နံနက်စောစော ညောင်ဦးလေဆိပ်ကို ကတိုက်ကရိုက် သွားခဲ့သည့်နေ့။ ထိုနေ့ကိုမေနိုင်မည်မထင်ပါ။ မှတ်မှတ်ရ ဇန္နဝါလ ဒုတိယအပတ်တွင်ဖြစ်သည်။ အရှေ့အရပ်က ထွက်ပေါ်လာတဲ့နေရောင်ဖျော့ဖျော့သည် နေ့သစ်ကို အလင်းဖြာဆင်းပေးဖို့ အားယူနေသည်။ နောက်ကျမှာ စိုးလို့ ကားဆရာကို မြန်မြန်မောင်းဖို့ပြောနေစဉ်မှာ ဧည့်သည်တစ်ယောက်က ဓါတ်ပုံရိုက်ချင်လို့ ကားရပ်ပေးရသည်။
စိတ်ထဲမှတော့ လေဆိပ်အရောက်နောက်ကျမှာစိုးရိမ်နေသည်။ ကားပေါ်တက်အပြီးမှာ နေမင်းကြောင့်ကြက်ဥအနှစ်ရောင် ထနေသည့် ကောင်းကင်ကို လက်ပြနှုပ်ဆက်လိုက်တယ်။
လေဆိပ်ကိုရောက်တယ်ဆိုလျင်ပဲ နေရာတိုင်းမှာနိုင်ခံခြားသားတွေကိုပဲတွေ့ရသည်။ ပြည်တွင်းခရီးသွားဒေသခံ အနည်းငယ်သာတွေ့ရ၏။ ပုဂံခရီးလက်ဆောင်တစ်ချို့ကို မနိုင့်တစ်နိုင်သည်ပိုးရင်း ချက်အင်ကောင်တာများမှာ တိုးဝှေ့နေကြသည်။မိမိဧည့်သည်တွေကို ခဏတာ ထိုင်းခိုင်းထားပြီး မှ ကောင်တာမှာ လိုအပ်တာလုပ်ဖို့သွားသည်။ အဲဒီမှာ စပြီး ချွေးပြန်တော့ရတော့သည်ဲ။ ဘာတဲ့ လေယာဉ် စက်ချို့ယွင်းလို့ ခရီးစဉ်ဖျက်သိမ်းမယ်ပြော၏။ အခုတော့လေဆိပ်မှာတာဝန်ကျတဲ့မန်နေဂျာက တစ်ခြားလေကြောင်းလိုင်းတွေမှာ ထိုင်ခုံ ရရင် လေယာဉ်ပြောင်းပြီးရန်ကုန်ကိုသွားဖို့တင်ပေးမယ်တဲ့။ ဒီလိုနဲ့ သူတို့ဆီကအဖြေကိုစောင့်လိုက်တာ မနက်ပိုင်းလေယာဉ်တွေသာ ကုန်သွားတယ် ထိုင်ခုံမရတဲ့အပြင် မနက် ၁၁ နာရီ ထိုးသွားသည်။ အဲဒီအချိန် လေကြောင်းလိုင်းကောင်တာမှာ ကိုးရီးယား၅ ယောက်တစ်ဖွဲ့ ၾသစေတ်းလ် ၃ ယောက်ပါအဖွဲ့တွေက သက်ဆိုင်ရာ မန်နေဂျာ ကို အင်္ဂလိပ်လို မကျေနပ်ကြောင်းပြောနေသည်။
' မင်းတို့ က ငါတို့ကို အစောကြီးကတည်းက သတင်းပေးအကြောင်းကြားသင့်တယ် အခုလို လေယာဉ်တစ်စီးမှ မရှိတော့မှ ပြောတာ ငါတို့စိတ်တိုတာပေါ့။ ကဲအခုငါတို့ကို ဘယ်လို လုပ်ပေးမလဲ '
ကိုရီးယားလူမျိုးက ရဲရဲနီနေသော မျက်နှာဖြင့် ကောင်တာကို လက်နှင့်ထုကာပြောနေ၏ ။
' ဒီမှာ ကိုယ့်လူ ငါတို့က သူတို့ထက် ပို အရေးကြီးတယ်ကွ ။ မင်းသိလား ဒီနေ့ညနေ TG နဲ့ ဘန်ကောက်ကို သွားရမှာ မမီရင် မင်းတို့မှာတာဝန်ရှိတယ်'
လေသံမာမာကိုခပ်အုပ်အုပ်ထိမ်းသည့်အသံဖြင့် သြစီတစ်ယောက်က ထပ်ပြောသည်။
လေကြောင်းလိုင်းတာဝန်ခံ မန်နေဂျာ မှာ အတော်စိတ်အိုက်နေပုံရ၏။ တွေဝေနေသော မျက်လုံးများကို ၄င်းရဲ့ ရင့်ကျက်သောအတွေ့အကြုံများက မကူညီပေးနိုင်ပေ။ ၄င်း၏ အရပ်မှာ အတန်ငယ်ပုသည်။ကောင်တာ အထက် ခေါင်းတစ်လုံးသာသာ ထွက်၏ ။ ယခုပြသာနာတက်နေချိန် ထိုသူမှာကျုံ့ကျုံ့ကလေးဖြင့် ကောင်တာအောက် ခေါင်းရောက်သွားသလိုထင်ရ၏။ ခေါင်းတွင်တွင်ကုတ် အဆင်ပြေအောင် အကြံထုတ်နေသည်။
' ဒီမှာ အကိုကြီး ကျွန်မတို့အဖွဲ့ က စုစုပေါင်း ၁၆ ယောက် မန္တလေးကိုသွားမှာ အခုဘယ်လိုလုပ်ပေးမှာလဲ။ ကျွန်မလည်း ဧည့်သည်တွေဒေါသ ထွက်နေလို ဘယ်လိုမျက်နာ ပြရမှန်းမသိဘူး'
ဧည့်လမ်းညွှန်မိန်းကလေးတစ်ယောက်ကပါ ဝင်ရောက်ပြောပြန်သည်။
' Please, မိန်းကလေးငါပြောလို့မပြီးခင် မင်းဝင်မပြောပါနဲ့ မင်းနားမလည်ဘူးလား'
သြစီတစ်ယောက် ဒေါပေါက်နေသည်။
သူတင်မကသေး လိုက်ပါမည့် ခရီးသည်၅၄ ဦးအတွက် လူတိုင်းကောင်တာမှာ ရှုပ်ပွခြေချင်းလိမ်နေသည်မှာ တီဗွီ ထဲမြင်ဖူးသည့် နွားရိုင်းတစ်ကောင်ကို ခြင်္သေများဝိုင်းအမဲဖြတ်နေပုံနှင့် ဆင်လှသည်။ မိမိအလှည့်ကိုတော်တော်နှင့်မရောက်နိုင်ပါ။ ခေတ္တခဏ ငါးမိနစ်ခန့် ငြိမ်သွားသည်။ လူအားလုံးရဲ့အကြည့်က တစ်ဦးတစ်ယောက်ထံမှာသာစုနေပြီး တစ်ချိန်လုံးပြန်မဖြေပဲလုပ်နေသူ စတင်အသက်ဝင် လာမှာကိုစောင့်ကြည့်နေကြသည်။
' ကျေးဇူးပြုပြီး ၁၅ မိနစ် အချိန်ပေးပါဗျာ ။ ကျွန်တော ရန်ကုန်ရုံးချုပ်ရဲ့ အမိန့်ရဖို့အလျင်လုပ်ပါရစေဦး။ ပြီးမှ အသေးစိပ် ဖြေကြားပေးပါမယ်'
ရှတတ မထွက်ချင်ထွက်ချင် အသံဖြင့် အင်္ဂလိပ်လို ပြောလာမှ ၄င်းကို နားထောင်နေသည့်လူအုပ် ထိုးထိုးထောင်ထောင်ဖြစ်ခါ ယခင်ထိုင်နေသောနေရာကို ပြန်သွားထိုင်ကြသည်။
