န၀ရတ် ဟိုတယ် ပြန်ဖွင့်ခွင့်ရ

35 views
Skip to first unread message

unread,
May 5, 2012, 2:44:03 AM5/5/12
to Travel Myanmar (Tourism information, activities, idea exchange inside Burma)
ယနေ့မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှု အနည်းငယ်ရှိလာတာနှင့် အညီ
ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ပြည်ပမှ ခရီးသွားများ
အ၀င်အများဆုံးဖြစ်ခဲ့ပါတယ်။

ခရီးသွားတွေများ လာတာနှင့်အညီ မြန်မာနိုင်ငံမှာရှိတဲ့
ဟိုတယ်နှုန်းထားများကလည်း မြင့်တက်လာပါတယ်။ လာရောက်တဲ့
ခရီးသွားဧည့်သည်များအတွက် တည်းခိုးရန် မလုံလောက်မှုများနှင့်
ကြုံတွေ့နေရကြောင်း ခရီးသွား ၀န်ဆောင်မှု လုပ်ငန်းများကပြောကြားပါတယ်။

ယခုအချိန်မှာ ရန်ကုန်မြို့မှာ ရှိတဲ့ပိတ်ပင်ထားခဲ့တဲ့
ဟိုတယ်တော်တော်များများကို မြန်မာ့ ဟိုတယ် ခရီးသွားလာရေး လုပ်ငန်း
ဝန်ကြီးဌာနမှ စီစစ်ပြီး ပြန်လည်၍ ဖွင့်လှစ်ပေးခဲ့ပါသတဲ့။

အဲဒီထဲမှာမှ တစ်ချိန်က အာဏာရှင် ဦးနေ၀င်းတို့ရဲ့ မိသားစုပိုင် န၀ရတ်
ဟိုတယ်လဲ ပါဝင်ပါသတဲ့။ န၀ရတ်ဟိုတယ်ကို ပိတ်ပင်ထားခဲ့တာ နှစ်ပေါင်း ၁၅
နှစ် လောက်ရှိခဲ့ပါပြီ။

ယခုအချိန်မှာတော့ ဟိုတယ်ခရီးသွားလာရေးဝန်ကြီးဌာနက စီစစ်ပြီး
သမိုင်းလမ်းဆုံမှာရှိတဲ့ န၀ရတ်ဟိုတယ်ကိုလည်း ပြန်လည် ဖွင့်လှစ်ခွင့်
ပေးလိုက်ပါတယ်။

ဒါပေမယ့်လည်း မြန်မာနိုင်ငံတနိုင်ငံလုံးမှာ ကြယ်ငါးပွင့် အဆင့်ရှိတဲ့
ဟော်တယ်က ၂ ခုတည်းသာ ရှိကြောင်း ခရီးသွားလုပ် ငန်း အေဂျင်စီတာဝန်ခံများက
ဆိုပါတယ်။

ဒီအပြင် ပိုဆိုးတာက အရင်က ဘင်ဂလိုတခုကို အမေရိကန်ဒေါ်လာ ၈၀
ကျော်လောက်ပေးရတာက အခုချိန်မှာ အမေရိကန်ဒေါ်လာ ၄၀၀ လောက်ထိ ၅ ဆလောက်
တည်းခိုစာရိတ်မြင့်တက်သွားမှုအပေါ် နိုင်ငံခြား ခရီးသွားများလည်း
အံ့အားတသင့် ဖြစ်နေကြပါတယ်တဲ့ ။

ဟော်တယ်ကြီးတော်တော်များများကို ပိုင်ဆိုင်သူတွေက နံမည်ကြီး
သူဌေးကြီးများ ဖြစ်ကြတဲ့ ဦးတေဇ၊ ဦးဇော်ဇော်၊ ဦးစတီဗင်လော စတဲ့ အစိုးရနဲ့
နီးစပ်ပြီး ကြွယ်ဝချမ်းသာလာသူများ ဖြစ်တယ်လို့ လူတွေက ပြောဆိုနေကြပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ခရီးသွားဧည့်သည်တွေဆီက နိုင်ငံခြားငွေ
ရဖို့အရေး အခုထိတော့ ဟော်တယ်ဝန်ဆောင်မှုနဲ့ ပို့ဆောင်ဆက်သွယ်ရေး
ဝန်ဆောင်မှုတွေက အားနည်းနေသေးကြောင်းလည်း စစ်တမ်းများက ဖော်ပြနေပါတယ်။
by EAINT THAN ZIN ဧရာဝတီ ဘလော့ဂ်

