စာ မူကြမ်းအား စာပြင်မအပ်ခင် သူငယ်ချင်းများ မိုးတွင်းအပြင်းပြေဖတ်ရန် တင်ပေးပါသည်။ အပိုင်း ၈

47 views
Skip to first unread message

Tomme Aung

unread,
Sep 7, 2013, 8:29:29 AM9/7/13
to travel...@googlegroups.com


အခန်း ( ၈ )

  မိုးတွေ သဲကြီးမဲကြီး ရွာချနေသည်။ မိုးသက်လေပြင်းများက သွေး၏ဦးခေါင်းအထက်က မြက်ခမောက်ကို ပင်.လှန်ပစ်လိုက်သည်။ မြေလမ်းပေါ်  ဦးထုပ် ကျသွားလို.ကုန်းကောက်လိုက်စဉ် ကောင်းကင်မှလျပ်စီး ဖျစ်ကနဲ လင်းလက်သွားသည်။ မြေပြင်ပေါ်ရှိ ရေပြည်.နေသော ချိုင်ခွက်.လေးများ ပေါ် ရောင်ပြန်ဟပ်သွားကာ  ကောင်းကင်ကြီးအရောင်တောက်တာ တွေ.လိုက်ရသည်။ ညကြီးမိုးချုပ် မိုးသားအောက်ဝယ် မြန်မြန်လျှောက်နေသောသွေး မောဟိုက်နေပြီ။ ချွေးနှင်.မိုးရေ တို.ရောနှောကာ တစ်ကိုယ်လုံးရွှဲရွှဲစိုနေသော်လည်း မရပ်မနား ခပ်သုတ်သုတ် မပြေးရုံတမယ် သွားနေ၏။

 ခြေဦးတည်.ရာ လျှောက်သွားနေမိသည်ကို သွေး စိတ်ကုန်နေသည်။ အနောက်က တစ်ခုခု ကပ်လိုက်လာနေသလိုခံစားရရွှေ.  အမှောင်ကြီးထဲ ပြေးနေမိပြန်သည်။

တစ်အောင်.လောက်ကြာသော် ခြေထောက်တို.မခံရပ်နိုင်အောင် နာကျင်လာသောကြောင်. လယ်ကွင်းပြင်ကြီးအလယ် သွေး ခဏရပ်နားလိုက်သည်။ လျှပ်စီး လက်တဲ.အချိန်သာ လောကတစ်ခွင်ကို သဲသဲကွဲကွဲ မြင်ရသည်။ သွေးတစ်စုံတစ်ရာကို ကြောက်နေမိပြန်သည်။  လျပ်စီးပိုလက်ခါ နီးစပ်ရာပတ်ဝန်းကျင်ကိုမြင်ရရွှေ. သေွး အားတက်လာပြီး ကြောက်တဲ.စိတ်လျော.နဲသွားသည်။ ထိုအချိန်တွင် လူတစ်စုမှ သေနပ်များကိုင်ကာ လူနှစ်ဦးကို ကန်ကျောက်နေသည်ကို ခပ်လှမ်းလှမ်းမှာတွေ.လိုက်ရသည်။ လဲကျပြီးအကန်ခံရသောသူ၏လက်ထဲမှ အထုပ်တစ်ထုပ်ကို သေနပ်ကိုင် လူတစ်ယောက်က အတင်းထုနှက်လုယူနေသည်။ လဲကျနေသူကလည်း သေမလောက်အောင်ရိုက်နှက်နေသည်.ကြားမှ အထုပ်ကို လက်လွှတ်မခံ အတင်းပြန်လုယူသည်။

အဆုံးတွင် သေနှပ်သမားများက မြေပေါ် လဲကျနေသော လူနှစ်ဦးစလုံးအား ပစ်သတ်ပြီး အထုပ်ကို ယူသွားကြသည်။ သွေး သတိဝင်လာချိန်တွင် ထိုသူတို. ထွက်ခွာသွားကြပေပြီ။ 

သွေး ကြောက်ကြောက်လန်.လန်.ဖြင်. အသတ်ခံရသော သူနှစ်ဦးနားအရောက် လှမ်းကြည်.လိုက်သည်။

မျက်နှာမှာ သွေးအလိမ်းလိမ်းပေကျံနေသည်. လူနှစ်ယောက်၊ အသက်နှင်.ခန်ဓါ ကင်းမဲ.နေကြသည်။ လျပ်စီးတစ်ချက် အလက်မှာ မျက်နှာများကို ထင်းကနဲမြင်လိုက်၏။ သွေး တုန်လှုပ်သွားခါ ပါးစပ်မှ လွှတ်ကနဲ အော်လိုက်မိတော.သည်။

 “ ဖေဖေ……….မေမေ………ဟား၊ လာကြပါဦးဗျာ၊ ကယ်ကြပါဦး၊ ဟီးဟီး  ….”  

“ဘယ်သူမှ မရှိကြတော.ဘူးလား၊ ကယ်ကြပါဦးဗျာ”

သွေး ၀ုန်းကနဲ ကုတင်ပေါ်က ပြုတ်အကျ ဒူးဆစ်တို. အောင်.သက်သက်ဖြင်.နာကျင်သွားရသည်။

သွေးတစ်ကိုယ်လုံးမြင်မကောင်းအောင် ချွေးတွေရွှဲနေသည်။

“ဟဲ.သား သွေးဇာနည် ဘာဖြစ်တာတုန်း” မိခင်မှာ သွေး၏ လန်.အော်သံကိုကြားသဖြင်. သွေးအခန်းထဲသို. ကပျာကယာ ရောက်လာသည်။ ထို.နောက် တစ်မိသားစုလုံး အကုန်ဝင်လာကြပြီး သွေးကို ထူးဆန်းသလို ၀ိုင်းကြည်.နေကြသည်။

“မေမေ မောင်လေးကို မကောင်းဆိုးဝါး ၀င်ပူးတာနေမှာ”

“ ဟာ…ပေါက်တက်ကရ မပြောနဲ. သူ အိမ်မက်မက်ပြီးယောင်အော်တာဖြစ်မယ်”

ဖခင်က သူအထင်ကို ၀င်ပြောသည်။

သွေးလဲမိမိ ကိုယ်တိုင်အိမ်မက် မက်ခဲ.တာပဲဟု သိလိုက်၏။

“ကျွန်တော် ဘာမှ မဖြစ်ပါဘူးမေမေ၊ အိမ်မက်ဆိုး မက်လိုက်မိလို.ပါ။ အိမ်မက်ထဲမှာ ဖေဖေနဲ. မေမေကို လူဆိုးတွေက သေနပ်နဲ.ပစ်သတ်ကြတာ၊ အဲဒါ သားကြောက်သွားလို. ယောင်အော်မိတာပါ”

 “အမေလေးသားရယ် အိမ်မက်ဆိုတာ တကယ်မှ မဟုတ်တာပဲ။ နေဦး ၊အကြီးမ… ရေတစ်ခွက်သွားခပ်ခဲ.”

အမဖြစ်သူယူလာပေးသောရေကို အားရအောင်သောက်လိုက်သည်။

“ ကဲသား ပြန်အိပ်တော. ဘာမှ မစဉ်းစားနဲတော.ဟုတ်လား။ မေမေတို.ဘာမှ မဖြစ်ဘူး ”

မိသားစု အကုန်လုံး တစ်ယောက်မကျန် အခန်းပြင်ပ ထွက်သွားတော.မှ သွေး ပြန်အိပ်လိုက်သည်။

စောစောက မက်သော အကြောင်းကို တစ်ခါပြန်မက်မှာ သွေးစိတ်ပူမိသည်။

သွေး ဖေဖေ၏ရေဒီယိုသံ ကြားသဖြင်. မနက်ပိုင်းအိပ်ရာမှ နိုးလာရသည်။ ငှက်ကလေးများ သစ်ပင် တစ်ပင်မှ တစ်ပင် ကူးလူးပျံသန်းနေသကံကိုကြားရသည်။ ဖခင်ဖြစ်သူက နိုင်ငံရေးသတင်းကိုစိတ်ပါလက်ပါ နားထောင်နေပြီး၊ ထုံစံအတိုင်း အမေနှင်. အမတို. ဘုန်းကြီးတန်းဆွမ်းလောင်းလှူချိန်မီရန် မီးဖိုခန်းထဲမှာချက်ပြုပ်နေသည်။  နိုင်ငံရေးသတင်းတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ.အစည်းများထဲမှ ၀ နှင်. ကိုးကန်. အဖွဲ.တို.သည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ.ဖြင်.နှစ်အနည်းငယ်အတွင်း ငြိမ်းချမ်းရေးယူကာ သဘောတူလက်မှတ်ရေးထိုးနိုင်ရန် စေ.စပ်ဆွေးနွေးနေကြောင်းပါလာသည်။ တစ်ခြားစိတ်ဝင်စားစရာ နိုင်ငံရေးအကျဉ်းသားများအကြောင်းလဲပါသည်။ လာမည်. ၁၉၈၉-၉၀ စာသင်နှစ်တွင် တက်ကသိုလ်နှင်. ကျောင်းများကို ရက်အကန်.အသတ်မရှိ ပိတ်မည်ဆိုသည်.အကြောင်း၊ နိုင်ငံအတွင်း ဒီမိုကရေစီ တည်ဆောက်ဖို.ရန်အတွက် ပါတီစုံ ရွှေးကောက်ပွဲ မကြာခင် ကျင်းပပေးမည်.အကြောင်းစုံလင်စွာ ပါရှိသည်။ သွေးကမျက်နှာသစ် သွားတိုက်နေရင်း

ကြားမိသည်.သတင်းများကို စိတ်ထဲမှာ လိုက်မှတ်နေ၏။ မိခင်မှ ပြင်ထားပေးသော မနက်စာ ငချိတ်ပေါင်းနှင်. တို.ဟူးကြော်စားရင်း မနေ.ညက အိမ်မက်ကို သတိရလိုက်သော် သောက်လက်စရေနွေးကြမ်း လည်ချောင်းထဲ သီးသွားသည်။ ဖွ   အဲဒီအိမ်မက်လို အပြင်မှာ တကယ်မဖြစ်ပါစေနဲ. လို.တစ်ယောက်ထဲ တွေးနေသည်။

