ယခုနှစ် အင်းလေးကန် ဒေသတွင်း ရေခန်းခြောက်လာသည့်ဖြစ်ရပ် ဘယ်လိုတွက်ရမလဲ?Research of “ Inle lake ,့ how

22 views
Skip to first unread message

Tomme Aung

unread,
May 8, 2013, 7:22:00 AM5/8/13
to travel...@googlegroups.com

 Research of “ Inle lake , how it does  hurt itself “

ယခုနှစ် အင်းလေးကန် ဒေသတွင်း ရေခန်းခြောက်လာသည့်ဖြစ်ရပ် ဘယ်လိုတွက်ရမလဲ?

ရေ ခမ်းခြောက်မှု ကြုံတွေ့နေရသော အင်းလေးကန်၏ ရေမျက်နှာပြင် ပြန်လည် မြင့်တတ်လာရန်အတွက် ကန်အတွင်း၌ ရေတားဘောင်များကို ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ဒေသခံများက တည်ဆောက်နေကြကြောင်း သိရသည်။

လက်ရှိတွင် အင်းလေးကန် တောင်ဘက်ရှိ အင်းယား၊ မိန်းပျို၊ ဆီဆုံနှင့်ပုံးမူ ကျေးရွာအုပ်စု၌ ရေတားဘောင် ၄ ခု တည်ဆောက်ပြီး ဖြစ်ကြောင်းနှင့် ယင်းအကျိုးဆက်ကြောင့် ရေမျက်နှာပြင် တပေခန့် မြင့်တတ်လာခဲ့ပြီး စက်လှေများ သွားလာရေး အဆင်ပြေလာခဲ့ရကြောင်း အင်းတိုင်းရင်းသား ရေးရာ ၀န်ကြီး ဦးဝင်းမြင့်က ဧရာဝတီသို့ ပြောသည်။

အင်းလေးကန်မှ ရေများအား မိုးဗြဲမြို့တွင် ရေကာတာဖြင့် ထိန်းချုပ်ထားခြင်း ဖြစ်ပြီး ဘီလူးချောင်းမှ တဆင့် ကယားပြည်နယ် အတွင်းသို့ စီးဝင် သွားခြင်းဖြစ်သည်။

“၂၀၁၀တုန်းက အင်းလေးကန်မှာ အဆိုးရွာဆုံးရေခမ်းခဲ့တုန်းက ရေက အနုတ် ၁ ဒဿမ ၆၊ အခုက အနုတ် ၁ ဒဿမ ၄ အထိ ပြန်ဖြစ်နေပြီ” ဟု ၀န်ကြီး ဦးဝင်းမြင့်က ဆိုသည်။

နိုင်ငံခြားသားများ သွားရောက် လည်ပတ်မှုများသော အင်းလေးဖောင်တော်ဦး ဘုရား၊ အလိုတော်ပေါက် ဘုရားနှင့် ဟဲယာရွာမတို့တွင် ရေလမ်းကြောင်းများ ပေါ်ထွန်းစေရေးအတွက် စက်ယန္တရားများဖြင့် ညောင်ရွှေမြို့နယ် ဆည်မြောင်း ၀န်ကြီးဌာနက တူးဖော်ပေးနေကြောင်း သိရသည်။

ပြီးခဲ့သော နှစ်က ကန်တွင်း၌ မိုးနည်းခဲ့ခြင်းကြောင့် ရေရရှိမှု လျော့နည်းခဲ့ပြီး ယခုနှစ်တွင်လည်း နေပူပြင်းမှု လွန်ကဲ ခြင်းကြောင့် ရေများအငွေ့ပျံနှုန်း များခဲ့ကြောင်း၊ ကန်အတွင်း ရေစီးဝင်သော ချောင်း ၄ ခုတွင် အဓိက ဖြစ်သော နန်းလှိုင်ချောင်း ရေကိုသာ ဒေသခံများ၏ နွေစပါး စိုက်ခင်းများအတွက် ခွဲဝေ သုံးစွဲခဲ့ခြင်းကြောင့် ရေခမ်းခြောက်မှု ဆိုးရွား ခဲ့ရခြင်း ဖြစ်ကြောင်း အင်းဝန်ကြီးက ပြောသည်။

