အင်းလေးကန်ထိန်းသိမ်းရေး ဆောင်ရွက်

28 views
Skip to first unread message

Myo

unread,
Jul 5, 2011, 4:01:25 AM7/5/11
to travelmyanmar, myanmartourguidessociety
အင်းလေးကန်ထိန်းသိမ်းရေး ဆောင်ရွက်
ယုယုမော်
အတွဲ ၂၇ ၊ အမှတ် ၅၂၄ ( ၁ - ၇ ၊ ၇ ၊ ၂၀၁၁)

ရှမ်းပြည်နယ် ညောင်ရွှေမြို့ ဟော်နန်း တွင် အင်းလေးကန် သဘာဝပတ်ဝန်း
ကျင်ထိန်းသိမ်းရေးပြခန်းကို ဇွန်လ ၁၃ ရက်နေ့မှ ၂၁ ရက်နေ့အတွင်း ဖွင့်လှစ်
ပြသခဲ့သည်။ အဆိုပါပြပွဲတွင် သစ်တောဦးစီးဌာန၊ စည်ပင်ဌာန၊
စိုက်ပျိုးမွေးမြူရေးဌာန အပြင် ဇွန်လဆန်း ပိုင်းတွင် ဖွဲ့စည်းခဲ့ သော
Save The Nature သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အပါ
အ၀င်ပြခန်းပေါင်း ခြောက်ခန်းပြသ ထားသည်။

"ဒီပြခန်းက ပထမဆုံးအကြိမ်လုပ်တာပါ။ ပြည်သူလူထုတွေ
တော်တော်များများစိတ်ဝင်တစားလာရောက် ကြည့်ရှုကြပါတယ်။ ပြခန်း တွေ အကုန်
လုံးကတော့ သဘာဝပတ်ဝန်းကျင်ကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာကို
အခြေခံထားပြီး တင်ပြထားတာတွေပါ ပဲ။ သစ်ပင်တွေ စိုက်ပျိုးဖို့၊ ရှိပြီးသား
သစ်ပင်တွေကို ထိန်းသိမ်းတတ်ဖို့၊ အမှိုက်သရိုက်ကင်းရှင်းဖို့၊ ကျေးငှက်
တိရစ္ဆာန်တွေအကြောင်း စတာတွေကို သရုပ်ပြရှင်းလင်းထားတာပါ"ဟု Save The
Nature အဖွဲ့မှ ဦးမြင့်ဆွေက ပြောသည်။

ဇွန်လ ၁ ရက်နေ့တွင် ညောင်ရွှေမြို့ရှိ ဧည့်လမ်းညွှန်များ ဦးဆောင်သည့် Save
The Nature သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေး အဖွဲ့ကို စတင် ဖွဲ့စည်း၍
အင်းလေးကန်နှင့် ညောင်ရွှေ မြို့တွင်းနေရာများတွင် အမှိုက်ကောက် ခြင်း၊
ပြည်သူလူထုအား ပညာပေး စည်း ရုံးမှုများပြုလုပ်ခြင်း၊ ရေပေါ်ရွာများ စနစ်တကျ
အမှိုက်စွန့်ပစ်တတ်စေရန် ပညာပေးခြင်းစသည်တို့ကို ပြုလုပ် လျက်ရှိသည်။

"အင်းလေးကန်ထဲက ငါးဖယ် ကျောင်းတို့၊ အင်းတိမ်ဒေသနဲ့ ဈေး ၀န်းကျင်နောက်
စက်လှေဆိပ်၊ ဘုတ်ဆိပ် တွေမှာ အမှိုက်တွေ တော်တော်များများ တွေ့ရပါတယ်။
အရင် ၁၀ နှစ်က အင်းလေးကန်အခြေအနေနဲ့ အခုနဲ့ ယှဉ်ကြည့်ရင်
စွန့်ပစ်အမှိုက်သရိုက်တွေ တအားများလာတာကို တွေ့ရမှာပါ။ ဒီလို သာ
အမှိုက်တွေကို စည်းကမ်းမဲ့ စွန့်ပစ် နေဦးမယ်ဆိုရင် အင်းလေးကန်အတွက် ရင်လေး
စရာပါပဲ။ ဒါကြောင့် အချိန်မီ ပြန်လည်ကယ်ဆယ်ဖို့ ဒီရပ်ရွာ ပြည်သူ လူထုက
အဓိကတာဝန်ရှိပါတယ်။ စား သောက်ဆိုင်တွေဆိုရင် လည်း အမှိုက်ကို ဘယ်နေရာမှာ
စနစ်တကျ စွန့်ပစ်သင့်သလဲစတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာတွေရှိဖို့
လိုအပ်ပါတယ်" ဟု Save The Nature အဖွဲ့မှ ဦးမြင့်ဆွေ က ပြောသည်။

မြို့နယ်အေးချမ်းသာယာရေးနှင့် ဒေသဆိုင်ရာတို့ ပူးပေါင်းဆောင်ရွက်မှု
နှင့်တကွ သစ်တောဦးစီးဌာနမှ ကျွန်းနှင့် ၀က်သစ်ချပင် ၄၀၀ ကို ဇွန်လအတွင်း
အင်းတိမ်ဒေသတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

