ပခုက္ကူ လေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် မြှင့်တင်မည်

20 views
Skip to first unread message

Frankie Nyi Nyi

unread,
Sep 24, 2012, 11:39:49 PM9/24/12
to travelmyanmar
 
 

Sent to you by Frankie Nyi Nyi via Google Reader:

 
 

via သတင်း by joseph...@gmail.com (ကြည်ပြာ) on 9/18/12

နိုင်ငံခြားသား အများဆုံး ဝင်ရောက်သည့် လေဆိပ်တခု ဖြစ်သည့် ပုဂံညောင်ဦး လေဆိပ်အား နိုင်ငံတကာ အဆင့်မီ တိုးချဲ့ခြင်းထက် ပခုက္ကူလေဆိပ်အား ...

ရန်ကုန် (မဇ္ဈိမ)။   ။ နိုင်ငံခြားသား အများဆုံး ဝင်ရောက်သည့် လေဆိပ်တခု ဖြစ်သည့် ပုဂံညောင်ဦး လေဆိပ်အား
နိုင်ငံတကာ အဆင့်မီ တိုးချဲ့ခြင်းထက် ပခုက္ကူလေဆိပ်အား အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် တည်ဆောက်ရန် ရည်ရွယ်ထားသည် ဟု  လေကြောင်း ညွှန်ကြားမှု ဦးစီးဌာန က ဆိုသည်။

တုန်ခါမှုတွေကြောင့် ပုဂံက ရှေးဟောင်း အဆောက်အအုံတွေ၊ စေတီပုထိုးတွေ ထိခိုက်ပျက်စီးနိုင်တာကြောင့် ပခုက္ကူလေဆိပ်ကို နိုင်ငံတကာ လေဆိပ် အဖြစ် တည်ဆောက်နိုင်ဖို့ လျာထားခြင်းဖြစ်တယ်။
“လေယာဉ်ကြီးတွေ အတက်အဆင်းကြောင့် တုန်ခါမှုတွေ ဖြစ်ပေါ်ပြီး ပုဂံညောင်ဦးက ရှေးဟောင်း အဆောက်အအုံတွေ၊ စေတီပုထိုးတွေ ထိခိုက်ပျက်စီးနိုင်တယ်။ ဒါကြောင့် ပခုက္ကူလေဆိပ်ကို နိုင်ငံတကာ
လေဆိပ်အဖြစ် တည်ဆောက်နိုင်ဖို့ လျာထားခြင်းဖြစ်တယ်” ဟု ဦးဆောင် ညွှန်ကြားရေးမှူး ဦးတင်ထွန်းဦး က ပြောသည်။

စက်တင်ဘာလ ဒုတိယပတ်က နေပြည်တော်တွင် ကျင်းပခဲ့သည့် လေကြောင်း ပို့ဆောင်ရေးကဏ္ဍ  ဖွံဖြိုးတိုးတက်ရေး
အတွက် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများ  အလုပ်ရုံဆွေးနွေးပွဲတွင် ၎င်းက ထိုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။

“ပခုက္ကူကနေ ညောင်ဦးကို ကားနဲ့ လာမယ်ဆိုရင် ၄၅ မိနစ်လောက်ပဲ ကြာမယ်။ လောလောဆယ်တော့ စီးမယ့် ခရီးသည် နည်းတဲ့အတွက် ပခုက္ကူလေဆိပ်က အခုချိန်မှာ လေယာဉ် ဆိုက်ရောက်မှုကို ရပ်နားထားတယ်” ဟု ၎င်းက ဆိုသည်။

သို့သော် အဆိုပါ ပခုက္ကူလေဆိပ် အဆင့်မြှင့်ရေး စီမံကိန်းအား မည်သည့် အချိန်တွင် စတင် အကောင်ထည်ဖော်မည်
ကိုမူ ထုတ်ဖော်ပြောကြား ခြင်းမရှိပေ။

လက်ရှိ မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် သတ်မှတ်ထားသည့် လေယာဉ်ကွင်းများ ဖြစ်သည့် ရန်ကုန်၊ မန္တလေး နှင့် ညောင်ဦး၊ ဟဲဟိုး၊ သံတွဲ လေဆိပ်များမှာ ခရီးသည် အများဆုံး ဝင်ရောက်လျက် ရှိသည်။

မြန်မာနိုင်ငံတွင် လေယာဉ်ကွင်းပေါင်း ၆၉ ကွင်း ရှိသည့်အနက် ၃၂ ကွင်းတွင် ခရီးသည်တင် လေယာဉ်များ ဆင်းသက်ပျံသန်းလျက်ရှိသည်။

 
 

Things you can do from here:

 
 
Reply all
Reply to author
Forward
0 new messages