“ပြည်နယ်အစိုးရ အဖွဲ့အစီအစဉ်နဲ့ ဆည်မြောင်းက ဆေးမြီးတိုနဲ့ ရေခမ်းလာတာကို အမြန်ကု နေရတာပါ၊ ဒေသခံတွေ အနေနဲ့ ပူးပေါင်းပါဝင်မှသာ ကန်ကြီးက အရင်အခြေအနေကို ပြန်ရောက်မှာပါ” ဟု အင်းလေးဒေသ အထူးဖွံ့ဖြိုးရေးအဖွဲ့ ခေါင်းဆောင် ကိုရေအေးက ဆိုသည်။

ယင်းအဖွဲ့သည် ကန်အတွင်းရှိ ကျေးရွာများတွင် ကန်ထဲသို့ အမှိုက်မပစ်ချရေး ပညာပေး သင်တန်းများနှင့် အင်းလေးကန် ဒေသ မီးလင်းရေးအတွက် လုပ်ဆောင်နေသော အဖွဲ့ဖြစ်သည်။

ကမ္ဘာ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) အနေဖြင့် ၁၉၉၆ ခုနှစ်ကတည်းက အင်းလေကန်အတွင်း နုန်းမြေ ပို့ချမှုကို ထိန်းချုပ်နိုင်ရန် ရေစစ်ကန်များ၊ နုန်းတား တမံများ တည်ဆောက် ထားခဲ့သော်လည်း အကျိုးသက်ရောက်မှု နည်းကြောင်း၊ NGO များ အပါဝင် အဖွဲ့အစည်းများ အနေဖြင့် ဒေသခံများအား စိုက်ပျိုးရေး လုပ်ငန်းများတွင် ပိုးသတ်ဆေးသုံးစွဲမှု အကျိုးဆက် များနှင့် တခြား ပညာပေး သင်တန်းများ မကြာခဏ ပေးသော်လည်း ခိုင်မာသော Master Plan မရှိကြောင်းနှင့် ဒေသခံများ ပါဝင်ရေးစွဲရသော အစီအစဉ်များလည်း ချထားပေးသင့်ကြောင်း ကိုရေအေးက ဆိုသည်။

“ကန်ထဲမှာ ရေက မရှိသလောက် ဖြစ်နေတော့ စက်လှေတွေ မကြာခဏ တင်နေတယ်” ဟု အင်းလေးဒေသခံ လယ်ရှည် ရွာသား ကိုနန္ဒအောင်က ပြောသည်။

အင်းလေးကန် ထိန်းသိမ်းရေးအတွက် နော်ဝေအစိုးရက မြန်မာအစိုးရအား အမေရိကန်ဒေါ်လာ ၂ သန်း ထောက်ပံ့ ပေးထားပြီး ယင်းငွေများကို UNDP မှ ကိုင်တွယ်စီမံ ခန့်ခွဲနေကြောင်း၊ ပရောဂျက် များဖြင့် သွားနေခြင်းကြောင့် ယခုကဲ့သို့ အင်းလေးကန် ရေခမ်းခြောက်မှု အရေးပေါ် အခြေအနေတွင် UNDP အနေဖြင့် ၀င်ရောက်ကူညီနိုင်ခြင်း မရှိကြောင်းနှင့် တခြားမည်သည့် အဖွဲ့အစည်းများကမှ ကူညီခြင်း မရှိသေးကြောင်း အင်းတိုင်းရင်းသား ရေးရာဝန်ကြီး ဦးဝင်းမြင့်က ရှင်းပြသည်။

