မြန်မာ့လေကြောင်းပိုင် ဖော်ကာလေယာဉ် ပြည်သူ့ရင်ပြင်တွင် ရပ်နား

13 views
Skip to first unread message

Nyi Nyi ®

unread,
Feb 25, 2013, 10:24:05 AM2/25/13
to travel...@googlegroups.com
အများပြည်သူ ကြည့်ရှုနိုင်ရန်အတွက် မြန်မာ့လေကြောင်းပိုင် လေယာဉ်တစ်စင်းကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ပထမဆုံး ပြသထားပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ ပြသထားသော လေယာဉ်သည် ၁၉၇၈ ခုနှစ်က နယ်သာလန် နိုင်ငံမှ ဝယ်ယူခဲ့သည့် FOKKER -27 လေယာဉ် အမျိုးအစား ဖြစ်ပြီးမြန်မာ့လေကြောင်း၏ လေယာဉ်အမှတ် XY-ATZ အဖြစ် ပြည်တွင်း ခရီးစဉ်များကို ပြေးဆွဲခဲ့ ကြောင်းသိရသည်။ ယင်းလေယာဉ်ကို ဖေဖော်ဝါရီ ၂၂ ရက်ညက မင်္ဂလာဒုံ လေယာဉ်ကွင်းမှ ကမ္ဘာအေးစေတီလမ်း အတိုင်း ပြည်သူ့ရင်ပြင်သို့ သယ်ဆောင်ခဲ့ပြီး လိုအပ်သည့် ပြင်ဆင်မှုများပြုလုပ်ပြီးပါက အများပြည်သူ လေ့လာနိုင်ရန် ပြသပေးသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်း ဦးဆောင် ညွှန်ကြားရေးမှူး ဦးသန်းထွန်းက “တာဝန်က အနားပေးလိုက်တဲ့ လေယာဉ်ကို အများပြည်သူ လေ့လာနိုင်ဖို့အတွက် ပြည်သူ့ရင်ပြင်မှာ ထားရှိပြသသွားမှာပါ။ ဗဟုသုတ ရရှိအောင် လာရောက်ကြည့်ရှုကြမယ့် ပြည်သူတွေကိုလဲ လေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ခွင့် ပြုသွားမှာပါ” ဟု ပြောသည်။ အဆိုပါ လေယာဉ်သည် မြန်မာ့လေကြောင်းလိုင်း၏ ပထမဦးဆုံး လေယာဉ်ဖြစ်ပြီး ၁၉၇၈ ခုနှစ်တွင် နယ်သာလန်နိုင်ငံမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၂၄ မီလီယံဖြင့် ဝယ်ယူခဲ့သော လေယာဉ်ဖြစ်ကြောင်း သိရသည်။ မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသန်းထွန်းက “၃၃ နှစ် လောက် မြန်မာနိုင်ငံအနှံ့ကို ပျံသန်းခဲ့ပြီးတဲ့နောက် သူ့ကို အနားပေးတဲ့အနေနဲ့ အခုလို အများပြည်သူ လေ့လာစရာအဖြစ် ထားရှိလိုက်တာပါ” ဟု ပြောသည်။ ယင်းက ဆက်လက်ပြီး “ ဒီလေယာဉ်က မြန်မာနိုင်ငံမှာ ရှိတဲ့ လေယာဉ်တွေနဲ့ မတူတာက ၁၉၈၇ ခုနှစ်မှာ ရောက် ရှိလာပြီးကတည်းက အကြီးစားပြင်ဆင်မှု မှန်သမျှကို မြန်မာအင်ဂျင်နီယာတွေကပဲ ပြင်ဆင်ခဲ့တာပါ။ အခြားလေယာဉ် မှန်သမျှကို နိုင်ငံခြားမှာသာ ပြုပြင်တယ်” ဟု လေယာဉ်၏ ထူးခြားချက်ကို ပြောပြသည်။ မြန်မာ့လေကြောင်းတွင် အဆိုပါ လေယာဉ်အမျိုးအစား နှစ်စင်းရှိပြီး ၂၀၁၁ ခုနှစ်တွင် ယင်းလေယာဉ်နှစ်စင်းကို အနားပေးခဲ့ပြီး ယခုအခါ အဆိုပါ လေယာဉ်နှစ်စင်းမှ တစ်စင်းကို အများပြည်သူ လေ့လာစရာအဖြစ် ပြသခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိအချိန်တွင် မြန်မာ့လေကြောင်းတွင် တာဝန်ထမ်းဆောင်ဆဲ လေယာဉ်စင်းရေ ၁၂ စင်းရှိပြီး မြန်မာနိုင်ငံအနှံ့သို့ ပျံသန်းပေးနေကြောင်း ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ထုတ် Flower News ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages