Air Bagan လေယာဉ် မတော်တဆမှု ဖြစ်ပွားရခြင်းမှာ ဆင်းသက်ချိန်တွင် လေယာဉ်မှူး၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း စစ်ဆေးတွေ့ရှိ

33 views
Skip to first unread message

Myo

unread,
Feb 1, 2013, 4:47:20 AM2/1/13
to travelmyanmar
Air Bagan လေယာဉ် မတော်တဆမှု ဖြစ်ပွားရခြင်းမှာ ဆင်းသက်ချိန်တွင်
လေယာဉ်မှူး၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်းကြောင့် ဖြစ်ကြောင်း
စစ်ဆေးတွေ့ရှိ

Air Bagan လေယာဉ် မတော်တဆမှု ဖြစ်ပွားရခြင်းမှာ
ဆင်းသက်ချိန်တွင်လေယာဉ်မှူး၏ ဆုံးဖြတ်ချက် မှားယွင်းခဲ့ခြင်းကြောင့်
ဖြစ်ကြောင်း စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌ ဦးဝင်းဆွေထွန်းက
ပြောကြားခဲ့သည်။
Air Bagan လေကြောင်းလိုင်း၏ လေယာဉ်အမှတ် XY-AGC မတော်တဆ
ထိခိုက်ပျက်စီးခြင်းအားစုံစမ်းစစ်ဆေးမှု ရှင်းလင်းတင်ပြခြင်းအခမ်းအနားအား
ဖေဖော်ဝါရီလ ၁ ရက်နေ့က ရန်ကုန်မြို့ရှိ
လေကြောင်းပညာသိပံ္ပတွင်ပြုလုပ်ခဲ့သည်။
"အဓိကက ဆင်းသက်တဲ့နေရာမှာ ကွင်းကို မြင်နေရတယ်၊ ပြေးလမ်းနဲ့
ဆင်းတဲ့အပိုင်းကြားမှာ မြူဖုံးနေတယ်၊မျက်မြင်နေရာကနေ
ချိန်ကွင်းကိုကြည့်ပြီး ဆင်းသက်ရာမှာ မှန်ကန်တဲ့ ဆုံးဖြတ်မှုကို
မလုပ်ဆောင်ခဲ့ဘူး။
ဆုံးဖြတ်ချက်က မိနစ်ဝက်လောက်အတွင်းမှာ လုပ်သင့်တဲ့ ဆုံးဖြတ်ချက်ကို
မလုပ်နိုင်ခဲ့တာကြောင့်ပါ" ဟု စုံစမ်းစစ်ဆေးရေးအဖွဲ့ ဥက္ကဌက
ပြောကြားခဲ့ပါသည်။
၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့က ဖြစ်ပွားခဲ့သော Air Bagan လေယာဉ်
ပျက်ကျမှုဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့မှ စုံစမ်းစစ်ဆေးခဲ့ရာတွင်
လေယာဉ်စက် ချို့ယွင်းခြင်း၊ flight control နှင့်ပတ်သက်၍
မှားယွင်းခြင်း၊လေယာဉ်ကွင်း မှားယွင်းဆင်းသက်ခြင်း၊ အကြမ်းဖက်
ဖောက်ခွဲခံရခြင်းစသည့် မှားယွင်းမှုများ မရှိကြောင်း
စစ်ဆေးတွေ့ရှိခဲ့ရသည်။
အဆိုပါလေယာဉ်အား ရန်ကုန်မှ မန္တလေးသို့ မောင်းနှင်ချိန်တွင်သာ ကပ္ပတိန်မှ
မောင်းနှင်ခဲ့ပြီး မန္တလေးမှ ဟဲဟိုးသို့ ဆက်လက် ထွက်ခွာရာတွင် တွဲဘက်
လေယာဉ်မှူးအား မောင်းနှင်စေခဲ့ကြောင်း သို့ရာတွင် လေယာဉ်မှူး၏
သုံးသပ်ဆုံးဖြတ်မှုသည်သာ အဓိကဖြစ်ကြောင်းလည်း သိရှိရသည်။
"ကပ္ပတိန်က FO ပေးမောင်းခဲ့တယ်ဆိုတာ
သူ့အမှားမဟုတ်ဘူး၊ပေးမောင်းခွင့်ရှိတယ်၊ ဒါပေမယ့်
လေယာဉ်မှူးရဲ့ဆုံးဖြတ်ချက်ကသာ အဓိက ဖြစ်ပါတယ်” ဟု ၎င်းကပြောကြားခဲ့သည်။
ဒီဇင်ဘာလ ၂၅ရက်နေ့က အဆိုပါ အဲပုဂံလေယာဉ်သည် ဟဲဟိုးလေဆိပ်သို့
ပထမဆုံးဆင်းသက်သည့် လေယာဉ်ဖြစ်ပြီး၊ ယင်းလေယာဉ်၏ နောက်တွင်
ဟဲဟိုးလေဆိပ်သို့ ဆင်းသက်မည့် လေယာဉ် ၂စီး ကပ်ပါလာခြင်းသည်လည်း
ယင်းလေယာဉ်ကွင်းသို့ ဆင်းသက်မည့် လေယာဉ်မှူး အနေဖြင့်
မဖြစ်မနေဆင်းသက်ရမည်ဆိုသည့် အသိကို ဖြစ်ပေါ်စေနိုင်ကြောင်း
ဦးဝင်းဆွေထွန်းက ဆိုသည်။
ဟဲဟိုးလေဆိပ်သည် မြန်မာနိုင်ငံ ပင်လယ်ရေမျက်နှာပြင်အမြင့်
ပေ၄၀၀၀ကျော်တွင်ရှိပြီး၊ ရာသီဥတုကြောင့် လေယာဉ်ဆင်းသက်ရ ခက်ခဲ့သည့်
လေယာဉ်ကွင်းတစ်ခုဖြစ်ပြီး၊ အဆိုပါမတော်တဆမှုဖြစ်ပွားသည့် ဒီဇင်ဘာလ ၂၅
ရက်နေ့တွင် ဟဲဟိုးမြို့၏ ရာသီဥတုအခြေအနေမှာ မြူများ
ကျဆင်းနေသည်ဆိုသော်လည်း လေဆိပ်တစ်ခုလုံးအား မြင်နိုင်စွမ်းမရှိအောင်
မြူများဆိုင်းနေခြင်းမျိုးမဟုတ်ဘဲ လေဆိပ်အနီး သစ်ပင်တန်းတွင် မြူအချို့
ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့၏ အမှားကြောင့် ဖြစ်ကြောင်း
နောက်ဆုံးအဆင့်အနေဖြင့် ဆုံးဖြတ်မှု ပြီးစီးပါက အရေးယူမှုအား
လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သတ်မှတ်ထားသည့်
ဥပဒေများအတိုင်း စစ်ဆေး အရေးယူသွားမည်ဟု သိရှိရသည်။
အဆိုပါ မတော်တဆမှု ဖြစ်ပွားခဲ့သော Air Bagan လေယာဉ်အား မောင်းနှင်သော
လေယာဉ်မှူးနှစ် ဦးမှာ လေယာဉ်မှူး မောင်မောင်ထွေး နှင့် တွဲဘက်လေယာဉ်မှူး
နေလင်းထွန်းတို့ဖြစ်သည်။
အဲပုဂံလေယာဉ်ပျက်ကျမှုတွင် ရှာဖွေတွေ့ရှိခဲ့သည့် Black Box အား
သြစတျေးလျနိုင်ငံ ကင်ဘာရာမြို့ရှိ Australian Transport Safety Bureau
(ATSB) တွင် ဇန်န၀ါရီ ၁၈ ရက်က အထူးစုံစမ်းစစ်ဆေးရေး
ခုံရုံးတာဝန်ရှိသူများ သွားရောက် စစ်ဆေးခဲ့ပြီး ဇန်န၀ါရီ ၂၆ ရက်က
မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိခဲ့ပြီး ယနေ့ ဖေဖော်ဝါရီလ ၁ရက်နေ့တွင်
မီဒီယာသို့ ရှင်းလင်းပွဲအား ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် အဲပုဂံ လေကြောင်းလိုင်းမှ
လေယာဉ်တစ်စီးသည် ဟဲဟိုးလေဆိပ်သို့ ဆင်းသက်စဉ် မတော်တဆမှု ဖြစ်ပွားခဲ့ပြီး
လေယာဉ်ပေါ်တွင် ပါဝင်သည့် ဧည့်လမ်းညွှန် အမျိုးသမီးတစ်ဦးနှင့် မြေပြင်ရှိ
ဆိုင်ကယ်မောင်းသူ တစ်ဦးတို့ သေဆုံးခဲ့သည်။

Source : Weekly Eleven

Tin Aung Kyaw

unread,
Feb 1, 2013, 4:49:57 AM2/1/13
to travel...@googlegroups.com
Thanks ko myo tha htet.
Best
TAK


2013/2/1 Myo <myomyan...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.