ယခုနှစ်တွင် အင်းလေကန်သို့ အဓိက စီးဝင်သော နန်းလှိုင်ချောင်းရေအား ညောင်ရွှေမြို့နယ် ရွာသာရွာ ကျေးရွာအုပ်စုနှင့် သီးလော ကျေးရွာအုပ်စုမှ ဧက ၂၅၀၀၊ တောင်ကြီးမြို့နယ်မှ ဧက ၅၀၀၊ နန်းသဲနှင့် တခြားရွာများမှ ဧက ၃၅၀   နွေစပါး စိုက်ခင်းများအတွက် ခွဲဝေသုံးစွဲခဲ့ကြကြောင်း၊ တချို့ရွာများတွင် ရေသွင်းစိုက်ပျိုးရန် အဆင်မပြေသဖြင့် စပါးအစား မြေပဲနှင့် တခြား သီးနှံများ ပြောင်းလဲ စိုက်ပျိုးကြကြောင်း သိရသည်။

 အထက်ပါအကြောင်းအရာ ကိစ နှင်.ပက်သက်ပြီး စာရေးသူ Research လုပ်ထားမိသလောက် အများသူငှာသိစေရန် မျှဝေ တင်ပြပေးပါမည်။

ပထမဦးစွာ

၁။ အင်းလေးကန်ဝန်းကျင် ဖြစ်တည်မှု နှင်.ရေတွင်ပါဝင်သော ကွန်ပေါင်းများ

(Nature of the lake and its organic compounds)

၂။ကျေးငှက်ပေါက်ဖွားကျက်စားခြင်း၊ သဘာဝပင်ပျိုနှင်.ပန်များအလေ.ကျပေါက်ရောက်လာပုံ နှင် ဒေသခံလူမျိုးတို.နေထိုင်လာကြပုံ

(Diversity, Birds ,fona, plants and people)

၃။ ရေကန်၏သဘာဝမြေသားဖွဲ.စည်းပုံအနေအထား

 (Kind of sand and its nature)

၎။ရေဝေရေလဲစနှစ်နှင်. ရေကန်အားထောက်ပံ့ပေးသောအရင်းအမြစ်များအကြောင်း

(Water Resources around the lake)

၅။ဆိုးကျိုးဖြစ်ပေါ်လာပုံ

Cause and effect (population, life style, agrico-life, and global warm)

၆။ အသိပညာပြန်.ပွားရေးနှင်. ၀ိုင်းဝန်းထိမ်းသိမ်းရေး

( Education and preservation )

 

 

--------------------------------------------------------------------------------------------

၁။ အင်းလေးကန်ဝန်းကျင် ဖြစ်တည်မှု နှင်.ရေတွင်ပါဝင်သော ကွန်ပေါင်းများ

(Nature of the lake and its organic compounds)

 အင်းလေးကန်အကြောင်းလူတော်တော်များများသိရှိထားကြပြီးဖြစ်သလို ပင်လယ်ရေမျက်နှာပြင်အထက် ၂၉၀၀ ပေ ၀န်းကျင်ရှိကြောင်းခန်.မှန်းပြောဆိုကြသည်။ အင်းလေးကန်သည်စိမ်.မြေ သို.မဟုတ် ရွံ.တော ကုန်းမြေများဖြင်.၀န်းရံတည်ရှိနေပြီး တစ်မူထူးသော မြေအမျိုးအစား တစ်းမျိုးပိုင်ဆိုင်ထားသည်။ ဥပမာခိုင်းနိုင်း ပြောရလျင် တစ်ချိန်က  အင်းလေးကန်၏ မျက်နှာပြင်မှာ နိုင်းမြစ် ရေမျက်နှာပေါ်တွင် အလေ.ကျပေါက်ရောက်နေကြသော သစ်ပင်ပန်းပင်လေးများရောထွေးနေသကဲ.သိုသာယာလှပေသည်။

ပူပြင်းသောရာသီတွင် ရေလယ်တွင် ၆ ပေ ခန်.ရေနက်သဖြင်.ရေကန်အောက်ခြေတွင်ပေါက်ရောက်နေသော ရေမှော်ပင်များကိုနေရောင်အောက်ကြည်လင်စွာမြင်ရသည်၊ ဒါသည်ပင်လာရောက်လယ်ပတ်သော ခရီးသွားများအတွက်တစ်မျိုးထူးဆန်းပြီးဆွဲဆောင်နိုင်စွမ်းသည်။ နေရောင်ခြည်လုံလောက်စွာရရှိသဖြင်. ရေမှော်ပင်များကြီးထွားချင်တိုင်းကြီးထွားလာစေသည်။