မီးဖိုချောင် ထဲမှ ထွက်လာသော မိခင်က သွေးနဖူးလေးကို တစ်ချက်စမ်းကြည်.ပြီး

“ သား ကိုယ်နဲနဲပူတယ် ဒီနေ. အိမ်မှာပဲနေလိုက်။ ရေမချိုးနဲ. ဒီငချိတ်ပေါင်း ထပ်မစားနဲ.တော.။ တော်ကြာ အစာမကြေပဲနေဦးမယ်၊ ကော်ဖီနဲ.ပေါင်မုန်.ကိုပဲ စားနော်သား” ဟုသွေးကိုပြောသည်။

“  ဟုတ်ကဲ.မေမေ၊ အခုလဲရင်ထဲမှာတစ်မျိုးကြီး အစာမကြေသလိုဖြစ်နေသလားလို.

တွေးနေတာ” သွေးမိခင်ကို ပြောအပြီး မိမိအိပ်ခန်းထဲဝင်လိုက်သည်။

ကုတင်ပေါ် လှဲချလိုက်စဉ်မှာ ဖြူအေးရဲ.ပုံရိပ်များ သာ သွေးရဲ.အနား ၀ဲလည်ရိုက်နေသည်။

သွေး စဉ်းစားနေမိသည်. ၈၀ ရာခိုင်နုန်းသည် ဖြူအေးအကြောင်းများသာဖြစ်သည်။ နေထိုင်ကောင်းလာလျင်ဖြူအေးထံသွားဖို. ထပ်မံဆုံးဖြတ်လိုက်သည်။

ဖြူအေး နင်နေကောင်းရဲ.လား၊ နင်.အဖေရော သက်သာလာပြီလား၊ ငါနင်နဲ.တွေ.ရင် ဘာကူညီရမလဲ။ မေးခွန်းတွေ တစ်ခုပြီးတစ်ခုထွက်လာသည်။ စိတ်က ဖြူအေးအနားရောက်နေပြီ။ ဖြူအေးရယ်အဖန်တစ်ရာထေနေတဲ. ငါ.အတွေးတွေကို အဖော်ပြုနေရတာ ကြာပြီဟာ။ နင် ငါ.အနားမှာရှိရင် ငါဖတ်ထားတဲ.စာအုပ်တွေအကြောင်း ငါပြောပြမယ်။ ရေဒီယို သတင်းထဲက လူ.အခွင်.အရေးတို.၊ ဒီမိုကရေစီတို.ကို ငါအသေအချာမသိပေမဲ. နင်.ကိုချစ်တဲ.အဓိပါယ်ကိုတော. ငါ. နှလုံးသားကသိသလောက် နင်.ကိုပြောပြမယ်။  ငါအတွေးထဲမှာ လောလောဆည် နိုင်ငံရေး သတင်းတွေ ပဲ.တင်ထပ်နေတယ်။ နိုင်ငံရေးဆိုတဲ.ဝေါဟာရကိုလဲ ငါမသိပါဘူး၊ ဒါပေမယ်. ငါတို.နဲ.သက်တူရွှယ်တူလေးတွေ ပစ်သတ် ဖမ်းဆီးခံရတာတွေ ကြားရတိုင်း ငါစိတ်မကောင်းဘူး၊ နင်ရောစိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ နင်လဲငါ.လိုပဲ စိတ်မကောင်းဖြစ်မိမှာပါ။ ငါ.အဖေကပြောဘူးတယ်။ လူ. ရယ်လို.ဖြစ်လာရင် သိထားသင်.တဲ. အကြောင်း ၃ ခုရှိတယ်တဲ.။ ၁။ ဘ၀ ဆိုတာဘာလဲ၊ ၂။ လူ သတ်တ၀ါ ဆိုတာလာလဲ၊ ၃။ ဘ၀ရဲ.တိုးတက်ခြင်းဆိုတာ ဘာလဲ၊ ဒီ ၃ခုကိုသိရင် လူ.အခွင်.အရေး ဆိုတာ နားလည်နိုင်တယ်တဲ.။ ငါအဖေက သူသိသလောက်ပြောပြတယ်။ သက်ရှိဘ၀ ဆိုတာ မွေးရာမှ သေသည်.ကာလ အတွင်း ရုန်းကန်ရပ်တည်ရသော အချိန် ကာလ တစ်ခုလို. အဘိဓါမ် စာအုပ်ထဲက အဓိတ်ဘယ်ထက် ပိုတယ်တဲ.။ သူကဘာနဲ. နိုင်းပြသလဲဆိုရင် ဘ၀ ဆိုတာ ဂြိုလ်တစ်ခုကို အရံလ ၃ စင်းဝိုင်းပတ်နေတာမျိုးလို.ပြောတယ်။ အဲဒီ လ တွေက ၂၄ နာရီ မပျက် လည်ပတ်နေတာတဲ.။ အဲဒီ လ ၃ စင်းက လောဘ ဒေသ နဲ. မောဟတို.ဖြစ်တယ်။ လူတွေရဲ.ဘ၀ကို ဒီ ၃ ခုက များသောအားဖြင်. တစ်လှည်.စီ ဒူက်ခပေးနေကြတာတဲ. ၊ အိပ်ပျော်နေတဲ.အချိန်မှာတောင်သူတို.က ကြီးစိုးထားတယ်တဲ.။ အဖေက သူတွေးတတ်သလောက် ကျိုးစားပြီး ငါတို.ကို ဆုံးမထားတဲ. သာဓကတစ်ခုပါ။

နောက်တစ်ခုက ငါတို.ကို အကျင်.ဆိုးတွေ မလုပ်ရအောာင် ပြောတဲ.အရာ။ လူနဲ.သက်ရှိသတ်တ၀ါဆိုတာ အကျင်.ရဲ.သားကောင်တဲ.၊ ငါ အရက်ကို မကြာမကြာသောက်ရင်း သောက်ရင်း၊အကျင်.တစ်ခုဖြစ်လာပြီး သောက်ချင်လာမှာတဲ.၊ ကောင်းတဲ.အကျင်.ဖြစ်တဲ. တရားအားထုတ်မှုကို မကြာမကြာပြုလုပ်ရင် တရားပဲထိုင်ချင်လာမှာလို.ပြောတယ်။ ကုန်ကုန်ပြောရရင် တောထဲက ကျားတောင် အစာရှာထွက်ရင် ဒီလမ်းအတိုင်းလာ ဒီလမ်းအတိုင်းပြန်ကြလို. မုတ်ဆိုးတွေ က ကျားတွေကို ခြေရာခံကြည်.ပြီးဖမ်းနိုင်တာတဲ.။ အဲဒီတော.ဟာ  သက်ရှိမှန်ရင် အကျင်.ရဲ.သားကောင်တွေလို.ပြောလိုက်တာပဲ။

နောက်ဆုံးတစ်ချက်က ဘ၀ရဲ တိုးတက်ခြင်းဆိုတာ ရပ်ပိုင်းဆိုင်ရာတိုးတက် လာခြင်းနဲ. စိတ်ပိုင်းဆိုင်ရာ တိုးတက်ခြင်း နှစ်ခု ကို မျှခြေဖြစ်အောင်လုပ်ထား၊ထိမ်းထားနိုင်ခြင်း၊ညှိယူခြင်းကိုဆိုတာလို.ပြောတယ်၊ လူတွေလဲ အချင်းချင်း အဲဒီ တိုးတက်ခြင်းနှစ်ခု ညီမျှအောင် မလုပ်နိုင်သရွှေ. တိုက်ခိုက် ဆန်.ကျင်ခြင်းတွေ ရှိနေမှာပဲလို. အဖေကပြောတယ်။ ကျောင်းသားတစ်ရောက် ချမ်းချမ်းသာသာနဲ.၀တ်ကောင်းစားလှ ၀တ်ထားသော်လဲ စိတ်ဓါတ်က သူများအပေါ်ညစ်ပတ်တဲ.စိတ်ရှိနေရင် သူက တိုးတက်သော ကျောင်းသားလို.ပြောလို.မရသလိုပေါ.။

အဲဒီတော.ဖြူအေး နင်ရော ငါပါ တကယ်.တိုးတက်တဲ.ခေတ်ကြီးကိုပိုင်ဆိုင်ဖို. စိတ်ပိုင်းအရ၊ ရုပ်ပိုင်းအရ မျှတအောင် ပြုလုပ်ရင်း ရှေ.လာမဲ.အနာဂါတ်ကို အတူတူ လျှောက်လှမ်းရအောင်နော်……..

သွေး အဆုံးအစမဲ. မိုးကောင်ကင်ကိုကြည်.ပြီး ဖြူအေးနဲ.အတူ စိတ်ကူးထဲမှာ တောင်စဉ်ရေမရ စကားတွေ ပြောနေရသည်။ တစ်နေ.လုံး အနားရလို. အလုပ်မရှိချိန်သည် ဖခင် အလုပ်ကို ကူလုပ်ပေးရသည်.အချိန်ထက် ပိုရွှေ.ပင် မောပန်းစေသည်။

အရွှယ်လေးရလာသောသွေး အတွေးအခေါ်များလဲရင်.ကျက်လာရသည်။ ဖြူအေးနှင်.တွေ.လျင်ပြောမည်ကြံထားသည်.အရာများ သူမအရှေ.ရောက်ခါမှ စကားလုံး မဲ.သော ဟင်းလင်းပြင်ကြီး ဖြစ်မှာကိုစိုးရိမ်နေရသည်၊ ထို.ကြောင်. သွေးမှာ အတွေးများဖြင်. စကားလုံးတွေကို နေ.တိုင်းမေတာ ကြိုးဖြင်.သီကုံးနေတတ်သည်။

ချစ်သူ…. မင်း ငါ.အနားရှိပေးနော် ၊ ငါမင်းကို တစ်သက်လုံး အလင်းရောင်ပေးပါမယ်….။

ဒါမှ ညီမျှခြင်း တွေနဲ. တို.နှစ်ယောက်အတူတူ ဆောက်တဲ.သာယာသော.အိမ်ကလေး လင်းလက်စေမယ်လေ………..။ ငါ. အတွက်တော. သဘာဝရဲ. အမှောင်နဲ. အလင်း နှစ်ခုစလုံး လိုအပ်တယ်ဖြုအေးရယ်………။

  

    

 

 

 

 

 

      

 

 အခန် ( ၉ )

           “ ၀ုန်း… ဂလုမ်း ..ဒုန်း .. ဒုန်း”

 သစ်လုံးများကို ဆင်ကြီး၏ လုပ်အားဖြင်. သစ်တင်ကားပေါ်မ တင်ပေးသံ  အဝေးမှပင်ကြားရသည်။ လွှဝိုင်းစက်ရှိရာ အသွားတွင် ခုတ်ပြီးသားကျွန်းပင်တို.ကို သင်းသတ်တဲ.သူကသတ်ကြသည်၊ သစ်ခေါက်ခွာသူက ခွာနေသည်ကိုတွေ.ရသည်။ သွေးတို. လုပ်ငန်းတွင်  လုပ်ကွက် နှစ်မျိုးရှိသည်။ သင်းသတ် သစ်ခေါက်ခွာပြီးသား သစ်လုံးအတိုင်း တန်တွက် တင်ပို.ရောင်းချခြင်းနှင်. သစ်လုံးများကို လွှဝိုင်းစက်ဖြင်.လွှာပြီး စိုဒ်စုံ သစ်ချောင်းများပေကြိုးဆွဲ ရောင်းချခြင်းတို.ရှိသည်။ လည်းကောင်း သစ်ချောင်းများကို ပြန်စိပ်သားဟုခေါ်သည်။ ပေ မမီ သော၊ လုံးပတ် မလှသော သစ်ကြမ်းများကို မျှောတိုင်အဖြစ်လည်းရောင်းရသည်။ တစ်ချို.မြို.များတွင် ထိုမျှောတိုင်များကို ဓါတ်တိုင်များအဖြစ် အသုံးပြုကြသည်။ သစ်ပင်များ အား သစ်ခေါက် ခွာပြီးပါကလည်း ပကာ သားများဟုခေါ် ပြီး မီးစိုက် ထင်းအဖြစ် ရောင်းချကြသည်။ ဆိုသော် သစ်ပင်တိုင်း လွှင်.ပစ်စရာ ဘာမှ မကျန်တော.ပါ။  သစ်များ ခုတ်ပြီးပါကလည်း သစ်တောဌာန၏ ထုတ်ပြန်ချက်အရ သစ်ပျိုးပင်များအသစ် စိုက်ပေးရသည်။   သစ်လုံအရေအတွက်အား တရားဝင်တင်ပြပြီး နံပါတ်ရိုတ်နှိပ်ရသည်။ထုတ်လုပ် ပြီးသော စာရင်းကို သယ်ယူပို.ဆောင်မည်. ဒေသအထိ ရောက်ရန် မျှောစာလိုသည်.အတွက် သစ်တော ဦးစီးဌာနမှာ တင်ပြတောင်းခံရသည်။

ပြန်စိပ်စက် ထဲရောက် သော် လွှဝိုင်း ဆရာမှ လက်ပြနုပ်ဆက်သည်။ သွေး ရေနွေးကြမ်း တစ်ခွက် ယူသောက်လိုက်ပြီး ခွဲစိပ်ပြီးသော သစ်ချောင်းများအား ပေမီ မမီ ချိန် ကိုက်ကြည်.ရသည်။ ၄ လက်မ ပတ်လည် ကိုက် မကိုက်၊ ၅-၂ လက်မ အမှာရှိလျင်လည်း လက်မပြည်.မပြည်.ပေတံ အသေးလေးဖြင်. စစ်ဆေးကြည်.ရပြန်သည်။

ပြန်စိပ် စက်တွင် လွှဝိုင်းဆရာသည် အဓိက အရေးပါသူဖြစ်သည်။ ထိုသူ မှားယွင်းစွာ လုပ်ခဲ.မိပါ က အပါယ်သားဖြစ်ကုန်ပြီး ဘေးပုပ်များကာ အလေအလွင်.များနိုင်သည်။ ထို.ကြောင်. သွေးက လွှဝိုင်းရှိရာသို. မကြာခဏ လာလာ သတိပေးနေရသည်။

သွေး ပက်လက်ကုလားထိုင်မှာထိုင်ပြီး လွှဝိုင်းတင်နေသည်ကိုကြည်.နေလိုက်သည်။

ယနေ.သွေး နဲနဲ ပင်ပန်းရသည်။ သွေး၏ဖခင် မန်းတလေးသို. ကုန်ပို. ပြီး၊ကုန်ဖိုးသွားတောင်းခိုက်မှာ လုပ်ငန်းတာဝန်ကို အချိန်ပြည်.လုပ်နေရသည်။ ဖြူအေးနှင်. မနက်ဖန် တွင်တွေ.ဆုံဖို. စာရေး ချိန်းထားပြီးပြီ။ ဒါကြောင်. နှစ်ရက်စာ ပေါင်းလုပ်ခိုင်းနေရရွှေ. အားလုံး ပင်ပန်းနေသည်။

