အမျိုးဘာသာ၊ သာသနာကို ကာကွယ်ကြပါစို့လားဗျာ..

21 views
Skip to first unread message

Activista Myanmar

unread,
Nov 5, 2013, 3:21:18 AM11/5/13
to


dear fellow citizens,

ကျုပ်တို့ပတ်ဝန်းကျင်မှာ အမျိုးဘာသာ၊ သာသနာကို ကာကွယ်တဲ့လှုပ်ရှားမှုတွေ လုပ်နေကြပါတယ်။ တကယ်လဲကာကွယ်ဖို့ လိုအပ်ပါတယ်..
အဲလိုကာကွယ်ဖို့အတွက် နည်းလမ်းတစ်ခုကို တင်ပြချင်ပါတယ်..
ကျေးလက်မြန်မာအမျိုးသမီးတွေ အသက်မွေးဝမ်းကျောင်းအတွက်လုပ်လေ့ရှိတဲ့ အလုပ်တွေကတော့ ချည်ထည်အ၀တ်တွေ ယက်လုပ်ခြင်း၊ လက်မှုလယ်ယာ၊ မြန်မာ့ရိုးရာမုန့်လုပ်ရောင်းခြင်း စတာတွေ၊ ရိုးရာ သက်ကယ်ပစ်-ကြိမ်ထည်၊ ထန်းထည်၊ ထန်းလုပ်ငန်းစတာတို့ ဖြစ်ကြပါတယ်..
လက်ရှိမှာတော့ကျုပ်တို့ဈေးကွက်ထဲမှာ ဈေးပေါပြီး မြန်မြန်ပျက်လွယ် (ပျက်မှအသစ်ထပ်ဝယ်မှာလေ) အမြင်မှပြီး အာမခံချက်မရှိတဲ့ ပြည်ပကုန်ပစ္စည်းတွေ ၀င်နေတယ်..
ပြည်သူတွေက ဒီကုန်ပစ္စည်းတွေဝယ်သုံးရင် - အရင်က မြန်မာအမျိုးသမီးတွေလုပ်တဲ့ ကုန်ပစ္စည်းတွေရဲ့ ၀ယ်လိုအားကျသွားတယ်.. လုံးလုံးရပ်လိုက်ရတဲ့ လုပ်ငန်းတွေတောင်အများကြီးတွေ့နေရတယ်..

လုပ်ငန်းရပ်သွားရင် ကျုပ်တို့ မြန်မာအမျိုးသမီးတွေ ဘာလုပ်ငန်းတွေလုပ်ရမလဲ..၀မ်းရေးကလဲရှိသေး တယ်လေ..
ကာရာအိုကေတွေ ၊ မာဆတ်တွေမှာ ၀မ်းရေးအတွက်အလုပ်လုပ်နေရတဲ့မြန်မာအမျိုးသမီးတွေ၊ ရေခြား မြေခြားတိုင်းတပါးကို စွန့်ခွာသွားပြီးဝမ်းစာရှာနေတဲ့ မြန်မာအမျိုးသမီးတွေ….
ကဲ ကျုပ်တို့ပြည်သူပြည်သားများက အမျိုးဘာသာ ၊ သာသနာကို
ပြည်တွင်းဖြစ် အ၀တ်အထည်၊ အစားအသောက်၊ အသုံးအဆောင်တွေကိုသာ ရွေးချယ်ကြမယ်ဆိုရင် မြန်မာအမျိုးသမီးတွေ သမ္မာအာဇီဝလုပ်ငန်းတွေကို ဂုဏ်သိက္ခာရှိရှိနဲ့ ဆက်လုပ်နေနိုင်ကြမှာ မဟုတ်လားဗျာ
ကဲ..ကျုပ်တို့ရဲ့နေ့စဉ်သုံးစွဲခြင်း၊ ၀ယ်ယူခြင်း၊ စားသောက်ခြင်းများအားဖြင့် အမျိုးဘာသာ၊ သာသနာကို ကာကွယ်ကြပါစို့လားဗျာ..
ဒီလှုပ်ရှားမှုလေးကိုလဲ စိတ်ဓါတ်ရှိပြီးဖြစ်တဲ့ မြန်မာပြည်သူပြည်သားအားလုံးထံသို့ လက်ဆင့်ကမ်းပေးခြင်း အားဖြင့် စုပေါင်းကာကွယ်ကြပါစို့ဗျား……

တစိတ်တ၀မ်းထဲဖြင့်
မြန်မာ အက်တစ်ဗစ်စတာ


--
----
Activista Myanmar
"Up with Justice,
Down with Hunger"


Reply all
Reply to author
Forward
0 new messages