စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လမ်းချော်မှုဖြစ်ပွား ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ

4 views
Skip to first unread message

Thomas Latt

unread,
May 21, 2014, 11:59:05 PM5/21/14
to travelmyanmar
စင်ကာပူလေကြောင်းလိုင်းမှ လေယာဉ်တစ်စင်း  ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ လမ်းချော်မှုဖြစ်ပွား  ခရီးသည်နှင့် လေယာဉ်ဝန်ထမ်း တစ်ဦး တစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိမှုမရှိ 

ရန်ကုန် မေ ၂၁

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၌ ယနေ့ နံနက် ၉ နာရီ ၁၅ မိနစ်က စင်ကာပူမှ ရန်ကုန်မြို့သို့ ပျံသန်းလာသော စင်ကာပူလေကြောင်းလိုင်း Airbus A -330 လယာဉ်အမျိုးအစား လေယာဉ်အမှတ် 9V STS သည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ပြေးလမ်းအဆင်းတွင် ပြေးလမ်းချော်မှု ဖြစ်ပွားခဲ့သည်။

လေယာဉ်ပေါ်တွင် လေယာဉ်မှူး သုံးဦး၊ လေယာဉ်ဝန်ထမ်း ၁၀ ဦး၊ ခရီးသည် ၂၅၂ ဦး စုစုပေါင်း ၂၆၅ ဦး ပါရှိပြီး စင်ကာပူမှ ရန်ကုန်လေဆိပ်အရောက် လေဆိပ်ပြေး လမ်း ၂၁ အတိုင်း ချဉ်းကပ် ဆင်းသက်လာစဉ် ပြေးလမ်းနှင့် စတင်ထိတွေ့ပြီးနောက် ပြေးလမ်းမြောက်ဘက်ထိပ်အစပ်မှ ပေ ၂၀၀၀  မရောက်မီ ဘေးသို့ဆွဲကာ ပြေးလမ်း အနောက်ဘက်ခြမ်း မြေသားပေါ်သို့ လေယာဉ်ယာဘက်ဘီးကျသွားခဲ့သည်။ ထို့နောက် လေယာဉ်ဘီး နှစ်ဖက်စလုံး မြေသားပေါ်သို့ ရောက်ရှိသွားကာ ပြေးလမ်း မြောက်ဘက်ထိပ်အစပ်မှ ပေ ၄၀၀၀ ခန့်တွင် ပြေးလမ်းပေါ်သို့ ပြန်လည်ရောက်ရှိခဲ့ သည်။

လေယာဉ်အား  လေယာဉ်ဆွဲကားဖြင့် လေယာဉ်ရပ်နားရာနေရာသို့ ဆိုက်ကပ် စေခဲ့ရသည်။ လေယာဉ်ပေါ်တွင် လိုက်ပါလာသော ခရီးသည်များနှင့် လေယာဉ်ဝန် ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိဘဲ လေယာဉ်ယာဘက်အတွင်းဘီး တစ်လုံးပေါက်ပြီး ၀ဲယာတောင်ပံအတွင်းပိုင်း အနည်းငယ်သာ ထိခိုက်ခဲ့ကြောင်း မျက်မြင်တွေ့ရှိရသည်။

လေယာဉ်ပြေးလမ်းအား စစ်ဆေးသန့်ရှင်းရေးလုပ်စဉ်အတွင်း နာရီဝက်ခန့် လေယာဉ်အဆင်းအတက် ထိန်းချုပ်ထားခဲ့ပြီး ပုံမှန်ခရီးစဉ်များကို ဆောင်ရွက်နိုင်ခဲ့ သည်။  စင်ကာပူလေကြောင်းလိုင်း လေယာဉ်ဆင်းသက်ချိန်တွင် မိုးစတင်ရွာသွန်းသည် မှ လွဲ၍ လေယာဉ်ဆင်းသက်နိုင်သော ရာသီဥတုအခြေအနေဖြစ်ကြောင်း သိရှိရသည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက “ ညနေ ၃ နာရီလောက်မှာ နောက်ထပ် လေယာဉ်တစ်စင်း ရောက်ပါမယ်။ သူတို့ဘက်က အင်ဂျင်နီယာတွေ၊ စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ လိုက်လာပါမယ်။ လေယာဉ်က လမ်းချော်ရုံလေး ဖြစ်သွားတာပါ၊ ကံကောင်း ပါတယ်။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဘာကြောင့်ဆိုတာ ပြောလို့ မရသေးပါဘူး။ စင်ကာပူ ဘက်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ရောက်လာမှ သိရပါမယ်။ ဖြစ်လေ့ဖြစ်ထ ရှိတာက တော့ လူ၊ စက်ကိရိယာ၊ ရာသီဥတုနဲ့ အခြားအကြောင်းအမျိုးမျိုးကြောင့် ဖြစ်တတ် ပါတယ်။ ဒီကနေ စင်ကာပူကို လိုက်ပါမယ့် ခရီးသည် ၂၀၀ ကိုလည်း နောက်လာမယ့် လေယာဉ်နဲ့ ချိန်းပေးမှာပါ” ဟု ပြောပြခဲ့သည်။

MOI Webportal Myanmar





~ an asian tour operator aato ~
“If you reject the food, ignore the customs, fear the religion and avoid the people, you might better stay at home.” — James Michener
Reply all
Reply to author
Forward
0 new messages