မိမိမှာ ရန်ကုန်ရှိ ခရီးသွားအေးဂျင့်ကို တယ်လီဖုန်းဖြင့် ဖြစ်ကြောင်းကုန်စင်ပြောနေခဲ့သည်။
များမကြာမီတွင် တာဝန်ရှိသူက မိမိတို့ အုပ်စုသာရှိတော့သည့် လေယာဉ်ထွက်ခွာဆောင်အတွင်း တွင် အားလုံးစုခိုင်းပြီး အောက်ပါအတိုင်း လေးလေးမှန်မှန်ပြောလိုက်သည်။
' ဟုတ်ကဲ့ အထက်က ညွှန်ကြားချက်အရ ပြောပြပါမယ့်။ လေယာဉ်ခရီးစဉ်ဖျက်သိမ်းရတဲ့အတွက်ရယ် အချိန်နဲ့ တစ်ပြေးညီ သတင်းပေးပို့ မပြောမိခဲ့တာအတွက်ကြောင့် ပထမဦးစွာ တောင်းပန်လိုပါတယ်။'
'ဟေ့ လိုရင်းပြောကွာ ဒါ အစည်းအဝေးမဟုတ်ဘူး'
ကိုရီးယားတစ်ယောက်က မကျေမနပ်လေသံဖြင့် ဝင်ပြောသည်။
'ဟုတ်ကဲ့ ကော်နက်ရှင်ဖလိုက် မီအောင်သွားမယ့်အဖွဲ့ရယ် ၅ ယောက်အဖွဲ့ရယ်အတွက် တစ်ခြားလေကြောင်းနဲ့ ထည့်ပေးလိုက်ပါ့မယ်။ ကျန်တဲ့ရန်ကုန်ပြန်မယ့်သူတွေကိုတော့ ညနေပိုင်း ဖလိုက်နဲ့ သွားလို့ရအောင် စီစဉ်ပေးနေပါတယ်။ မန္တလေးကို သွားမယ် ၃၆ ယောက်ကို ဘက်စ်းကားနဲ့ နောက်နာရီဝက်မှာပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ '
'ကောင်းပြီ နေ့လယ်စာနဲ့ နေ့တစ်ဝက် ပုဂံမှာလည်ပတ်ဖို့ မင်းတို့လေကြောင်းလိုင်းက တာဝန်ယူသင့်တယ်။ ဒီလေဆိပ်မှာတော့ တစ်နေကုန်ထိုင်မစောင့်နိုင်ဖူး ကိုယ့်လူ'
ခပ်စွာစွာ ရှိသော ယောင်္ကျားလေးဂိုက်က ဝင်ထောက်ပြသည့်အခါတွင်
'ဟုတ်ကဲ့ ကျွန်တော် အခုပဲ အထက်ကို လှမ်းမေးပေးပါ့မယ်။ အားလုံးအဆင်ပြေအောင် လုပ်ပေးမှာပါ'
တာဝန်ရှိသူက ကောင်တာပြန်သွားပြီး လက်မှတ်များ ပြောင်းဖို့ ပြန်သိမ်းဖို့ လုပ်နေသည်။
ဆိုရသော် မိမိလည်း ဧည့်သည့်များအားအဖြစ်မှန်ရှင်းပြ နေ့တစ်ပိုင်းစာ ပရိုဂရမ်ရှင်းပြလိုက်သည်။
မကြာမီ တာဝန်ရှိသူ ပြောသည့်အတိုင်း အားလုံးပြသာနာကင်းစွာ ခရီးဆက်ကြသည်။
မိမိအနေဖြင့် မထင်မှတ်ပဲ ပြောင်းလဲရသည့်အနေအထားအတိုင်း နေ့တစ်ဝက်လည်ရတော့သည်။
