လိုချင်သည်.အတိုင်းသာ လိုက်လုပ်ပေးနေရခြင်း။
အထက်ပါ အကြောင်းတို.သည် နယ်စပ်မှ ၀င်လာကြမည်. Tourist အနဲ အများကို ပြောချင်သည် မဟုတ်ပါ။ ပြည်တွင်းအမျိုးသား အကျိုးကို ကြည်.ပြီး အမျိုးသားပိုင် Agencies များအတွက် အကျိုးရှိမရှိ သုံးသပ်ခြင်းသာလျင်ဖြစ်သည်။
ချွင်းချက်အနေဖြင်. ထိုင်းလူမျိုး၊ တရုပ်လူမျိုး Tourists များ အား Binding Tour လက်ခံဆောက်ရွှက်ပေးသော ပြည်တွင်း Travel Agency တို.အတွက် နှင်. တစ်ခါတစ်ရံ အလွတ်တန်း လာလယ်သူ အနောက်တိုင်းသားများနှင်.ဆက်ခါ Package ရောင်းချပေးသော  ပြည်တွင်း Travel Agencies အနေဖြင်. Binding Tour စိတ်ကြိုက်ဆွဲကာပြုလုပ်ညှီနိုင်း ရောင်းချနိုင်သည်.အတွက် အကျိုးရှိနိုင်ပါသည်။   
သို.သော် နယ်စပ်ဂိတ်များအနီး မကြမကြာ တိုက်ပွဲများရှိနေပါလျင် Tourism အတွက် အလုပ်ဖြစ်မည်မထင်ပါ။ ထို.အပြင် မြန်မာနိုင်ငံအား လာရောက်လည်ပတ်သည်. အနောက်တိုင်းသားများသည် မြန်မာနိုင်ငံမှ တစ်ဆင်. လေယာဉ်ဖြင်.သာ ပြန်ထွက်ခွာချင်ကြသည်၊ သို.မဟုတ် တဆင်. ထိုင်းနှင်. တရုပ် နိုင်ငံတို.သို. သွားချင်ကြတာများသည်။
သို.ပါသဖြင်. Binding Tour များ တိုးပွားလာနိုင်သည်. အထက်ပါသတင်းအရ  ပြည်တွင်း အမျိုးသားပိုင် Agencies မျာ အကျိုးရှိနိုင် မရှိနိုင် စောင်.ကြည်.ကြပါစို.။



Reply all
Reply to author
Forward
0 new messages