(ရုပ်သေးအကသင်တန်းပြီးမြောက်ပါပြီ) ဧည့်လမ်းညွှန်များအတွက် မြန်မာကြိုးဆွဲရုပ်သေး အကသင်တန်း(ဒုတိယအကြိမ်) (အခမဲ့)

7 views
Skip to first unread message

Thaung Naing Oo

unread,
May 24, 2016, 1:01:17 AM5/24/16
to travelmyanmar

(ရုပ်သေးအကသင်တန်းပြီးမြောက်ပါပြီ)

ဧည့်လမ်းညွှန်များအတွက် မြန်မာကြိုးဆွဲရုပ်သေး အကသင်တန်း(ဒုတိယအကြိမ်) (အခမဲ့)

 

            ယနေ့မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့်ရင်ဘောင်တန်း၍လည်းကောင်း၊ အာဆီယံအသိုင်းအဝိုင်းတို့နှင့် ကူးလူးဆက်ဆံ၍ လည်းကောင်း၊ ဆိုင်ရာနည်းပညာပူးပေါင်းဖလှယ်ရေးအစီအစဉ်များစွာတို့ ဆောင်ရွက်လာနေပြီ ဖြစ်ပါသည်။ တစ်ပါးနိုင်ငံရောက်၍ အမိနိုင်ငံ၏ ရိုးရာအနုပညာတို့ ယှဉ်တွဲပါလာပါက မိမိမှာ မည်သည့်အနုပညာမှ မပြသနိုင်ခဲ့ပါလျင် အထင်သေးခံရပေလိမ့်မည်။

ထို့အပြင် ဧည့်လမ်းညွှန်များအနေဖြင့်လည်း မိမိတို့၏ဧည့်သည်တို့ကို အခါအားလျော်စွာ လက်တွေ့သရုပ်ပြရှင်းလင်းတင်ပြရန် လိုအပ်လာပြီ ဖြစ်ပါသည်။

၎င်းအပြင် ကိုယ်တိုင်သင်ယူကပြခြင်းဖြင့် မြန်မာ့ရိုးရာကြိုးဆွဲရုပ်သေးအနုပညာ တိမ်မြုပ်ပျောက်ကွယ်မှုမရှိစေဘဲ လက်ဆင့်ကမ်းသယ်ဆောင်ရေး၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် တိုးတက်ဖွံ့ဖြိုးရေးတို့အတွက် မိမိကိုယ်တိုင်ပါဝင်ထိန်းသိမ်းရာလည်း ရောက်ပါသည်။

“ခေတ်မှီသော မြန်မာမှန်လျှင် မြန်မာ့ရိုးရာအနုပညာရပ် အနည်းဆုံးတစ်ခုခုကို တတ်မြောက်ထားသင့်သည်။” ထို့ကြောင့် မြန်မာကြိုးဆွဲရုပ်သေးအကကို စိတ်ပါဝင်စားသူ၊ အမှန်တကယ်သင်ယူတတ်မြောက်လိုသူ မည်သူမဆိုလွတ်လပ်စွာ တက်ရောက်နိုင်ပါသည်။

ရုပ်သေးအကသင်တန်းကို ၂၀.၄.၂၀၁၆ မှာ စတင်ခဲ့ပြီး ၂၀.၅.၂၀၁၆ ရက်နေ့တွင် အောင်မြင်စွာပြီးမြောက်ခဲ့သည်။ သင်တန်းသား၊ သင်တန်းသူများသည် မြန်မာ့ကြိုးဆွဲရုပ်သေးပညာရပ်၏ သူငယ်တော်အက၊ မြင်းအက၊ မျောက်အကနှင့် ဘီလူးအကများကို အသင့်အတင့် တတ်မြောက်ခဲ့ပြီဖြစ်သဖြင့် မြန်မာနိုင်ငံ၏ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းကို တစ်ဖက်တစ်လှမ်းမှ ပါဝင်ဖြည့်စွပ် ထောက်ပံ့နိုင်မည်ကို ယုံကြည်ပါသည်။

 

Unique Myanmar Restaurant သို့ အထူး ကျေးဇူးတင်လွှာ

          ဧည့်လမ်းညွှန်များသီးသန့်် ရုပ်သေးအကသင်တန်း(အခြေခံ) (အခမဲ့) (ဒုတိယအကြိမ်) အတွက် Air con သင်တန်းခမ်းမကို Unique Myanmar Restaurant  မှ Sponsor ပေးခဲ့ပါသည်။ အပူချိန် ၄၀ ဒီဂရီကျော်ထိ အပူပြင်းလှသည့် မန္တလေးနွေရာသီလိုမျိုးမှာ ပင်ပမ်းလှသည့် ရုပ်သေးအနုပညာသင်တန်း အတွက် Air con သင်တန်းခမ်းမသည် အတိုင်းထက်အလွန်ပင် အဆင်ပြေလှပါသည်။ ယခုလိုပံ့ပိုးကူညီခြင်းသည် မြန်မာတို့၏ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် တစ်ရပ်ဖြစ်သည့် မြန်မာ့ရုပ်စုံ အနုပညာ ရေရှည်တည်တံ့ခိုင်မြဲရေး စသည်တို့အတွက်လည်းကောင်း၊ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် တစ်ဖက်တစ်လမ်းမှ၊ မိမိတို့တတ်စွမ်းသည်ဘက်မှ အုတ်တစ်ချပ်သဲတစ်ပွင့်ပမာ ပါဝင်ကူညီပေးရာလည်းရောက်ပါသည်။

ဧည့်လမ်းညွှန်အားလုံးအတွက် အဖက်ဖက်မှ တတ်အားသရွေ့၊ တတ်နိုင်သရွေ့ အမြဲလိုလို ကူညီပံ့ပိုးပေးနေပါသော၊ ယခုသင်တန်းအတွက် သင်တန်းခန်းမ Sponsor ပေးခဲ့ပါသော  Unique Myanmar Restaurant အား အထူးပင်ကျေးဇူးတင်ဝမ်းမြောက်ပါကြောင်း ဧည့်လမ်းညွှန် အားလုံး၏ကိုယ်စား မှတ်တမ်းတင်ဂုဏ်ပြုပြောကြားအပ်ပါသည်။

 

သောင်းနိုင်ဦး - ဧည့်လမ်းညွှန်

 

01.JPG
011.JPG
012.JPG
013.JPG
014.JPG
015.JPG
016.JPG
021.jpg
03.JPG
04.JPG
05.JPG
06.JPG
07.JPG
08.JPG
09.JPG
010.JPG
Reply all
Reply to author
Forward
0 new messages