နှစ်ရက်တစ်ပိုင်း ပုဂံဒေသကို လည်ပတ်ပြီးသော်လည်း ယခုထပ်မံပြီးလည်ရသော်ငြား ဧည့်သည်များမှာ ပျော်မြဲပျော်နေလေသည်။
ပုဂံရဲ့ ဖမ်းစားနိုင်မှုကြောင့် နေ့တစ်ပိုင်းလည်ပတ်မှုမှာ ညနေ ၄ နာရီတွင်အောင်မြင်စွာ ပြီးဆုံးသွားသည်။ လေဆိပ်ကို ရောက်သော် ညနေပိုင်းဖလိုက်အတွက် ချက်ကင်လုပ် လက်မှတ်ထုပ်ပြီး ထိုင်စောင့်နေခဲ့ကြသည်။
အချိန်တန်တော့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် လေယာဉ်စထွက်ပြီ။
မနက် ၆ နာရီ ခွဲ မှာ လေဆိပ်ရောက်ပြီ ညနေပိုင်း ၆ နာရီ လောက်မှ လေယာဉ်စီးရသည်မှာ အတော်ပင် စိတ်ပျက်ဖွယ်ဖြစ်သည်။ သို့ပါ၍ လေယာဉ်ပေါ်ရောက်တယ်ဆိုလျင်ပဲ ကျိုးတော့သည်။ လေယာဉ်ထဲတွင် မန္တလေး မှလိုက်ပါလာသော ဧည့် သည် တစ်ချို့နှင့် မိမိတို့ ပုဂံမှတက်သည့် လေယာဉ် ဒုက္ခသည်များသာ ရန်ကုန်ပြန်ဖို့ လိုက်ပါလာကြသည်။ မိမိနှင့် အတူ ပြင်သစ်လူမျိုး ဆယ်ဦးမှာ လေယာဉ်၏နောက်ပိုင်းတွင်ထိုင်သည်။ သီရိလင်္ကာမှ ကုလားနှစ်ယောက် ၄င်းတို့ ဘေးဖက်ခုံတွင် အမေရိကန် နှစ်ဦးအပြင် ယာဉ်အလယ်ပိုင်းတွင် တရုပ်လူမျိုးအုပ်စု နှင့် သြစီ နှစ်ယောက်ထိုင်သည်။ မန္တလေးမှ လိုက်လာသော ထိုင်းလူမျိုးများမှာ လေယာဉ်၏အရှေ့ဖျားတွင်ထိုင်၍လိုက်ပါလာကြသည်။
အင်္ဂလိပ် စာရေးဆရာ Kipling ရေးသလို East meets West လို့ ဆိုရမလိုပင်။ လေယာဉ်ပေါ်တွင် အနောက်ပိုင်းမှလူများ အရှေ့ပိုင်းကလူများနှင့် လာတွေ့နေရသည်။
တအောင့်ကြာသော် လေယာဉ်မယ်လေးများမှ ကိတ်မုန့်များ တစ်ဦးချင်းဆီကိုချကြွေးသည်။ သူတို့တိုက်သော ကော်ဖီ တစ်ခွက်က မနက်ပိုင်း အဆင်မပြေမှုတို့ မေ့လျော့သွားစေသည်။ စားသောက်ပြီးချိန်မှာတော့ အိပ်ငိုက်အနားယူလိုက်သည်။
နားထဲတွင်မိုက်ခရိုဖုန်းသံတစ်ချို့ကြောင့်လန့်နိုးလာရသည်။ နာရီဝက်ကျော်ကြာအောင်အိပ်မိသွားသည်။ 'ကျေးဇူးပြု၍နားဆင်ပါရှင် ကျွန်မတို့လေယာဉ်သည် ရန်ကုန်လေယာဉ်ကွင်းအနီး ဆီတိုင် မီးလောင်ပါသဖြင့် ဆင်းသက်ခွင့်မရပါ။ သို့ပါ၍ မန္တလေးမြို့သို့ပြန်လယ် ဦးတည်ပျံသန်း နေပါပြီ။ အဆင်မပြေမှု များအတွက် တောင်းပန်ပါတယ်ရှင်။'