chawchaw mirror

unread,
Feb 1, 2013, 9:06:58 AM2/1/13
to travel...@googlegroups.com

Air bgn crash. တွင် human error ဟု ဆိုပါသည်။
Captain. ကို ရာထူးအဆင့်ချယုံ။
သင်တန်းပြန်တက်ခိုင်းယုံ လုပ်မည်ဟု ပေါ်ပြူလာ ဂျာနယ်တွင် ရေးထားပါသည်။ ကျမအမြင် ထောင်ချ သင့်ပါတယ်။
ရာထူးချယုံ မလုံလောက်ပါ။ မော်တော်ကား မောင်းသူ က လူကို တိုက်မိလို့ လူ သေဆုံးလျှင် ထောင်ဒဏ် ချသလို ချရပါမည်။ လူ၂ ဦးသေဆုံးခဲ့ ပါသည်။

Ko Nyi Nyi

unread,
Feb 2, 2013, 11:11:59 AM2/2/13
to travel...@googlegroups.com
စဖြစ်ကတည်းက ဂိုဒ်တွေ တညီတညာတည်းပြောခဲ.တယ် ။ လေယာဉ်မှူးတွေ
ခရစ်စမတ်အကြိုညမှာ တစ်ညလုံးကဲပြီး
နောက်နေ.မနက်အစောကြီးလေယာဉ်မောင်းလို.ဖြစ်တာပါလို.။

အဲဒိတုန်းကတော. မြန်မာ.အသံကရော ကြေးမုံ၊ မြန်မာ.အလင်းကရော မြူကျလို.ပါ ၊
ဓါတ်ကြိုးကိုးကိုဝင်တိုက်လို.ပါ ၊ ကွင်းမှားဆင်းလို.ပါဆိုပြီး
ခရိုနီကြီးအချင်းချင်း ဖေးကြမကြ လိုက်တာ ။

လေယာဉ်မှူးတော်လွန်းလို.ပဲ
ကျန်တဲ.လူတွေရဲ.အသက်ကိုကယ်နိုင်သလိုလိုဘာလိုလို ။အရင်ကရေးခဲ.
တာတွေဘယ်ရောက်ကုန်ပြီလဲ ။
ဒီလိုပဲ ၀မ်းနည်းပါတယ်တို. ။ရာထူးတစ်ဆင်.ချမယ်တို.
သင်တန်းပြန်တက်ခိုင်းမယ်တို.လုပ်လို.ရသလား ။
သေသွားတဲ.နွယ်လင်းရှိန်ရဲ.အသက်ကို ဘာနဲ.ပြန်လျော်ကြမှာလဲ ။

ကားတိုက်လို.လူသေရင်တောင် အနည်းဆုံးထောင် ၈ နှစ်နော် ။

KN(TRW)


2013/2/1 chawchaw mirror <chawcha...@gmail.com>:

tin hlaing

unread,
Feb 2, 2013, 7:12:39 AM2/2/13
to travel...@googlegroups.com
လေယာဉ်မှူးနှစ်ဦးစလုံးသက်ရှိထင်ရှားရှိပါလျက်ပထမဆုံး သတင်းစာ ရှင်းပွဲမှာ လေယာဉ်မယ်သာပါပြီး ၄င်းလေယာဉ်မှူးစလုံးမပါခဲ့သလို ယခုလည်း ၄င်းတို့မပါပါ။
စဉ်းစားစရာပင်ဖြစ်ပါသည်။ မီဒီယာနှင့် ပေးတွေ့ပြီးအစကတည်းက ဒီထက်ပွင့်လင်းမြင်သာဖို့လိုပါသည်။ ထိုမှသာ အများသူငါရဲ့ ယုံကြည်မှုကိုချက်ချင်းရှိမှာပါ။ ခုတော့ အားလုံးသူတို့မှာသာတာဝန်ရှိကြောင်းပါ။

Nini Khet

unread,
Feb 3, 2013, 10:49:50 PM2/3/13
to travel...@googlegroups.com
Yes,It is difficult to believe.

nyi htike

unread,
Feb 4, 2013, 7:10:35 PM2/4/13
to travel...@googlegroups.com
မချောချော နဲ့ ကိုညီ တို့ရေးတာ အလွန်မှန်ပါတယ်။
ဆရာဝန်ဆေးမှားရင် တယောက်ပါ။ကားမောင်းသူမှားရင်အလွနါဆုံး ၄၀ ပေါ့
လေယာဉ်မှူးများမှားရင် လူ ၆၀လောက်ပါ။ မမှားသင့်တဲ့အမှားပါ။ အရေးယူသင့်ပါတယ်
Reply all
Reply to author
Forward
0 new messages