Web portal run by U Nay Aung beats travel agents

25 views
Skip to first unread message

Nyi Nyi ®

unread,
Oct 25, 2012, 12:13:07 PM10/25/12
to travel...@googlegroups.com
Guys, FYI!!!

မြန်မာခရီးသွားလုပ်ငန်း၊ ကမ္ဘာ့ခရီးသွားလုပ်ငန်းဆိုင်ရာ အချက်အလက်များကို စုစည်းလွှင့်တင်ထားသည့် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝက်ဘ်ပေါ်တယ် www.oway.com.mm ကို စတင်လွှင့်တင်လိုက်ကြောင်း သိရသည်။ အဆိုပါ ဝက်ဘ်ပေါ်တယ်တွင် ခရီးသွားလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုနှင့် ဝက်ဘ်ဆိုက်မှ ဈေးဝယ်ယူနိုင်မည့် ဝန်ဆောင်မှုတို့ကို တစ်ပြိုင်တည်း ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။ “ပြည်တွင်းပြည်ပ ဟိုတယ်နှင့် လုပ်ငန်းပေါင်း နှစ်ထောင်ကျော်နဲ့ ချိတ်ဆက်ထားပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ဟိုတယ်တွေ၊ နိုင်ငံတကာမှာရှိတဲ့ ဟိုတယ်တွေကို ဒီဝက်ဘ်ပေါ်တယ်ကနေ အခန်းမှာနိုင်မှာ ဖြစ်ပါတယ်။ ပြင်ပဈေးနှုန်းနဲ့လည်း ကွာဟမှုမရှိပါဘူး” ဟု Oway ကုမ္ပဏီ၏ Founder & CEO ဦးနေအောင်က ပြောသည်။ ခရီးသွားအေးဂျင့်များမှ ဈေးနှုန်းကြီးမြင့်စွာ ဝန်ဆောင်ပေးမှုကို ကာကွယ်နိုင်မည် ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဝက်ဘ်ပေါ်တယ်ရှိ ဟိုတယ်အခန်းများအား နိုင်ငံတကာအသုံးပြု အကြွေးဝယ်ကတ်၊ Pay pal တိုဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး ပြည်တွင်းအသုံးပြုလိုသူများ အနေဖြင့် oway.com.mm မှ ပြုလုပ်သော Oway ကြိုတင်ငွေပေးကတ်များဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။ “Oway ကတ်တွေကို လက်ရှိ ဈေးကွက်ထဲမှာ ရောင်းချနေပြီ ဖြစ်ပါတယ်။ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး အွန်လိုင်းငွေပေးချေမှု စနစ်အတွက် ဆောင်ရွက်နေပါတယ်” ဟု ဦးနေအောင်က ဆက်လက်ပြောကြားသည်။ Oway ကတ်များအား စူပါမားကတ်များနှင့် အင်တာနက်ဆိုင်အချို့တွင် စတင်ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။ Oway ဝက်ဘ်ပေါ်တယ်တွင် လွှင့်တင်ထားသော ကုန်ပစ္စည်းများကိုလည်း ၎င်း Oway ကြိုတင်ငွေပေးချေမှုကတ်ဖြင့် ဝယ်ယူနိုင်ကြောင်း ၂၀၁၂ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages