နေပြည်တော်သို့ အုပ်စုလိုက်ခရီးစဉ် လည်ပတ်မှုများ ခွင့်ပြုပေးသွားမည်ဖြစ် သည့်အတွက်
ခရီးသွားလုပ်ငန်းများက ခရီးစဉ်များကို ရေးဆွဲတင်ပြ ပေးသွားရန် ဟိုတယ်နှင့် ခရီးသွားလာ
ရေးလုပ်ငန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင်က ပြောကြားသည်။
ထို့ပြင် နေပြည်တော်မှတစ်ဆင့် လည်ပတ်နိုင်မည့် ဒေသများဖြစ်သည့် ပင်လောင်းနှင့်
လွိုင်ကော်ဒေသများသို့ သွားရောက် လည်ပတ်နိုင်သည့် ခရီးစဉ် များကို ထည့်သွင်းရေး
ဆွဲသွားရန်လည်း ၎င်းက တိုက်တွန်းခဲ့သည်။
ခရီးသွားလုပ်ငန်းများကလည်း ယခု ကဲ့သို့ ခရီးသွားဒေသများတွင် ဟိုတယ် အခန်း
မလောက်ငမှုနှင့် ရင်ဆိုင်နေရချိန် တွင် နေပြည်တော်သို့ သွားရောက်ခွင့်ပြု ပါက ခရီးသည်
များကို ဖြန့်ကြက်ထားနိုင် မည်ဖြစ်သည့်အပြင် နေပြည်တော်မှ တစ်ဆင့် ခရီးစဉ်များရေး
ဆွဲပါကလည်း ပိုမိုအဆင်ပြေသွားနိုင်သည်။
"အဓိက ခရီးသွားဒေသတွေမှာ ခရီး သည်တွေကို လက်ခံဖို့ အခက်အခဲဖြစ် လာပြီ။ ဒါကြောင့်
ဒီလို ခရီးစဉ်ဒေသတစ် ခုကို ခွင့်ပြုလိုက်တယ်ဆိုရင် ခရီးသည် တွေကို ဖြန့်ကြက်လိုက်လို့ရ
သွားပြီ။ လာမယ့် ၂၀၁၃ ကျရင် နေပြည်တော်မှာ ဟိုတယ်အခန်းတွေ ၁၀,၀၀၀ နီးပါး
လောက်ဖြစ်လာမယ်ဆိုတော့ တည်းခို ဖို့ အဆင်ပြေတယ်။ နောက်ပြီး နေပြည် တော်က
မန္တလေး၊ ပုဂံသွားဖို့ လမ်းသင့် တယ်။ မန္တလေးကို ရောက်ဖို့ နှစ်နာရီပဲ ကြာမယ်" ဟု မြန်မာ့
ခရီးသွား လုပ်ငန်း အဖွဲ့ချုပ် (အမ်တီအက်ဖ်)မှ တာဝန်ရှိ သူ ဦးခင်မောင်ထွန်းက ပြောသည်။
သို့သော် နေပြည်တော်သည် အစိုးရ အခြေစိုက်ရာ မြို့တော်ဖြစ်သည့်အပြင် လူသားတို့ ပြုပြင်
တည်ဆောက်ထား သည့် (man-made) နေရာများရှိ သည် ဆိုသော်လည်း ခရီးသည်များ
စိတ်ဝင် စားမည့် နေရာများ ထပ်မံဖော်ထုတ်ပေး သွားရန် လိုအပ်ကြောင်း ခရီးသွား လုပ်ငန်း
ရှင်အချို့က ပြောကြားသည်။
"ရန်ကုန်ရှောင်တဲ့ ပုံစံဆိုရင်တော့ နေပြည်တော်ကို စီစဉ်လို့ရပါတယ်။ အခု နေပြည်တော်မှာ
လည်း နေရာသစ်တွေ ဖော်ထုတ်ဖို့ အစီအစဉ်တွေပြုလုပ်နေ တယ်" ဟု အမ်တီအက်ဖ်မှ
တာဝန်ရှိသူ ဦးသက်လွင်တိုးက ပြောကြားသည်။
နေပြည်တော်သည် အစည်းအဝေး များ၊ ပြပွဲများ ကျင်းပသည့် MICE ဈေး ကွက်ကိုအခြေခံ
သည့် မြို့တော်ဖြစ်သည့် အတွက် နိုင်ငံတကာ အစည်းအဝေးပွဲ များ၊ ပြပွဲများကျင်းပလေ့ရှိရာ
