မိုးကုတ်မြို့ (Myanmar Ruby Land) သို့ လေ့လာရေးခရီးတစ်ခေါက် ရောက်ခဲ့စဉ်က

252 views
Skip to first unread message

Thaung Naing Oo

unread,
Jul 22, 2013, 8:56:54 PM7/22/13
to travelmyanmar

မိုးကုတ်မြို့ (Myanmar Ruby Land) သို့ လေ့လာရေးခရီးတစ်ခေါက် ရောက်ခဲ့စဉ်က

သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်

 

မန္တလေး-မိုးကုတ်လမ်း

ကျွန်တော်တို့ ဧည့်လမ်းညွှန်များအနေဖြင့် အားလပ်နေသည့်ကာလများတွင် ဧည့်လမ်းညွှန်ဆိုင်ရာပညာရည်များ မြင့်မားသည်ထက်မြင့်မားရေး၊ ဗဟုသုတများတိုးပွားသည်ထက် တိုးပွားရေး စသည်ဖြင့် မိမိတို့တတ်နိုင်ရာ လုပ်နိုင်ရာတို့ကို ညှိစပ်စုစည်း၍ ရရှိသည့်အချိန်ကို အမိအရ အကျိုးရှိရှိအသုံးချလျှက်ရှိနေကြသည်။ ပြဒါးလင်းဂူ၊ ပင်းယမြို့ဟောင်း၊ ဧရာဝတီလင်းပိုင်၊ ရတနာသင်္ခတံတားကြီးနှင့်နွယ်ငြိမ်းရွာအိုးလုပ်ငန်း စသည် မိမိတို့ မရောက်ဖူးသေးသော ဒေသများဆီသို့ အပင်ပမ်းခံ ငွေကုန်ကျခံလျှက် သွားရောက်လေ့လာဆည်းပူးနေလျှက်ရှိကြသည်။ ယခုတဖန် (၂၀.၇.၂၀၁၃) နေ့က မြန်မာတွင်သာမက ကမ္ဘာအထိပါ နာမည်ကျော်ကြားလျှက်ရှိတဲ့ ပတ္တမြားများစွာထွက်ရှိရာ ပတ္တမြားမြေ မိုးကုတ်မြို့ (Myanmar Ruby Land) သို့ လေ့လာရေးခရီးတစ်ခေါက် နေ့ချင်းပြန်ခရီးဖြင့် သွားရောက်လေ့လာဖြစ်ခဲ့ကြပါတယ်။ ယခင်က နိုင်ငံခြားသားများသွားလာခွင့်မပြုခဲ့တဲ့ မိုးကုတ်မြို့ဟာ ယခုအခါ ခွင့်ပြုချက်ရယူ၍ သွားလာခွင့်ပြုနေပြီ ဖြစ်သဖြင့် ဧည့်လမ်းညွှန်များအနေဖြင့် ကမ္ဘာကစိတ်ဝင်စားနေသော ပတ္တမြားမြေသို့ ဦးစွာသွားရောက်လေ့လာထားသင့်ပါတယ်။ ကျွန်တော်တို့လေ့လာမှတ်သားလာခဲ့သမျှသော သတင်းအချက်အလက်များကို ဧည့်လမ်းညွှန်ညီအစ်ကိုမောင်နှမများအတွက်ပါ အသုံးပြုနိုင်ရန် အလို့ငှာ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

          ကျွန်တော်တို့အဖွဲ့ဟာ နံနက် (၅း၁၅) မှာ မန္တလေးမှ ထွက်ခဲ့ကြပါတယ်။ မန္တလေးမှ မိုင်(၅၀) လက်ပန်လှရွာမှာ နံနက်စာစားရင်း ခေတ္တနားကြပါတယ်။ အဲဒီနောက်ဆက်လက်ထွက်ခွာခဲ့ကြပြီး ကျည်တောက်ပေါက်၊ လိပ်ကျ၊ ချောင်းကြီး စသည့် မြန်မာနိုင်ငံအတွက် နေ့စဉ် အရည်အသွေးမီရွှေများစွာကိုထုတ်ပေးနေသော ရွှေတွင်းများစွာကို ဖြတ်ကျော်ခဲ့ပါတယ်။ အဲဒီမှာ ချောင်းကြီးရွာဟာ အတော်လေးစည်ကားသဖြင့် နံနက်စာကို ချောင်းကြီးမှာစားလည်း အဆင်ပြေပါတယ်။ ချောင်းကြီး သုံးထပ်ကွေ့အကျော် ကျောက်ဖြူရွာအနီးမှာ တောရိုင်းဆင်များ ဖြတ်လမ်းရှိသည်လို့ ရေးထားသဖြင့် သတိထားစရာနေရာလေးတစ်ခုပါ။ (၇၆) မိုင်မှာ ဖော့တောလမ်းဆုံရှိပါတယ်။ ဖော့တောမှ ဘယ်ဘက်ကိုလိုက်သွားပါက သပိတ်ကျင်းမြို့၊ တကောင်း၊ ဗန်းမော်စသည်သွားရာလမ်းဖြစ်ပြီး၊ လင်္ကျာဘက်လမ်းကတော့ မိုးကုတ်မြို့၊ မိုးမိတ်မြို့ကို သွားရာလမ်းဖြစ်ပါတယ်။ ဖော့တောလမ်းဆုံတွင် နိုင်ငံခြားသားများလာရောက်ပါက ခွင့်ပြုချက်စသည် စာရွက်စာတမ်းများ စစ်ဆေးရေးဂိတ် (လူဝင်မှုကြီးကြပ်ရေးဌာ) ရှိပါတယ်။ ၎င်းတွင် သတင်းပို့ပြီးမှသာ မိမိလိုရာသို့ ခရီးဆက်သွားရမည် ဖြစ်ပါတယ်။

          မန္တလေးမှ (၈၈) မိုင်ဟာ မိုးကုတ်မြို့နယ်အစဖြစ်ပါတယ်။ လမ်းမှာ နားနေစားသောက်လို့ ရနိုင်တဲ့နေရာတွေကတော့ အုန်းတန်းရွာရဲ့ အုန်းဒနိပိန္နဲပင်ကွေ့၊ (၉၇) မိုင် ရွှေညောင်ပင်ရွာ၊ (၁၁၀) သစ်စိမ့်ကုန်းရွာ တို့ဖြစ်ပါတယ်။ လဘက်ခြောက်၊ လဘက်စို၊ ခေါပုတ်၊ မျှစ်၊ သရက်၊ ပိန္နဲ၊ တည်သီး၊ ပျားရည်၊ ဒညင်းသီး စသည် ဒေသထွက်သီးနှံများကို လက်ဆောင်ပစ္စည်းအဖြစ်ဝယ်ယူနိုင်ပါတယ်။ (၁၀၂-၁၀၃) မိုင်မှစ၍ ကျောက်တူးဖေါ်ရေးလုပ်ငန်းများ စတွေ့ရပါတယ်။ လက်ပန်လှရွာမှ ထွက်ကတည်းက ဖုန်းလိုင်းများ ပြတ်တောက်ခဲ့ရာ မိုးကုတ်ဝင်ခါနီး (၁၁၅) မိုင် View Point ရောက်မှ ဖုန်းလိုင်းများမိပါတော့တယ်။ (၁၀း၄၅) မှာ မိုးကုတ် ကျပ်ပြင်ကိုစတင်ဝင်ရောက်ပါတယ်။ အဲဒီတော့ မန္တလေးမှ ကျပ်ပြင်ကို (၁၁၆) မိုင်ရှိပြီး ခန့်မှန်း ကားမောင်းချိန် (၅) နာရီကြာမယ်လို့ဆိုနိုင်ပါတယ်။ တောင်တက်လမ်းဖြစ်သည့်အပြင် ချောင်းကြီးရွာကျော်ကတည်းက အကွေ့ပေါင်း (၉၉၉) ကွေ့သော အကွေ့အကောက်များစွာကို ဖြတ်သန်းခဲ့ရသဖြင့် ကားမောင်းဆရာ အထူးကျွမ်းကျင်ဖို့လိုပါတယ်။ ကျွန်တော်တို့ရဲ့ကားဆရာ ကိုသိန်းထွန်း (ရွှေကျင်ရပ်) မှာ လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်ကတည်းက မန္တလေး-မိုးကုတ်မိုးမိတ်ဘတ်စ်ကားမောင်းခဲ့သူဖြစ်သဖြင့် လမ်းအကြောင်းကောင်းကောင်းသိနေ သူဖြစ်ပါတယ်။ အကွေ့အကောက်များလှသဖြင့် ကျွန်တော်တို့အဖွဲ့ထဲမှအချို့မှာ ကားမူးသူမူး၊ အန်သူအန်နဲ့ အတော်လေးပင်ပမ်းဒဏ်ခံရပါတယ်။ ဧည့်လမ်းညွှန်များအထူးသတိပြုစရာနဲ့ လိုအပ်သည်များကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ်။

