ယာဉ်မောင်းစဉ်လက်ကိုင်ဖုန်းသုံးစွဲခြင်း၏အန္တရာယ်များ ဖိုးရန်နိုင် (ကျောက်ကြီး) ကြေးမုံ မေ ၆

4 views
Skip to first unread message

khin thidar

unread,
May 6, 2013, 7:37:15 AM5/6/13
to travelmyanmar, Mandalay Tour Guides Society
ယာဉ်မောင်းစဉ်လက်ကိုင်ဖုန်းသုံးစွဲခြင်း၏အန္တရာယ်များ ဖိုးရန်နိုင်
(ကျောက်ကြီး) ကြေးမုံ မေ ၆

ဒီနေ့ ကြေးမုံကဆောင်းပါးတစောင်ဖတ်လိုက်ရလို့ မဖတ်ရသေးသူများတွက် တင်ပေးတာပါ
Travel & Tour Operation များကလဲ ကားငှားစဉ်ကထဲက ကားRental များကို
ဒီကိစ္စပြတ်ပြတ်သားသားပြောထားကြပါ ဂိုက်ကိစ္စဘဲဆိုပြီး ချန်မထားကြပါနဲ့

ကောက်ချက်တချို့ဖတ်ကြည့်ပါ

ထိုကိစ္စနှင့်ပါတ်သက်၍ နိုင်ငံတကာကျွမ်းကျင်သူများက #
ကားများတွင်တပ်ဆင်ထားသေါစကားပြောလက်ကိုင်ဖုန်းများနှင့်အလားတူပစ္စည်းများသည်
ကျွန်ုပ်တို့အနေဖြင်ကသတိမမူမိသေါအခါ၌ ဘေးအန္တရာယ်ဆီသို့
တည့်တည့်မတ်မတ်တွန်းပို့နေသည် # ဟုသတိပေးစကားဆိုပါသည်။

ယာဉ်မောင်းစဉ် တယ်လီဖုန်း၏စကားပြောခွက်ကို လက်နှင့်မကိုင်ဘဲပြောပြော
လက်နှင့်ကိုင်၍ဘဲပြောပြော မည်သည့်ခေတ်မီနည်းစနစ်တမျိုးမျိုးဖြင့်
ဘဲပြောပြော နှစ်ဘက်ဖုန်းပြောသည့်စကားအပေါ်တွင် စိတ်ရောက်နေလျှင်
ယာဉ်ကိုထိမ်းသိမ်းရာ၌ အာရုံစိုက်မှုလျော့ပါးကာ အန
္တရာယ်တစုံတရာဖြစ်နှိုင်သည်။
စိတ်မချမ်းမြေ့ဘွယ်သုံးသပ်ချက်များအရ ယာဉ်မောင်းများတွင်ယာဉ်တိုက်ခိုက်မှု
၎ကြိမ်ဖြစ်တိုင်း ၁ကြိမ်မှာ
ယာဉ်မောင်းနေစဉ်ဖုန်းပြောခြင်းကြောင့်ဖြစ်ရသည်။

သို့ဖြစ်၍ ယာဉ်မောင်းသူများအား
အောက်ပါအချက်များကိုလိုက်နာရန်နိုင်ငံတကာကျွမ်းကျင်သူများကတိုက်တွန်းအကြံပြုကြပါသည်။

၁။ ယာဉ်မောင်းနှင်နေစဉ် ဖုန်းမခေါ်ပါနှင့် ဖုန်းမပြောပါနှင့်

၂။ သင်၏ကားပေါ်မှဖုန်းခေါ်ဆိုမှု ဖုန်းပြောကြားမှုများကိုပြုလုပ်ရာတွင်
အလုံခြုံဆုံးနည်းလမ်းမှာ သင်ခရီးမထွက်မီနှင့်
ခရီးပြီးဆုံးချိန်တွင်ပြုလုပ်ခြင်းပင်ဖြစ်သည်။

၃။ ယာဉ်မောင်းနှင်နေစဉ်
ဖုန်းနံပါတ်ကိုနှိပ်၍ခေါ်ခြင်းကသါအဓိကပြဿနာဖြစ်သည်ဟုမယူဆပါနှင့်။
ဖုန်းကိုလက်ဖြင့်မကိုင်ဘဲ
ပါးစပ်အနီးတွင်လက်ကိုင်မဲ့ဖုန်းစကားပြောခွက်များကိုသုံး၍ပြောဆိုခြင်းက
အကျိုးသက်ရောက်သည်ဟု
လည်း မထင်ပါနှင့်။
အဓိကပြဿနာရပ်မှာ ဖုန်းပြောခြင်းကြောင့် ဖြစ်ရသည့်စိတ်ပိုင်းဆိုင်ရာ
အာရုံအနှောင့်အယှက်သါ ဖြစ်ပါသည်။

၎။ ကားမောင်းစဉ် ဖုန်းစကားပြောခြင်းသည် ရေဒီယိုနားထောင်ခြင်း
တေးသီချင်းနားထောင်ခြင်းထက်စိတ်အာရုံကိုပျက်ပြားစေပါသည်။

ယာဉ်မောင်းနှင်ရာတွင် သင်၏အချိန်ပြည့်သတိရှိမှုသည်
အထူးလိုအပ်ပါသည်။ဖုန်းတွင်စကားတခွန်းပြောရုံမျှဖြင့်
သင်မောင်းနှင်ရမည့်လမ်းအပေါ် အလေးဂရုပြုမှုကို မရပ်ပစ်သင့်ပေ။
နိုင်ငံတကာနှင့်ယှဉ်၍ ခေတ်မီလာကြပြီဖြစ်သေါ
မြန်မာတိုင်းရင်းသားများအားလုံး ယာဉ်မောင်းနှင်စဉ်နှင့်
ယာဉ်စီးနင်းစဉ်အချိန်ကာလများတွင် ဘေးအန္တရာယ်အပေါင်း ကင်းဝေးကြပါစေရန်
ဆုမွန်ချွေလျက်။
Reply all
Reply to author
Forward
0 new messages