ပဲခူး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ပြန်လည် စတင်မည့် အစီအစဉ်ရှိကြောင်း သိရ

33 views
Skip to first unread message

Myo

unread,
Sep 7, 2011, 4:50:52 AM9/7/11
to travel...@googlegroups.com, myanmartourg...@googlegroups.com

ပဲခူးတိုင်းဒေသကြီးမှ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း ပြန်လည်စတင်မည့် အစီအစဉ်ရှိကြောင်း လေဆိပ် အသိုင်းအ၀ိုင်းမှ စုံစမ်းသိရှိရပါသည်။

ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်း အတွက် ၁၉၉၄ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် မန္တလေးလေဆိပ် တိုးချဲ့တည်ဆောက်မည့် စီမံကိန်းနှင့်အတူ ပန္နက်ရိုက်ခဲ့ကြောင်း သိရသည်။ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်အား တိုးချဲ့တည်ဆောက်ခဲ့သော်လည်း ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာမူ တည်ဆောက်ဖြစ်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။

ဟံသာဝတီ လေဆိပ်အား အမေရိကန်ဒေါ်လာ ၁၆၅၃ ဒသမ ၅၁ သန်း အကုန်အကျခံကာ တည်ဆောက်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် တည်ဆောက်နိုင်ခဲ့ခြင်းမရှိဘဲ လက်ရှိတွင်မူ နိုင်ငံတကာ ခရီးသွားလာမှု အနေအထားအရ ဟံသာဝတီ လေဆိပ်စီမံကိန်းအား ပြန်လည်စတင်မည့် အစီအစဉ်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ သိရှိရသည်။

"ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ တိုးတက်လာနိုင်တဲ့ ခရီးသွား အနေအထားတွေကို ကြည့်ပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို တည်ဆောက်ဖို့ ကျွမ်းကျင်ပညာရှင်တွေ ဆုံးဖြတ်ခဲ့ကြတယ်လို့ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ ရန်ကုန်လေဆိပ်ဟာ ခရီးသွားတစ်စတစ်စ များလာရင် အများကြီးချဲ့ဖို့မဖြစ်နိုင်ဘူး။ လေဆိပ်ဧရိယာပိုင်းရော၊ လေကြောင်းပျံသန်းမှုပိုင်းမှာပါ အဆင်ပြေမယ့် ဟံသာဝတီလေဆိပ်ကို တည်ဆောက်ဖို့ လုပ်ခဲ့ပေမယ့် အကြောင်းကြောင်းကြောင့် မဆောက်နိုင်ခဲ့ဘူး။ အခု ဒီလေဆိပ်စီမံကိန်း ပြန်စတင်ဖို့ အစီအစဉ်ရှိတယ်လို့ သိရတော့ ကောင်းပါတယ်"ဟု မြန်မာ့လေကြောင်းမှ ၀ါရင့်လေယာဉ်မှူးကြီး တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသို့ ပြည်ပခရီးသည် ၀င်ရောက်မှုကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ဝင်ရောက်နိုင်ရန် မျှော်မှန်းပြင်ဆင်ထားမှုများရှိပြီး ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းမှာလည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာနိုင်သည့် ခရီးသွား အနေအထားအရ နောင်သုံးနှစ်နှင့် လေးနှစ်အတွင်း အကောင်အထည်ဖော်ရန်ရှိကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဥာဏ်ထွန်းအောင်၏ ပြောကြားချက်အရ ထပ်မံသိရှိရသည်။

ဓာတ်ပုံ-ထင်ပေါ်(ပဲခူး)


