MAI will fly domestics

18 views
Skip to first unread message

Nyi Nyi ®

unread,
Jan 9, 2013, 9:04:09 PM1/9/13
to travel...@googlegroups.com
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တစ်လိုင်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း (MAI) သည် ယခုအခါ ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲသွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိပါက Air Bus လေယာဉ်များ ဆင်းသက်နိုင်မည့် နေပြည်တော်နှင့် မန္တလေးသို့ စတင်ပြေးဆွဲမည်ဖြစ်ပြီး အခြားလေယာဉ်ကွင်းများ ဖြစ်သည့် ပုဂံ၊ ဟဲဟိုး၊ ထားဝယ်၊ ကော့သောင်း၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကလေးမြို့များသို့ ATR လေယာဉ်များဖြင့် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။ ပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ MAI မှ မအေးမရသာက ''ကျွန်မတို့ လေယာဉ်တွေ ပြည်တွင်းကို ပြေးဆွဲသွားနိုင်ဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ခွင့်ပြုချက်ရတာနဲ့ တစ်ပြိုင်နက် ပြေးဆွဲသွားနိုင်အောင် လည်း စီစဉ်ထားပါတယ်။ ပြည်တွင်းမှာ ပြေးဆွဲပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ လေကြောင်းလိုင်းဟာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တစ်လိုင်းဖြစ်တာနဲ့အညီ ပြည်တွင်းခရီးသွား ပြည်သူတွေကိုလည်း လုံခြုံစိတ်ချစွာနဲ့ အဆင့်အတန်းမြင့်စွာ ခရီးသွားလာနိုင်ဖို့ စီစဉ်တာပါ။ ဒါ့အပြင် ပြည်ပကနေ MAI နဲ့ ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေကိုလည်း ပြည်တွင်းခရီးစဉ်တွေ သွားရောက်လည်ပတ် ရာမှာ ခရီးစဉ်တစ်လျှောက်လုံး MAI နဲ့ပဲ တောက်လျှောက် သွားနိုင်ဖို့ စီစဉ်ပြေးဆွဲတာ ဖြစ်ပါတယ်'' ဟု ရှင်းပြသည်။ MAI လေကြောင်းလိုင်းသည် ရန်ကုန်မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂယာ၊ ကွမ်ကျိုးနှင့် ကမ္ဘောဒီးယား နိုင်ငံသို့ Air Bus လေယာဉ်ရှစ်စင်းဖြင့် ပြေးဆွဲနေသော လေကြောင်းလိုင်းကြီး တစ်လိုင်းဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "

Thomas Latt

unread,
Jan 9, 2013, 9:17:27 PM1/9/13
to travel...@googlegroups.com
We encourage MAI to start practice online system such as ameliaRES or Crane PAX or similar system to improve their service.. that will be also great if the airlines provide online booking facilities for passengers.
 

2013/1/10 Nyi Nyi ® <nyi...@gmail.com>
မြန်မာနိုင်ငံ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တစ်လိုင်းဖြစ်သည့် အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း လိုင်း (MAI) သည် ယခုအခါ ပြည်တွင်းခရီးစဉ်များကို ပြေးဆွဲသွားနိုင်ရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ လေကြောင်းလိုင်းသည် သက်ဆိုင်ရာမှ ခွင့်ပြုချက်ရရှိပါက Air Bus လေယာဉ်များ ဆင်းသက်နိုင်မည့် နေပြည်တော်နှင့် မန္တလေးသို့ စတင်ပြေးဆွဲမည်ဖြစ်ပြီး အခြားလေယာဉ်ကွင်းများ ဖြစ်သည့် ပုဂံ၊ ဟဲဟိုး၊ ထားဝယ်၊ ကော့သောင်း၊ စစ်တွေ၊ လွိုင်ကော်၊ မြစ်ကြီးနား၊ ဗန်းမော်နှင့် ကလေးမြို့များသို့ ATR လေယာဉ်များဖြင့် တိုးချဲ့ပြေးဆွဲသွားမည် ဖြစ်သည်။ ပြည်တွင်းခရီးစဉ်များ ပြေးဆွဲပေးသွားမည့် အစီအစဉ်များနှင့် ပတ်သက်၍ MAI မှ မအေးမရသာက ''ကျွန်မတို့ လေယာဉ်တွေ ပြည်တွင်းကို ပြေးဆွဲသွားနိုင်ဖို့ သက်ဆိုင်ရာကို တင်ပြထားပါတယ်။ ခွင့်ပြုချက်ရတာနဲ့ တစ်ပြိုင်နက် ပြေးဆွဲသွားနိုင်အောင် လည်း စီစဉ်ထားပါတယ်။ ပြည်တွင်းမှာ ပြေးဆွဲပေးရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်မတို့ လေကြောင်းလိုင်းဟာ အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း တစ်လိုင်းဖြစ်တာနဲ့အညီ ပြည်တွင်းခရီးသွား ပြည်သူတွေကိုလည်း လုံခြုံစိတ်ချစွာနဲ့ အဆင့်အတန်းမြင့်စွာ ခရီးသွားလာနိုင်ဖို့ စီစဉ်တာပါ။ ဒါ့အပြင် ပြည်ပကနေ MAI နဲ့ ရောက်လာတဲ့ နိုင်ငံခြားသားခရီးသွား ဧည့်သည်တွေကိုလည်း ပြည်တွင်းခရီးစဉ်တွေ သွားရောက်လည်ပတ် ရာမှာ ခရီးစဉ်တစ်လျှောက်လုံး MAI နဲ့ပဲ တောက်လျှောက် သွားနိုင်ဖို့ စီစဉ်ပြေးဆွဲတာ ဖြစ်ပါတယ်'' ဟု ရှင်းပြသည်။ MAI လေကြောင်းလိုင်းသည် ရန်ကုန်မှ ဗန်ကောက်၊ စင်ကာပူ၊ ကွာလာလမ်ပူ၊ ဂယာ၊ ကွမ်ကျိုးနှင့် ကမ္ဘောဒီးယား နိုင်ငံသို့ Air Bus လေယာဉ်ရှစ်စင်းဖြင့် ပြေးဆွဲနေသော လေကြောင်းလိုင်းကြီး တစ်လိုင်းဖြစ်ကြောင်း သိရသည်ဟု ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။ "

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/W-guFzqDTf8J.
For more options, visit https://groups.google.com/groups/opt_out.
 
 

Nansein Than

unread,
Feb 5, 2013, 10:34:02 PM2/5/13
to travel...@googlegroups.com

Dear friends, you can all change $ dollars at KBZ banks in Mandalay at KBZ banks, 30th st ( bet - 71st & 72nd st) & 80th st ( bet- 28th& 29th st). Thank you.

Reply all
Reply to author
Forward
0 new messages