ဖခင်မှာ ခရီးတစ်ခါ ထွက်လျင် ၄ ရက်လောက်သာ ကြာတတ်သည်။ ယခုတစ်ကြိမ်တွင် တစ်ပတ်ကျော်သည်အထိ ပြန်မရောက်သေးပါ။ ဖခင် ဒီနေ.တော. ပြန်လာမည်ဟု သွေးသေချာပေါက် တွေးထင်နေမိသည်။သွေး၏ မျက်လုံများမှေးစင်းလာသည်၊ မနက်တစ်ပိုင်း ပင်ပန်းမှုကြောင် မှေးကနဲ ခေတ်တခဏ အိပ်ပျော်သွားရသည်။

“ သွေး…ဟေ. သွေး။”

 သွေး မည်မျှကြာအောင် မှေးနေမိသည်မသိ အလုပ်သမားတစ်ယောက်လာနှိုးမှ အသိဝင်ခါ နိုးလာသည်။ မျက်စွပွတ်ကြည်.လိုက်၏်။ ဖခင်နှင်.အတူ မန်းတလေးကို လိုက်သွားသော စာရင်းကိုင် ဦးကြီး က သွေးကို စာရွှက်များ လက်ကမ်း ပေးလာတာ တွေ.လိုက်၏။

“ဟာ စာရေးကြီး၊ ပြန်လာကြပြီလား။ ဖေဖေရော ပြန်လာပြီပေါ.” သွေး မက်တပ်ထရပ်ခါမေးလိုက်သည်။

“ ငါ.တူ ကို ဘယ်လိုပြောရမလဲကွာ၊ အဖြစ်က ဒီလိုကွ……………………….”

 သွေး ခါင်းထဲမှာ ဒိန်းကနဲ သွေးနားထင် စောင်.တက်သွားရသည်။ မိမိနားကိုမိမိ မယုံနိုင်ပါ။ အဖြစ်တို.က တစ်ကယ်ရောက်လာတာလား။ ကြားခါစ စကားတို.သည် သွေး၏ ခန်ဓာကိုယ်တစ်ခုလုံးအား လေဟုန်ပြင်းပြင်းနှင်.ဆွဲငင်ခေါ်ဆောင်သွားသလို ခံစားလိုက်ရသည်။ ပြောလာသူ ဦးကြီး၏မျက်နှာကို ထပ်ခါတစ်လဲလဲ ကြည်.နေမိသည်။ ဦးလေးကြီး၏ နုပ်ခမ်း ဖွင်.ချီ ပိတ်ချီ ဖြင်.လှုပ်ရှား ပြောနေပုံကိုသာ မြင်ရပြီး ပြောပြသော စကား မကြားရအောင်ပင် နားတို. ထူပူနေသည်။   အပြင်မှာပူပြင်းသော နွေရာသီအပူထက် သွေးကိုယ်တွင်းအပူက ပိုရွှေ.ပူလာသည်။ နုညံ.သည်. နုလုံးသားအထက်ရှိ ခပ်ပါးပါး အလွှာ ကျုံ.၀င်သွားသဖြင်. အသက်ရှုကျပ်လာသည်။

“ ဟုတ်ရဲ.လားဦးလေးရယ်၊ မဖြစ်နိုင်တာ မပြောပါနဲ.ဗျာ။”

“ ဟုတ်တယ်ငါ.တူ မင်းအဖေကို မန်းတလေးမြို.မှာ သစ်တင်ကားတွေနဲ.အတူ ချုပ်ထားတယ်။ သက်ဆိုင်ရာက မင်းတို.ကို စာပို.အကြောင်းကြားဖို. ဦးလေးကို လွှတ်လိုက်တာ။အဲဒါက အမှုတွဲ စွဲချက်တင် စာတမ်းမိတ်တူ”

“ဘာကြောင်.ဖေဖေကို ဖမ်းတာလဲ၊ ကျွန်တော်တို. မျောစာနဲ.အတူ တင်ပို.တာ၊ ခါတိုင်းလဲ ဒီလို တရားဝင် ပို.နေကြပဲဟာ၊ ဦးလေးလဲအသိပါ”

“ သူတို.ပြောတာက မျောစာထဲ ပါတဲ.သစ်တန်ရေထက် ပိုတင်လာလို. ဖမ်းတာတဲ.ပုဒ်မက ခြောက်တစ်နဲ.။သွားပို.တဲ. ကားတန်းကို အရင်ဖမ်းပြီး၊ မင်းဖေဖေ ကိုတော. တည်းခိုနေတဲ.နေရာမှာ လာခေါ်သွားကြတာ ဦးလေးအရှေ.မှာတင်ပဲ။”

“ဒါဆိုဘယ်လိုလုပ်ရမလဲဗျာ၊ မေမေကို ဒီအချိန်မှာအသိပေးလိုက်ရင် သေသွားနိုင်တယ်။”

သွေးပြောအပြီး ပိုရွှေ.စိတ်မောလာရသည်။ ယခုတစ်လော မိခင်၏ကျမ်းမာရေးမှာ ပိုပြီးဆိုးလာနေသည်။ အမ လတ်က ယောက်ကျားနောက် ခိုးရာလိုက်ထားရွှေ. ပြသာနာ ပူပူနွေးနွေးဖြေရှင်းပြီးကာစအချိန်၊ အခုတစ်ဖန် ဖခင် ဖမ်းခံထားရကြောင်း ထပ်ပြီးပြောလို.မဖြစ်ပါ။ မြွေပူရာကင်းမှောင်.ဆိုသလိုဖြစ်မည်။သွေး၏ ညီလေးနှင်. ညီမလေးတို.မှာ ဘာမျှမသိသေးသော အရွှယ်များဖြစ်ကြသည်။ အားလုံးတွင် မိမိမှ လွဲရွှေ. အားကိုးရနိုင်မည်.သူ ရှိမည်မဟုတ်ပါ။ သွေးအားတင်းကာဖြင်.သိချင်တာမေးလိုက်၏။