          ကျပ်ပြင်သို့ရောက်သည်နှင့် အ၀င်ပေါက်မှာ အမှတ်တရဓါတ်ပုံများရိုက်ကြပြီး၊ မန္တလေး မှမိတ်ဆွေ ကိုမိုးမြင့်(ကျောက်မျက်ရောင်းဝယ်ရေး)၏ စီစဉ်ဆက်သွယ်ပေးမှုဖြင့် ကျပ်ပြင်မှာနေထိုင်တဲ့ ၎င်း၏အစ်ကို ကိုမြင့်(ကျောက်မျက်ရောင်းဝယ်ရေး) နှင့် ကိုစန်းတင့်(ကျောက်မျက်ရောင်းဝယ်ရေး) တို့ရဲ့ မိသားစုနေအိမ်သို့သွားကြပါတယ်။ မိုးကုတ်မြို့သား မိသားစုတို့၏ နွေးထွေးစွာကြိုဆိုမှုကြောင့် လမ်းခရီးနွမ်းခဲ့သမျှ အပမ်းပြေခဲ့ကြရပါတယ်။ လဘက်သုတ် ဂျင်းသုတ် ကိတ်မုံ့ ကော်ဖီများသောက်ရင်း စကားစမြည်ပြောရင်း အနားယူခဲ့ကြပါတယ်။ ယခင်က ကျပ်ကောင် (ကျပ်သရဲ)များရှိခဲ့ဖူးလို့ ကျပ်ပြင်ဟုခေါ်ကြောင်း၊ ဒီရပ်ကွက်မှာ ယခင်က ကသဲလူမျိုးများ များစွာနေထိုင်ခဲ့၍ ကသဲရပ်ကွက်ဟုခေါ်ကြောင်း၊ သို့သော် ယခုအခါမှာတော့ ကသဲလူမျိုးများ မရှိသလောက်ရှားပါးနေပြီး၊ အများဆုံးမှာ ဗမာ၊ ရှမ်း၊ ပလောင်၊ လီဆူး များသာ အများဆုံးနေထိုင်ကြပြီး၊ အများဆုံးမှာ ဗုဒ္ဓဘာသာဝင်များဖြစ်ကြောင်း၊ အခြားသော ဟိန္ဒူဘာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာကိုယ်းကွယ်မှုများလည်းရှိကြောင်း၊ မိုးကုတ်ကျပ်ပြင်၏ အထူးအစားအစာမှာ တို့ဟူးပျော့ (တို့ဟူးနွေး) နှင့် ၀က်သားချဉ်ဖြစ်ကြောင်း ပြောပြကြပါတယ်။ နာရီဝက်ခန့်အနားယူပြီး ကိုစန်းတင့်၏ လမ်းပြဦးဆောင်မှုဖြင့် မိုးကုတ်ကျပ်ပြင်တခွင်ကို လှည်လည်ကြည့်ရှုခဲ့ကြပါတယ်။

 

ဒေါ်နန်းကြည့်တောင်

          ဦးစွာ ဒေါ်နန်းကြည့်တောင်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။ တော်တော်မြင့်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် (၅၂၇၇) ပေမှာ တည်ရှိပါတယ်။ ရှုမျှော်ခင်းများ အလွန်လှပပြီး၊ ကျပ်ပြင်တခွင်လုံးကို အပေါ်စီးကနေမြင်နိုင်တဲ့နေရာပါ။ မိုးကုတ်မြို့ကိုတော့ တောင်ယံကြားတွေကနေလှမ်းမြင်နိုင်ပါတယ်။ ဒီနေရာမှာ အလျှဉ်းသင့်လို့ ဒေါ်နန်းကြည့်တောင် သမိုင်းအကျဉ်းကို ဖေါ်ပြပေးလိုက်ပါတယ်။

          မြန်မာသက္ကရာဇာ် (၁၀၂၃) ခုနှစ်တွင် ချင်းတွင်းနယ်သား ငမောက် ဆိုသူက ယခုအင်းဂေါင်းဟုခေါ်သည့် ကွက်ရပ်အနီးတွင် ခြံလုပ်ရင်း တွေ့ရှိခဲ့သည့် ကျောက်မြက်မှာ အရည်အသွေးအလွန်လှပပြီး အရွယ်လည်းကြီးသည့်အတွက် နှစ်ခြမ်းခွဲကာ တစ်ခြမ်းကို တရုတ်ပြည်သို့ သွားရောင်းခိုင်းပြီး တစ်ခြမ်းကို အင်းဝမြို့သို့ သွားရောက်၍ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်းထံ ဆက်သခဲ့သည်။

          ပင်းတလဲမင်းလည်း များစွာအားရ၀မ်းသာဖြစ်ပြီး ဆုတော်ငွေများစွာချီးမြှင့်ခဲ့ပါသည်။ “ငမောက်” က ဆက်သသဖြင့် ထိုကျောက်ကို “ပတ္တမြားငမောက်”  ဟု အမည်ပေးခဲ့သည်။ ထိုအချိန်နှင့် မရှေးမနှောင်းပင် တရုတ်ပြည်၌ မင်မင်းဆက်ပျက်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ရာ တရုတ်လူမျိုးအချို့မှာ နီးစပ်ရာတိုင်းပြည်များသို့ ထွက်ပြေးခိုလှုံကြသည်။ ထိုသို့ထွက်ပြေးလာသည့် အထဲတွင် မြန်မာပြည်သို့ခိုးဝင်လာသော တရုတ်လူမျိုးတစ်ဦး၏ လက်ထဲ၌ ငမောက်ရောင်းခိုင်း လိုက်သော ပတ္တမြားတစ်ပိုင်းပါလာပြီး မြန်မာဘုရင်အား ဆက်သလိုက်သည်။ ထိုပတ္တမြားတစ်ပိုင်းမှာ မြန်မာဘုရင်၏ လက်ထဲတွင်ရှိသော ငမောက်ကျောက်နှင့် တူလှသဖြင့် ဆက်ကြည့်လိုက်ရာ တစ်ပွင့်ထဲမှခွဲထားကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ဘုရင်လည်း အမျက်ဒေါ်သထွက်ပြီး ငမောက်နှင့်ဆွေမျိုးများအား သတ်ဖြတ်ကွက်မျက်လိုက်သည်။

          ယနေ့တိုင် ငမောက်နှင့် ဆွေမျိုးများအား သတ်ဖြတ်ကွက်မျက်ခဲ့သည့် နေရာကို လောင်းစင်ရွာဟူ၍လည်းကောင်း၊ ထိုအနီးရှိရွာမှာ ရေနှင့်ဝေးသောအရပ်ဒေသဖြစ်သဖြင့် ရေဝေးရွာဟူ၍ ခေါ်ဆိုကြသည်။ ငမောက်နှင့် ဆွေမျိုးများကွက်မျက်ခံရ၍ သေဆုံးသောနေရာကို မျှော်ကြည့်ရင်း “ငမောက်၏ အမဖြစ်သူ ဒေါ်နန်း” ရင်ကွဲနာကျကာ သေဆုံးခဲ့သည့်တောင်ကို “ဒေါ်နန်းကြည့်တောင်”  ဟုခေါ်ဆိုခဲ့သည်။

          ယင်းတောင်ပေါ်တွင် သာသနာတည်တံ့ပြန့်ပွားရေးအတွက် သာသနာပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြသည့် ဆရာတော်များမှာ ဆရာတော်ဦးဥတ္တမ၊ ထို့နောက် ဆရာတော်ဦးဇဋိလ၊ ၎င်းနောက် ယခု ဆရာတော်ဥူးဥာဏောဒယ အရှင်သူမြတ်တို့ ဖြစ်ကြပါသည်။

 

ကျောက်တူးတွင်းများ

          ဆက်လက်၍ ကျောက်မျက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ခိုင်ရွှေဝါ ကျောက်မျက်ကုမ္ပဏီ လူထပြန့် သို့ ၀င်ရောက်လေ့လာခဲ့ကြပါတယ်။ ကျောက်တူးဖေါ်ရာတွင် ရေတူးတွင်းနှင့် မြေတူးတွင်းဆိုပြီး နှစ်မျိုးရှိသည်ဟုဆိုပြီး ၎င်းတွင်းမှာ ရေတူးတွင်းအမျိုးအစားဖြစ်သဖြင့် ရေအိုင်သ ဖွယ်တွေ့မြင်ခဲ့ရသည်။

 

ရွှေလိပ်ပြာဟိုတယ် (Golden Butterfly Hotel)

          အဲဒီနောက် မိုးကုတ်မြို့နှင့် ကျပ်ပြင်အကြားရှိ တစ်ခုတည်းသော ဟိုတယ်ဖြစ်သည့် “ရွှေလိပ်ပြာဟိုတယ်” သို့ ဆက်လက် လေ့လာခဲ့ကြသည်။ ၀င်ပေါက်တွင် အလွန်လှပခန့်ငြားသည့် လိပ်ပြာရုပ်ကြီးဖြင့် တန်ဆာဆင်ထားသဖြင့် အတော်ပင်သပ်ရပ်ခန့်ညားလှသော ဟိုတယ်တစ်ခုဖြစ်ကြောင်း ထင်ရှားလှသည်။ လေ့လာရေးအတွက် ၀င်ရောက်လိုပါက ၀င်ကြေးပေးရသည်။ ဟိုတယ်ရောက်သည်အထိ လှပတဲ့ ထင်းရှုးတောများကိုဖြတ်၍ ၀င်ရသဖြင့် စိတ်ကိုကြည်နူးစေသည်။ ဧည့်ကြိုကိုရောက်တော့ နွေးထွေးသောအပြုံးများဖြင့် ကြိုဆိုနှုတ်ခွန်းဆက်သဖြင့် ချစ်စရာကောင်းသည့် မိုးကုတ်ယဉ်ကျေးမှုကို ထင်ဟတ်စေသည်။ ဟိုတယ်အကြောင်း၊ အခန်းများအကြောင်းကို စိတ်ရှည်လက်ရှည် ရှင်းပြပေးကြသည်။

          ဟိုတယ်ပိုင်ရှင်မှာ လီဆူးတိုင်းရင်းသား ဦးယောဆက်ဖြစ်ပါသည်။ ရန်ကုန်မြို့ ရွှေဂုံတိုင်မှာလည်း ရွှေလိပ်ပြာဟိုတယ်ရှိသေးသည်။ (၂၀၁၂) ခုနှစ် ဇန္န၀ါရီလကဖွင့်လှစ်ခဲ့ပြီး၊ ယနေ့ထိ Local ဧည့်သည် (၁၀၀၀) ကျော်နှင့် နိုင်ငံခြားဧည့်သည်တော် (၂၅) ယောက်ကျော် တည်းခိုခဲ့ပြီးဖြစ်သည်။ အိပ်ခန်းအားလုံး (၂၅) ခန်းရှိကာ၊ အခန်းများမှာ သပ်ရပ်လှပပြီး၊ ရေပူရေအေး၊ အင်တာနက်ဝိုင်ဖိုင်၊ သောက်ရေသန့်ဗူးသေး နှစ်ဗူး၊ ကောဖီနှင့် နံနက်စာများကို Service ပေးပါသည်။ ရေကူးကန်လည်းရှိပြီး အသုံးပြုပါက တစ်ဦးလျှင် (၁၀၀၀) ကျပ်ပေးရသည်။ ဟိုတယ်တွင်း စားသောက်ခန်းရှိပြီး တရုတ်စာ၊ အနောက်တိုင်းအစားအစာ၊ မြန်မာအစားအစာ၊ မှာကြားပါက ရှမ်းခေါက်ဆွဲ၊ ကြာဆံကြော်၊ ထမင်းကြော်၊ ခေါက်ဆွဲကြော်၊ ရှမ်းအစားအစာများ သုံးဆောင်နိုင်ပါသည်။ Taxi ငှားလိုပါက တစ်နာရီ (၁၀၀၀) နှုံးဖြင့် ငှားရမ်းနိုင်သည်။ ဟိုတယ်ကို ကွန်းထရက်စာချုပ် ချုပ်ဆိုလိုပါက Family Room အတွက် ၁၀% နှင့် ဆိုဗီးနီးယားဆိုပါက ၅% ဖြင့် ရန်ကုန်ရုံးချုပ်တွင် ချုပ်ဆိုနိုင်ပါသည်။ အခန်းကြိုတင်မှာကြားလိုပါက Mobile 09 4025 34366, Phone 01 1290703, 01 1290089, Email: goldenbutt...@gmail.com သို့ ဆက်သွယ်နိုင်ပါသည်။ (မိုးကုတ်ကျပ်ပြင်တွင် အခြားသော မိုတယ်နှင့် တည်းခိုခန်းများလည်းရှိသည်)

Room Rates

Superior Room

Foreinner 1 person                               60 USD

               2 person                               75 USD

               2 person + 1 Extra bed                   85 USD

Local       1 person                               35000/-

               2 person                               35000/-

               2 person + 1 Extra bed                   45000/-

Family Room

Foreigner 1 person                               100 USD

               2 person                               120 USD

               3 person + 1 Extra bed                   130 USD

Local       1 person                               60000/-

               2 person                               70000/-

               3 person + 1 Extra bed                   85000/-

 

မိုးကုတ်မြို့

မိုးကုတ်မြို့တည်နှစ်မှာ မြန်မာသက္ကရာဇ် (၅၇၉) ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ရှိသည်။ တောင်ဘက်နှင့်အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊ အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့နှင့် ဆက်စပ်လျှက်ရှိသည်။

အရှေ့နှင့်အနောက် = (၃၀) မိုင်

တောင်နှင့်မြောက် = (၁၅.၁၂) မိုင်

စတုရန်းမိုင်ပေါင်း = ၄၅၃.၆၀ စတုရန်းမိုင်

ဧရိယာအကျယ်အ၀န်း = ၂၉၀၃၀၅ ဧက

ပင်လယ်ရေမျက်နှာပြထက်အမြင့် (မိုးကုတ်အရှေ့ပိုင်း) = ၃၈၀၀ ပေ

ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် (မိုးကုတ်အနောက်ပိုင်း) = ၄၇၀၀ ပေ

 

မိုးကုတ်ဟူသောအမည် (၄) မျိုး

၁။ မိန်းကွတ်                   ။ (မိန်း) ဆိုသည်မှာ (မြို့)၊ (ကွတ်) ဆိုသည်မှာ ကွေ့ကောက်ခြင်း၊ ကောက်ကွေ့နေသောမြို့ ဟု အဓိပ္ပါယ်ရသည်။

၂။ မိန်းကု(ပ)                  ။ (မိန်း) ဆိုသည်မှာ (မြို့)၊ (ကု(ပ်)) ဆိုသည်မှာ (ခမောက်)၊ ခမောက်ကို လှန်ထားသကဲ့သို့ ၇ှိသောမြို့ ဟု အဓိပ္ပါယ်ရသည်။

၃။ မိန်းကတ်                   ။ (မိန်း) ဆိုသည်မှာ (မြို့)၊ (ကတ်) ဆိုသည်မှာ (ချမ်းအေးခြင်း)၊ ချမ်းအေးသောမြို့ ဟု အဓိပ္ပါယ်ရသည်။

၎။ မိုးချုပ်မြို့                   ။ညနေတွင် အခြားသောနေရာများထက် မှောင်လွယ်၍ မိုးချုပ်စောသောမြို့ (မိုးချုပ်မြို့) ဟု ခေါ်ရာမှ မိုးကုတ်မြို့ ဟု ခေါ်လာကြောင်း ဆိုကြပါသည်။

 

ဖောင်တော်ဦးဘုရား

          ဆက်လက်၍ ကျပ်ပြင်မှ မိုးကုတ်မြို့သို့ ထွက်ခွာခဲ့ကြပြီး၊ ဦးစွာ ဖောင်တော်ဦးဘုရားသို့ ဖူးမျှော်ကြပါတယ်။ သက္ကရာဇ် (၄၅၀) ခုနှစ်တွင် အလောင်းစည်သူမင်းကြီးသည် သာသနာပြုရန်အတွက် ဖောင်တော်ဦးတွင် သိကြားမင်းဆက်သသော သရက္ခန်အနှစ်သားဖြင့် ထုလုပ်စီရင်ထားသော ဗုဒ္ဓရုပ်ပွားတော်မြတ်ကို ပင့်ဆောင်၍ ပုဂံနေပြည်တော်မှ ရှမ်းပြည်နယ်မြောက်ပိုင်းသို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ကြွချီလာခဲ့ပါသည်။ ထိုမှတဆင့် ဒုဋ္ဌ၀တီမြစ်ကြောင်းအတိုင်း လှည့်လည်ခဲ့ရာ နောင်ချိုမြို့အနီး သုံးဆယ်မြို့ရှိ သီရိဓမ္မာသောကမင်းကြီး တည်ထားကိုးကွယ်ခဲ့သည့် ရွှေစံဦးစေတီတော်မြတ်ကို ၀င်ရောက်ဖူးမျှော်ကာ ဖောင်တော်ဦးတွင် ပင့်ဆောင်လာခဲ့သော သရက္ခန်ဗုဒ္ဓရုပ်ပွားတော်မြတ်တစ်ဆူကို သုံးဆယ်မြို့တွင် ပေးအပ်ပူဇော်စေပါသည်။

          ဘုန်းတန်ခိုးကြီးမြတ်လှသော ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်ကို သုံးဆယ်မြို့တွင် နှစ်ပေါင်း (၈၀၀) ကျော် သုဓမ္ဓာဂိုဏ်းချုပ်ဆရာတော်ကြီးများ၏ သြ၀ါဒကိုခံယူ၍ စော်ဘွား၊ မြို့စား၊ နယ်စား၊ တိုက်နယ်သူကြီးမင်း အစဉ်အဆက်နှင့် ဗုဒ္ဓဘာသာဝင်တိုင်းရင်းသားတို့က ခေတ်အဆက်ဆက်ထိန်းသိမ်းစောင့်ရှောက်ပူဇော် ကိုးကွယ်လာခဲ့ကြပါသည်။

          (၁၂၅၂) ခုနှစ်တွင် သုံးဆယ်မြို့မှ ဆရာတော်ဦးက၀ိနှင့် နောင်ချိုမြို့မှ ဆရာတော်ဦးမင်းနောင်တို့သည် နောက်ပါဒါယကာများနှင့်အတူ သုံးဆယ်မြို့တွင် ကိုးကွယ်လျက်ရှိသော အလောင်းစည်သူမင်းကြီးလှူဒါန်းခဲ့သည့် သရက္ခန်နံ့သာနှစ်အတွက် မိုးကုတ်မြို့သို့ ပင့်ဆောင်လာရာ မန္တလေးမြို့အရောက်တွင် သုံးဆယ်မြို့မှ ဒါယကာအချို့ လိုက်လာပြီး မိမိတို့၏ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်ကို ခွင့်မပြုဘဲ ပင့်ဆောင်သွားပါသည် ဟု မန္တလေးသာသနာပိုင်ဆရာတော်ထံလျှောက်ထားသည့်အပြင် အရေးပိုင်ရုံးတွင်လည်း တိုင်ကြားခဲ့ကြပါသည်။