"အခုဆိုရင် အင်းလေးကန်ပတ်ဝန်း ကျင်ထိန်းသိမ်း ဖို့အတွက် တစ်တပ် တစ်အား
လုပ်လာကြပါပြီ။ ဒါပေမယ့် ဒီလုပ်ဆောင်ချက်တွေ ရုပ်လုံးပေါ်လာဖို့
အချိန်တစ်ခုပေးဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ပြခန်းကို စိတ်ဝင်တစားနဲ့
လာကြည့်တဲ့သူတွေ တစ်နေ့တခြား များ လာတာကို တွေ့ရပါတယ်။ ကျွန်တော်တို့
ဘက်ကလည်း ဒီအဖွဲ့နဲ့အတူ ပေါင်းပြီး အခြေခံလိုအပ်ချက်တွေ ရှိနေတဲ့
ကျောင်းတွေ မြို့ တွေကို ပံ့ပိုးနိုင်အောင် စီစဉ်ထားပါတယ်"ဟု
TreasureResort မှ အထွေထွေမန်နေဂျာ ဦးဝင်းဦးတန်က ပြောသည်။

ထိုပြခန်းသို့ နေ့စဉ် လာရောက်ကြည့်ရှုသူမှာ ၁,၅၀၀ မှ ၂,၀၀၀ ကြားရှိသည်ဟု
သိရသည်။ "ညောင်ရွှေမှာ တစ်နှစ်တစ်ခါ လုပ်နေကျ ဖြစ်တဲ့ စာပြန်ပွဲနဲ့
တစ်ချိန်တည်း ပြခန်းကို ပြထားပါတယ်။ အဲဒါမှလည်း စာပြန်ပွဲလာတဲ့ပြည်သူတွေ
တစ်ချိန် တည်း ပြခန်းကိုလည်း ဝင်ရောက်လေ့ လာလို့ရသွားအောင်ပါ"ဟု
ဦးမြင့်ဆွေ က ပြောသည်။

Source : Myanmar Times Journal
(http://www.myanmar.mmtimes.com/2011/upper/524/upper09.html)

B.Regds,
myomyanmarguide

Thomas Latt

unread,
Aug 1, 2011, 4:19:41 AM8/1/11
to travel...@googlegroups.com

သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး နော်ဝေအစိုးရ ဒေါ်လာ ၂ သန်းလှူ

2011-07-31

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စလို့ သိသာသာသာ တိမ်ကောလာပြီဖြစ်တဲ့ ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အတွင်းရှိ နာမည်ကျော် အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေအတွက် နော်ဝေအစိုးရက အမေရိကန် ဒေါ်လာ ၂ သန်း ထောက်ပံ့ကူညီမယ်လို့ သိရပါတယ်။

များမကြာခင်က လာရောက်လည်ပတ်ခဲ့တဲ့ ဘန်ကောက်မြို့အခြေစိုက် မြန်မာနိုင်ငံဆိုင်ရာ နော်ဝေးနိုင်ငံ သံအမတ်ကြီးရဲ့ ခရီးစဉ်အတွင်း ကတိပြု ပြောဆိုခဲ့တာဖြစ်ကြောင်း၊ ဒီကူညီငွေကို အစိုးရ သစ်တောရေးရာ ဝန်ကြီးဌာနကို ပေးအပ်မှာဖြစ်ကြောင်း ဖရီဒါ (FREDA) ခေါ် မြန်မာသစ်တော သယံဇာတ သဘာဝ ပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ထိန်းသိမ်းရေးအသင်း အကြီးအကဲ ဦးအုန်းက ပြောပါတယ်။

“နော်ဝေးသံအမတ်ကြီး တလောက ဗမာပြည်ကို လာပြီး အင်းလေးကန်ကို သွားတယ်။ သူက အင်းလေးကြည့်ပြီး စိတ်မကောင်းဖြစ်ပြီးတော့ အင်းလေးအတွက် ဒေါ်လာ ၂ သန်းလှူဖို့ ဆုံးဖြတ်တယ်။ UNDP ကို အကြောင်းကြားတယ်။ UNDP က ကျနော်တို့အသင်း ဖရီဒါက ဦးဆောင်လုပ်ရင် သဘောတူမတူ သစ်တောဝန်ကြီးဌာနကို မေးတယ်။ သစ်တောဝန်ကြီးဌာနက သူတို့ ဦးဆောင်လုပ်မယ်လို့ အကြောင်းပြန်ပါတယ်။ ကျနော်တို့ကတော့ အင်းလေးကန် သဘာဝ ဝန်းကျင် ကောင်းလာအောင် လုပ်နိုင်ရင် ဝမ်းသာပါတယ်”

ဒီအတောအတွင်း ဖရီဒါအဖွဲ့ကို ရန်ကုန်မြို့မှာ ခေတ်မီကုန်တိုက်တွေ ဖွင့်လှစ်လုပ်ကိုင်နေတဲ့ City Mart ကုမ္ပဏီ တာဝန်ရှိသူတွေ လာရောက်တွေ့ဆုံပြီး မြန်မာနိုင်ငံက သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းတွေ အတွက် ခြောက်လတခါ ကျပ် သိန်းတရာ၊ တနှစ်ကို သိန်း ၂ ရာ ထည့်ဝင်လှူဒါန်းသွားဖို့ ကတိပြုခဲ့တယ်လို့ ဦးအုန်းက ပြောပါတယ်။

ဖရီဒါ အဖွဲ့ကို ၁၉၉၆ ခုနှစ်မှာ တရားဝင် ထူထောင်ပြီး မြန်မာနိုင်ငံတဝှမ်းက သစ်တောထိန်းသိမ်းရေး၊ ဒီရေရောက် သစ်ပင်စိုက်ပျိုးရေး လုပ်ငန်းတွေ အပါအဝင် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။

Copyright Š 1998-2011 Radio Free Asia. All rights reserved.




--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit this group at http://groups.google.com/group/travelmyanmar?hl=en.


Reply all
Reply to author
Forward
0 new messages