Nyi Nyi ®

unread,
May 5, 2012, 3:13:19 AM5/5/12
to travel...@googlegroups.com
ပြောလက်စနဲ့ ပြန်ဖွင့်တဲ့ ဟိုတယ် နဲ့ အသစ်တွေအကြောင်းဒီမှာစုလိုက်ရင်အသုံးတည့်မလားလို့တွေးမိလို့ပါ။ တာမွေအဝိုင်းထိပ်မှာအရင်က ဟိုတယ်ရွှေဗဟိုဆိုတာရှိပါတယ်။ အခုတော့ ဧဒင် အဖွဲ့က ယူလိုက်တယ်ထင်တယ်။ ဧဒင်ဆိုတဲ့နာမည်နဲ့ဖွင့်ထားတာတွေ့ပါတယ်။ ကြယ်ပွင့်အဆင့်ဘယ်လောက်ရှိတယ်ဆိုတာထက် နေစရာ တစ်ခုတိုးလာတယ်လို့ပဲမှတ်ပါတယ်။

ဖိုးစိန်လမ်းထဲမှာတော့ ရှင်ပါဂူအထူးကုဆေးခန်းနားက ဟိုတယ်ဖိုးစိန်၊ ဖိုးစိန်လမ်း အလယ်မှာတော့ FAME ဆိုတဲ့ဟိုတယ်နဲ့ Green Hill ဆိုတဲ့သိပ်မကြာသေးခင်ကမှဖွင့်ထားတဲ့ဟိုတယ် (၂) လုံးရှိပါတယ်။ အဲ့ဒီ ၃ ခုမှာတော့ အလယ်က FAME ကဈေးနုန်း (လက်ရှိအခြေအနေအရ) နဲ့အခန်းအနေအထားသင့်တယ်လို့ကျနော်မြင်ပါတယ်။



2012/5/5့  <tom.b...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.




--
Nyi Nyi

Ko Nyi Nyi

unread,
May 5, 2012, 7:36:43 AM5/5/12
to travel...@googlegroups.com
စကားအလျဉ်းသင်.တုန်း ဟိုတယ် ကြယ်ပွင်.အဆင်.သတ်မှတ် ပုံကိုမရှင်းလို.မေးပါရစေ ။

Inle Resort Hotel ကို ကြယ်လေးပွင်. သတ်မှတ်ပြီး

သရပါ ဟိုတယ် ကို ကြယ်သုံး ပွင်.သတ်မှတ်တာတော. မျက်စေ.လည်မိပါတယ် ။

facility ခြင်း၊ amenities ခြင်း၊ service ခြင်း မတိမ်းမယိမ်းပါပဲ
တချို.နေရာတွေမှာ Tharaba ဟိုတယ်ကတောင်သာပါတယ် ။

ကိုညီ(သရ၀ဏ်)

Nyi Nyi ®

unread,
May 6, 2012, 3:14:16 AM5/6/12
to travel...@googlegroups.com
Inle Resort က နေရာကျယ်တယ်။ ဒါပေမယ့် ရေကူးကန်မပါဘူး။ သရာပါ ဟိုတယ်က တော့ နေရာကျဉ်းတယ် ဒါပေမယ့်ရေကူးကန်ပါတယ်။ ကျနော်လည်းမျက်စေ့လည်တယ်ကိုညီ။


2012/5/5 Ko Nyi Nyi <nyi...@gmail.com>



--
Nyi Nyi

khin thidar

unread,
May 6, 2012, 10:37:05 AM5/6/12
to travel...@googlegroups.com
မျက်စေ့လည်သူတွေ အတော်များနေပါတယ် ရန်ကုန်က ကြယ် ၅ ပွင့် ဟိုတယ်တခုကိုလဲ
ဘာကြောင့် ကြယ်၅ပွင့်ပေးလိုက်မှန်းမသိပါ မြို့လည်နားမှာရှိရင်
အခန်းကျဉ်း ၀န်ဆောင်မှုသိပ်မကောင်းသေါ်လည်း ကြယ် ၅ ပွင့် ပေးတာဘဲလား
မျက်စေ့ရော နားရော မလည်တော့ပါ

tar tar

unread,
May 6, 2012, 11:02:47 AM5/6/12
to travel...@googlegroups.com
which hotel u mean ??

2012/5/6 khin thidar <gorose....@gmail.com>



--
Thida

Tun Tun Naing

unread,
May 6, 2012, 11:33:49 PM5/6/12
to travel...@googlegroups.com
Dear All & Tar Tar,,,,,

its must be Park Royal...

Sooo Funny ***** stars hotels haha


2012/5/6 tar tar <thida...@gmail.com>

chawchaw mirror

unread,
May 7, 2012, 1:58:30 AM5/7/12
to travel...@googlegroups.com
နိုင်ငံတကာ စံချိန်မှီ စံနှုန်း အတိုင်း ဟိုတယ် တွေကို Star ခွဲခြားသလို
အဲ့ဒီ့ ဟိုတယ်တွေ မှာ လုပ်နေတဲ့ ဟိုတယ် ၀န်ထမ်းတွေကိုလည်း နိုင်ငံတကာ
စံချိန်မှီ လစာ ပေးမှသာ
တရား မျှတရာ ရောက် မှာပါ။
အိမ်နီးခြင်း နိုင်ငံ တွေထက် သာတဲ့ ဟိုတယ် အခန်းခ ဈေးနှုန်း မြှင့်ထားတဲ့
မြန်မာနိုင်ငံက ဟိုတယ် တွေ မှာ ဟိုတယ် ၀န်ထမ်းတွေကို လည်း စံချိန်မှီ လစာ
ပေးရ မှာသာဖြစ်ပါတယ်။
ဒါ မှလဲ သူတို့ဘက်က ၀န်ဆောင်မှု ပိုကောင်းအောင် ပေးချင်စိတ် ရှိမှာပါ။