'ဟာ သွားပြီ' နုပ်ကလွှတ်ကနဲ ထွက်သွားရသည်။
' ဟေ့ ဘာဖြစ်တာလဲ အခု က ရန်ကုန်ကို မြင်နေရလောက်ပြီ။ မန္တလေးကို ပြန်လှည့်တာတော့ထား ။ အဲဒီမှာ ညအိပ်ဖို့ မဖြစ်နိုင်ဘူးလေ ဘာဘွတ်ကင်မှ မရှိပဲ' အိန္ဒိယ လူမျိုးက ထပြောသည်။
'ဟေ့ ငါတို့ ဒီမနက် ၆ နာရီ ခွဲကတည်းက လေဆိပ်မှာ စောင့်နေခဲ့ရတယ်။ ဘာလဲကွာ။'
မိမိဧည့်သည်တွေလည်း ပွက်လောညံနေပြီ။ ဒါကြောင့် မိမိမှာ ရန်ကုန်လေယာဉ်ကွင်းမှာ မီးလောင်သဖြင့် ဆင်းသက်မရနိုင်ကြောင်းကို အားလုံးကြားနိုင်သည့်လေသံဖြင့် ထပ်မံရှင်းပြလိုက်သည်။
ဆဲတဲ့သူကဆဲ။ ငြီးသူကငြီးနေကြသည်။
'ဟေ့ မင်းက ဂိုက်လား ရန်ကုန်မှာ တစ်ခြားလေဆိပ်မရှိတော့ဘူးလား' ထိုင်းလူမျိုးတစ်ယောက်က မိမိကို လာမေးသည် တွင် လေယာဉ်မယ်လေးက ကြားဖြတ်ဝင်ပြောသည်။ ' ဟုတ်ကဲ့ ပဲခူးလေဆိပ်က အခုမှာဆောက်နေတုန်းမို့ တစ်ခြားလေဆိပ်မရှိပါဘူး။ ဒါ့ကြောင့် မန္တလေး သို့မဟုတ် ပုဂံ ဘက်ပြန်လှည့်ရတာပါ'
ထိုင်းလူမျိုးများ အချင်းချင်း ဆူညံစွာ ပြောဆိုကုန်ကြသည်။
သိပ်မကြာပါ သြစီ ဧည့်သည် တစ်ဦးက လေယာဉ်မယ်ကို လှမ်းမေးလိုက်သည်။
' လေယာဉ် ပေါ်မှာ ဆီတော့ လုံလောက်မှာပါနော်။'
'ဟုတ်ကဲ့ ဒီအတွက်စိတ်မပူပါနဲ့ရှင်'
' ဆီမလောက်ရင် လေယာဉ် အရေးပေါ် ဘယ်မှာဆင်းမလဲ'
'ကျွန်မတို့ မြစ်ထဲ ထိုးဆင်းမှာပါ'
' ဒါဆိုကျုပ်တို ငါးမျှားယုံပဲပေါ့'
မိမိနောက်မှာရှိသော တစ်ချိန်လုံး စကားမပြောပဲ နေသော နိုင်ငံခြားသားက အရေးထဲ ဝင်နောက်သည်။
'ရှစ်မန်း'
အိန္ဒိယ လူမျိုး တစ်ဦးက ထောပနာ ပေးလိုက်သည်။
လေယာဉ်တစ်စီးလုံး ဆူညံနေတော့သည်။
မိမိအနေဖြင့်လည်း ဘာလုပ်ရမှန်းမသိတော့ပါ။