          ထိုအခါတွင် ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်ကို မန္တလေးမြို့၊ ရွှေကျီးမြင် မြတ်စွာဘုရားဂေါပကအဖွဲ့မှ ခေတ္တစောင့်ရှောက်ထားခဲ့ရပါသည်။

          ဆရာတော်ဦးက၀ိနှင့် ဒါယကာများသည် မိုးကုတ်မြို့မှ ဈေးကျောင်းဆရာတော်၊ ဘုရားဒါယကာဦးမင်းကြီး၊ ဦးရင်းကြီးနှင့် အင်္ဂလိပ်အရေးပိုင်မင်းကြီးတို့အား မိုးကုတ်မြို့တွင် သာသနာတော်ပြန့်ပွားစည်ပင်စေရန် ကောင်းမွန်မြင့်မြတ်သော စေတနာနှင့်ပင့် ဆောင်ခြင်း ဖြစ်ကြောင်းကို ဖြေရှင်းလျှောက်ထားပြောဆိုကြသဖြင့် သာသနာပိုင် ဆရာတော်ကြီး၏ တရားတော်နှင့်ညီညွတ်သော အဆုံးအဖြတ်ကိုရရှိခဲ့သည့်အပြင် အရေးပိုင်မစ္စတာချော ပနီကလည်း မိုးကုတ်မြို့တွင်ပူဇော်ရန် ခွင့်ပြုလိုက်သဖြင့် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွား တော်မြတ်ကို မိုးကုတ်မြို့သို့ ပင့်ဆောင်ပြီး ပထမဦးစွာ ဈေးကျောင်းတိုက်တွင် ပူဇော်ခံတော်မူ ခဲ့ပါသည်။

          မိုးကုတ်မြို့ ဈေးကျောင်းတိုက်တွင် လာရောက်ဖူးမြော်သူများပြားလှပြီး ကျောင်းကြီးမှာ လည်း အိုဟောင်းပျက်စီးနေသဖြင့် ပြိုကျမည်စိုးသောကြောင့် တောင်ရွာ ကျောင်းကြီးသို့ ပြောင်းရွေ့ပူဇော်ကြရပါသည်။

          တောင်ရွာကျောင်းကြီးသို့ ရောက်သောအခါ ဘုရားဒါယကာကြီး ဦးရွှေလှိုင်းက အာရုဏ်ခံကျောင်းဆောင်နှင့်တကွ မူလအရွယ်လက်သေးသစ်ခန့်ရှိသည့် အလောင်းစည်သူ မင်းကြီး၏ သရက္ခန်နံ့သာနှစ်၊ ဗုဒ္ဓရုပ်ပွားတော်ထက်ကြီးသော ဥာဏ်တော် (၁၈) လက်မခန့်ရှိ သည့် ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော် ပုံတူတစ်ဆူကို ကျောက်မျက်ရတနာများ ဌာပနလျက် ထပ်မံပြုလုပ်လှူဒါန်းပါသည်။

          ထိုအခါမှစ၍ ရုပ်ပွားတော်အသေးတစ်ဆူ၊ အကြီးတစ်ဆူ ပေါင်း (၂) ဆူဖြစ်လာရ ပါသည်။

          (၁၂၅၆) ခုနှစ်သို့ ရောက်သောအခါ တောင်ရွာကျောင်းကြီးမှ မိုးကုတ်မြို့အရှေ့ပိုင်း မုံတောအရပ်သို့ ပြောင်းရွေ့စမ္ပါယ်တော်မူရပါသည်။ ထိုအခါတွင် ဘုရားဒါယကာကြီး ဦးမှိုင်းက ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူဥာဏ်တော်ညီတူဖြစ်စေရန် ဥာဏ်တော် (၁၈)လက်မခန့်ရှိ ဗုဒ္ဓရုပ် ပွားတော် တစ်ဆူထပ်မံပြုလုပ်၍ ထိုရုပ်ပွားတော်အတွင်း၌ သရက္ခန်အစစ်လက်သေးသစ် အဆိုအရ လက်လေးသစ်ခန့်သာရှိသည့် အလောင်းစည်သူမင်းကြီး၏ သရက္ခန်နံ့သာနှစ် ဗုဒ္ဓရုပ်ပွားတော်မြတ်နှင့်တကွ ရွှေ၊ ငွေ၊ ကျောက်မျက်ရတနာမျိုးစုံတို့ကို ထည့်သွင်းဌာပနာ ပူဇော်ပါသည်။ ဤအချိန်မှစ၍ ရုပ်ပွားတော်နှစ်ဆူ ညီတူဖြစ်လာရပါသည်။

          (၁၂၆၇) ခုနှစ်၊ တန်ဆောင်မုန်းလဆန်း (၈)ရက်နေ့တွင် အင်္ဂလိပ်ကျောက်တွင်း ကုမ္ပဏီမှ ကျောက်တွင်းလုပ်ငန်းနယ်မြေမလွတ်သဖြင့် မုံတောအရပ်မှအရှေ့ဘက် နန့်ကောင် တောင်ခြေ (ယခုပိတ်စွယ်ဘုရားငါးဆူတောင်ခြေ)သို့ ပြောင်းရွေ့ကိုးကွယ်ပူဇော်ရန် စီစဉ်တည်ဆောက်ပေးပြီး ထိုကျောင်းတော်ကြီးကို မုံတောကျောင်းဟုခေါ်တွင်ကြ၍ (၁၂၈၄) ခု၊ သီတင်းကျွတ်လတွင် မုံတောဆရာတော်ဘုရားကြီး ဦးက၀ိ ဘ၀နတ်ထံပျံလွန်တော် မူသောကြောင့် တပည့်သံဃာတော်များက ဖောင်တော်ဦးဘုရားနှစ်ဆူကို ဆက်လက် ထိန်းသိမ်းစောင့်ရှောက်ထားပါသည်။ ၄င်းနောက် ဒုတိယကမ္ဘာစစ်အတွင်း (၁၃၀၆) ခုနှစ်၊ တပေါင်းလဆန်း (၁၅)ရက်နေ့တွင် မဟာမိတ်လေယာဉ်ပျံများ ဗုံးကျဲသဖြင့် ဂန္ဓကုဋိတိုက်တော်ကြီးကို မီးလောင်နေစဉ် မိုးကုတ်မြို့အရှေ့ပိုင်းရပ်နေ ဦးလေးတာ၊ ဦးမူ၊ ဦးအောင်လှကြီး၊ ဦးစိန်ထွန်းတို့က သက်စွန့်သံဖျား မီးထဲသို့ဝင်ရောက်ပြီး မီး တောက်များဝိုင်းနေသည့်အကြားတွင် မီးမခပဲကျန်ရှိသော ထူးဆန်းအံ့သြဖွယ်ကောင်းလှသည့် ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များကို ပင့်ဆောင်နိုင်ခဲ့ကြပါသည်။

          ဤသတင်းကိုကြားရသော မြို့သူမြို့သားတို့မှာ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များ၏ တန်ခိုးကြီးမားပုံကို အံ့သြကြည်ညိုမဆုံး ရှိခဲ့ကြပါသည်။ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်များကို ဂန္ဓကုဋိတိုက်ကြီး မီးလောင်ပြာကျသွားသဖြင့် ဂန္ဓကုဋိတိုက်တော်၏ အနောက်ဖက်ဇရပ်အိုကြီး ပေါ်တွင် သံသေတ္တာတွင် သော့ခတ်ထား၍ တပေါင်းပွဲတော်မှ ဖွင့်လှစ်ပူဇော်ပြီး (၅)နှစ်တိုင်တိုင် သီတင်းသုံးစပ္ပါယ်တော်မူခဲ့ရပါသည်။

          (၁၃၀၉) ခုနှစ်တွင် ဖောင်တော်ဦးဗုဒ္ဓမြတ်စွာဘုရားနှစ်ဆူအား ထင်းရူးခြံတောင်ဘက် သို့ ပြောင်းရွေ့စပ္ပါယ်၍ အများပြည်သူတို့ပူဇော်နိုင်ကြရန် သုဿန်ကျောင်းဆရာတော် ဦးကောသလ္လ၊ တောင်မြို့အမရပူရ မိုးကုတ်ဝိပဿနာဆရာတော် ဦးဝိမလ၊ မန္တလေး ဘုရားကြီးတိုက် ပိဋိကတ်ကျောင်းဆရာတော် ဦးတေဇ၀န္တတို့နှင့် ဘုရားဒါယကာကြီး ဦးဘိုးလုံးဇနီး ဒေါ်ကူမိသားစုအား လွှဲပြောင်းအပ်နှံလိုက်ပါသည်။

          (၁၃၀၉) ခုနှစ်၊ တပို့တွဲလဆန်း (၁၀) ရက်နေ့၌ ထင်းရူးခြံရပ်တောင်တော်တွင် အလျား (၁၆၀)ပေ၊ အနံ (၄၈)ပေ၊ အမြင့် (၇၀)ပေ၊ ဘုံကိုးဆင့်ရှိ ပြဿဒ်တော်ကြီး ပါဝင်သည့် ဂန္ဓကုဋိတိုက်တော်ကြီးကို ဆောက်လုပ်၍ (၁၃၁၁)ခုနှစ်၊ တပေါင်းလဆန်း (၈)ရက်နေ့တွင် မိုးကုတ်မြို့ရပ်ကွက်ပေါင်း (၄၀)ကျော်မှ လူပေါင်းတစ်သောင်းကျော်တို့ဖြင့် ဖောင်တော်ဦး ဗုဒ္ဓရုပ်ပွားတော်မြတ်နှစ်ဆူကို ကရ၀ိတ်ဖောင်တော်ကြီးဖြင့် ပင့်ဆောင်ပူဇော်လျက် စတုဒီသာကျွေးမွေးပြီး ဂန္ဓကုဋိတိုက်တော်ကြီးကို ရေစက်သွန်းချလှူဒါန်းခဲ့ကြပါသည်။

