ဂျီနီဗာအခြေစိုက် SITA မြန်မာနိုင်ငံ၏ လေကြောင်း ပို့ဆောင်ရေးစနစ်များ

6 views
Skip to first unread message

Nyi Nyi ®

unread,
Oct 11, 2012, 5:34:20 AM10/11/12
to travel...@googlegroups.com
မြန်မာနိုင်ငံ၏ အနာဂတ်လေကြောင်း ပို့ဆောင်ရေးစနစ်များ အဆင့်မြင့် ခေတ်မီလာစေရန်အတွက် ကမ္ဘာ့လေကြောင်းလိုင်း နည်းပညာပံ့ပိုးမှု ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဂျီနီဗာအခြေစိုက် SITA ကုမ္ပဏီသည် မြန်မာနိုင်ငံ၌ လာမည့်သုံးနှစ်အတွင်း စတင်အသုံးပြုသွားမည့် လေကြောင်းဝန်ဆောင်မှုများ၌ ခရီးသည်နှင့် ခရီးဆောင်အိတ်များ စီမံခန့်ခွဲမှု၊ လေဆိပ်စီမံခန့်ခွဲ ဆောင်ရွက်မှုများ၊ လေယာဉ်ဆက်သွယ်ရေး လုပ်ငန်းများနှင့် အဆင့်မြင့် ဆက်သွယ်ရေး လုပ်ငန်းများအပြင် ခရီးသည်များ ခရီးသွားလာရာတွင် စရိတ်သက်သာပြီး ပိုမိုအကျိုးရှိစေမည့် နည်းစနစ်များဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) နှင့် SITA ကုမ္ပဏီတို့ (၁၀)နှစ်မြောက် ပူးပေါင်းလက်တွဲခြင်း အခမ်းအနားတွင် SITA ၏ အာရှပစိဖိတ် ဒေသဆိုင်ရာဥက္ကဋ္ဌ အီလ်ယာဂွတ်လင်က ပြောကြားသည်။ ဆက်လက်၍ ၄င်းက “SITA ရဲ့ အဆင့်မြင့် လေကြောင်းနည်းပညာရပ်တွေဟာ ကျယ်ပြန့်ပြီး မြန်မာပြည်အတွက် အဆင့်မြင့်တဲ့ နည်းပညာရပ်တွေအဖြစ် အကျိုးဖြစ်ထွန်းလာပြီး သိသိသာသာ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။ MAI ကိုလည်း လာမယ့်ဆယ်စုနှစ်မှာ အာရှရဲ့ ရှေ့ဆောင်လေကြောင်းလိုင်းတွေထဲက တစ်ခုဖြစ်လာအောင် ဆက်လက်ကူညီ ပေးသွားမှာပါ။ မြန်မာနိုင်ငံရဲ့ နောင်ပေါ်ပေါက်လာမည့် နိုင်ငံတကာ လေကြောင်းလိုင်းတွေနဲ့လည်း ပူးပေါင်းသွားပြီး လေကြောင်းပညာရပ်ဆိုင်ရာ နည်းပညာအသစ်တွေကို တိုးမြှင့်ဆောင်ရွက်ပေးသွားမှာပါ” ဟု ပြောကြားသည်။ SITA သည် ၁၉၄၉ ခုနှစ်တွင် လေကြောင်းလိုင်း ၁၁ ခုနှင့် တည်ထောင်ခဲ့ပြီး လေကြောင်းဆက်သွယ်ရေး နည်းပညာရပ်များ ဖြေရှင်းရေးတွင် ကျွမ်းကျင်မှုရှိသော ကမ္ဘာ့ရှေ့ဆောင်ကုမ္ပဏီ ဖြစ်သည်။ ယခုအခါ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) အတွက် အဆင့်မြင့်နည်းပညာများကို ဆယ်နှစ်ကြာ အထောက်အကူပြု ပံ့ပိုးပေးခဲ့ပြီး လေကြောင်းပို့ဆောင်ရေး လုပ်ငန်းအဖွဲ့ဝင် ၅၀၀ ကျော်၊ နိုင်ငံပေါင်း ၂၀၀ ကျော်မှ မိတ်ဖက်ကုမ္ပဏီများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၈ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages