ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် နေပြည်တော် ကုတင်(၁၀၀၀)တွင် ဆေးကုသမှုခံယူလျက်ရှိသည့် မလေးရှားအားကစားမျာ

13 views
Skip to first unread message

MOHT

unread,
Dec 15, 2013, 7:00:41 AM12/15/13
to travel...@googlegroups.com

ပြည်ထောင်စုဝန်ကြီး ဦးဌေးအောင် သည် ယနေ့နံနက်(၁၁း၃၀)နာရီအချိန်တွင်  နေပြည်တော် ကုတင်(၁၀၀၀)တွင် ၀မ်းလျှော၊ အော့အန်မှုများကြောင့် ဆေးကုသမှုခံယူလျက်ရှိသည့် မလေးရှားဘောလီဘော အားကစားသမား(၂)ဦးအား သွားရောက်ကြည့်ရှုသတင်းမေး၍ အားပေးခဲ့ပါသည်။

 နေပြည်တော်၊ ဥတ္တရသီရိမြို့၊ အေးချမ်းသာဟိုတယ်တွင် တည်းခိုနေထိုင်လျက်ရှိသော (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲတွင် လာရောက်ယှဉ်ပြိုင်သည့် မလေးရှားဘောလီဘော အသင်းဝင်(၁၉)ဦးတို့သည် ၁၄-၁၂-၂၀၁၃ ရက်နေ့၊ ညစာကို နေပြည်တော်၊ သပြေကုန်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် သွားရောက်စားသောက် ကြရာ ထောပတ်သီးဖျော်ရည်နှင့်စတော်ဘယ်ရီဖျော်ရည်များသောက်သုံးခဲ့ပြီး အဆိုပါ(၁၉)ဦးအနက်မှ (၂)ဦးဖြစ်သည့်  Ms. Teh Huei Hong မှာ ယမန်နေ့ညပိုင်းတွင်လည်းကောင်း၊ Ms Alicia Yit Chii Hui မှာ ယနေ့ နံနက်ပိုင်းတွင်လည်းကောင်း ၀မ်း(၂)ကြိမ်ခန့်သွားပြီးနောက် ယနေ့နံနက်ပိုင်းက အော့အန်သည့်ဝေဒနာများ ခံစားရခြင်းဖြစ်ပြီး  ယနေ့နံနက်(၀၈း၀၀)နာရီတွင် နေပြည်တော် ကုတင်(၁၀၀၀)ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူခဲ့ရသည်။ 

ကုတင်(၁၀၀၀)ဆေးရုံမှလူနာ(၂)ဦးအား ဆေးကုသမှုပေးပြီး စောင့်ကြည့်လျက်ရှိကြောင်းနှင့်ဆေးရုံသို့ ရောက်ရှိချိန်မှစ၍ ၀မ်းသွားခြင်း၊ အော့အန်ခြင်းမရှိကြောင်း၊ လူနာများသက်သာလာပါက  ဆေးရုံမှ ဆင်းခွင့်ပြုမည်ဖြစ်ကြောင်းသိရှိရပါသည်။

Reply all
Reply to author
Forward
0 new messages