          ထိုအခါမှစ၍ ဖောင်တော်ဦးဗုဒ္ဓရုပ်ပွားတော်မြတ်များကို အစဉ်လုံခြုံစွာထိန်းသိမ်းစောင့် ရှောက်နိုင်ရန်နှင့် သာသနာအဓွန့်ရှည်စွာ စည်ပင်ပြန့်ပွားစေရန်အတွက် မိုးကုန်မြို့နယ် သြ၀ါဒစရိယဆရာတော်ကြီးများနှင့် ရပ်ကွက်အသီးသီးမှ ဂေါပကအဖွဲ့ဝင်များ၊ မြို့မိမြို့ဖတို့အား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရန် အပ်နှံခဲ့ကြပါသည်။

 

ပတ္တမြားပုလ္လင်၊ ဘော်ပုလ္လင်နှင့် နဖူးသင်းကျစ်တော်၊ ရတနာရွှေပန်းခိုင်

          မိုးကုတ်မြို့နယ်အတွင်းရှိ ရှမ်း၊ ပလောင်၊ မြန်မာ၊ လီရှော၊ ဂေါ်ရခါး စသောလူမျိုးများသည် ဖောင်တော်ဦးမြတ်စွာဘုရားအား ကြည်ညိုလှသောကြောင့် အဖိုးထိုက်တန်သော ပတ္တမြား၊ နီလာ၊ စိန်၊ ဂေါ်မုတ်၊ ဥဿဖရား၊ ပုလဲ၊ မြ၊ ပြောင် ခေါင်းစိမ်းစသော ကျောက်မျက်ရတနာများနှင့် ရှားပါးရတနာများကို ဖောင်တော်ဦး မြတ်စွာဘုရားအား နေ့စဉ်လိုလိုပင် လာရောက်လှူဒါန်းကြပါသည်။ အများပြည်သူ တို့လှူဒါန်းကြသည့် မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာမျိုးစုံဖြင့် စီချယ်ထားသော ရွှေသားခံ၊ ငွေသားခံပတ္တမြားပုလ္လင်တော်နှစ်ဆူကို ဖောင်တော်ဦးရုပ်ပွားတော်နှစ်ဆူအတွက် ပူဇော်ထားပါသည်။ ထင်းရူးခြံရပ်မှ ဦးဘသင်း+ဒေါ်အေး၊ ဈေးသစ်ရပ်မှ ဦးလောတာ+ရွှေလှ မိသားစု၊ မူလစည်ပင်သာယာရပ်မှ ဆရာမကြီး ဒေါ်ခင်စိန်တို့က ဦးဆောင်မတည်ကာ နဖူးသင်းကျစ်တော်နှစ်ဆူကိုလည်းကောင်း၊ မူလစည်ပင်သာယာရပ် ဗုဒ္ဓဝေယျာဝစ္စအဖွဲ့နှင့် အများပြည်သူတို့ကောင်းမှုဖြင့် ရတနာစီခြယ်ထားသော ရွှေပန်းခိုင်ကိုလည်းကောင်း ပြုလုပ်လှူဒါန်းထားပါသည်။

          ထိုပရိဘောဂစေတီများဖြစ်သည့် ပတ္တမြားပုလ္လင်၊ ဘော်ပုလ္လင်၊ နဖူးသင်ကျစ်တော်၊ ရတနာရွှေပန်းခိုင်တို့မှာ တန်ဘိုးများစွာ ထိုက်တန်သောကြောင့် လုံခြုံမှုအပြည့်အ၀ စီမံထားပြီး ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက်ကြသူများ၊ ဖူးမြော်နိုင်ရန် ဂေါပကအဖွဲ့၏ လုံခြုံစောင့်ရှောက်မှုဖြင့် စီစဉ်ဆောင်ရွက်ထားပါသည်။

 

မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်အစစ်များနှင့် အသုံးအဆောင်ပစ္စည်းများ

          ဖောင်တော်ဦးဘုရား အနီးတွင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို ဟောကြားလမ်းညွှန် ခဲ့တော်မူအပ်သော ရဟန္တာအရှင်သူမြတ် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ကြွင်းကျန်ရစ်သော ဓါတ်တော်အစစ်များနှင့် သက်တော်ထင်ရှားရှိစဉ်က အသုံးပြုတော်မူခဲ့သော အသုံးအ ဆောင်ပစ္စည်းများကို သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။ ဓါတော်များမှာ မီးမခသော လင်္ကျာဘက်မျက်လုံးတော်(လက်ဝဲဘက်မျက်လုံးတော်မှာ အမရပူရမြို့၊ စစ်ကိုင်းလမ်းခွဲရှိ ဓါတ်တော်စေတီတော်တွင် ဌာပနာထားပါသည်။)၊ အသွေးတော်ဓါတ်တော်၊ အသားတော်၊ ဆံတော်၊ ရွှေအံတော်ဓါတ်တော်၊ ဆရာတော်ကြီးအသုံးပြုခဲ့သောအခန်း၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ ကုတင်၊ ကုလားထိုင်၊ ထိုင်ဖုံများ၊  အသံသွင်းဓါတ်ပြားစက်များ၊ သားရေသေတ္တာနှစ်လုံး၊ မှန်ဘီရို၊ ကျမ်းစာအုပ်များစွာတို့ကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။

 

ချမ်းသာကြီးမြတ်စွာဘုရား

အဲဒီနောက်ဆက်၍ ချမ်းသာကြီးမြတ်စွာဘုရားသို့ ဖူးမြော်ရန် ဆက်လက်ထွက်ခွာခဲ့ကြပါ တယ်။ မိုးကုတ်တစ်မြို့လုံးကို အပေါ်စီးမှ ရှုမြော်နိုင်သော နေရာဖြစ်ပါတယ်။ ကြည့်၍ ပင်မကုန်နိုင်အောင်လှပတဲ့ရှုမြော်ခင်းများစွာ ရှုကြည့်နိုင်သောနေရာကောင်းတစ်ခုဖြစ်ပါတယ်။

          မြန်မာသက္ကရာဇ် (၉၀၀) ပြည့်နှစ်တွင် ပြည်ဘုရင်းမင်းခေါင်သည် မိုးကုတ်မြို့သို့ ရောက်ရှိပြီး သူသွားလေရာ ပင့်ဆောင်ယူခဲ့သော ဘုရားဓါတ်တော်ဆူရေ (၃၀) ကျော်ကို ဌာပနာပြုကာ ချမ်းသာဘုရားကြီးကို တည်ခဲ့သည်။

          မြန်မာသက္ကရာဇ် (၁၂၆၈) ခုနှစ်တွင် စေတီတော်နှင့် ရုပ်ပွားတော်ကြီး ယိုယွင်းပျက်စီးခဲ့သဖြင့် မိုးကုတ်မြို့ပေါ်ရှိ ဂုဏ်သရေရှိလူကြီး (၂၈) ဦး အဖွဲ့ဖွဲ့၍ ဖိနပ်တော်ကို အတောင် (၅၀)ထိ ထပ်မံချဲ့ထွင် ပြင်ဆင်ကိုးကွယ်ခဲ့သည်။

          မြန်မာသက္ကရာဇ် (၁၂၇၀) ခုနှစ်၊ ၀ါခေါင်လတွင် ဗုဒ္ဓရက္ခိတရဟန်းတော် ဦးအာစရ အမှူးပြု၍ ထီးတော်တင်ပွဲကို အောင်မြင်စွာကျင်းပခဲ့သည်။

          ထိုအချိန်မှစ၍ ထိုပွဲတော်နှင့် ဆွမ်းလောင်းပွဲကို စတင်ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။

 

ပွဲတော်ကြီးများ

          နှစ်စဉ်တပို့တွဲလဆန်း (၁၁) ရက်မှ (၁၅) ရက်တိုင်တိုင် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပါသည်။ တပို့တွဲလဆန်း (၁၄)ရက်နေ့တွင် ပွဲတော်သို့လာကြသော ပရိသတ်များကို ထမင်းနှဲဖြင့် ကျွေးမွေးဧည့်ခံပါသည်။ တပို့တွဲလပြည့်နေ့ နံနက်တွင် ဆွမ်းကြီးလောင်းပွဲ ကျင်းပပါသည်။ နှစ်စဉ်မြန်မာနှစ်ဆန်း (၂) ရက်နေ့တွင် မိုးကုတ်မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်ကျော် အထက်ဆရာတော်များ အဖိုးအဖွားများကို ပူဇော်ကန်တော့ပွဲကျင်းပသည်။

          နှစ်စဉ် ကဆုန်လပြည့်နေ့မှ ကဆုန်လပြည့်ကျော် (၆)ရက်နေ့ထိ (၃)ညတိုင်တိုင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ပွဲ ကျင်းပပါသည်။ နှစ်စဉ် တန်ဆောင်မုန်းလဆန်း (၁၄)ရက်၊ (၁၅) ရက်နေ့များတွင် ဆီမီးထွန်းညှိပူဇော်ပွဲ ကျင်းပပါသည်။

 

ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းကြီးလောင်းပွဲနှစ်တရာပြည့် ကျင်းပခြင်း

          ချမ်းသာကြီး ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းကြီးလောင်းပွဲ နှစ်တစ်ရာပြည့်အခမ်းအနားကို မြန်မာသက္ကရာဇ် (၁၃၇၀) ခုနှစ်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။ နှစ် တစ်ရာပြည့်ပွဲတော် အထိမ်းအမှတ်အဖြစ် ကျောက်မျက်ရတနာများအပါအ၀င် ကျပ်သိန်းတစ် ထောင့်ငါးရာဝန်းကျင်ခန့်တန်ဖိုးရှိ ရွှေပိဿာငါးဆယ်ကျပ်သားဖြင့် ပြုလုပ်ထားသည့် ရွှေစေတီတော်ကြီးတစ်ဆူ၊ ဘော်ငါးပိဿာဖြင့် ပြုလုပ်ထားသည့် ငွေစေတီတော်တစ်ဆူတို့ကို အများကောင်းမှုဖြင့်  ပြုလုပ်လှူဒါန်းခဲ့ပါသည်။ ထိုရွှေစေတီနှင့် ငွေစေတီတို့ကို မြို့သူ၊ မြို့သားများ ပူဇော်နိုင်ရန်အတွက် ပွဲမစမှီကြိုတင်ပြီး ဒေ၀ါဝင်း၊ ရတနာပုံဝင်း၊ ပုဂံဝင်း၊ ရှမ်းရိုးရာဝင်း၊ ပလောင်းရိုးရာဝင်း၊ လီဆူရိုးရာဝင်း၊ ဂေါ်ရခါးဝင်းတို့ဖြင့် စည်းကားသိုက်မြိုက်စွာ မြို့တွင်းလှည့်လည် အပူဇော်ခံခဲ့ပါသည်။

          (၈.၆.၂၀၀၆) ရက်နေ့ ဂေါပကအလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးတွင် အတွင်း ရေးမှူး ဦးစိုးမြင့်မှ နှစ်တစ်ရာပြည့်အခမ်းအနားတွင် ရွှေစေတီ၊ ငွေစေတီထုလုပ်ကိုးကွယ်ရန် အကြံပြုတင်ပြခဲ့ရာ ဂေါပကအဖွဲ့မှ သဘောတူညီခဲ့သည်။ (၅.၃.၂၀၀၈) ရက်နေ့ အစည်းအဝေးတွင် ရွှေကူရပ်မှ ပန်းပုဆရာကြီး ဦးထွန်းအေး ထုလုပ်ထားသောပုံစံကို နမူနာယူပြီး စစ်ကိုင်းမှ ပန်းတိမ်ဆရာ ဦးသန်းထွန်းအား အပ်နှံ၍ ငွေစေတီ စတင်ထုလုပ်ခဲ့ပါသည်။ စေတီတော်ထုလုပ်ခြင်းကို ဦးမောင်မောင်၊ ဦးဖေတင်၊ ဦးစိုးမြင့်၊ ဦးညွန့်လွင်တို့မှ အနီးကပ်ကြီးကြပ်အကြံပေး ဆောင်ရွက်ခဲ့သည်။ (၆.၄.၂၀၀၈) ရက်နေ့တွင်  ငွေစေတီထုလုပ်ပြီးစီးပြီး၊ (၈.၄.၂၀၀၈) ရက်နေ့တွင် ချမ်းသာကြီးဘုရားသို့ ပင့်ဆောင် ခဲ့ပါသည်။ (၁၀.၅.၂၀၀၈) ရက်နေ့တွင် စစ်ကိုင်းမှပန်းတိမ်ပညာရှင် ဦးသန်းထွန်း နှင့်အဖွဲ့သည် မိုးကုန်မြို့သို့လာရောက်၍ ရွှေစေတီကို စတင်ထုလုပ်ခဲ့ပါသည်။ ရွှေစေတီနှင့် ငွေစေတီအတွက် ထီးတော်ငှက်မြတ်နားတော်တို့အား စိန်၊ ပတ္တမြား၊ လက်ရွှေးစင်ကျောက် များကို ရွှေစစ်၊ ငွေစစ်များဖြင့်စီချယ်၍ ပိတ်စွယ်ရပ်နေ ဦးလှ+ဒေါ်ရွှင်ကြည် မိသားစုမှ လှူဒါန်းခဲ့သည်။ ရွှေစေတီအတွက် ရွှေကျောင်းဆောင်ကို အောင်နန်းရပ်နေ ဒေါ်ခင်လင်းနှင့် မောင်နှမများမှလည်ေးကာင်း၊ ငွေစေတီအတွက် ငွေကျောင်းတော်ကို ပတ္တမြားဈေး၊ အောင်ချမ်းသာရပ်နေ (ဦးရွှေဆောင်)+ဒေါ်ငွေရီ သမီး မ၀င်းမမ မိသားစုတို့မှလည်းကောင်း လှူဒါန်းခဲ့သည်။ ရွှေစေတီနှင့် ငွေစေတီနှစ်ဆူကို (၁၀.၁.၂၀၀၉) ရက်နေ့တွင် အနေကဇာတင် ပူဇော်ခဲ့ပါသည်။

 

ချမ်းသာကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့လူမှုရေးလုပ်ငန်းများ

နှစ်စဉ် နှစ်ဆန်း(၂)ရက်နေ့တွင် မိုးကုတ်မြို့ပေါ်ရှိ သက်တော်ရှည်ဆရာတော်များနှင့် မြို့မအုပ်စု၊ ရှောလီဝိုင်းအုပ်စု၊ လယ်ဦးအုပ်စု၊ မင်းတံတားအုပ်စုအတွင်းရှိ ရပ်ကွက်များမှ အသက် (၈၅)နှစ်နှင့် အထက်အဖိုးအဖွားများကို ဘိုးဘွားပူဇော်ပွဲအဖြစ် (၇)ကြိမ်တိုင်တိုင် ပူဇော်ကန်တော့ပြီးဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်းလည်း ဘိုးဘွားပူဇော်ပွဲကို ဆက်လက်ကျင်းပ မည်ဖြစ်ပါသည်။

 

ပညာရိပ်၊ အခမဲ့သင်ကြားရေးကျောင်း

          အနောက်ပိုင်း အုတ်အင်းရပ်ကွက်တွင်ရှိသော ပညာရိပ်အခမဲ့ပညာသင်ကြားရေး ကျောင်းကို ချမ်းသာကြီးဂေါပကနှင့် ဝေယျာဝစ္စအဖွဲ့မှ လိုအပ်သော စာသင်ခုံနှင့် ပစ္စည်းများကို လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ယခုလက်ရှိသင်ကြားနေသော အိမ်ဝင်းတစ်ဝက်အား ချမ်းသာကြီးဂေါပကမှဦးဆောင်၍ ဆရာတော် ရှင်ဇ၀န (မေတ္တာရှင်)မှ (၃၀.၃.၂၀၁၁) ခုနေ့တွင် ၀ယ်ယူလှူဒါန်းပေးခဲ့ပြီး လိုအပ်သော ပစ္စည်းများကို ဆရာတော်ရှင်ဇ၀န (မေတ္တာရှင်)မှ ဆက်လက်လှူဒါန်းခဲ့ပါသည်။ ချမ်းသာကြီးဂေါပကနှင့်ဝေယျာဝစ္စအဖွဲ့မှလည်း ကျောင်းသုံးစာအုပ်နှင့်ဘောပင်တို့ကို အခါအားလျော်စွာ ၀ယ်ယူလှူဒါန်းပေးခဲ့ပါသည်။

 

ချမ်းသာကြီးအခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသရေး

          ချမ်းသာကြီးအခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသရေးကို ချမ်းသာကြီးမြတ်စွာဘုရားသြ၀ါဒ ဆရာတော်များ၏ သြ၀ါဒကိုခံယူ၍ ချမ်းသာကြီးမြတ်စွာဘုရားဂေါပကအဖွဲ့မှ ဦးစီး၍ (၂၀၁၀) ခုနှစ်မှစ၍ မျက်စိစမ်းသပ်ခွဲစိတ်ကုသရေးကို ဆောင်ရွက်ခဲ့ပါသည်။

          ပထမအကြိမ် (၂၀၁၁) ခုနှစ်တွင် မိုးကုတ်မြို့အရှေ့ပိုင်းကျေးရွာများမှ လူနာပေါင်း (၁၃၇၁) ဦးတို့အား စမ်းသပ်ကုသ၍ မျက်စဉ်း၊ ဆေးဝါး၊ မျက်မှန်များ အခမဲ့ပေးဝေလှူဒါန်းခဲ့ပြီး မျက်စိခွဲစိတ် လူနာ (၂၄)ဦးတို့အား ခွဲစိတ်ကုသပေးခဲ့ပါသည်။

          ဒုတိယအကြိမ် (၂၀၁၁) ခုနှစ်တွင် မိုးကုတ်အရှေ့ပိုင်းကျေးရွာများမှ မျက်စိဝေဒနာရှင် များနှင့် အနောက်ပိုင်းအချို့ကျေးရွာများမှ မျက်စိဝေဒနာရှင်လူနာပေါင်း (၁၄၂၈)ဦးတို့အား စမ်းသပ်ကုသ၍ မျက်စဉ်း၊ ဆေးဝါးမျက်မှန်များ အခမဲ့ပေးဝေလှူဒါန်းခဲ့ပြီး မျက်စိခွဲစိတ် လူနာ (၄၆)ဦးတို့အား အောင်မြင်စွာခွဲစိတ်ကုသပေးခဲ့ပါသည်။

