Myanmar will start Performance Base Navigagtion system

4 views
Skip to first unread message

Nyi Nyi ®

unread,
Dec 18, 2012, 9:24:57 PM12/18/12
to travel...@googlegroups.com
နိုင်ငံတကာနှင့် ကူးလူးဆက်ဆံမှု တစ်ရှိန်ထိုး များပြားလာသော မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ လေကြောင်း ခရီးစဉ်များ ပျံသန်းမှု တဖြည်းဖြည်း များပြားလာသည်။ လေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းမှု တိုးတက်လာသလို မြန်မာ့ဝေဟင် ပိုင်နက်အတွင်း လေယာဉ်ဖြတ်ကျော် ပျံသန်းမှုများလည်း များပြားလာသည်။ ထိုသို့ လေကြောင်းပျံသန်းမှု များလာသဖြင့် လေကြောင်းပျံသန်း သွားလာမှုလည်း လုံခြုံရေး လိုအပ်လာသည်။ ထို့ကြောင့် မြန်မာ့လေကြောင်း ပို့ဆောင်ရေးတွင် စက်ကိရိယာ အခြေခံသော လေကြောင်းသွားလာရေး စနစ် Performance Base Navigation (PBN) အခြေခံသည့် စက်ကိရိယာများ တပ်ဆင် အသုံးပြုတော့မည် ဖြစ်သည်။ မြန်မာ့လေကြောင်း ခရီးစဉ်များသည် အီလက်ထရွန်နစ် အခြေခံသော နည်းပညာအသစ်များ စတင်အသုံးပြုတော့မည် ဖြစ်ရာ နိုင်ငံတကာ မြို့ပြလေကြောင်းအဖွဲ့ချုပ် (ICAO) ၏ စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အတူ အပြည်ပြည်ဆိုင်ရာ လေကြောင်းပို့ဆောင်မှု အဖွဲ့ကလည်း လေကြောင်းသွားလာမှု လုပ်ငန်းများ တိုးတက်ကောင်းမွန် လာစေရန် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံ ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနကလည်း နိုင်ငံတကာ စံချိန်စံညွှန်း နှင့်အညီ လေကြောင်းဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ရာတွင် Communication Navigation Services (CNS) ဖြစ်သည့် ခေတ်မီလေကြောင်း ဆက်သွယ်ရေး စက်ကိရိယာများ တိုးချဲ့တပ်ဆင်လျက် ရှိသည်။ ယင်းသို့ တပ်ဆင် အသုံးပြုခြင်းမှာ လေကြောင်း ထိန်းသိမ်းရေး လုပ်ငန်းမှ လေကြောင်း စီမံခန့်ခွဲရေး စနစ်သို့ ပြောင်းလဲတော့မည့် အခြေအနေပင် ဖြစ်သည်။ ထို့ကြောင့် လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် ခေတ်မီ လေကြောင်းလမ်းညွှန် ဆက်သွယ်ရေး စက်များ တပ်ဆင်ရန် စီစဉ်နေပြီဖြစ်သည်။ စက်ကိရိယာ အခြေခံသော လေကြောင်း သွားလာမှုစနစ်နှင့် ခေတ်မီ လေကြောင်းလမ်းညွှန် ဆက်သွယ်ရေး စက်များ တပ်ဆင်ခြင်းဖြင့် လေယာဉ်များ ပျံသန်းစဉ် ဝေဟင်၌ လေယာဉ်အချင်းချင်း မတော်တဆ ထိခိုက်မှုများ မဖြစ်ပွားအောင် အလိုအလျောက် ကြိုတင် ရှောင်တိမ်းသွားနိုင်မည် ဖြစ်သည်။ မြန်မာ့ဝေဟင်ပိုင်နက်တွင် ယခင်က တစ်နေ့လျှင် ပုံမှန်ပျံသန်းသည့် လေယာဉ် (Schedule Air crafts) အစင်း ၂၅ဝ နှင့် ၃ဝဝ အကြားသာ ဖြတ်ပျံသန်းခဲ့သော်လည်း ယခုအခါ နေ့စဉ် လေယာဉ် အစင်းရေ ၅ဝဝနှင့် ၅၂ဝ အကြား ဖြတ်ကျော်ပျံသန်းလျက် ရှိသည်။ ထို့အတူ မြန်မာ့ဝေဟင် ပိုင်နက်အတွင်း ယခင်က နေ့စဉ်ပှံမှန်မဟုတ်သော (Non Schedule Aircrafts) များ ဖြတ်ကျော်ပျံသန်းမှုမှာ တစ်နေ့ လေယာဉ် လေးစင်းနှင့် ငါးစင်းခန့်သာ ရှိသော်လည်း ယခုအခါ တစ်နေ့လျှင် လေယာဉ်အစင်းရေ ၃ဝ ခန့်အထိ ဖြတ်ကျော်ပျံသန်းလျက် ရှိသည်။ ယင်းသို့ တိုးတက် လာခြင်းမှာ မြန်မာနိုင်ငံ၏ ပွင့်လင်းလာမှု၊ နိုင်ငံတကာနှင့် ပိုမိုထိတွေ့ ဆက်ဆံလာမှုအပြင် မြန်မာနိုင်ငံအပေါ် ယုံကြည်မှုများ ပိုမိုရှိလာ၍ပင် ဖြစ်သည်။ မြန်မာ့ဝေဟင် ပိုက်နက်အတွင်း ထိုသို့ လေယာဉ်များ ဖြတ်ကျော်ပျံသန်းမှု တိုးတက်များပြားလာမှုကြောင့် နိုင်ငံခြားငွေ တိုးတက်ရရှိလျက် ရှိသည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages