ဝိဥာဉ်ခွာပါ နတ်ဝင်သည်

139 views
Skip to first unread message

Tomme Aung

unread,
Jun 19, 2014, 12:19:28 AM6/19/14
to travel...@googlegroups.com
ဝိဥာဉ်ခွာပါ နတ်ဝင်သည်


၂၀၀၀ ခုနှစ် ပုပ္ပါး တောင်ကလပ်အခြေရှိ ၃၇မင်းနတ်နန်း တွင် နတ်ကနားပေးသည့်ပွဲ ကို TV 5 Asia အဖွဲ့နဲ့ရောက်ရှိခဲ့သည်။ ၄င်းပြင်သစ် TV Series of Nat မှတ်တမ်းတင်ရိုက်ကူးရေး အဖွဲ့ကို စကားပြန်အနေဖြင့်လိုက်လာခြင်းဖြစ်သည်။ နတ်ပွဲကျင်းပရက် ၇ရက် အတွင်း ရိုက်ကူးရေးအဖွဲ့မှ အပြီးသတ်ရိုက်ကူးနိုင်ရန် စိတ်လောနေကြသည်။ မိမိကိုယ်တိုင်လည်း စိတ်လှုပ်ရှားနေရသည်။ စိတ်လောမည်ဆိုလျင် လောလောက်သည်။ယခုနတ်ပွဲက တစ်နှစ်မှ တစ်ကြိမ်သာ ကျင်းပတာဖြစ်သည်။

ထို့ကြောင့်ထင်သည်နတ်ကနားပွဲမှာ လာရောက်ပန်းဆက်သူများနှင့် ပြည့်ကျပ်နေသည်။ နတ်ကိုးကွယ်မှု၏ အကြီးမားဆုံးသောပွဲဖြစ်သည့် တောင်ပြုံးနတ်ပွဲပြီးလျင် ယခုပုပ္ပါးပွဲသည် ဒုတိယ အရေးပါသော နတ်ပွဲလို့ ဆိုနိုင်သည်။ မြန်မာနိုင်ငံ အလယ်ပိုင်းပူပြင်းလှသော နေ့အပူရောင်ကိုအံတု ကန်တော့ပွဲ များနှင့် လူုအုပ်စုကာ လာနေကြသည်။နတ်ကိုးကွယ်သော သူတို့၏ အထွတ်အထိပ်ရောက်နေချိန်အခါသမယ တွင် ၄င်းတို့၏မျက်နှာများပေါ်၌ အေးမြသောပီတိ တွေ ဝေဆာနေသည်။ခေါင်းပေါ်မှာ အုန်းသီး ငှက်ပျောသီးများကို ရွက်ပြီး နတ်နန်းဆောင်ဆီ သွားနေကြသည်။ တစ်ချို့က ဇလပ်ဝါပန်းများလက်ကကိုင်ရင်းကလေးများကို လက်တွဲခေါ်ကြသည်။ တစ်ချို့သုတွေက အမေပုပ္ပါးမယ်တော်ရဲ့ မွေးစားမျောက်များကို အစာထုပ်ဝယ်ကြွေးကြသည်။ ထိုနေ့က မွန်းလွဲ ပိုင်းရောက်တော့ မိုးတိမ်နဲနဲ အုပ်ဆိုင်းလာသဖြင့် အပူရှိန်လျော့ကျသွား၍ တော်သေးသည်။

နန်းတက်ဆောင် တာဝန်ကျသူထံ ခွင့်ပန်ပြီး အဖွဲ့သားများ ပါလာသည့် စက်များဆင်ရသည်။ လေးဖက်လေးလံ နတ်ကနားပေး ဆိုင်းဝိုင်းနှင့် အချော့တော်ဆက် အကဝိုင်းကိုခြံရံပြီး TV ရိုက်ဆက်များတပ်ရသည်။ ပြီးလျင် ပါလာသော Radio Plate နှစ်ခုကို အချော့တော်နတ်ဝင်သည် က သည့်နောက်ကြောဖက်မှာ ချထားကြသည်။ ထို ပလိတ်ပြားများမှာ ဓါတ်မှန်ရိုက်စက်မှ ထွက်လာသော Negative ပြားများလို ဖြတ်သွားသောလူများ၏ ခန္ဓာ ကိုယ် အတွင်း အပူလိုင်းသဏ္ဌန်ကို ထိုးချင်းပေါက်မြင်ရသည့်အရာများဖြစ်သည်။ မိမိ တစ်ခါမှ မမြင်ဘူးပါ။ လူအုပ်အကြား ထို ပစ္စည်းများ တပ်ဆင်ရတာမလွယ်ပါ ။ မိမိရော အဖွဲ့သားများအားလုံး ချွေးပြိုက်ပြိုက်ကျရသည်။
ကွမ်းတစ်ယာ ညက်ခန့်ကြာသော် ရိုက်ကူးရေးအဖွဲ့က စက်များနှင့် စမ်းသက်ရိုက်နေကြပြီ။ နတ်ကတော်လို့ခေါ်သည့် သူသည် အရောင်တောက်တောက်အဝတ်အစားနှင့်ထွက်လာခါ နတ်ရုပ်များကို လက်ထဲရှိပန်းစည်းများဖြင့် အရိုအသေပေးလေသည်။ ဒါကို တောက်လျှောက်ရိုက်တော့သည်။ ပြီးနောက် ၃၇ မင်း ကန်တော့ခမ်းဖြင့် ကနေသော နတ်ကတော်ကို အနီးအဝေး ထားရိုက်ကူးပြန်သည်။ အချိန်တန်လာသော် နတ်ကတော်သည် ခန္ဓာကိုယ် တလကြမ်း တုန်ခါလာသည်။ ပါးစပ်က ခရားရေလွှတ်သကဲ့သို့ ပြော။ ဆေးလိပ် ၅လိပ် ကို တစ်ပြိုင်နက်ထဲ ဖွှာရိုက်လိုက်နဲ့ အဖွဲ့သားများ အကြိုက်ဖြစ်စေသည်။ လက်မလွှတ်စတမ်း ရိုက်ကြသည်။ ဒီလိုနဲ့ နတ်ကတော် တစ်ဦးပြီးတစ်ဦးပြောင်းခါ အချော့တော်ဆက် ကပြကြသည်။ အက Seen ရိုက်ပြီးချိန်မှာတော့ မိမိ အလှည့်ရောက်ခဲ့သည်။ မိမိကို ပြင်သစ်တစ်ယောက်က MRTV မှာ အင်တာဗြူးပုံစံလို ရိုက်မှာဖြစ်သည်။ မေးသည့်မေးခွန်းမှာ နတ်ကိုးကွယ်မှု သမိုင်းအကြောင်း ဖြစ်ပြီး ၃ မိနှစ်အတွင်း ကွက်တိ ပြောရမည်။ မိမိက ဒီပုပ္ပါးတောင်ကလပ်နတ်ပွဲ ဖြစ်ပေါ်ပုံ အတိုချုံးပြောပြသည်။ သမိုင်းနောက်ခံ မှာ အေဒီ ၁၀၅၉ ခုနှစ် အနော်ရထာ နဲ့ ပုဂံ သမိုင်း ။ ပုဂံအရပ်ကို ဗုဒ္ဓ ဘာသာရောက်ရှိလာပုံသမိုင်း အများသိထားသည့်အတိုင်း ဖြေကြားရသည်။ ဒုတိယမေးခွန်းမှာ ဗုဒ္ဓ ဘာသာနဲ့ နတ် ကိုးကွယ်မှု ဘာဖြစ်လို့ ဒွန်တွဲနေရသလဲ ဆိုတာမေးတယ်။ ဒါကိုလည်း ၃ မိနှစ်နဲ့ အများလက်ခံနိုင်တဲ့အနေအထားကနေ ရှင်းပြရပါတယ်။ အနော်ရထာ က ဗုဒ္ဓ ဘာသာကို နိုင်ငံတော် ဘာသာ အဖြစ် ကျေငြာတယ်။ စစ်ပွဲတိုင်း အောင်နိုင်ခဲ့တဲ့မင်း ဒီတစ်ကြိမ်မှာ ကွဲတော့သည်။ လူတိုင်းက နတ်ကိုးကွယ်မှုသည်ဘိုးဘေးဘီဘင်လက်ထက်နှစ်ပေါင်းစွာကတည်းက လက်ခံယုံကြည်ကိုးကွယ်လာခဲ့ကြသည့်အတွက် ဗုဒ္ဓ အယူဝါဒကို လွယ်လွယ်ဖြင့် လက်ခံ မကိုးကွယ်ချင်ကြပါဘူး။ ဒီတော့ခါ နှစ်တော်တော်ကြာ ရွှေစည်းခုံဘုရား ပစ္စယံ နှစ်ဆင့် ပြီးလုအထိ ပြည်သူတွေက တင်းခံနေကြတယ်။ ဗုဒ္ဓ ရဲ့ ဆုံးမမှု တွေကို ဘုရင်ကို ကြောက်လို့သာ ကိုးကွယ် ချင်ရောင်ဆောင်ပြီး တစ်ဖက်မှာ နတ်ပွဲတွေ ချိမ့်ချိမ့်သဲသဲ ကျင်းပမြဲကျင်းပကြတယ်။ ဒါကို လက်မခံတဲ့ ဘုရင်က ဒီအတိုင်းဆိုလျင် မဖြစ်ဘူး တစ်ခုခု လုပ်မှဖြစ်မယ်ဆိုပြီး ပညာရှိတွေနဲ့ တိုင်ပင်တယ်။ အဆုံးမှာ တစ်ပြည်လုံးမှာ ရှိတဲ့ ကိုးကွယ်မှု အများဆုံးခံရတဲ့ နတ်တွေ စားရင်းကောက်ခိုင်း ။ ကိုယ်စားနတ်ရုပ်တွေလုပ်ခိုင်း ပြီး တော့ အရေးပါသော ၃၇ မင်း နတ်တွေကို ထောင်ဆောက်လုပ်ပြီး ဖမ်းလှောင်ထားလိုက်ပြီလို့ ကျေငြာခဲ့။ ဒါကို လူတွေကြားတော့ ငါတို ဘုရင် လူစင်စစ်က ငါတို့ ကိုးကွယ်တဲ့ နတ်တွေထက် တန်ခိုးပိုကြီးထွားပါလားဆိုပြီး အကြောက်ပိုသွားကြ။ ဗုဒ္ဓ ဘာသာကို တော်တော်များကူးပြောင်းကြပေါ့။ ဒါပေမယ့် မိရိုးဖလာ နတ်ကိုး ကွယ်မှု ကိုတော့ လူမြင်ကွင်းနဲ့ အထင်ကရ နေရာတွေက လွဲလို့ မိမိတို့ နေအိမ်တွေမှာ နတ်နန်းအသေးလေးထား ကိုးကွယ်ခွင့်တော့ ဘုရင်က ခွင့်ပြုခဲ့။ ဘုရင့် အမိန့် နဲ ဘုရားကျောင်းကန်တွေ ဆောက်ပြီးနောက်မှာတော့ ပုဂံတွင်မက တစ်တိုင်းပြည်လုံးအနှံ့ နတ်ကိုးကွယ်မှု အရှိန်လျော့သွားခဲ့ကြောင်း နဲ့ ယနေ့ထက်တိုင် မြန်မာနိုင်ငံရှိ ဗုဒ္ဓ ဘာသာဝင်များ နတ်ကိုးကွယ်မှုကို ပါ တွဲဖက် လုပ်ဆောင်ကြောင်းတွေ့ရ။ အင်္ဂလိပ်လို ပြောရလျင် Revere or love Buddha, Fear the nats ဆိုသလို ကောက်ပဲသီးနှံ ကောင်းဖို့ သဘာဝ ဘေးအန္တာရာယ်ကင်းဖို့ ဆိုပြီး နတ်တွေကို ပူစော်ပသကြကြောင်း။ ဘာဖြစ်လို့ဆို နတ်တွေဟာ လူတွေလိုပဲ စိတ်ဆိုးစိတ်ကောက်ရှိကြပြီး သူတို့ကို ပသပူစော်သူတွေကိုသူတို့ရဲ့ တန်ခိုးနဲ့ပြန်ကူညီပေးနိုင်တယ်လို့ နတ်ကိုးကွယ်သူတွေက ယုံကြည်ကြကြောင်း ဖြေပေးရပါသည်။
မိမိရဲ့ ရိုက် ကွင်းပြီးနောက် နတ်ကတော်တွေကို မနားတမ်းရိုက်ကြပါသည်။ နတ်ကတော်တွေကို Radio plates များနှင့် ကြည့်ပြီး လှုပ်ရှားမှုတိုင်းကို ပြင်သစ် အတတ်ပညာရှင်မှ မှတ်တမ်းတင်ပါသည်။ ယခုအထိ ထူးခြားသော နတ်ကတော် ကို မတွေ့ရသေးကြောင်း။ လူသာမာန်တွေမှာသာ တွေ့ရတတ်တဲ့ အပူလှိုင်း သို့မဟုတ် အ လွှာ နှစ်ခုကိုသာတွေ့ရကြောင်း မိမိကို ရှင်းပြပါသည်။ ညနေပိုင်း နတ်ပွဲ ပြီးသွား၍ အားလုံးလည်း တည်းခိုရာ ဘုန်းကြီးကျောင်းသို့ ပစွည်းများဖြုတ်သိမ်းခါ ပြန်လာခဲ့ကြသည်။ ညနေပိုင်းတွင် ရိုက်ကူးရေး အဖွဲ့နှင့် အစည်းအဝေး ထိုင်ကြရင်း တစ်နေ့တာ ကုန်ဆုံးခဲ့သည်။

ပုပ္ပါး တောင်ဒေသ ရဲ့ ပန်းရနံ့ သင်းသင်း ရှုရှိုက်မိစဉ် အိပ်ရာမှ နိုးထခဲ့ရသည်။ အားလုံးလူစုံ၍ နတ်ကနားပေးပွဲကို ခြေလှမ်းပြင်လိုက်ကြသည်။ ဒုတိယနေ့တွင် ထူးဆန်းသော အရာတစ်ခုခု တွေ့ရမလားဆိုသည့်အတွေးဖြင့် စိတ်လှုပ်ရှားမိသည်။ ပြင်သစ်တစ်ယောက် မနေ့က ပြောသလိုဆိုလျင် ထူးဆန်းသောနတ်ကတော် တစ်ယောက်ယောက်တွေ့ရနိုင်သည်။ နတ်ကတော်ဆိုသည်မှာ နတ်နှင့်လက်ထပ် ထားသူဟု လွန်ခဲ့သော နှစ် ၃၀ လောက်ကမှ ခေါ်ဆိုခဲ့ကြကြောင်း တစ်ချို့နတ်ကျမ်းများမှာတွေ့ရသည်။ ထို အထဲမှ ထူးဆန်းသောနတ်ကတော်ကိုတွေ့ရလျင် နတ်ကတော်လို့ ခေါ်ဆိုမည့်အစား ဦးဖိုးကျားရေးသည့် နတ်ဝင်သည် စစ်စစ် ဖြစ်ပေလိမ့်မည်။ ထိုသူ သည် မည်ကဲ့သိုသော သူဖြစ်လိမ့်မည်နည်း။ တွေးရင်း တွေးရင်း သိချင်စိတ်တို့ တဖွားဖွား ဖြစ်နေရသည်။ စက်တွေအားလုံး တပ်ဆင် ပြီးချိန်တွင် နတ်ပွဲ စတင်ပြီ။ တစ်နေ့ကအတိုင်းTV ရိုက်ကြသည်။ မိမိကို လည်း နတ်ဆိုသည့် စကားလုံးရဲ့ ဖွင့်ဆိုချက်မေးသည့် အခန်းရိုက်သည်။ နတ်ဒေဝါ ပါဠိလို နတ္တ နဲ့ ဒေဗာ လို့ခေါ်ကြောင်း ၃၁ ဘုံသားများထဲရှိ သူများဖြစ်ကြောင်းနဲ့ ယခုနတ်များဟာ လူပြုလုပ်တဲ့ နတ်တွေဖြစ်ကြောင်း။ အားလုံးနီးပါး အသက်ခံရပြီးမှ နတ်စိမ်းဖြစ်လာကြသူဟု ယူဆရကြောင်း။ ကံ ကံ၏ အကျိုးအတိုင်းအသက်ခံရပြီး အစွဲကြီးသေရလို့ လူတွေနဲ့ နီးသော ဘုံ မှာ ပေတ တွေ ဖြစ်လာရကြောင်း လေ့လာမိသလောက် ရှင်းပြရပါသည်။ အမေးအဖြေ ကဏ္ဍနှင့် နတ် က ခြင်းများ ရိုက်ကူးခြင်း Radio plate များနှင့် သုတေသနပြု မှတ်တမ်းယူခြင်းများ တစ်နေကုန်ပြုလုပ်ခါ လက်စသတ်လိုက်ကြသည်။ ယနေ့အဖို့ ထူးဆန်းသောဖြစ်ရပ် မတွေ့ရပြန်ပါ။
တတိယနေ့မှ ဆဠမ နေ့ရိုက်ကွင်းအထိ မည်သည့်ထူးခြားချက်မျှ မတွေ့ရပါ။ သို့ပါ၍ နေ့တစ်ပိုင်းသာ အလုပ် လုပ်ကြပြီး နေ့လည်ပိုင်း တစ်ပိုင်းလုံး ဆွေးနွေးတိုင်ပင်ကြပါသည်။ အဖွဲ့ခေါင်းဆောင်မှ ခုနှစ်ရက်မြောက် နတ်ပွဲ ပြီးဆုံးချိန်အထိ ဆက်ရိုက်ကူးချင်သည်။ သို့သော် လက်ထောက်ခေါင်းဆောင်နှင့် ကျန်ပြင်သစ် အဖွဲ့သားများက ဆက်မရိုက်ချင်ကြောင်း။ ဘာမှထူးကြားလာမှာလည်းမဟုတ်ကြောင်း။ TV အစီအစဉ် ထုတ်လွင့်ဖို့ရန် သည်မျှနှင့် လုံလောက်ကြောင်းပြောပါသည်။ မိမိကို ဘယ်လိုရှေ့ဆက်သင့်သလဲ မေး၍ ပွဲပြီးသည်အထိ ဆက် လုပ်ဆောင်သင့်ကြောင်း အားလုံး ငွေကုန် လူပမ်း လုပ်လာပြီးမှ ရှေ့ဆက် ရိုက်သင့်ကြောင်း အကြံပေးလိုက်ရာ နောက်ဆုံးတွင် အားလုံးမှ သဘောတူ လက်ခံကြသည်။

နောက်ဆုံးနေ့ ရိုက်ကူးရေး စတင်ပြီ။ ထုံးစံ အတိုင်း အလုပ်ရှုပ်ကြပြီ။ ပထမဆုံး နတ်ကတော်မှာ ထူးဆန်းနေသည်။ ယခင်ရက်တွေက နတ်ကတော်တွေလို ပြောင်ပြောင် လက်လက် နတ်ကတော်အဝတ်အစားနှင့်မဟုတ်ပဲ အိမ်နေ အဝတ် ဖျင်ကြမ်း အပြာခံ အင်္ကျီ နင်းစီပန်းပွင့်အကြီးများခံ ထမီ ဖျော့ဖျော့ ဝတ်ထားသည်။ ဆံပင်ဖြူ ရောနေသည့် ဆံထုံးလေးကို ဘီးတစ်ပတ်စည်းခါ သပြေပန်းစည်းလက်ကကိုင် ထွက်လာသည်။ ထိုအဖွားအို က ၁၀ မိနစ်ခန့် ပန်းစည်းနဖူးပေါ်တင်ပြီး မလှုပ်မရှက်ငြိမ်သက်ခါ နေသည်။ တစ်ခြား သူတွေ နတ်ပင့်သလို မဟုတ်ပါ။ အတော်တည်ငြိမ်သည့်အသွင်ဆောင်သည်။ မျက်နာမှာ အေးမြခြင်းခညောင်းသလို နတ်ရုပ်များထံ ပန်းဆက်ဖို့ သွားရာတွင် ဖြေးဖြေးမှန်မှန်သွားသည်။ နတ်ဆိုင်းတီးလုံး ရပ်သွားသည်။ အဖွားအို ပန်းဆက် ဆုတောင်းချိန်တမင်တကာ ဆိုင်းတီးရပ်ပေးခြင်းဖြစ်သည်။ အဖွားအို ပန်းဆက်ပြီး နောက်သို့ ဖြေးဖြေးချင်း သုံးလှမ်းဆုတ်ပြီးမှ သူ့အနောက်မှာ ရပ်နေသော ခင်ပွန်း အဖိုးအိုကို လက်ကျန်ပန်းတစ်ပွင့် လှည့်ပေးလိုက်သည်။ အဖွားအိုရဲ့ လှုပ်ရှားမှု တိုင်းကို TV တစ်ချိန်လုံး လိုက်ရိုက်ကြသည်။ လူတွေအားလုံးရဲ့ အကြည့်က အဖွားအိုထံမှာ စုကုန်ကြသည်။

Radio Plate ဖြင့် ကြည့်သူ က မိမိကို အံ့သြသည့် အကြည့်ဖြင့် လက်ယက်လှမ်းခေါ်သည်။ မိမိလည်း သိချင်စိတ်ဖြင့် သူ့အနောက်မှရပ်ကြည့်မိသည်။
မိမိကိုယ်ကို အံ့အားသင့်သွားသည်။ တစ်ခြားနတ်ကတော် မိန်မလျှာများကဲ့သို့ လူရဲ့ အလွှာ မှာ နှစ်ရောင်မဟုတ်။ ယခု အဖွားအိုရဲ့ ခန္ဓာ ကိုယ် အပြင် ၁ ပေကျော် မှ ဝိုင်းထားသော အရောင်လွှာကို တွေ့လိုက်ရသည်။ TV ဆက်မရိုက်ပဲ အဖွဲ့သားအားလုံး လာကြည့်ကြသည်။ အားလုံး ဝမ်းသာ အံ့သြ နေပြီး အဖွဲ့ ခေါင်းဆောင်က Recording လုပ်ထားရန်ပြောသဖြင့် ဆက်ရိုက်ကြသည်။ ဒီတစ်ခါ အဖွဲ့သားအားလုံး စိတက်ကြွစွာ ရှိနေကြသည်။

အဖွားအို လက်ထောင်လိုက်ချိန်တွင် ညင်သာပျော့ပျောင်းပြီး သာယာသောတီးလုံး စတင်ထွက်ပေါ်လာသည်။ အဖွားအိုရဲ့ ပါးလျ ပိန်လှီသောခန္ဓာ စတင်ယိမ်းထိုးလာသည်။ ခေါင်းအနည်းငယ်စောင်းစောင်းပြီး ကသည်။ ပါးစပ်ကလည်း တွတ်ထိုးလာသည်။ မျက်လုံးအိမ်မှာ မျက်ရည်ဥလေးများတွဲခိုလာသည်။ အားလုံး ကြည့်နေစဉ် အဖွားအိုမှာ ရှေ့ကို ဝမ်းလျှားထိုး လဲကျမတတ်ဖြစ်သွားသည်။ Radio Plates အတွင်းကို ကြည့်နေသော မိမိမှာ ဟာကနဲ ဖြစ်သွားရသည်။ အဖွားအိုရဲ့နောက်မှ နောက်ထပ် အလင်းတန်းက ဝင်ဆောင့်လိုက်တာ တွေ့ရသည်။ ဘေးက ပြင်သစ်က မိမိကို မအော်ရန် လက်ချောင်းနုတ်ပိတ်ပြီး အပူလှိုင်းအရှိန်ကို ပြသည်။ တစ်နာရီ မိုင် ၂၀၀ ကျော်လောက်ရှိသော wave က အဖွားအို၏ အနောက်မှ ဝင်လိုက်ခြင်းဖြစ်သည်။ အပေါ်ဆုံး အလွှာ မရှိတော့ပေ။ အလွှာ သုံးလွှာအစား နီရဲသော အရောင်က အလယ်ဗဟိုပြု ခါ အဖွားအို ခန္ဓာတွင်းဖြစ်ပေါ်နေတာ တွေ့ရသည်။
၎င်း အချိန်မှစပြီး အရွှယ်နှင့်မလိုက်အောင် သွက်လက်စွာ ကခုန်တော့သည်။ ဘေးမှ အဖိုးအိုက အဖွားကို အတင်းချုပ် ရင်ဘတ်ကို တဘက် တစ်ထည်ဖြင့် အားရပါးရ စည်းပေးပြန်သည်။
၃၀ မိနစ် ကျော် မှတ်တမ်းများ ကောင်းကောင်းရိုက်လိုက်ရသည်။
တစ်အောင့်ကြာသော် ဆိုင်းတီးလုံးပြီးသွားသည်။ ရုတ်တစ်ရပ် အော်သံများကြားရသည်။ အားလုံး အထိတ်တလန့်ဖြစ်ကုန်ကြသည်။ အဖွားအိုမှာ တစ်ကိုယ်လုံး တုန်ရီကာ ဖိုင်းကနဲ လဲကျသွားသည်။ သို့သော် ဝက်ရှုးပြန်သလို ဖြစ်ပြီး ကန်ကျောက် နေသည်။
" ဟဲ့ဟဲ့ လုပ်ကြပါဦး နတ်က ပျော်ပြီး မထွက်တော့ဘူး။ ကြာရင်နှလုံးခုန် မခံနိုင်လို့ အသက်ထွက်သွားမယ်။ ဆေးဆရာ ခေါ်ကြပါဦး။ "
" ဟဲ့ လူတွေ အားလုံး ပိတ်ဝိုင်းမထားနဲ့ အသက်ရှုကျပ်ပြီး သေသွားလိမ့်မယ်"
" နေပါဦးတော် နတ် အရင်ထွက်အောင်လုပ်ပါဦး မျက်ဖြူလန်နေပြီ။"
မိမိလဲ အံ့အားသင့်စွာ ခြေမကိုင်မိလက်မကိုင်မိ ဘာလုပ်ပေးရမှန်းမသိဖြစ်နေသည်။ အဖွဲ့သားတွေကတော့ ဆက်ရိုက်ကူးနေကြသည်။
"ဟေ့ ဆေးဆရာရောက်ပြီ"
ဆေးဆရာက သွေးခုန်နုန်း တိုင်းကြည့်ခါ
" ဟား ...သွေးခုန်ချိန် ၁၈၀ အထက်ရှိနေတယ်။ ကြာရင်သေသွားလိမ့်မယ်။ ငြိမ်ဆေး ထိုးပေးမယ်။"
" နေပါစေ ငါ့တူ အဘ ဘာသာ လုပ်လိုက်ပါမယ် နေ နေ"
စကားမပြောပဲ ရပ်နေသည့် အဖိုးက အဖွားအိုကို ခပ်တင်းတင်းနောက်မှပွေ့ခါ မတ်တပ်ရပ်ခိုင်းသည်။ ပြီးသော် ရင်ဘတ် ကို တင်းကျပ်စွာ ချည်ထားသော တဘတ်ကို အားဖြင့် ဆောင့်ဆွဲ လိုက်သည်။
" ဟူး ဖရှုး အဟွတ်"
အဖွားအိုမှာ ကိုင်ပစ်ခံရသလို ဖြစ်ခါ ခန္ဓာ တစ်ပက် လည်ထွက်သွားရာ အဖိုးအို က ပွေ့ထူထားလိုက်သည်။
" ဟော ရပြီ ရပြီ နတ်ထွက်သွားပြီ"
အဖွားအို ထံမှ နတ်ဟုယူစရသော လှိုင်းတစ်ခု လွင့်ထွက်သွားတာ Radio plates ထဲတွင် မျက်ဝါးထင်ထင် မြင်လိုက်ရသည်။ တော်တော်အရှိန်ပြင်းသည်။ ကားဖြင့် အနောက်မှ လာတိုက်လိုက်သလို မြန်ဆန်လှသည်။
အဖွားရဲ့ မျက်လုံးတွေ နီရဲနေပြီး ခန္ဓာ ကိုယ်တစ်ခုလုံး ကျစ်ကျစ်ပူနေသည်ကို တွေ့လိုက်ရသည်။

အဖွားအိုကို အဖိုးက နားနေ ဆောင်သို့ တွဲခေါ်သွားသည်။ ဒါကို အဖွဲ့ ခေါင်းဆောင်က အဆက်မပြက်လိုက်ရိုက်သည်။ မိမိလည်းသူတို့နောက် ထပ်ကြပ်မကွာ လိုက်ခဲ့သည်။ အခန်းတွင်း အဖွားကို အဖိုးက လက်ဆွဲ တံကောက်ဖာလေးကမ်းပေးသည်။ အဖွားက အဖုံးလေးလှန်ပြီး အတွင်းမှ ကျားခေါင်းပရုပ်ဆီ နှင့် ပါရာစီတမော ထုတ်လိုက်ခါ လိမ်းပြီး ဆေးတောင့်ကို ရေအေးဖြင့်သောက်လိုက်သည်။ လူအများက ဝိုင်းပြီး ယပ်ခတ် ပေးကြသည်။
အထက်ပါမြင်ကွင်းကိုကြည့်ပြီး ဦး ဖိုးကျား ရေးခဲ့သော နတ်ဝင်သည် စာအုပ်ထဲက စာသားတစ်ချီု့ ကို သွားသတိရ မိသည်။

များသောအားဖြင့် နတ်တကယ် မဝင်သည့် နတ်ဝင်သည် များ သာတွေ့ရတတ်သည်။ အယောင်ဆောင်သူကများသည်။ နတ် ဝင် ရန် လူတိုင်း မကြံဆောင်နိုင်ကြပါ။ အဘယ်ကြောင့်ဆိုသော် နတ်ဝင်သည်အစစ်တို့သည် လိပ်ပြာခေါ် ဝိဥာဉ် ခွာ နည်း ကို ကျင့်ကြရသည်။ တရားထိုင်သကဲ့သိုပင်။ ငါးပါးသီလ စောင့်ထိမ်းရခြင်း။ အကုသိုလ်နဲအောင် နေထိုင်ရခြင်းနှင့် စိတ်ဝိဥာဉ် လှအောင် စိတ်ကလေးနုနေအောင်ကျင့်မှ စိတ်လှိုင်းခြင်းမတူသည့် နာနာဘာဝ နတ်ကောင်းတို့ ဝင်ကပ်နိုင်ရာသည်။
လူတိုင်း နတ်ဝင်သည်ဖြစ်ဖို့ ခက်ခြင်းကြောင့် သော်လည်းကောင်း မြန်မာပြည်တွင် နတ်ပွဲများ များလာ၍ နတ်ဝင်သည် လိုအပ်မှု များလာခြင်းကြောင့်သော်လည်းကောင်း နတ်ဝင်သည် အတုများ ပေါများလာခြင်း ဖြစ်တန်ရာသည်။ နတ်ဝင်သည် စစ်မစစ် သိနိုင်ဖို့ မှာ ရင်ဘတ် ပဝါ တင်းတင်းစည်းထားခြင်း။ နတ်မပူးခင် ၁၀မိနစ်ခန့် ငြိမ်သက်စွာ ဆုတောင်း လိပ်ပြာခွာပေးရခြင်း။ နတ်ပူးပြီးသော နတ်ဝင်သည် မှာ ပရုပ်ဆီ နှင့် ပါရာစီတမောကဲ့သို့  ခေါင်းကိုက်ပြောက်ဆေး ဆောင်ထားရခြင်းရှိမရှိ ကြည့်ပြီး အကြမ်းဖျင်း ကွဲခြားသိနိုင်သည် လို့ရေးထားသည်ကို အမှတ်ရမိသည်။
နောက်ဆုံးရက်တွင် အထက်ပါ အဖွားတစ်ယောက်ထဲ ကိုသာ မှတ်တမ်းတင်ရိုက်ကူးခဲ့ကြသည်။
နေ့လည်ပိုင်း တွင် ရိုက်ကူး ပြီးသော စီးန် များကို အပြန်ပြန် အလှန်လှန် ထပ်ကြည့် ဆွေးနွေးကြသည်။
အားလုံးအနားယူ အိပ်စက်ချိန်တွင် မိမိမှာ တော်တော်နှင့်အိပ်မရနိုင်ပါ။ အဖွားအို နှင့် အဖို အိုတို့၏ ပုံရိပ်သာ မျက်လုံးထဲ စွဲထင်နေရသည်။ မိမိမြင်ခဲ့သော ခန္ဓာ ကိုယ်ပေါ်က အလွှာ သုံးလွှာမှာ ထူးဆန်းသည်။ ပထမ အလွှာက လူ့နှလုံးသား အပေါ်ယံ တွင်ဖြစ်သည်။ ဒုတိယ အလွှာမှာ လူ့အသားအရေပေါ်တွင်ရှိပြီး တတိယ အလွှာမှာ လူကို ဝိုင်းရံထားသည်ကို တွေ့ရသည်။ ဆန်းကျယ်သည်မှာ အဖွားအို တစ်ယောက်ထဲမှာသာ တတိယ အလွှာ ရှိတာကို တွေ့ရသည်။ ဒါသည်ကိုပင် ရှေးခေတ်က ပပဝဒီ လို ခုနှစ်ဆောင်အခန်း မီးမထွန်းပဲလင်းစေသည့် ကိုယ်ရောင်ကိုယ်ဝါ လို့ ဆိုရမလိုပင်။ အကြောင်းအရာ တော်တော်များများ အတွေးထဲဝင်ရောက် ဝပ်လျားမှောက် အိမ်လိုက်တော့သည်။


အစဉ်လေးစားလျက်
သွေးသစ်

Thomas Latt

unread,
Jun 19, 2014, 3:04:38 AM6/19/14
to travel...@googlegroups.com
nice post. really interesting one. i have never heard like it before.
thanks for sharing.
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/e1645455-ffb7-4d9b-8779-248277dd19d2%40googlegroups.com.
> For more options, visit https://groups.google.com/d/optout.
>


--


~ an asian tour operator aato ~
“If you reject the food, ignore the customs, fear the religion and avoid
the people, you might better stay at home.” — *James Michener*

hpoun kyaw

unread,
Jun 19, 2014, 10:49:01 PM6/19/14
to travel...@googlegroups.com

Hi, Friend,
      Such a  phenomenon is an extraordinary I suppose. Anyway it's good storytelling and I wish it could be true.
Best,
hk

Khin Thida

unread,
Jun 20, 2014, 8:20:59 AM6/20/14
to travelmyanmar
Thanks for sharing it Ko MTA.

Ma Thida


chawsu win

unread,
Jun 24, 2014, 12:27:08 AM6/24/14
to travel...@googlegroups.com
Can I share this post in facebook???



For more options, visit https://groups.google.com/d/optout.



--


Chaw Su Win
World Connect Travels & Tours
81,Phone Gyi Street(Middle),
Lanmadaw Tsp,Yangon.
Tel : 951 218181-4
Fax : 951 227133

Tomme Aung

unread,
Jun 24, 2014, 9:34:43 PM6/24/14
to travel...@googlegroups.com
အကျိုးရှိမယ်ထင်သော ခုနှစ်ရက် သားသမီး များ အတွက် မျှဝေခြင်း ဖြစ်ပါသည်။ စိတ်ကြိုက်ကူးယူ ပြန်လည်မျှဝေနိုင်ပါသည်။ ယခု တင်ပြသော ပို့စ်သည် (လူတိုင်း လူတိုင်း မတူညီသည့် အတွေ့အကြုံများ ရှိကြပါလိမ့်မည် )တစ်မူ ကွဲပြားသော အကြောင်းအရာဖြစ်သည့်အတွက်ဖော်ပြရခြင်းဖြစ်သည်။

Khin Thida

unread,
Jun 26, 2014, 12:06:49 AM6/26/14
to travelmyanmar

Thanks again. But those who want to share the article need to give Credit to Tomme Aung clearly. We should honor to the author.
Ma Thida

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.

Tomme Aung

unread,
Jun 26, 2014, 3:22:43 AM6/26/14
to travel...@googlegroups.com


မသီတာ  အထူးကျေးဇူးတင်ပါသည်။ ရပါတယ်ဗျာ ကူးကြပါစေ၊ ကျွန်တော်.နှလုံးသားနဲ. စေတနာထားရေးပေးခဲ.တာတွေက အများအတွက် အကျိုးရှိမယ်ဆိုရင် ၀မ်းသာပါတယ်။ ဒါတွေဟာ မကြာသောအချိန် တစ်ချိန်ချိန်မှာ သမိုင်းထဲက အရေးအသားဖြစ်လာမှာပါ။ 

စိတ်ချမ်းသာ
ကိုယ်ကျမ်းမာကြပါစေ။

ထွေးဦးမြန်မာ

unread,
Jun 26, 2014, 4:58:44 AM6/26/14
to travelmyanmar
အသပြာ စာရေးဆရာမဟုတ်တဲ့
စေတနာ စာရေးဆရာကို
လေးစားပါတယ်​ ကိုသွေးသစ်

ဦးထွေး(ထွေးဦးမြန်မာ)

hpoun kyaw

unread,
Jun 27, 2014, 5:22:59 AM6/27/14
to travel...@googlegroups.com
Hi, All,
Just out of curiosity, I can't help pointing out that the title
of the post needs to be identified clearly before touching on the rest
.
For instance, what does the word " ဝိဥာဉ် " mean by this post and
how it is treated in Buddhism and in other religions. If I have to
translate the author's title without identifying the word, "ဝိဥာဉ် ",
the possibility might be " Spirit-medium, separate the " ဝိဥာဉ် " .
Then we need to think of the definition of " Mind ", which is
defined as " the combination of consciousness and mental factors ",
also known as " Mentality " in Buddha's well-known Abhidhamma, just to
mention a bit.
After this we need to check again if there is any possibility of
either to compare or to contrast in between the word, " ဝိဥာဉ် " and
" Mentality ", whether or not the word, " ဝိဥာဉ် " plays any role in
Buddha's teachings.
With respect,
hk
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/CALPXUTXEOWshDVoUbKCoExos81cjSr47KcHy1zdV_vyPtjGosg%40mail.gmail.com.

Thomas Latt

unread,
Jun 27, 2014, 10:54:15 PM6/27/14
to travel...@googlegroups.com
Good point

Sent from my iPhone
> To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAOFRz%3DG6vSJs0q9VJmRT3TVp8UtUS4CAS%2BaTYdkGfZ92D4gLSQ%40mail.gmail.com.

Pyae Phyo Hein

unread,
Jul 18, 2014, 1:07:53 PM7/18/14
to travel...@googlegroups.com
ကိုသွေးသစ်ရဲ့စာက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်။ ပုပ္ပါးကတော့ ကျွန်တော်လည်း ကြုံဖူးတယ်။
ကျွန်တော် မိသားစုနဲ့ ပုပ္ပါးကို သင်္ကြန်တွင်းကြီး ခရီးသွားဖြစ်တယ်။ လူငယ်ပီပီ နတ်တွေ၊ ၀ိညာဉ်တွေကို အယုံအကြည်လဲမရှိဘူး။
ခရီးမသွားခင် ၁ ပတ်အလိုလောက်မှာ Sony Cybershot DMC - compact camera လေး တစ်လုံး အသစ် စက်စက် ၀ယ်လိုက်တယ်။
ပြီးတော့ သင်္ကြန်မတိုင်ခင် ၁ ရက် အလိုလောက်ထဲက အညာဒေသ ဘုရားဖူးထွက်ခဲ့တယ်။ တစ်လမ်းလုံးလည်း ကင်မရာ ရိုက်လာတာ အကောင်း။
ပုပ္ပါးရောက်တော့.. ၃၇ မင်းနန်းလား မသိဘူး .. ၀င်ပြီး ဦးခိုက်ကြတယ်။ ကျွန်တော်ကတော့ လူငယ်ပီပီ မရှိခိုးဘူး။ ပြီးတော့ စိတ်ထဲမှာ အဲ့ဒီ နတ်နန်းက နတ်ရုပ်တွေကို ကြည့်ပြီး ပြောလိုက်တယ်။
ငါ ဘုရားကိုပဲ ကိုးကွယ်တယ်။ ဘုရားကလွဲပြီး ဘယ်နတ်၊ ဘယ်လူကိုမှ လက်အုပ်မချီ၊ မရှိခိုးဘူးလို့။ အဘတို့ မယ်တော်တို့ နတ်တွေ တကယ်ရှိရင် ထူးခြားတာ တစ်ခုပြ လို့ ဆုတောင်းလိုက်တယ်။
နတ်နန်းက ပြန်ထွက်တော့ တောင်မကြီးဖက် ချောက်ကမ်းပါး အစွန်းမှာ ရပ်ပြီး နေ၀င်ချိန်ကို ဓါတ်ပုံရိုက်နေတယ်။ အဲ့ဒီမှာ အောက် ပြုတ်မကျအောင် တန်းတွေ ခံထားတယ်။ ကျွန်တော့်ရှေ့မှာ ချောက်ပဲရှိတော့တယ်။ အဲ့ဒါနဲ့ စိတ်ကြိုက် ၆ ပုံလောက် ရိုက်ပြီးတော့ အဖေက တောင်ကလပ်တက်ကြမယ် လာခဲ့လို့ ခေါ်တာနဲ့ .. ကင်မရာကို ပြန်ပိတ်လိုက်တယ်။
အဲ့ဒီက စပြီး ကင်မရာကို လုံးဝ ပြန်ဖွင့်လို့ မရတော့ဘူး။

နောက် ဆိုင်ကိုသွားပြတော့ .. ဆိုင်က တစ်စစီဖြုတ်ပြီး စစ်ကြည့်တော့ .. အထဲက Lens အသွင်းအထုတ်လုပ်တဲ့ Motor ကျိုးသွားတာတဲ့။ အရှေ့က တစ်ယောက်ယောက်က Lens ကို ဖိတွန်းလိုက်တာ၊ တိုက်လိုက်တာ၊ ရိုက်လိုက်မိရင် အဲ့လိုပဲဖြစ်တတ်တယ်တဲ့။ သူ့ဘာသာဆိုရင်တော့ ဘယ်နည်းနဲ့မှ မပျက်နိုင်ဘူးတဲ့။ ကျွန်တော်လည်း ငြင်းတယ်။ SD card ထုတ်ပြီး နောက်ဆုံးပုံကို ပြန်ကြည့်တော့ အဖြူရောင် အလင်းဝင်ထားတယ်။ သေးသေးပါပဲ။ နေ၀င်ချိန်မို့ နေရောင်ထိုးထားတာလည်းဖြစ်နိုင်တယ်။ .. ဒါပေမယ့် ဆိုင်ကအတင်းငြင်းတယ်။ အရှေ့က လူ တစ်ယောက်က ဖြတ်မရိုက်ဘဲနဲ့ ၂ ပတ်ပဲဝယ်ထားတဲ့ ကင်မရာ အသစ်က ဘယ်လိုမှ မော်တာ မပျက်နိုင်ဘူးတဲ့။