ဘာတတ်နိုင်မှာလဲ။ အများနဲ့ပဲလေ။ ရန်ကုန်တွင် ဒုတိယမြောက် လေယာဉ်ကွင်း မရှိတာကိုပဲ စိတ်ထဲ ဘဝင်မကျမိဖြစ်ရသည်။ ထိုင်းနိုင်ငံတွင် စုဝဏ္ဍဘူမိ နှင့် ဒွန်မောင်းလေဆိပ်ဆိုပြီး နှစ်ခုရှိတယ်မဟုတ်လား။ အတန်ငယ်ကြာသော် ကပ္ပီတန်က လေယာဉ်မှာ မန္တလေးမြို့နဲ့ ကီလို ၈၀ ကျော်ရောက်နေကြောင်းပြောသွားသဖြင့် ပို၍ပင် စိတ်ညစ်သွားရသည်။ မိမိအတွက် အစအဆုံး ခရီးစဉ်ပြောင်း ပရိုဂရမ်ပြောင်းဖို့ အေးဂျင့်နဲ့လုပ်ရဦးမည်မဟုတ်ပါလား။ လေယာဉ်ပေါ်တွင် ဖုန်းဆက်လို့လည်းမရနဲ့ စိတ်အကြံအိုက်ရသည်။
တွေးနေတုန်း မိုက်ခရိုဖုန်း အသံ ထွက်လာပြန်သည်။ ဘာများထပ်ဖြစ်ဦးမှာလည်း စိတ်ပူနေစဉ် ' 'ကပ္ပိတန်ပြောနေပါတယ်။ အခု ရန်ကုန်လေဆိပ် အန္တာရာယ်ကင်းပြီဖြစ်တဲ့အတွက် ကျွန်တော်တို့ လေယာဉ် ရန်ကုန်ဘက်ကို ဦးလှည့်ပျံသန်းနေပါပြီ။ ကျေးဇူးတင်ပါသည်'
'ဟေး'
'Very good'
'Bravo'
'Oh god'
လူတွေ အကုန်လုံး အခုမှ စိတ်ချမ်းသာသွားပုံရသည်။
မိမိမှာတော့ သက်ပြင်းရှည်ကြီးသာ ချမိတော့သည်။ ဒီလိုနှင့် တစ်နာရီသာသာ ကြာသော် ရန်ကုန်လေဆိပ်ကို ချောမောစွာ ဆိုက်ရောက်ကြသည်။
လူတစ်ကိုယ်လုံး မောဟိုက်နေပြီ။ မနက်စောစောထရတာတစ်ကြောင်း။ လေယာဉ် ခရီးစဉ် ပျက်တာက တစ်ကြောင်း ယခုလို ပုဂံမှ ရန်ကုန်သို့ ပြန်ရာတွင် ၃ နာရီကျော် လေယာဉ်စီးရသည်က တစ်မျိုးမို့ မိမိ ဧည့်သည်များလည်း ဟိုတယ်အသွား စကားမပြောနိုင်ကြတော့ပေ။
ထိုညတွင်ပင် ဒီအကြောင်းကို စာရေးသားမှတ်တမ်းတင်မည်ဟု ဆုံးဖြတ်ချက် ချလိုက်မိသည်။
စဉ်းစားကြည့်ကြပါကုန်။
အစဉ်လေးစားလျက်
သွေးသစ်
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/c7363ed9-0142-412e-b126-ead56898bcb4%40googlegroups.com.
For more options, visit https://groups.google.com/d/optout.
အဲဒီဆောင်းပါးကို Traveller မှာထည့်လိုက်ကောင်းမယ်ထင်တယ်
တစ်ခဖတ်ပြီး လွှတ်ပစ်ခံရသော ဂျာနယ်များ ဝင်ငွေကောင်းကောင်းရဖို့ မည်သည့်အခါမျှ မရေးသားပါ။
ဤ နေရာတွင်သာ မောင်နှမများသိစေရန် ရည်ရွှယ်၍သ မျှဝေ ခြင်းဖြစ်ပါသည်။ ယခုလို အကြံပြုတာ ဝမ်းမျောကါ