မြန်မာနိုင်ငံတွင် လက်ရှိ အသုံးပြုနေသော ကွင်းများနှင့် အသုံးမပြုသော ကွင်းများအား နိုင်ငံတကာ ခရီးစဉ်သုံးနှင့် ပြည်တွင်းသုံး လေယာဉ်ကွင်းများအဖြစ် လုပ်ဆောင်မည်

40 views
Skip to first unread message

Nyi Nyi ®

unread,
May 16, 2011, 11:58:55 AM5/16/11
to travelmyanmar
မြန်မာနိုင်ငံတွင် လေယာဉ်ကွင်း ၆၉ကွင်း ရှိသည့်အနက် ၃၂ကွင်းတွင်သာ လေယာဉ်များ အဆင်းအတက် ပြုလုပ်နိုင်ကြောင်း လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ သတင်းရရှိသည်။ အဆိုပါကွင်းများအနက် နိုင်ငံတကာ ခရီးစဉ်သုံး လေယာဉ်ကွင်းနှစ်ကွင်းနှင့် ပြည်တွင်းခရီးစဉ်သုံး လေယာဉ်ကွင်း ၃၀ စုစုပေါင်း ၃၂ကွင်း၌သာ လေကြောင်းခရီးစဉ်များ အသုံးပြု ပျံသန်းပြေးဆွဲလျက်ရှိကြောင်း သိရသည်။ နိုင်ငံတကာခရီးစဉ်သုံး International Airport အဖြစ် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်များရှိပြီး ပြည်တွင်းခရီးစဉ်သုံး လေဆိပ်များတွင် နေပြည်တော်၊ ကလေး၊ ကျိုင်းတုံ၊ ကျောက်ဖြူ၊ ကော့သောင်း၊ ခန္တီး၊ စစ်တွေ၊ တာချီလိတ်၊ ထားဝယ်၊ ပုဂံညောင်ဦး၊ ဗန်းမော်၊ ဘုတ်ပြင်း၊ မန္တလေး၊ မြစ်ကြီးနား၊ မော်လမြိုင်၊ မိုင်းဆက်၊ မုံရွာ၊ မြိတ်၊ လွိုင် ကော်၊ လားရှိုး၊ သံတွဲ၊ ဟဲဟိုး၊ ဟုမ္မ လင်း၊ ပူတာအို၊ အမ်း၊ မကွေး၊ ကိုကိုးကျွန်း၊ ကျောက်ထု၊ ပုသိမ်၊ ပခုက္ကူကွင်းများရှိကြောင်း သိရသည်။ “ပြည်တွင်း လေယာဉ်ကွင်းတွေ ကိုတော့ မြန်မာ့လေကြောင်းလိုင်းကပဲ အများဆုံး ပျံသန်းနေပါတယ်”ဟု လေကြောင်းညွှန်ကြားမှုဦးစီးဌာန (DCA) မှ တာဝန်ရှိသူက ဆိုသည်။ မြန်မာ့လေကြောင်းလိုင်းမှ မကွေး၊ ကိုကိုးကျွန်း၊ ကျောက်ထု၊ ပုသိမ်၊ ပခုက္ကူ ခရီးစဉ်များမှလွဲ၍ ကျန်ရှိသည့် လေဆိပ်များသို့ ပုံမှန်ပျံသန်း ပြေးဆွဲလျက်ရှိကြောင်း သိရသည်။ ပြည်တွင်း ပုဂ္ဂလိကပိုင် လေကြောင်းလိုင်းများမှာမူ ပြည်တွင်းပြည်ပ ခရီးသည်များ သွားလာမှု များပြားသည့် ခရီးစဉ်များကိုသာ အဓိကထား ပျံသန်းလျက်ရှိသည်။ ခရီးသည်တင် လေယာဉ်များ ဆင်းသက်ခြင်း မရှိသည့် လေယာဉ်ကွင်းအချို့တွင် နမ့်စန်၊ နန်ပေါင်၊ ပလက်ဝ၊ ပေါက်၊ ဖားပွန်၊ ဖားအံ၊ ပုလော၊ ပုလဲကျွန်း၊ မိုင်းတုံ၊ တာလေ၊ မိုင်းယောင်း၊ လုံးခင်း၊ တနိုင်း၊ နောင်မွန်း၊ နမ္မတူ၊ မိုးမိတ် စသည့် လေယာဉ်ကွင်းများ ပါဝင်ကြောင်း သိရသည်။ လက်ရှိပြည်တွင်း ခရီးစဉ်များတွင် အသုံးပြုနေသည့် ထားဝယ်နှင့် ကျောက်ဖြူ လေဆိပ်များကို နိုင်ငံတကာ လေယာဉ်ကြီးများ ဆင်းသက်နိုင်သော လေဆိပ်များအဖြစ် အဆင့်မြှင့်လျက်ရှိပြီး ထားဝယ်လေဆိပ်တွင် လေယာဉ်ပြေးလမ်း(one way) တိုးချဲ့မှု လုပ်ငန်းမှာ ပြီးစီးသည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ “နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ဆောက်လုပ်နေတယ်။ ထားဝယ် လေယာဉ်ပြေးလမ်း ချဲ့တာ ပြီးသွားပြီ။ ထားဝယ် ရေနက်ဆိပ်ကမ်း အကောင်အထည်ဖော်မှုနဲ့အတူ ထားဝယ် လေဆိပ်ကိုလည်း နိုင်ငံတကာ လေဆိပ်အဖြစ် ပြုလုပ်သွားမှာပါ။ ကျောက်ဖြူလေဆိပ်ကို အဆင့်မြှင့်တော့မယ်။ ပုဂံညောင်ဦး၊ ဟဲဟိုးလေဆိပ်တွေကလည်း နိုင်ငံတကာ စင်းလုံးငှား လေယာဉ်တွေ ဆင်းနေတယ်”ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာန၊ လေဆိပ်တည်ဆောက်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောပြခဲ့ကြောင်း ၂၀၁၁ခုနှစ် မေလ ၁၈ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။""

Ko Nyi Nyi

unread,
May 17, 2011, 5:32:08 AM5/17/11
to travel...@googlegroups.com
one way (or) Run Way ?

> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To post to this group, send email to travel...@googlegroups.com.
> To unsubscribe from this group, send email to
> travelmyanma...@googlegroups.com.
> For more options, visit this group at
> http://groups.google.com/group/travelmyanmar?hl=en.
>
>

Thomas Latt

unread,
May 17, 2011, 9:50:09 AM5/17/11
to travel...@googlegroups.com
ဝရမ်းဝေး

2011/5/17 Ko Nyi Nyi <nyi...@gmail.com>

Nyi Nyi ®

unread,
May 18, 2011, 12:53:13 AM5/18/11
to travel...@googlegroups.com
Ko Nyi!!

Yes, it is "Runway" and thanks for your "proofreading." I just posted as the way it was. Thank you so much, in deed.


2011/5/17 Thomas Latt <thomas...@gmail.com>



--
Nyi Nyi
Reply all
Reply to author
Forward
0 new messages