နေရာဖြစ် သည်။ ထို့ကြောင့် နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များ၊ အစိုးရအရာရှိကြီးများ
သာ လာရောက်တည်းခိုလေ့ ရှိသည်။
သို့သော် မြန်မာနိုင်ငံသို့လာရောက် လည်ပတ်ကြသည့် ခရီးသွားဧည့်သည် များအတွက်
ဟိုတယ်အခန်းခဈေးကြီး သည့်အပြင် လေကြောင်းလိုင်းလိုအပ် ချက်များလည်းရှိနေသေး
သည်ဟု ခရီး သွားလုပ်ငန်းအချို့က ပြောကြားသည်။
"နေပြည်တော်ကနေတစ်ဆင့် လွိုင်ကော်ဘက်သွားရင် အဆင်အပြေ ဆုံးပဲ။ အဲလိုမှမဟုတ်
ရင် သာမန်ခရီးစဉ် မျိုးဆိုရင်တော့ နေပြည်တော်က တစ်ဆင့် ခရီးစဉ်ဆွဲပြီးပို့ရင် အဆင်မပြေ
ဘူး။ နေပြည်တော်က တစ်ခေါက်နား ခရီးလောက်ပဲ အဆင်ပြေနိုင်တယ်။ နောက်ပြီး ကားနဲ့
သွားတဲ့ ခရီးစဉ်မျိုးကို ပဲ နေပြည်တော်ကို စီစဉ်ပေးတာကောင်း ပါတယ်။ လေယာဉ်ခကော၊
ဟိုတယ်ခ ကောဈေးကြီးပြီး ဟိုတယ်ရောက်တော့ လည်စရာပါမရှိရင် ဒီခရီးစဉ်က အဆင်မ
ပြေနိုင်ဘူး။ နေပြည်တော်ထက်စာရင် မိုးကုတ်ကို ခရီးသည်တော်တော်များများ စိတ်ဝင်စား
ကြတော့ မိုးကုတ်ကိုလည်း ဖွင့်ပေးစေချင်တယ်" ဟု Rendez-Vous International Travel
ခရီးသွား လုပ်ငန်းမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးမြင့်က သုံးသပ်ပြောကြားသည်။
နေပြည်တော်တွင် ရေပန်းဥယျာဉ်၊ ဆာဖာရီဥယျာဉ်၊ ကျောက်စိမ်းပြတိုက်၊ Convention
centre ၊ ရေလွှာလျှောစီး စသည့် နေရာများအပြင် အဆင့်မြင့် ဈေးဝယ်စင်တာများလည်း
တည်ရှိသည်။
ရွှေတိဂုံစေတီပုံတူ ဥပ္ပါတသန္တိ စေတီတော်ကိုလည်း ဖူးမြော်နိုင်မည် ဖြစ်သည်။ နေပြည်တော်
၌ ဟိုတယ်အခန်း ပေါင်း ၂,၀၀၀ ကျော်ရှိပြီဖြစ်ပြီး လာမည့် ၂၀၁၃ တွင် ဟိုတယ်အလုံးပေါင်း
၆၀ ရှိ လာမည်ဖြစ်ကာ အခန်းအရေအတွက် ၇,၉၆၅ ခန်း ဖြစ်လာမည်ဟု ဦးဌေးအောင် က
ပြောကြားသည်။
"နိုင်ငံခြားသားတွေအတွက် သိပ် ကြည့်စရာမရှိဘူး။ ဒါပေမယ့် လွှတ်တော် ကို ပြချင်တယ်။
နေပြည်တော်လေဆိပ် ကလည်း ထည်ထည်ဝါ၀ါဖြစ်နေပြီ။ အမြန်လမ်းမကြီးကလည်း
သွားရေး လာရေးအတွက် အဆင်ပြေနေတယ်။
အခုလည်း ခရီးသည်တွေ စိတ်ဝင်စား မယ့် နေရာတွေကို ဖော်ထုတ်သွားဖို့ရှိတယ်။ နောက်
ကျရင် အုပ်စုလိုက် ခရီးသွားတွေအပြင် တစ်ကိုယ်ရေခရီး သွား (FIT) တွေကိုပါ ခွင့်ပြု
သွားမယ်" ဟု ၎င်းက ပြောကြားသည်။