အမေရိကန် ကမ္ဘာလှည့် အပျော်စီးသဘောင်္ ကုမ္ပဏီများ လာမည်

27 views
Skip to first unread message

Nyi Nyi ®

unread,
Dec 5, 2012, 1:39:31 PM12/5/12
to travel...@googlegroups.com
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများ ရုပ်သိမ်းပြီး နောက်ပိုင်းတွင် အမေရိကန် အခြေစိုက် ကမ္ဘာလှည့် အပျော်စီးသင်္ဘော ကုမ္ပဏီများနှင့် ပြန်လည်ချိတ်ဆက်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ ဒီဇင်ဘာအတွင်း ယခုပွင့်လင်းရာသီ၏ ပထမဆုံး ကမ္ဘာလှည့်သင်္ဘောအဖြစ် အမေရိကန် အခြေစိုက် သဘောင်္တစ်စင်း ဝင်ရောက်မည်ဖြစ်ပြီး လာမည့်နှစ်အတွင်း၌လည်း အမေရိကန် အပျော်စီး ကမ္ဘာလှည့် သင်္ဘော ခြောက်စင်း ဝင်ရောက်မည်ဖြစ်ကြောင်း Myanmar Voyages Tourism Int’l ကုမ္ပဏီမှ သိရသည်။ “အရင်က အမေရိကန် အပျော်စီးသဘောင်္ ဝင်ရောက်မှု များပြားခဲ့ပေမယ့် မြန်မာနိုင်ငံကို ပိတ်ဆို့အရေးယူမှု ပြုခဲ့တဲ့နောက်ပိုင်းမှာ သိသာစွာ လျော့နည်းသွားတယ်။ ၂၀၁၂ ခုနှစ် နောက်ပိုင်းကျမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှု ရုပ်သိမ်းခဲ့တဲ့အတွက် နောက်ပိုင်းရလဒ်ကောင်းများ ဖြစ်ပါတယ်” ဟု အဆိုပါ ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ ဦးသက်လွင်တိုးက ပြောသည်။ ဒီဇင်ဘာအတွင်း အဆိုပါကုမ္ပဏီ၏ စီစဉ်မှုဖြင့် ရန်ကုန်ဆိပ်ကမ်းသို့ ကမ္ဘာလှည့် ခရီးသည်တင် အပျော်စီးသင်္ဘော နှစ်စင်း လာရောက်ရန် ရှိကာ ယင်းတို့တွင် ခရီးသည် ၆၀၀ တင်ဆောင်လာသော အမေရိကန် ပြည်ထောင်စု အခြေစိုက် RCCL သင်္ဘောလိုင်စင်ရ Azamara Club Crurise MV Azamara Journey သင်္ဘောဝင်ရောက်မည်ဖြစ်ပြီး ရန်ကုန်ဆိပ်ကမ်းတွင် သုံးညအိပ် နှစ်ရက် ဆိုက်ကပ်ပြီး ရန်ကုန်၊ ပဲခူး၊ ပုဂံခရီးစဉ်များ သွားရောက်ရန် ရှိကြောင်း၊ ယင်းအပြင် ခရီးသည် ၃၀၀ တင်ဆောင်လာသည့် အင်္ဂလန်နိုင်ငံ Swam Aelleniz ကုမ္ပဏီမှ MZ.Meneva သင်္ဘော လာရောက်မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက “ကမ္ဘာလှည့်သင်္ဘောတွေ များများဝင်ရောက်တော့ မြန်မာနိုင်ငံ Tourism ကဏ္ဍအတွက် အကျိုးရှိတယ်။ ကျွန်တော်တို့ဘက်ကတော့ တင်ပြလာသမျှကို သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီး ခွင့်ပြုပေးနေပါတယ်” ဟု ပြောသည်။ ကမ္ဘာလှည့်ခရီးသည်များ အပျော်စီးသင်္ဘောနှင့် လာရောက်မှု အဆင်ပြေစေရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်တို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးကျော်ထွန်းက “ကမ္ဘာလှည့်သင်္ဘော တစ်စင်း ဝင်လာပြီဆိုရင် အဲဒီဧည့်သည်တွေက ဟိုတယ်တွေမှာ တည်းခိုခြင်းမရှိပေမယ့် သူတို့သုံးစွဲတဲ့ ငွေတွေက ခရီးသွားလုပ်ငန်းနဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေမှာ ဖြန့်ကြက်ပြီး အကျိုးကျေးဇူး ရှိစေပါတယ်။ ဒါဟာ Tourism ပါပဲ။ တိုရစ်ဇင်လုပ်ငန်းက နိုင်ငံတော်ဘဏ္ဍာအတွက် တိုက်ရိုက် အကျိုးမဖြစ်နိုင်ပေမယ့် ပြည်သူတွေကို တစ်ဖက်တစ်လမ်းက ဝင်ငွေတိုးစေတဲ့ လုပ်ငန်းကြီးတစ်ခုပါ” ဟု ပြောသည်။ ယမန်နှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်သင်္ဘော ရှစ်စင်း ဝင်ရောက်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

Thaung Htut

unread,
Dec 5, 2012, 10:01:46 PM12/5/12
to travel...@googlegroups.com
သတင်းရေးသားတဲ့လူအနေနဲ့ သင်္ဘောလိုင်းနာမည်နဲ့ သင်္ဘောနာမည် စသည့် အချက်အလက်များကို မမှားအောင်ရေးသားစေလိုပါသည်။ သိပ်မခက်ပါ google လေး တစ်ချက်လောက်ခေါက်ရုံပါပဲ။

http://www.swanhellenic.com/ship.html?shipid=909&pagetype=5

TH

2012/12/6 Nyi Nyi ® <nyi...@gmail.com>
Reply all
Reply to author
Forward
0 new messages