Re: ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက ပြောကြားခဲ့ news-eleven.

20 views
Skip to first unread message

Ko Nyi Nyi

unread,
Nov 30, 2012, 5:48:50 AM11/30/12
to travel...@googlegroups.com
ဟိုတယ်နှင့်
> ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း ? ? ? ?

ဦးတင်.ဆန်း ဟိုတယ်ခရီးဝန်ကြီးပြန်ဖြစ်သွားပြီလား ? ?

2012/11/29 Sonny <sonn...@gmail.com>:
> A mistake made by Eleven.
> http://news-eleven.com/index.php?option=com_content&view=article&id=16558:2012-11-28-03-20-34&catid=42:2009-11-10-07-36-59&Itemid=112
>
> မြန်မာနိုင်ငံသို့ လေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ နိုင်ငံခြားသား
> ခရီးသွားဝင်ရောက်မှုသည် ယခုနှစ်ကုန်တွင် တစ်သန်းပြည့်မီနိုင်ကြောင်း ဟိုတယ်နှင့်
> ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက
> ပြောကြားခဲ့သည်။
>
> မြန်မာနိုင်ငံသို့ နိုင်ငံခြားသားဧည့်သည် ၀င်ရောက်မှုမှာ ဒီဇင်ဘာလကုန်ခန့်တွင်
> ပျမ်းမျှ ခြောက်သိန်းခန့် ၀င်ရောက်လာမည်ဖြစ်ကြောင်း၊ နယ်စပ်ဝင်ပေါက်များမှ
> ၀င်ရောက်လာနိုင်သည့် ပျမ်းမျှခရီးသည် လေးသိန်းကျော် အပါအ၀င်ဆိုပါက ယခုနှစ်တွင်
> နိုင်ငံခြားသားခရီးသည် စုစုပေါင်းတစ်သန်းခန့် မြန်မာပြည်တွင်းသို့
> ၀င်ရောက်လာမည်ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာန
> ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက နိုဝင်ဘာလ ၂၃ ရက်နေ့၌ နေပြည်တော်တွင်
> နေပြည်တော်ဟိုတယ်ဇုန်မှ လုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တွေ့ဆုံရာ၌
> ပြောကြားခဲ့သည်။
>
> မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများ ၀င်ရောက်မှု တစ်သန်း ပြည့်မီရန်
> ရည်မှန်းချက် ထားရှိရာ တွင် ယခုနှစ်၌ ပထမဆုံးအကြိမ် တစ်သန်းပြည့်မည့်
> အလားအလာရှိ လာခြင်းဖြစ်သည်။
>
> ရန်ကုန်လေဆိပ်မှ ခရီးသွားဝင်ရောက်မှုသည် တစ်ရက်လျှင် ပျမ်းမျှဦးရေ ၂၃၀၀
> ခန့်ရှိလာပြီ ဖြစ်ကြောင်းလည်း ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။
> မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည်များ ၀င်ရောက်လည်ပတ်ရာတွင်
> ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ အဓိက၀င်ပေါက်ဖြစ်ပြီး အောက်တိုဘာလအတွင်းက
> တစ်ရက်လျှင် ၂၀၀၀ ၀န်းကျင်သာ ရှိခဲ့သည်။
>
> မြန်မာနိုင်ငံသို့ ခရီးသွားဧည့်သည်များ ၀င်ရောက်မှုသည် နိုင်ငံရေးနယ်ပယ်မှ
> အပြောင်းအလဲများပေါ်တွင် မူတည်ကာ တိုးတက်လာခဲ့ခြင်း ဖြစ်သည်။
>
> မြန်မာနိုင်ငံသို့ ၂၀၁၂ ခုနှစ်အတွင်း စိတ်ဝင်စားလည်ပတ်လိုသူ တိုးတက်လာသော်လည်း
> အဆိုပါခရီးသွားများအတွက် ဟိုတယ်အခန်းများ၊ ပို့ဆောင်ဆက်သွယ်ရေး၊
> ၀န်ဆောင်မှုများနှင့် အခြားသော အခြေခံအဆောက်အအုံ ပိုင်းတွင်မူ လိုအပ်ချက်များစွာ
> ရှိနေသေးကြောင်းလည်း ခရီးသွားလုပ်ငန်းနယ်ပယ်၌ သုံးသပ်မှုများ ရှိနေသည်။
>
> ၂၀၁၂ ခုနှစ် အောက်တိုဘာလကုန်အထိ စာရင်းများအရ ဟိုတယ်နှင့် တည်းခိုရိပ်သာ
> လုပ်ငန်းလိုင်စင်များအနေဖြင့် နေပြည်တော်တွင် ဟိုတယ်အလုံး ၃၃ လုံး ၂၁၁၁ ခန်း၊
> ရန်ကုန်တွင် ဟိုတယ် ၂၀၂ လုံး အခန်း ၈၇၂၁ ခန်း၊ မန္တလေးတွင် ဟိုတယ် ၇၉ လုံးနှင့်
> အခန်း ၃၃၆၂ ခန်း၊ ပုဂံ ညောင်ဦးတွင် ဟိုတယ် ၇၅ လုံး၊ အခန်း ၃၁၉၆ ခန်း၊
> တောင်ကြီး-အင်းလေးဒေသတွင် ဟိုတယ် ၅၉ လုံး၊ အခန်းပေါင်း ၁၆၂၄ ခန်းရှိကြောင်း
> သိရသည်။
>
> ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာလှည့် ခရီးသွားဧည့်သည်များသာမက စီးပွားရေး
> ခရီးသွားများပါ ရောက်ရှိမှု တိုးတက်လာသည့်အတွက် မြန်မာနိုင်ငံတွင်
> ဟိုတယ်အခန်းများ ရရှိရန် အခက်အခဲများ ပ်ါပေါက်လာကာ အဓိက၀င်ပေါက် တစ်ခုဖြစ်သော
> ရန်ကုန်မြို့၌ ယင်းအခက်အခဲကို ပိုမိုကြုံတွေ့လာရသည်။
>
>
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msg/travelmyanmar/-/lKtVFfPtTVYJ.
> For more options, visit https://groups.google.com/groups/opt_out.
>
>

Reply all
Reply to author
Forward
0 new messages