          တတိယအကြိမ် (၂၀၁၂) ခုနှစ်တွင် မိုးကုတ်မြို့အနောက်ပိုင်းကျေးရွာရပ်ကွက်များမှ မျက်စိဝေဒနာရှင် (၁၆၅၆) တို့အား စမ်းသပ်ကုသ၍ မျက်စဉ်း၊ ဆေးဝါး၊ မျက်မှန်များ အခမဲ့ ပေးဝေလှူဒါန်းခဲ့ပြီး အရင် (၂)ကြိမ်ခွဲစိတ်ခန်းကို ချမ်းသာကြီးဘုန်းတော်ကြီး ကျောင်းအောက် တွင် အခန်းကာ၍ခွဲစိတ်ပေးခဲ့ရပြီး တတိယအကြိမ်မှစ၍ ခွဲစိတ်ခန်းကို ဂေါပကရုံးခန်း အောက်ဘေးတွင် အလှူရှင်များစုပေါင်း၍ သီးခြား တည်ဆောက်ပြီး ခွဲစိတ်လူနာ (၁၀၉) ဦးတို့အား အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါသည်။

          စတုတ္ထအကြိမ် (၂၀၁၃) ခုနှစ်တွင် မိုးကုတ်အနောက်ပိုင်းကျေးရွာ ရပ်ကွက်များ၊ မိုးကုတ် အရှေ့ပိုင်းအချို့ရပ်ကွက်များမှ မျက်စိဝေဒနာရှင် (၁၄၁၈) ဦးတို့အား စမ်းသပ်ကုသ၍ မျက်စဉ်း၊ ဆေးဝါး၊ မျက်မှန်များအခမဲ့ပေးဝေလှူဒါန်းခဲ့ပြီး ခွဲစိတ်လူနာ (၇၃)ဦးတို့အား အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပါသည်။ ပထမအကြိမ်မှ စတုတ္ထအကြိမ်အထိ လူနာပေါင်း (၅၈၇၂) ဦးနှင့် ခွဲစိတ်လူနာ (၂၅၂) ဦးတို့အား မျက်မှန်၊ မျက်စဉ်း၊ ဆေးဝါးများအား အခမဲ့ ပေးဝေခဲ့ရာ (၃၀၈၉၇၀၂၅) ကျပ် လှူဒါန်းခဲ့ပြီးဖြစ်ပါသည်။

 

ထာပွဲများ

          နောက်ဆုံးအနေဖြင့် ထာပွဲ (ကျောက်မျက်ရောင်းဝယ်ပွဲ)သို့ လေ့လာရန်ထွက်ခဲ့ကြပါတယ်။ ပွဲတော်ကြီးတမျှ အလွန်စည်ကာလှပြီး ရာချီသော ထီးမိုးကာများအောက်တွင် မိုးကုတ်မြို့၏ အဓိကရောင်းဝယ်ရေးလုပ်ငန်းဖြစ်တဲ့ ကျောက်မျက်ရောင်းဝယ်ရေးဇုံတွင် ပွဲတိုက်နေကြသောသူများ ဖြင့်သာ ပြည့်နှက်နေပါတော့သည်။ စားသောက်စရာနှင့် လဘက်ရည်ဆိုင်များလည်း ရှိသည်။ အထူးသဖြင့် မိုးကုတ်တွင်းထွက်ကျောက်မျိုးစုံတို့ကို ရောင်းဝယ်နေကြသည်။ နေရာပိုင်ရှိသော မိတ်ဆွေ ကိုမြင့်မှ လိုက်လံမိတ်ဆက်ပေးသဖြင့် ကျောက်မျက်အကြောင်းတစေ့တစောင်းကို လေ့လာခွင့်ရခဲ့သည်။ ဆူညံခြင်း အော်ဟစ်ခြင်း၊ မန္တလေးကားနှင့်ဆိုင်ကယ်တက္ကဆီများလို အဓမ္မဆွဲခေါ်ခြင်း အလျှင်းမရှိ၊ အေးဆေးတည်ညိမ်စွာ မိမိအလုပ်မိမိစိတ်ဝင်တစား စည်းကမ်းရှိစွာ လှုပ်ရှားနေကြသည့်မြင်ကွင်းမှာ တော်တော်နှင့် မေ့ပျောက်လို့မရပါ။

 

ဒေါ်ရှန် (မီးရှည်၊ ခေါက်ဆွဲ၊ ဒံပေါက်)

          နေ့လည်ကျော် (၂) နာရီပင်ထိုးနေချေပြီ။ နေ့လည်စာစားဖို့ပင် မေ့နေကြသည်။ စိတ်ဝင်စားစရာများလွန်းသဖြင့် ထာပွဲအတွင်းမှာ မနဲ ရုံးထွက်ခဲ့ရသည်။ မိတ်ဆွေ ကိုစန်းတင့်၏ ပြောပြချက်အရ မိုးကုတ်မြို့မှာ နာမည်အကြီးဆုံး ခေါက်ဆွဲဆိုင်မှာ ဒေါ်ရှန် ဟုဆိုသဖြင့် မိုးကုတ်ခေါက်ဆွဲအရာသာ မြည်းစမ်းခဲ့ကြသည်။ အမှန်ပင်ဖြစ်သည်။ ဆိုင်ဝန်ထမ်းများ၏ ဖေါ်ရွေပျူငှာစွာ နှုတ်ခွန်းဆက်သမှုနှင့်အတူ အစားအသောက်များလည်း အရသာရှိလှသည်။ ရန်ကုန်နှင့် မန္တလေးတို့တွင်လည်း ဆိုင်ခွဲများစွာရှိသည်။

ဈေးဟောင်းရပ်၊ မိုးကုတ်မြို့၊ ၀၈၆-၂၀၁၂၃၊ ၀၉-၉၁၉၄၉၆၈၉၊ ၄၃၁၄၉၄၀၅၊ ၆၅၃၇၃၇၉

၃၃x၇၇ လမ်းဒေါင့်၊ ရတနာပုံဈေးအနီး၊ မန္တလေးမြို့၊ ၀၂-၇၃၄၂၁၊ ၀၉-၇၄၁၄၁၄၆၅၊ ၄၇၁၁၅၀၁၁

အမှတ်(၄) ၀င်္ကပါလမ်း၊ ဂျပန်သံရုံးအနီး၊ ဗဟန်း၊ ရန်ကုန်မြို့၊ ၀၉-၇၃၀၆၅၀၁၈

 

မိုးကုတ် - ပြင်ဦးလွင်လမ်း

          နေ့လည်စားစားပြီး (၃း၁၅) ခန့်တွင် မိုးကုတ်မြို့မှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ အပြန်လမ်းကို လာလမ်းအတိုင်းမပြန်ဘဲ လမ်းအခြေအနေသိလိုသဖြင့် မိုးကုတ်-ပြင်ဦးလွင်လမ်းမှ ပြန်ခဲ့ကြသည်။ မိုးကုတ်-ပြင်ဦးလွင်လမ်းအရှည်မှာ (၈၅) မိုင်ခန့်ရှိပြီး၊ ပြင်ဦးလွင်-မန္တလေး လမ်းဆုံနေရာမှာ (၄၆) မိုင်ဖြစ်သဖြင့် မိုးကုတ်-ပြင်ဦးလွင်-မန္တလေးလမ်းမှာ စုစုပေါင်း (၁၃၁) မိုင်ခန့် ရှိသည်။

          ရှုခင်းများအလွန်လှသည်။ ချောက်ကြီးများနက်လှပြီး ဒေသထွက်မျှစ်ချိုးသူများ တွေ့ရတတ်သည်။ ရံဖန်ရံခါ တောဝက်များသွားလာလေ့ရှိသည်ဟု ဆိုသည်။ လမ်းဖောက်ပြီးသည်မှာ သိပ်မကြာသေးသဖြင့် လမ်းများကောင်းမွန်လှသည်။ သို့သော် မန္တလေး-မိုးကုတ်လမ်းလောက် အကွေ့အကောင်မများသော်လည်း အတက်ကြီး အဆင်းကြီးသောလမ်းဖြစ်သည်။ ထို့ကြောင့် ကားကြီးများ သွားလာသည်ကို သိပ်မတွေ့ရပါ။ ကားသေးများလည်း အလွန်ပင်နဲလှသည်။ ကျွန်တော်တို့စီးလာတဲ့ PAJERO ကားသည်ပင် ညှော်နံ့ထွက်သည်အထိ ရုံးရသည်။ လမ်းတွင် တစ်ကြိမ်အနားပေးခဲ့ရသည်။ ဖုန်းလိုင်းများလုံးဝမမိသဖြင့် အကြောင်းတစ်ခုခုပေါ်လျှင် အကူအညီတောင်းရန်ခက်ခဲမည်။  ကားမကောင်းလျှင် (သို့မဟုတ်) ကားဆရာအမောင်း မကျွမ်းကျင်လျှင် ဒုက္ခရောက်နိုင်သည်။ ၎င်းလမ်းကို မဖြစ်မနေသွားရမည်ဆိုပါက ကြိုတင်စီစဉ်မှုများ လုပ်ဆောင်သင့်သည်။ ဥပမာ- မိုးကုတ် (သို့မဟုတ်) ပြင်ဦးလွင်မှ ကားဝပ်ရှော့များကို ကြိုတင်ဆက်သွယ်စီစဉ်ထားသင်သည်။ ထို့အပြင် ၎င်းလမ်းကြောင်းသည် လူသွားလာနဲပြီး တောခေါင်လှသဖြင့် လုံးခြုံရေး အလွန်အားနည်းနေသေးသည်ဟုမြင်မိသည်။ ၎င်းလမ်းပိုင်းတွင် နိုင်ငံခြားသားများကို စစ်ဆေးမည့်ဂိတ် (လူဝင်မှုကြီးကြပ်ရေးဌာန) မတွေ့ခဲ့ရပါ။