ကန်အောက်ခြေမြေသားမှာအလွန်နုညံ.ပြီး ကျောက်တုံးတျောက်ခဲတွေမတွေ.ရှိရဘဲ ရွံ.နွံများဖြင်.ဖွဲ.စည်းထားသည်။ ကန်ဝန်းကျင်ကမ်းခြေအစပ်များတွင်ပင် ကျောက်တုံးတျောက်ခဲပေါများစွာမတွေ.ရှိရပါ။ ရေမျက်နှာပြင်အပူချိန်မှာ ဆောင်းရာသီတွင်းမှာတောင် အေးခဲသည်.အဆင်.မရောက်ခဲ.ဘူးပေ။ မတ်လလိုအချိန်တွင်ပင် ရေမျက်နှာပြင်အပူချိန်မှာ ၇၀ံ ဖာရင်ဟိုက်လောက်သာရှိခြင်းသည် နုံးဆန်သော ရွံ.စေးကြမ်းပြင်၏ ထိန်းညိပေးမှုကြောင်.ဖြစ်သည်။

ထိုမြေသားအမျိးအစားကြောင်.လည်းအပင်များရှင်သန်ပေါက်ပွားနုန်းမြန်စေသည်။သစ်ဆွေးပင်များရေပေါ်တွင်ပါဆက်ပေါက်ဖွားနေခြင်းသည် Floatting Garden  များဖြစ်ပေါ်လာခြင်း၏အစပင်ဖြစ် နိုင်ပါသည်။

အင်းလေးကန်အားအဓိကထောက်ပံ.ပေးသော ချောင်း ၄ ခုရှိပြီး  ပင်းတယ၊ ဟဲဟို.နှင်. အခြားဒေသရှိ Sink Holes များမှတစ်ဆင်.လည်း ရေများဖြည်.စီးပေး နိုင်သည်။ သို.ပါသဖြင်.တစ်ချို.ဘူမိဗေဒ ပညာရှိများမှ တစ်ချိန်က အင်းလေးကန်ရေပြင်သည် ယနေ.ရှိသော အကျယ်အ၀န်းထက် ပိုမိုကျယ်ပြန်ဖွယ်ရှိသည်ဟုတွက်ချက်လေ.လာပြောဆိုခဲ.ကြသည်။

အင်းလေးကန်ရေသည် သဘာဝဓါတ်ပေါင်းများဖြင်.ဖွဲ.စည်းထားသည်ကိုတွေ.ရှိရသည်။

ပါဝင်သောအရာများမှာ //// Per litre.

 

Total solids ... ... ... ... ... 0-1710

 

Organic matter ... ... ... ... ... 0-0160

 

Calcium ... ... ... ... ... 0-0222

 

Magnesium ... ... ... ... ... 0-0279

 

Chlorine ... ... ... ... ... 0-0017

 

Sulphate  (804) ... ... ... ... ... 0-0017

 

Silica ... ... ... ... ... 0-0010

 

Carbonic acid (CO3) ... ... ... ... 0-1030

 

Iron ... ...          Less than 1 part in 5 million  ဖြစ်ကြသည်။

အထက်ပါ် သဘာဝဓါတ်ပေါင်းများပါဝင်သည်.ရေသည် ရေသတ်တ၀ါ နှင်.အပင်ငယ်လေးများ ကျေးငှက်လေးများကိုအစားအစာထောက်ပံ.ပေးနေသလိုပင်ဖြစ်စေသည်၊ အသက်ရှင်နေထိုင်နိုင်သည်.ရေအမျိုးအစားဖြစ်သည်။ ရေမှော်ပင်များထူထဲစွာပေါက်ရောက်နေခြင်းသည် သဘာဝဂေဟစနှစ်ကိုအသက်သွင်းပေးပြန်သည်။

 

သို.သော် ကန်ထဲရှိငါးများမှာ စီးပွားရေး သောင်းကြမ်းလာသော တစ်ချို.ငါးဖမ်းသူများကြောင်. ဆက်လက်ရပ်တည်ဖိုရန် အခက်တွေ.နေရသည်။

 