Khin Thida

unread,
Jul 22, 2014, 3:36:53 AM7/22/14
to travelmyanmar
ကျမတွေ့ကြုံခဲ့ရတာလေးရေးပြပါရစေ
Tour Mandalay Company နဲ့ Spanish လူ ၃၀ လေါက်နဲ့ ကျိုက်ထီးရိုးသွားစဉ်ကပါ ၇ နှစ်နဲ့ ၁၀ နှစ်ကြားရှိပါပြီ  အချိန်ကတော့ မေ့နေလို့ပါ စပိန်ရာသီဆိုတော့ မိုးတွင်းကြီးပါ  ကျိုက်ထီးရိုးတောင်ပေါ်ရောက်တော့ ဘုရားတခုလုံး မြူဆိုင်းနေတာ တပါတ်ရှိပါပြီတဲ့ မှောင်မဲနေတာပါဘဲ ဘာမှ မမြင်ရပါ  နေ့လည်သာဆိုတာ ည လိုပါဘဲ ဘုရား လုံခြုံရေးတွေက ပြန်သာဆင်းပါတဲ့ ဘယ်လိုမှ မြင်ရမှာ မဟုတ်ပါဘူးတဲ့ ကျမလဲ ဧည့်သည်တွေကို ရှင်းပြတော့ သူတို့လဲ စိတ်ညစ်ကြတာပေါ့ နောက်တခါ လာကြည့်လို့လဲ ဖြစ်တဲ့ ကိစ္စ မဟုတ်ပါဘူး
ဒါနဲ့ ကျမ သူတို့ ကို ရှင်းပြပါတယ်  လုပ်နှိုင်တာ တနည်းဘဲ ကျန်တော့တယ်  ဒီဘုရားက ဘယ်လိုတန်ခိုးကြီးတယ်ဆိုတာ ငါတို့ တွေ အားလုံးသိပ်ယုံကြည်ကြတယ်  အဲဒီတော့ ငါဆုတောင်းကြည့်မယ် ခဏ စောင့်ပါ မရတော့လဲ ပြန်ကြတာပေါ့လို့   ဧည့်သည်တွေလဲ ယုံကြည်လို့တော့ မဟုတ်ဘူး  ဒါပေမဲ့ ဘာမှ လုပ်စရာမရှိတူတူ ကျမ လုပ်တာကို ထိုင်ကြည့်နေကြတယ်
ဒါနဲ့ ကျမ ငါးပါးသီလ ခံပါတယ်   ကျမ လုပ်ခဲ့တဲ့ ကိစ္စတွေ အပေါ် သစ္စာဆိုပါတယ် နောက်ပြီး ကျမဟာ ကျမဧည့်သည်တွေကို ခက်ခက်ခဲခဲ ပိုက်ဆံအကုန်ခံ လာရတဲ့ ခရီးမို့ ဒီဘုရားကို ဖူးတွေ့စေချင်ပါတယ်  ဆုတွေတောင်းတာရော ဘုရားရှိခိုးတာရော ၁၀ မိနစ်လောက်ကြာပါတယ်
ရုတ်တရက် ကောင်းကင်က အလင်းတန်းကြီး ထိုးကျလာတယ် ဘုရားတဲ့တဲ့ ကို ဆလိုက်ထိုးလိုက်သလို မှောင်မဲနေတဲ့ မြူတွေ နှစ်ခြမ်းကွဲသွားပြီး ဘုရားက ရွှေတောင်ကြီး ပေါ်လာသလိုပါဘဲ ကျမလဲ တန်ဆောင်းထဲမှာ ထိုင်နေကြရာကနေ ဧည့်သည်တွေကို  ပြေးဟေ့ ပြေး ပြေး ဘုရားနားကိုဆိုပြီး ကုန်းအော်လိုက်ပါတယ်  ကျမတကိုယ်လုံးလဲ ပီတိကြောင့်လား ဘာလားမသိဘူး  တုန်တောင်နေပါတယ်  ဧည့်သည်တွေကလဲ ရိုက်လိုက်ကြတဲ့ ဓါတ်ပုံတွေဆိုတာ  ကျမလဲ ဘုရားကို ကုန်းကုန်း ကန်တော့ ပေါ့  အဲဒီ ဆလိုက်ထိုးထားသလို အလင်းတန်းက  ၁၅ မိနစ်လောက်အကြာမှာ တဖြေးဖြေး မှိန် ပျောက်ပြီး မူလ အမှောင်တိုင်းဖြစ်သွားပါတယ်  ကျမလဲ ဧည့်သည်တွေကို  ကဲ နင်တို့ ဘုရားတန်ခိုးပြတာကို ယုံပြီ မဟုတ်လား ပေါ့  အားလုံးက ငြိမ်နေတဲ့ထဲ အသက် ၃၀ လောက် အမျိုးသားတယောက်က ထပြီး ဟားပါတယ်  သူက ဓါတ်ပုံဆရာပါ  မယုံဘူးပေါ့လေ  ဒါနဲ့ ကျမက မယုံလဲ ရပါတယ်  ဒါပေမဲ့ နင်နဲ့ တူတူပြန်ရမှာတောင် ငါကြောက်လိုက်တာ လို့ ပြောလိုက်တယ်
နောက်တနေ့ ပြန်လာကြပါတယ်  ဝေါမ၀င်ခင် ကောက်စိုက်သမတွေ လယ်စိုက်နေတဲ့ ပုံတွေ ရိုက်ဘို့ ကျမတို့ ၄၅ ထိုင်ခုံ ကားကြီးကို ရပ်ပေးလိုက်ပါတယ် ကားဆရာက ကိုအောင်မြင့် ပါ  ဧည့်သည်ကို ကူညီဘို့ လိုက်လာတာက ရုံးက Operation Staff ကိုမြတ်မင်း ပါ     ဧည့်သည်အားလုံး ကားလမ်းနဘေးမှာ ဓါတ်ပုံရိုက်နေကြပါတယ် ကျမ  ကိုမြတ်မင်း နဲ့ ကားအကူ ကလေး ကလဲ ဧည့်သည်တွေ ကားရန်က ကင်းအောင် စောင့်ရှောက်ပေးနေကြပါတယ် အဲဒီအချိန်မှာ တောင်ပေါ်တုံးက ကျမကို ဟားခဲ့တဲ့ ဓါတ်ပုံဆရာ  စုပ်ကနဲ ကျမတို့ မြင်ကွင်းက ပျောက်သွားပါတယ် ကိုမြတ်မင်းရဲ့ ရှေ့တည့်တည့် ကနေ ပျောက်သွားတာ  ဘယ်ဟုတ်မလဲ  ကားလမ်းနဲ့ ကောက်စိုက်သမတွေ ကြားက ရိုးထဲ မြုပ်သွားတာ  မိုးရာသီဆိုတော့ ကားလမ်းဘေးမှာ ရေ အပြည့်ပါ  ကောက်စိုက်သမတွေ နားမှာ ရေက ခြေကျင်းဝတ်ဘဲ ရှိတာ  ရိုးက လူတရပ်ကျော် နက်ပါတယ်  သူ မြုပ်သွားတော့ ကျမတို့ လူတွေ ကိုမြတ်မင်းနဲ့ ကားအကူ ကလေး ထင်ပါရဲ့ ဆင်းဆယ်ရပါတယ်  သူ့ ကင်မရာလဲ ရွှံ့ထဲမှာ မနဲ ရှာလိုက်ရပါတယ်  ကျမလဲ စိတ်ကပူနေတော့ အာရုံကို မနဲ စုစည်းနေရပါတယ် သူလုပ်လို့ သူ့ဖာသာ ကျသွားပေမဲ့ ကျမတို့ မှာ တာဝန်ရှိတာကိုး  ပထမတော့ အကြင်နာ ပြတဲ့ အနေနဲ့ အားလုံး ငြိမ်နေကြသေါ်လည်း စပိန်ပီပီ ကြာကြာမခံပါဘူး ဧည့်သည်တွေ ဟားကြပါလေရော ပြီး သူတို့ အချင်းချင်း ပြောထဲ့ လိုက်တာ  ကြည့်စမ်း  နင် ကျိုက်ထီးရိုးဘုရားစော်ကားလာတယ်လေ အဲဒါကြောင့် သီတာက နင်နဲ့ ပြန်ရမှာ ကြောက်တယ်ပြောတာ မှတ်ပလား တဲ့ အဲဒီလူလဲ ရီကြဲကြဲနဲ့ ဘာမှ ပြန်မပြောရဲတော့ ပါဘူး
ကျန်တဲ့ ရက်တွေမှာ သူ ကျမကို မျက်လုံးချင်းတောင် သိပ်မဆိုင်ရဲဘူး
ဒီ အဖြစ်ပျက်ကတော့ ကျမဘ၀ မှာ ဘယ်တော့မှ မေ့မှာ မဟုတ်တဲ့ အဖြစ်ပါဘဲရှင်



--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
Reply all
Reply to author
Forward
0 new messages