Yangon and Mandalay International airports will be upgraded this year

6 views
Skip to first unread message

Nyi Nyi ®

unread,
Jan 4, 2013, 12:34:28 PM1/4/13
to travel...@googlegroups.com
လေကြောင်းပို့ဆောင်ရေးအတွက် လာမယ့် ၂၀၁၃ ခုနှစ် အတွင်းမှာ လေဆိပ် သုံးခုကို ပြင်ဆင်ပြီး လေဆိပ်အသစ် နှစ်ခု တည်ဆောက် သွားမယ်လို့ ပြည်တွင်းလေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရပါတယ်။ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာအဆင့်မီ လေဆိပ်အဖြစ်နဲ့ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို နိုင်ငံတကာအဆင့်မီ ကုန်သွယ်လေဆိပ်အဖြစ် အသီးသီး အဆင့်မြှင့်တင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပြီး ၂၀၁၂ ခုထဲမှာ ပူးပေါင်း လုပ်ကိုင်မယ့် ပြည်တွင်းပြည်ပ ကုမ္ပဏီတွေကို တင်ဒါခေါ်ခဲ့ကာ ၂၀၁၃ မှာ စတင်လုပ်ဆောင် သွားမှာ ဖြစ်ပါတယ်။ ဟံသာဝတီ လေဆိပ်ကိုတော့ နိုင်ငံတကာ အဆင့်မီဖြစ်အောင် အသစ်ပြန်လည် တည်ဆောက် သွားမှာဖြစ်ပြီး ချင်းပြည်နယ်နဲ့ မာန်အောင်ကျွန်းမှာ ရှိတဲ့ စပုံတဲတို့မှာ လေဆိပ်အသစ်တွေ တည်ဆောက်သွားမယ်လို့ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းထံက သိရပါတယ်။ ‘၂၀၁၃ ခုနှစ်ထဲမှာ အဲဒီလေဆိပ် သုံးခုကိုပဲ အဓိကထား ဆောက်သွားမယ်၊ တခြား နယ်လေဆိပ်တွေကိုတော့ ထိန်းသိမ်းရုံပဲ ဆက်လုပ်သွားမယ်၊ လေကြောင်း ကုမ္ပဏီထောင်ချင်လို့ လာလျှောက်ရင်လဲ သတ်မှတ်ချက်တွေ၊ စံတွေနဲ့ ကိုက်ညီရင် လုပ်ငန်းလုပ်ကိုင်ခွင့်တွေ ချပေးသွားမယ်၊ ပါးစပ်ကနေ ပြောနေကြတဲ့ တခြားဟာတွေကတော့ အများကြီးပဲ၊ ဒါပေမဲ့ ဘာမှ မသေချာသေးဘူး’ လို့ လေကြောင်း ပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဆိုကြောင်း ၂၀၁၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ထုတ် ကုမုဒြာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "
Reply all
Reply to author
Forward
0 new messages