နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်

9 views
Skip to first unread message

Thomas Latt

unread,
Sep 8, 2013, 10:56:45 PM9/8/13
to travelmyanmar

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည်

Created on Sunday, 08 September 2013 22:52
AddThis Social Bookmark Button

8.1.1

နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်နေသည့် နေပြည်တော် လေဆိပ်ကို မြင်တွေ့ရစဉ်

နေပြည်တော် လေဆိပ်သို့ ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ဆင်းသက်မှုအဖြစ် Air Asia စရိတ်နည်း လေကြောင်းလိုင်းမှ အောက်တိုဘာ ၂၈ ရက်တွင် စတင် ဆင်းသက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

နေပြည်တော် လေဆိပ်သည် စတင် ဖွင့်လှစ်ခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၉ ရက်မှစ၍ ပြည်တွင်း ပုဂ္ဂလိက လေကြောင်းလိုင်းများနှင့် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အသုံးပြုခြင်း မရှိဘဲ နိုင်ငံတော် အစိုးရ၏ ဖိတ်ကြားချက်အရ လာရောက်သည့် နိုင်ငံအသီးသီးမှ ဧည့်သည်များ၏ ခရီးစဉ်များ၊ စင်းလုံးငှား ခရီးစဉ်များသာ ဆင်းသက်ခဲ့သည်။

နေပြည်တော်လေဆိပ် စတင်ဖွင့်လှစ်ပြီး တစ်နှစ်နှင့် ၁၀ လပြည့်ပြီးချိန်တွင် ပထမဆုံး နိုင်ငံတကာ လေကြောင်းလိုင်း ပုံမှန်ခရီးစဉ် ပျံသန်းမှုအဖြစ် ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ Air Asia စရိတ်နည်း လေကြောင်းလိုင်း စတင်ဆင်းသက်မည် ဖြစ်သည်။

Air Asia လေကြောင်းလိုင်းသည် ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား အောက်တိုဘာ ၂၈ ရက်မှ နိုဝင်ဘာ ၁၅ ရက်အထိ တနင်္လာ၊ ဗုဒ္ဓဟူးနှင့် သောကြာနေ့များတွင် တစ်ပတ်လျှင် သုံးကြိမ် ပျံသန်း ပြေးဆွဲသွားမည် ဖြစ်သည်။ နိုဝင်ဘာ ၁၅ ရက်မှ စတင်ကာ ဘန်ကောက်-နေပြည်တော် ခရီးစဉ်အား နေ့စဉ်ပြေးဆွဲ သွားမည်ဟု သိရသည်။


လေဆိပ် အဆောက်အအုံ (ပြေးလမ်းတန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်းဖြစ်...


 

အဆိုပါ ခရီးစဉ်အား (လေယာဉ်ကွင်း အခွန်နှင့် အခြားစရိတ်များ အပါအ၀င်) ဒေါ်လာ ၅၀ ဖြင့် စတင်ပျံသန်းမည်ဟု သိရသည်။

“ဘန်ကောက်-နေပြည်တော် ခရီးစဉ် ပြေးဆွဲရခြင်းက အရှေ့တောင်အာရှ အားကစားပွဲတော်ကို အဓိက ရည်ရွယ်ပါတယ်။ ဒီခရီးစဉ်ကို Air Bus A 320 လေယာဉ် အသစ်များနဲ့ ပျံသန်းပြေးဆွဲ ပေးသွားမှာ ဖြစ်ပါတယ်” ဟု Asia လေကြောင်းလိုင်း၏ အမှုဆောင် အရာရှိချုပ်က ပြောကြားသည်။

Asia လေကြောင်းလိုင်းသည် ရန်ကုန်-ဘန်ကောက် ခရီးစဉ်အား နေ့စဉ်သုံးကြိမ်၊ ဘန်ကောက်-မန္တလေး ခရီးစဉ်အား နေ့စဉ်၊ ရန်ကုန်-ကွာလာလမ်ပူ ခရီးစဉ်အား နေ့စဉ်ပျံသန်း ပြေးဆွဲလျက်ရှိသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေး မြို့တော်ဖြစ်သည့် နေပြည်တော်တွင် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီးအား တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ Buyer Credit (၀ယ်သူ ချေးငွေစနစ်) ဖြင့် မြန်မာအစိုးရနှင့် Export Import Bank of China တို့မ loan Aggrement ကို လက်မှတ်ရေးထိုးပြီး စီမံကိန်း လုပ်ငန်း အဆင့် (၁) အား အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ လေဆိပ် အဆောက်အအုံ (ပြေးလမ်း တန်ဖိုးမပါ) အား အမေရိကန်ဒေါ်လာ ၂၃၅ ဒသမ ၁၈၁ သန်းကျော် အကုန်အကျခံ တည်ဆောက်ခဲ့ပြီး ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၁၉ ရက်တွင် စတင် ဖွင့်လှစ်ခဲ့ကာ မြေပြင် ၀န်ဆောင်မှု လုပ်ငန်းများကို Pioneer Aerodrome ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်နေခြင်း ဖြစ်သည်။

နေပြည်တော် လေဆိပ်သည် စတင်ဖွင့်လှစ် ခဲ့ချိန်တွင် နိုင်ငံတကာ လေကြောင်းလိုင်းများ ဆင်းသက် အသုံးပြုနိုင်ခြင်း မရှိသေးဘဲ ၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်မှသာ နိုင်ငံတကာ လေကြောင်းလိုင်းများ အသုံးပြုရန် အဆင်သင့် ဖြစ်ခဲ့ခြင်း ဖြစ်သည်။

Reply all
Reply to author
Forward
0 new messages