Source : Weekly Eleven

Nyi Nyi ÂŽ

unread,
May 4, 2013, 8:15:17 AM5/4/13
to travel...@googlegroups.com, myanmartourg...@googlegroups.com
မြန်မာနိုင်ငံ၏ အကြီးဆုံးလေဆိပ်ကြီး ဖြစ်လာမည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအတွက် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီကို မေလနောက်ဆုံးပတ်တွင် တင်ဒါရွေးချယ် ကြေညာပေးသွားရန် ရှိနေသည်ဟု လေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ ၂၅.၄.၂၀၁၃ ရက်က သတင်းရရှိသည်။ ရန်ကုန်မြို့၏ မြောက်ဘက်မိုင် ၅၀ ခန့် အကွာအဝေးတွင်ရှိသော မြန်မာ့အကြီးဆုံး လေဆိပ်ကြီးကို ပြည်တွင်း၊ ပြည်ပကုမ္ပဏီနှစ်ခုက လာရောက် တင်ထားခြင်း ဖြစ်သည်ဟု သိရပြီး ယခု ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းအကောင်အထည် ပေါ်လာစေရန် ကြိုးပမ်းနေကြသည်ဟု သိရသည်။ “မေလ နောက်ဆုံးပတ်မှာ ကုမ္ပဏီတွေကို နောက်ဆုံးအဆင့် ရွေးချယ်သွားဖို့ အသိပေးထားတယ်။ ပြည်ပကုမ္ပဏီတွေပဲ ဒီပမာဏကို ရင်းနှီးမြှုပ်နှံနိုင်မှာ” ဟူ၍ လေကြောင်းညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားမှူးချုပ် ဦးဝင်းဆွေထွန်းက ပြောကြားသည်။ ဟံသာဝတီ လေဆိပ်သစ် စီမံကိန်းသည် ဧက ၉၀၀၀ ကျော် အကျယ်အဝန်းရှိပြီး လေဆိပ်နှင့် ရန်ကုန်သို့ အဝေးပြေး လမ်းမကြီး တစ်ခုကို သီးသန့်ဖောက်လုပ်ရန် စဉ်းစားလျက် ရှိနေသည်ဟု သိရသည်။ “ခုချိန်မှ ပြည်ပက အခြားသော ကုမ္ပဏီတွေ လာတင်ရင် ခွင့်မပြုတော့ဘူး။ အစကတည်းက လျှောက်ထားတဲ့သူတွေကိုပဲ ရွေးမယ်” ဟု ၄င်းက ဆက်လက်ပြောသည်။ လက်ရှိတွင် ဟံသာဝတီ လေဆိပ်အနီးရှိ မြေယာအချို့မှာ ဈေးလှုပ်ခတ်နေသည်ဟု သိရပြီး အနီးတစ်ဝိုက်တွင် မြို့ကွက်၊ စက်မှုဇုန်ကွက်၊ ဟိုတယ်ဇုန် စသည်တို့ကို ပြင်ဆင်နေကြပြီဖြစ်ကြောင်း ၂၀၁၃ ခုနှစ် မေလ ၂ ရက်နေ့ထုတ် ပြည်မြန်မာ ဂျာနယ်တွင် ဖော်ပြထားပါသည်။ "

Nyi Nyi ÂŽ

unread,
Oct 22, 2013, 12:28:35 PM10/22/13
to travel...@googlegroups.com

Myanmar's new int'l airport to begin construction in 2014

Construction work for a new Hantharwady International Airport will be start in early 2014, as Myanmar gears up to receive growing numbers of visitors.

Yangon International Airport, currently the country’s main entry point, handles 20 million passengers a year and will be upgraded to receive another 6 million. Major extensions, however, are restricted due to a surrounding military airbase and residential areas.

"The Yangon Airport is located too close to residential wards. Also the designated area of the airport is 1,000 acres but there are restricted lands like the military airbase so we estimate that the airport can only be expanded to handle 6 million passengers. We have hired Japanese experts to do the estimation," said Tin Naing Tun, director-general of the Department of Civil Aviation (DCA).

Yangon Airport currently relies on one runway which it shares with the Mingaladon Air Force base. The airport was temporarily closed on September 30 this year after the parachute of a military fighter jet failed to open on the runway.

International investors are vying for construction contracts on major infrastructure projects as Myanmar races to upgrade the country's hotels and tourist sites to accommodate growing numbers of visitors.

Korean’s Incheon Airport Consortium has been awarded the tender to build the Hantharwady International Airport and are currently discussing the details of the contract with the DCA.

Read more on Eleven News ....

Related topics on Hantharwady International airport, pls read ..

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ကုန်တင်လေဆိပ် အဖြစ်သာ ထားရှိမည်
ရန်ကုန်လေဆိပ်ထက် သာမည့် မြန်မာနိုင်ငံ၏ ပင်မ၀င်ပေါက် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်
Reply all
Reply to author
Forward
0 new messages