ဒီ နှစ် ခရီး သွား ရာသီ မှာ ပြဿနာ အများဆုံးက တော့
Sedona Hotel ဖြစ်ပါတယ်။

ဝန်ဆောင်မှု ZERO နီးပါးကပ်နေပါတယ်။
ဝန်ထမ်းတွေလဲ ပင်ပန်းလွန်းလို့ ဘာဆို ဘာမှ ကို စကားပြန်ပြောချင်ပုံကို မရပါ။
လစာ ကောင်းကောင်းပေးလိုက်ရင် တော့ စိတ်ပါဝင်စားပိုဖြစ်လာနိုင်ပါမယ်။

Ko Nyi Nyi

unread,
May 8, 2012, 1:18:50 AM5/8/12
to travel...@googlegroups.com
ှုInle Resort ဟိုတယ် မှ မနေ.ကပဲ ပြန်လာခဲ.ပါသည် ။
အင်တာနက်သုံးရန် ကွန်ပျူတာတစ်လုံး လော်ဘီ တွင် ချထားပေးသော်လည်း
လိုင်းလုံးဝမတက်ပါ ၊ တစ်ရက်မဟုတ်ပါ ၊သုံးရက်လုံးလုံးဖြစ်ပါသည်။။ ထိုသို.
အင်တာနက်လိုင်းအောက်နေသည်ကိုလည်း ဧည်.သည်အား တောင်းပန်ရမှန်း၊
အားနာရမှန်းမသိကြပါ ။ က်ျဟိုတယ် ကိုဘာ.ကြောင်. 4 star ပေးသလဲ MTT ၏
မှတ်ချက်ကိုသိခွင်.ရှိကသိလိုပါသည် ခင်ဗျား။

စတားများကြားတွင် .....တအားကားသွားသူ
( ကိုညီ)

2012/5/7 chawchaw mirror <chawcha...@gmail.com>:

chawchaw mirror

unread,
May 8, 2012, 1:49:51 AM5/8/12
to travel...@googlegroups.com
ပုဂံမြို့။ကောင်းကင်နန်းတော် ဟိုတယ် ( sky place Hotel ) သည်
မြန်မာလူမျိုး များသာ တည်းခိုကြပြီး တစ်ခန်း ၂သောင်းကျပ်ခန့်သာ ရှိပါသည်။
တီဗီ လိုင်းပေါင်းစုံ ရသလို wifi - internet လိုင်းများ အခန်း တိုင်း တွင်
ကြည်လင်ပြတ်သားစွာ( skype / VZO / G-talk / Y -talk / Pfingo _)
အားလုံး အသုံးပြု၍ ရပါသည်။

Inle Resort သည် 4 star ဟိုတယ်ဖြစ်သော်ငြားလည်း
ဟိုတယ် Lobby တွင် ကွန်ပြူတာ အစုတ် တစ်လုံးသာရှိပြီး
အခေါက်တိုင်းရောက်တိုင်း မည်သည့် အခါ မှ အင်တာနက် လိုင်း မကောင်းပါ။
မရပါ။

Ko Nyi Nyi

unread,
May 8, 2012, 1:59:52 AM5/8/12
to travel...@googlegroups.com
တန်ခိုးထွားသမို.
ဖိုးစတားရသော်လည်း
(ဧည်.သည် )အကျိုးများရအောင်ဖြင်.
ယောင်တောင်ပေါင်တောင်

အင်တာမှာမနက်နိုင်ဘု
ထိုင်ချက်တာ .. ဖင်တွေပူသော်လဲ
ရင်တွေ ..ဆူပွက်ကာထွက်ကရော
လိုင်းကတော.ပျက်ဆဲပါ ။


2012/5/8 chawchaw mirror <chawcha...@gmail.com>:

chawchaw mirror

unread,
May 8, 2012, 2:14:46 AM5/8/12
to travel...@googlegroups.com
sky palace Hotel
ပါ။ စာလုံးပေါင်း အမှားပြင်ဆင်ပါသည်။

Tun Tun Naing

unread,
May 8, 2012, 2:20:23 AM5/8/12
to travel...@googlegroups.com
yes i do agree for Sky Place Hotel service good, internet good, reasonable price, room are clean & even food is also good( they provide nice B'fast)

2012/5/8 chawchaw mirror <chawcha...@gmail.com>
Reply all
Reply to author
Forward
0 new messages