“ဦးလေး ကျွန်တော်တို.ဘာဆက်လုပ်သင်.သလဲ၊ အကြံပေးပါဦးဗျာ”

“  မင်းနဲ. ဦးလေးတို.နှစ်ယောက် မင်းအဖေဆီ အရင်သွားတွေ.ရအောင်ကွာ။ ပြီးမှ မင်းအဖေနဲ.တိုင်ပင်ပြီး ရှေ.ဆက် လုပ်စရာရှိတာ လုပ်ကြတာပေါ.” လာပြောပြသောဦးလေးက လည်းကောင်း၏ အိမ် ကို ခေတ်တ ပြန်ဦးမည်ပြောကာ ထွက်သွားသည်။ ဦးလေးကြီး၏ကြောပြင်ကိုငေးကြည်.နေရင်းက တစ်ခါမှ မကျဘူးသောမျက်ရည်ပူတို. ကျလာရသည်။ စိတ်ကိုအားတင်းပြီးမကျအောင်တားသော်လဲ ရင်တွင်းအပူစေ.ဆော်မှုကြောင်.မျက်ရည်တို. တစ်လှိမ်.လှိမ်.ကျနေပြန်သည်။ ဖြစ်ရလေ ဖေဖေရယ်၊ သားဖေဖေ.ကို အရမ်းချစ်၊ အရမ်းလေးစားရပြီး သနားမိတယ်ဗျာ။ အချိန်ကြာကြာငိုကြွေးမိသည်.သွေး၊ မျက်နှာထူအမ်း နီရမ်းလာသည်.မျက်လုံးတို.ကို လက်ဖ၀ါးဖြင်. သပ်ချလိုက်သည်။ သွေး မိခင်ကို ဘယ်လိုပြောပြရမည်နည်း။ မဖြစ်ပါ မိခင်ကို အမှန်အတိုင်း မပြောသေးပဲ ဖခင်က သွေးကို မန်းတလေးမှာ အလုပ်များနေလို. ခဏ လိုက်လာဖို.ခေါ်ကြောင်းပြောရမည်။ ဒီအကြောင်းကို အလုပ်သမားများကိုလဲ အသိမပေးရန် သွေးတစ်ယောက်ထဲ ဆုံးဖြတ်လိုက်သည်။

မျက်နှာအား သေချာစွာဆေးပစ်လိုက်ပြီး သွေး အိမ်ပြန် ဖို.ခြေလှမ်းပြင်လိုက်တော.သည်။

 သွေး အိမ်ပြန်ရောက်တော. မိခင်.ကို အိမ်အောက်ထပ်ရှိ  ပက်လက်ကုလားထိုင်ပေါ် နားနေတာ တွေ.လိုက်သည်။ သွေးကိုမြင်တော. အပြုံးဖြင်.ကြိုဆိုနေသည်။ အမကြီးမှာ အိမ်ခန်းထဲ သန်.ရှင်းရေးလုပ်နေသည်။ အငယ်မနှင်. ညီငယ်တို.က  ခြံဝင်းအတွင်း ဂုံညှင်းပစ်တမ်းကစားနေကြသည်။ မေမေကိုမြင်တော. သွေးဘာပြောရပါ.လို. စဉ်းစားနေစဉ်။

“သွေး  အမေ.သား မျက်နှာလဲ မကောင်းပါလား၊ အိမ်ကိုလဲ စောပြီးပြန်လာတာပဲ။ ဘာအကြောင်းထူးလို.လဲသား၊ မင်းအဖေလဲ ဒီနေ.အထိ ပြန်မလာသေးဘူး….”

 “ဘာမှ မထူးပါဘူးမေမေ၊ ဖေဖေက မန်းတလေးမှာ အလုပ်များနေလို.၊ အဲဒါ သားကိုပါ လိုက်ခဲ.ဖို.လှမ်းခေါ်လို. မေမေကိုလာပြောတာ”

“ဘာအတွက်လဲသား မေမေနားမလည်ဘူး”

“ အတိအကျတော.မသိဘူးမေမေ၊ ခဏ နေကျရင် ရထားလက်မှတ် သွားဝယ်ရမှာ၊ မနက်ဖန်ကြီးကိုလိုက်ခဲ.ဖိုပြောတာဗျာ”

“ ကဲပါ သားခဏနားပြီးမှ ရေမိုးချိုးလိုက် ဟုတ်လား ပြီးမှ ရထားလက်မှတ် သွားဝယ်ပေါ.”

 မေမေကို ဟုတ်ကဲ. ပြောခါ အခန်းထဲဝင်ပြီး တစ်ယောက်ထဲ လှဲချလိုက်သည်။ အချိန်ကြာကြာ မိခင်နှင်.မျက်နှာချင်း မဆိုင်ဝံ.ပါ။ သွေး၏ မျက်နှာ အမူအရာပျက်လျင် မိခင်မှာ အမြဲတမ်းသိသည်.အတွက် သွေးကြာရှည် ဟန်ဆောင်နိုင်မည်မဟုတ်။ ဖခင် အကြောင်းမျာများမမေးတာ တော်လှသည်။

သွေး ရေချိုးပြီး ရထားဘူတာရုံဘက်ထွက်ခဲ.သည်။ လမ်းမတန်း ပေါ်ဝယ် ခြေလှမ်းမြန်မြန်နှင်. လျှောက်နေမိ၏။ သွေး၏စိတ်တို. ပိုရွှေ.ပင် မြန်ဆန်နေသည်။ ဖြစ်နိုင်လျင် ဖခင်ရှိရာ တစ်ဟုန်တိုးပြေးသွားလိုက်ချင်သည်။

 လက်မှတ်ဝယ်၊ အထုပ်အပိုးပြင်ပြီး နေ.စဉ်အတူတူကျောင်းသွားဖို. ဖြူအေးနဲ. ဆုံတွေ.နေကြ နေရာ အုတ်တံတားလေးရှိရာ ခြေဆန်.လက်ဆန်.ထွက်လာမိသည်။ ဖြူအေးရဲ. အမူအရာ ပြောပုံဆိုပုံ ရယ်မောလိုက်စဉ် သွားတတ်ကလေး နှင်.ပါးချိုင်.ကလေး ကြောင်. ပိုရွှေ.လှပလာ သည်.မျက်နှာကို အချိန်တိုင်း မျက်ဝန်းထဲ မြင်နေမိသည်။ ငါ ကံဆိုးတယ် ဖြူအေးရယ်၊နင်နဲ.တွေ.ပြီး ချစ်တဲ.အကြောင်း မနက်ဖန်ပြောဖို. ငါ. ရဲ.ဒုတိယအကြိမ် ကျိုးစားမှု. အချည်းအနီး ဖြစ်ရပြန်ပြီဟာ။ စာနဲ.ရေးပြောတာထက် ငါက လူကိုယ်တိုင်ပြောပြချင်ခဲ.တာ။ အခုတော မပြီးဆုံးတဲ. မနက်ဖန်များစွာထဲ လက်ပစ်ကူးပြီး နင်.ကိုဖွင်.ပြောဖြစ်မဲ.နေ. ငါစောင်.နေမယ်။ ငါ.ဖေဖေရဲ. ကိတ်စ ပြီးရင် နင်ကို လာတွေ.မယ်။

 ဖြူအေးနဲ.စိတ်ထဲမှာ စကားတွေ ပြောနေလိုက်သည်မှာ လမ်းရဲ. အဆုံးတစ်ဘက်ကို ရောက်နေခဲ.ပြီ။ သွေး.. ကောင်းကင်ပြင်ကြီးကိုမော.ကြည်.လိုက်သည်။ သာယာလှပသော ရှုခင်း၊ လတ်ဆတ်သော လေပြေတို. သွေးကို ချော.မြူနှစ်သိမ်.မပေးနိုင်ကြပါ။ တွေ.နေကြ လိပ်ပြာလေးများနှင်.အရောင်စုံ သစ်ခွပန်းများကို ယနေ.တွင်  မတွေ.ရသောကြောင်.သွေး ထူးဆန်းအံသြနေရသည်။ တနေ.တာ ထွန်းလင်းတောက်ပခဲ.သောနေမင်းကြီးမှာ ပင်ပန်းသဖြင်. အနားယူဖို. ဆိုင်းပြင်နေပြီ။ ထို.ကြောင်. သွေး အိမ်ကို ပြန်.လှည်.လာခဲ.တော.သည်။ နောက်နေ.မနက် မန်းတလေးကို သွားရမည်.အဖြစ်ကို တွေးမိတော.လဲ သွေးခမျှာ ရင်ထဲ၊စိတ်ထဲ တင်းကျပ်စို.နစ်သွားရသည်။

ထိုညမှာပင် အတွေးဗလောင်ဆူကာ တစ်သက်တာလုံး မမက်ဘူးသည်.အိမ်မက်ဆန်းများမက်ရွှေ. သွေးအိပ်ရေးပျက်ရသည်။ ထိုအိမ်မက်နိမိတ်တို.သည် ကံကြမ်မာဆိုး တို.၏ အစဦး တံခါးတစ်ချက် ဖွင်.လိုက်ခြင်း ဆိုသည်ကို သွေးအမှန်ပင် မသိလိုက်မိ ခဲ.ပါ။

“ဖေဖေ ဘာမှ မဖြစ်ပါစေနဲ.”

 အိမ်မက်ထဲမှာ သွေး ဆုတောင်းနေမိသည်။

zawnaingtun

unread,
Sep 8, 2013, 7:08:21 AM9/8/13
to travelmyanmar
Travel Myanmar Group or writer training forum?


2013/9/7 Tomme Aung <tomm...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/32ab26e9-e6f5-4999-b594-402b090f2e6c%40googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.



--
zawnaitun

























Reply all
Reply to author
Forward
0 new messages