AURA / Paranormal ခေါ် ကိုယ်ရောင်ကိုယ်ဝါ သို့မဟုတ် အငွေ့အသက် အရှိန်အဝါ အကြောင်း သိကောင်းစရာ

197 views
Skip to first unread message

Tomme Aung

unread,
Jul 9, 2014, 3:38:23 PM7/9/14
to travel...@googlegroups.com
AURA / Paranormal ခေါ် ကိုယ်ရောင်ကိုယ်ဝါ သို့မဟုတ် အငွေ့အသက် အရှိန်အဝါ အကြောင်း သိကောင်းစရာ

စိတ်နယ်လွန်လေ့လာမှု ပညာမှာ စိတ်ပိုင်းလေ့ကျင့်မှု အခန်း အများကြီးရှိပါတယ်။ အဲဒီစကားနဲ့ ပြောရင် Aura ဆိုတာ အင်အတန် နုညံ့သော ခန္ဓာကိုယ်ရဲ့ အဝန်းအဝိုင်း စက်ကွင်းကိုခေါ်တာလို့သိရတယ်။ ဒြပ်ဝတ္ထု တွေ နဲ့ သက်ရှိ လူတွေရဲ့ ခန္ဓာ ကိုယ် အပေါ်ကနေ ရောင်စဉ်တန်း ထွက်ပေါ်လာတာကို ခေါ်ပါတယ်။ လူ သတ္တဝါတွင်မက သစ်ပင် ကမ္ဘ္ဘာ မြေအပြင် စင်္ကြာဝဠာ ထဲမှာရှိတဲ့ အရာတိုင်းမှာ Aura ကိုတွေ့နိုင်တယ်။ လူ့သာမာန်မျက်စိနဲ့ မမြင်နိုင်တဲ့ Aura လည်းရှိတယ် လို့ဆိုတယ်။ ဗုဒ္ဓရဲ့ ရောင်ခြည်တော်ခြောက်သွယ် က ဦးခေါင်းတော် မကိုဋ်တော်ကနေ ထွက်ပေါ်တာမျိုးပါ။ ဥပမာပေးရရင် Haloတို့ Aureola တို့လိုပါ။ Aura ကို ယနေ့ထက်တိုင် လက်တွေ့ကျကျ သိပ္ပံနည်းကျကျ မဖော်ပြနိုင်လို့ paranormal အကျိုးအကြောင်း ဆက်စပ်မဖော်ပြနိုင်သော အရာလို့ အနောက်ကမ္ဘာက ခေါ်ဆိုကြတယ်။ 