၂။ကျေးငှက်ပေါက်ဖွားကျက်စားခြင်း၊ သဘာဝပင်ပျိုနှင်.ပန်များအလေ.ကျပေါက်ရောက်လာပုံ နှင် ဒေသခံလူမျိုးတို.နေထိုင်လာကြပုံ

(Diversity, Birds ,fona, plants and people)


ဆက်လက်ဖေါ်ပြပါမည်။

အစဉ်လေးစားလျက်

သွေးသစ်

 

Khaing Soe Linn Khaing

unread,
May 8, 2013, 11:34:18 PM5/8/13
to travel...@googlegroups.com
Dear Younger Brother;
You are really needing "A Pen" for higher  presentation of tourism in Myanmar.
You go a head your paths and goal.
Elder Brother
Mr.Khaing


2013/5/8 Tomme Aung <tomm...@gmail.com>

 

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/ObvRJ4yVtvoJ.
For more options, visit https://groups.google.com/groups/opt_out.
 
 



--
Great using ...

hpoun kyaw

unread,
May 9, 2013, 4:39:03 AM5/9/13
to travel...@googlegroups.com
Hi, Brother,
Thanks for your knowledge sharing!
HK

On 08/05/2013, Tomme Aung <tomm...@gmail.com> wrote:
>
>
> * Research of “ Inle lake** , **့**how it does** ** hurt itself “ *
>
> *ယခုနှစ် အင်းလေးကန် ဒေသတွင်း ရေခန်းခြောက်လာသည့်ဖြစ်ရပ် ဘယ်လိုတွက်ရမလဲ?*
> * အထက်ပါအကြောင်းအရာ ကိစ နှင်.ပက်သက်ပြီး စာရေးသူ Research လုပ်ထားမိသလောက်
> အများသူငှာသိစေရန် မျှဝေ တင်ပြပေးပါမည်။ *
>
> ပထမဦးစွာ
>
> *၁။ အင်းလေးကန်ဝန်းကျင် ဖြစ်တည်မှု နှင်.ရေတွင်ပါဝင်သော ကွန်ပေါင်းများ*
>
> (Nature of the lake and its organic compounds)
>
> *၂။ကျေးငှက်ပေါက်ဖွားကျက်စားခြင်း၊
> သဘာဝပင်ပျိုနှင်.ပန်များအလေ.ကျပေါက်ရောက်လာပုံ နှင်
> ဒေသခံလူမျိုးတို.နေထိုင်လာကြပုံ*
>
> (Diversity, Birds ,fona, plants and people)
>
> *၃။ ရေကန်၏သဘာဝမြေသားဖွဲ.စည်းပုံအနေအထား*
>
> (Kind of sand and its nature)
>
> *၄။ရေဝေရေလဲစနှစ်နှင်. ရေကန်အားထောက်ပံ့ပေးသောအရင်းအမြစ်များအကြောင်း*
>
> (Water Resources around the lake)
>
> *၅။ဆိုးကျိုးဖြစ်ပေါ်လာပ*ုံ
>
> Cause and effect (population, life style, agrico-life, and global warm)
>
> *၆။ အသိပညာပြန်.ပွားရေးနှင်. ၀ိုင်းဝန်းထိမ်းသိမ်းရေး*
>
> ( Education and preservation )
>
>
>
>
>
> --------------------------------------------------------------------------------------------
>
> *၁။ အင်းလေးကန်ဝန်းကျင် ဖြစ်တည်မှု နှင်.ရေတွင်ပါဝင်သော ကွန်ပေါင်းများ*
> *၂။ကျေးငှက်ပေါက်ဖွားကျက်စားခြင်း၊
> သဘာဝပင်ပျိုနှင်.ပန်များအလေ.ကျပေါက်ရောက်လာပုံ နှင်
> ဒေသခံလူမျိုးတို.နေထိုင်လာကြပုံ*
>
> (Diversity, Birds ,fona, plants and people)
>
>
> ဆက်လက်ဖေါ်ပြပါမည်။
>
> အစဉ်လေးစားလျက်
>
> သွေးသစ်
>
>
>
Reply all
Reply to author
Forward
0 new messages