ပန်းချီရေးဆွဲမှု ရှုထောင့်အရ မြင့်မြတ်သော တန်ခိုးရှိသော သူတော်စင်တွေ ဖြစ်ကြောင်းAura နဲ့ အတွေးပွားချင်စရာ ရေးဆွဲ ဖေါ်ပြခဲ့ကြတယ်။ အိန္ဒိယ လူမျိုးတွေကတော့ နာမ်ပိုင်းဆိုင်ရာ လေ့ကျင့်မှု အလျောက် ဆဌ အာရုံကို ရရှိစေနိုင်တဲ့ သင်္ကတေတွေဖြစ်ကြောင်း ယူဆကြပါတယ်။ အနောက်တိုင်းဆေးပညာရှင်တွေက ဝက်ရူးပြန်ခြင်း မျက်စိ ရောင်ရမ်းခြင်း တွေဖြစ်ရင် အမြင်အာရုံထိခိုက်မိရင်Aura ကို တွေနိင်တယ်လို့ဆိုတယ်။
ယောဂဆရာ မဟာ ဘာဘာ က Aura မှာ ခုနှစ်ရောင်ရှိတယ် အဲဒါတွေက လူ့စိတ်ခံစားမှုနဲ့ အမျိုးစုံတဲ့ ထိုးထွင်း သိမြင်နိုင်မှုတွေနဲ့ ဆက်စပ်နေတယ်လို့ဆိုတယ်။ အဲဒီ Aura ကို ကွဲပြားတဲ့ အရောင်များနဲ့ ခွဲခြားဖော်ပြသလို အသံ ပုံသဏ္ဍန်အားဖြင့်လည်း ယောဂ ဆရာက ရှင်းပြတတ်ပါတယ်။ ဒါကို ဟိန္ဒူ လို ချာကရ Chakra လို့ ခေါ်ပြီး ယောဂကျင့်စဉ် စာအုပ်တွေမှာ လူ့ခန္ဓာ ပုံကို အရောင်ကာလာတွေနဲ့ အလွှာ ခုနှစ်မျိုးထပ် ဖော်ပြခဲပါတယ်။
နက်နဲသော ပညာလေ့လာသူ အင်္ဂလိပ်လူမျိုး W E ဘတ်လာ က တော့သူရဲ့ နုးညံ့သိမ်မွေ့သော အကြားအမြင် clairvoyance နဲ့ Aura ကို ချိတ်ဆက် ကြည့်ခဲ့ဘူးတယ်။ အဲဒီလို စမ်းသပ်ကြည့်ရာကနေ Aura တွေဟာ စိတ်ပိုင်းဆိုင်ရာ ခံစားမှု တွေ ကြောင့် ဖြစ်ပေါ်လာတာလို့ ပြောခဲ့တယ်။ Aura မှာ နှစ်ပိုင်းကွဲပြားနေကြောင်း နုညံ့သိမ်မွှေ့သော စိတ်ပုံစံ နဲ့ နာမ်သက်ဆိုင်ရာ ရစ်ပတ်နွယ်တတ်သောစိတ်ပုံစံ တို့ ဖြစ်ကြောင်း ၄င်းတွေရှိချက်ကို အတိအလင်း ကြေငြာခဲ့တယ်။
Aura ဖြစ်ပေါ်မှုက လူတစ်ယောက်ရဲ့ ကျမ္မာရေးအနေအထား အသွင်အပြင်အပေါ်မှာ မူတည်ပြီးမှ ဖြစ်တည်ရကြောင်း စိတ်ပိုင်း ရုပ်ပိုင်း ဆက်စပ်မှု အရ ဖြစ်ပေါ်လာကြောင်းထပ်လောင်းပြောပြပါတယ်။
သူရဲ့နောက် Aura လေ့လာသူ Robert Bruce က Aura မှာ သုံးပိုင်းမူကွဲရှိကြောင်း နဲ့ အဲဒါတွေက ဘက်လာတွေ့ရှိတဲ့ နှစ်ခုအပြင် အဓိက လူ့ခန္ဓာ ရဲ့ ဖြစ်တည်မှုကိုပါ ပေါင်းထည့်ပြောပါတယ်။ Aura အလွာတွေဟာ သုံးဖက်မြင်အလွှာမဟုတ်ဘူး သူ့အကန့်အသတ် နေရာရှိပြီးသားပါ လို့ May 2011 ခုနှစ် Transformation Channel TV မှာ ပြောခဲ့တယ်။
Glenn Morris ဆိုသူက Aura တွေကို မြင်ရဖို့ စိတ်လေ့ကျင်မှု လုပ်ရင်ရတယ်။ သူအတွေ့အကြုံအရ Aura တွေက လူ့ခန္ဓာ ကိုယ်တစ်ဝိုက် ထူထဲစွာ အလင်းတန်းပုံစံနဲ့ ရှိနေတယ်။ အလွှာ တစ်ခုနဲ့တစ်အကြား လက္မ ဝက်ကနေ တစ်လက္မ အထူ ရှိနေတတ်တယ်။ လူ့ ဟိုမုန်းဓါတ်ဖြစ်သော အနေအထားအလိုက် ဖြစ်နေတဲ့ ကြက်ဥနဲ့ ကြက်ဥ အလယ်အနှစ် ပုံသဏ္ဍန်မျိုးဖြစ်တယ်လို့ သူက ဥပမာပေးပါတယ်။
အဲဒီအလွှာ တွေရဲ့ အပေါ်ပိုင်းမှာတော့ စိတ်ပိုင်းဖြစ်ပျက်မှုနဲ့ဆိုင်တဲ့ အလွှာတွေ တွေ့ရတယ်လို့ ဆိုတယ်။ ဆေး ဝါးကုသသူတွေက Aura ဆိုတာ လူသားစွမ်းအင်ကို လေ့လာဖို့အတွက်သာ ဖတ်ရှု တိုင်းတာတဲ့ အနုပညာတစ်ခုလိုထင်ကြောင်းပြောကြပြန်တယ်။ ဥပမာ အနေနဲ့ ပြောရင် Aura တွေက Bioenergetics , energy medicine . energy spirituality နဲ့ energy psychology တွေ လေ့လာရာမှာ အထောက်အကူ ပြုနိုင်ပါတယ်တဲ့။

ဟိန္ဒ လူမျိုးတွေက တော့ Aura အဝန်းထွက်ပေါ်လာရတာက ပါရန parana လို့ခေါ်တဲ့ ဘဝ ရဲ့ လှုပ်ရှား မှု ခွန်အားကြောင့်ပါ။ အဲဒါ ဘယ်ကနေ ဖြစ်ပေါ်လာသလဲဆိုတော့ Chakra ခေါ် စွမ်းအားဖြစ်စေမယ့် energy points တွေကနေလာတာလို့ပြောတယ်။ Chakra ခုနှစ်ခု ရှိတယ်။ ဦးနောက် ။ လည်ချောင်း ။ နှလုံးသား။ အစာအိမ် ။ မျိုးပွား အင်္ဂါ အထက်ပိုင်းနဲ့ မြီးညှောင့်ရီုး အထက်နေရာတို့က အရေးပါတဲ့ Chakra လို့ ယူဆကြတယ်။ ဒါတွေရဲ့ လှုပ်ရှားမှုကြောင့် Aura တွေ ဖြစ်ပေါ်လာတယ်လို့ Yogis တွေက ယုံကြည်တယ်။ ( Yoga အကြောင်း ပြည့်စုံစွာ ဖော်ပြပါမည်)

ရှေးခေတ် တိဘက် လူမျိုးတွေ အတွက် လူမှာ Aura သုံးလွှာရှိကြောင်း။ နှစ်လုံးသားမှာ ။ အရေပြားပေါ်နဲ့ လူ့ရဲ့ ခန္ဓာ အထက်ပိုင်း ကို ဝိုင်းပတ်ထားတဲ့ တစ်လွှာချင်းစီရှိတယ်လို့ ယူဆကြတယ်။ နောက်ပြီး Aura တွေက ကောင်းမှု ကုသိုလ်လုပ်ပြီး စိတ်တည်ငြိမ်အေးချမ်းနေသူအတွက် Aura တွေ အားကောင်းစေပြီး နေထိုင်မကောင်းဖြစ်ခြင်း စုန်းပြုစားခံရတာမရှိခြင်းနဲ့ အပဝင်ပူးခံရခြင်းတို့ကနေ ကင်းစေတယ်တဲ့။ တနည်းအားဖြင့်ပြောရရင် တိဘက်လူမျိုးများ Aura ကို ယုံကြည်ခဲ့ကြပုံပါ။ ဒီအကြောင်းရေးနေရင်း ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်ကာလမှာ အာနန္ဒာကို ဗုဒ္ဓက ပရိနဗ္ဗန် ပြုသင့် မပြုသင့် မေးပါတယ်။ အဲီအချိန်မှာ မာရ်နတ်က အာနဒ္ဒာရဲ့ နှလုးံသားကို လက်နဲ့ တန်ခိုးသုံးပြီ ညှစ်ထားပါတယ်။ ဘုရားကလည်းသိတယ်။ ဒါပေမယ့် ဝိနည်းတော်ထိမ်းပြီး သုံးချိန်မေးပေမယ့် အာနန္ဒာက မဖြေလို့ နောင်သိပ်မကြာခင် နိဗ္ဗန်ဝင်မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီအကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိလိမ့်မယ်ထင်ပါတယ်။ တိဘက်လူမျိုးတွေ တွေးသလို တွေးရရင် မာရ်နတ်က အာနန္ဒာ ရဲ့ နှလုံးသားကို ညှစ်ဖို့ အတွက် တန်ခိုးသုံးပြီး Aura အလွှာဖေါက်ပြီးမှ နှလုံးကို ညှစ်လို့ရပါမယ်။ အာနန္ဒာ ကလည်းသူတော်ကောင်းမို့ Aura တွေ အားကောင်းမှာပါ။ ဒါပေမယ့် မာရ်နတ်က သူထက် တန်ခိုးအင်အားကြီးထွားတော့ အညှစ်ခံလိုက်ရပုံပါ။ ဒီလိုဆိုရင် Aura အားကောင်းတဲ့သူက Auraားနဲတဲ့သူကို ပြုစားလို့ရသလိုရှိတယ်။ တိဘက်အယူအဆနဲ့ တွေးကြည့်တာပါ။

ဆိုတော့ Aura ကို လက်ခံသူတွေ ရှိသလို အငြင်းပွားဖွယ် အကြောင်းအရာအဖြစ် ထင်မြင်ကြသူတွေလည်းရှိပါတယ်။ 
ဘယ်လို ပဲဖြစ်ဖြစ် Metaphysic ကို လေ့လာမယ်ဆိုရင် Aura , Chkraနဲ့ Meditation အကြောင်းတွေပါလေ့လာသင့်ပါကြောင်း ဆွေးနွေးတင်ပြလိုက်ပါတယ်။

အစဉ်လေးစားလျက်
သွေးသစ်
REFERANCE
Swami Panchadais/ Human Aura , Illinois, USA 1912- Yogi

Oslie, Barbara, Life colour / New World Library 2000.
N 11.jpg
N 12.jpg
Reply all
Reply to author
Forward
0 new messages