 

မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်း မိုင်အကွာအဝေး

          ပြင်ဦးလွင်မှ (၃၈) မိုင်အထိ မြေပြန့်ဖြစ်တော့သည်။ (၂၇) မိုင်တွင် မိုးကုတ်-အုမ္မသီး-ပြင်ဦးလွင်လမ်းဆုံရှိသည်။ ထို့နောက် (၁၂) မိုင်တွင် နောင်ပိန်လမ်းခွဲရှိသည်။ အဲဒီနောက် မိုးကြိုးပစ်ရွာကို ဖြတ်ကျော်အပြီး၊ ပြင်ဦးလွင်-လားရှိုးလမ်း (၄၆) မိုင် (၂) ဖာလုံ (ရေငယ်လမ်းဆုံ) သို့ (၆း၁၅) တွင် ဆိုက်ရောက်ခဲ့သဖြင့် အကြမ်းအားဖြင့် (၃) နာရီကြာမြင့်သည်ဟု ဆိုနိုင်ပါသည်။ မန္တလေးသို့ ည (၈း၀၀) ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။

မန္တလေး မှ ပြင်ဦးလွင် (ရေငယ်လမ်းဆုံ) = ၄၆ မိုင် ၂ ဖာလုံ

ပြင်ဦးလွင် (ရေငယ်လမ်းဆုံ) မှ မိုးကုတ်မြို့ = ၉၈ မိုင်

မန္တလေး-ပြင်ဦးလွင်-မိုးကုတ် စုစုပေါင်း = ၁၀၄ မိုင် ၂ ဖာလုံ ရှိသည်။

 

မိုးကုတ်-ကျပ်ပြင်တွင် လည်ပတ်နိုင်သောနေရာအချို့

          လည်ပတ်စရာနေရာများ များစွာရှိသောလည်း နေ့ချင်းပြန်ခရီးဖြစ်သဖြင့် နေရာစုံကို မသွားရောက်နိုင်ခဲ့ပါ။ တစ်ညအိပ်နှစ်ရက်ခရီးဆိုပါက အားလုံးစုံလင်စွာ လည်ပတ်နိုင်ပါမည်။

၁။ ဒေါ်နန်းကြည်တောင်   ၂။ ဖောင်တော်ဦးဘုရား   ၃။ မိုးကုတ်ဆရာတော်ဘုရားကြီး ဓါတ်တော်များ ၄။ ချမ်းသာကြီးမြတ်စွာဘုရား   ၅။ ထာပွဲများ   ၆။ ကျောက်ပြဿဒ်   ၇။ ပင့်ကူတောင်(တော်တော်မြင့်သည်)   ၈။ ရွေကူကြီးဘုရား   ၈။ ဘန်တပ်ဈေး   ၉။ ဘောဘတန်းဂူ(မိုးကုတ်ဆရာတော်ဘုရားကြီး ရဟန္တာဖြစ် တရားအားထုတ်ခဲ့သောဂူ)   ၁၀။ အင်္ဂလိပ်စစ်သင်္ဂြိုင်း   ၁၁။ ပေါ်တော်မူဘုရား   ၁၂။ မိုးမိတ်မြို့

 

မန္တလေး-မိုးကုတ်လမ်း မိုင်အကွာအဝေး

မန္တလေး - မတ္တရာ = ၂၀ မိုင်

မန္တလေး - စကျင်လမ်းခွဲ = ၂၇ မိုင်

စကျင်လမ်းခွဲ - စကျင်တောင် = ၅ မိုင်

မန္တလေး - ရေနံသာ = ၂၉ မိုင်

မန္တလေး - ဆည်တော်ကြီးလမ်းခွဲ = ၃၀ မိုင်

ဆည်တော်ကြီးလမ်းခွဲ - ဆည်တော်ကြီး = ၁၆ မိုင်

မန္တလေး - လက်ပန်လှ = ၅၀ မိုင်

လက်ပန်လှ - စဥ့်ကူး = ၅ မိုင်

လက်ပန်လှ - မိုးကုတ် = ၇၆ မိုင်

လက်ပန်လှ - ဖော့တောလမ်းဆုံ = ၂၆ မိုင် (ဖော့တောလမ်းဆုံတွင် နိုင်ငံခြားသားစစ်ဆေးရေးဂိတ်ရှိသည်)

ဖော့တောလမ်းဆုံ - ၇ မိုင်လမ်းဆုံ = ၃ မိုင်

၇ မိုင်လမ်းဆုံ - သပိတ်ကျင်မြို့ = ၇ မိုင်

ဖော့တောလမ်းဆုံ - သပိတ်ကျင်းမြို့ = ၁၀ မိုင်

မန္တလေး - သပိတ်ကျင်း = ၈၆ မိုင်

ဖော့တောလမ်းဆုံ - မိုးကုတ်မြို့ = ၅၀ မိုင်

၇ မိုင်လမ်းဆုံ - တွင်းငယ် = ၁၈ မိုင်

တွင်းငယ် - တကောင်း = ၂၇ မိုင်

တွင်းငယ် - ဗန်းမော် = ၇၀ မိုင်

တွင်းငယ် - ငွေအိုး = ၈၃ မိုင်

တွင်းငယ် - စမ္ပါယ်နဂို = ၁၁ မိုင်

တကောင်း - ငွေအိုး = ၅၆ မိုင်

တွင်းငယ် - မိုးမိတ် = ၄၆ မိုင်

မှတ်ချက် ။ ။ ၇ မိုင် မှ ၄ မိုင် အတွင်း တော်ဆင်ရိုင်းများ ဖြတ်လမ်းရှိသည်။ ရံဖန်ရံခါ အန္တရာယ်ရှိတတ်သည်။

ကျပ်ပြင်ဝင်ပေါက်မှ မိုးကုတ်မြို့အထိ (၁၁) မိုင်

ကျပ်ပြင်မှ မိုးကုတ်မြို့အထိ (၇) မိုင်

 

(၂၀.၇.၂၀၁၃) ရက်နေ့က လေ့လာရေးခရီးသွားခဲ့သူများ

၁။ ဦးသောင်းနိုင်ဦး

၂။ မချောချော

၃။ မအေးအေးသိမ့်

၎။ မသန္တာထွန်း

၅။ မသီရိ

၆။ မဆွေဆွေ

၇။ မဆုမို့မို့ကြည်

၈။ ကိုသိန်းထွန်း (ကားဆရာ)

 

P7201625.JPG
P7201671.JPG
P7201672.JPG
P7201686.JPG
P7201691.JPG
P7201702.JPG
P7201708.JPG
P7201715.JPG
P7201719.JPG
P7201722.JPG
P7201731.JPG
P7201633.JPG
P7201734.JPG
P7201737.JPG
P7201749.JPG
P7201750.JPG
P7201758.JPG
P7201764.JPG
P7201765.JPG
P7201766.JPG
P7201769.JPG
P7201773.JPG
P7201635.JPG
P7201777.JPG
P7201778.JPG
P7201779.JPG
P7201780.JPG
P7201781.JPG
P7201782.JPG
P7201784.JPG
P7201796.JPG
P7201811.JPG
P7201812.JPG
P7201637.JPG
P7201819.JPG
P7201822.JPG
P7201824.JPG
P7201837.JPG
P7201840.JPG
P7201639.JPG
P7201642.JPG
P7201643.JPG
P7201647.JPG
P7201656.JPG

Mr.Gold

unread,
Jul 23, 2013, 11:23:59 PM7/23/13
to travel...@googlegroups.com
Mingalarbar Ko Thaung Naing Oo,

Thank you so much for post of tour to "Myanmar Ruby Land". I also very
interesting to visit with our customers of foreigners. But we still
need permission to visit there.
Now you share us about of "Mogok"(Myanmar Ruby Land) trip.
Where we apply to get permission?. Ministry Of Hotel & Tourism at
(Naypyitaw) or Prime minister of Mandalay division?.
Best wishes,
Mr. Gold (G/3368).


On 7/23/13, Thaung Naing Oo <thaungna...@gmail.com> wrote:
> *မိုးကုတ်မြို့ (Myanmar Ruby Land) သို့ လေ့လာရေးခရီးတစ်ခေါက် ရောက်ခဲ့စဉ်က*
>
> သောင်းနိုင်ဦး ၊ ဧည့်လမ်းညွှန်
>
>
>
> *မန္တလေး-မိုးကုတ်လမ်း*
> *ဒေါ်နန်းကြည့်တောင်*
>
> ဦးစွာ ဒေါ်နန်းကြည့်တောင်ကို သွားရောက်လေ့လာခဲ့ကြပါတယ်။
> တော်တော်မြင့်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် (၅၂၇၇) ပေမှာ တည်ရှိပါတယ်။
> ရှုမျှော်ခင်းများ အလွန်လှပပြီး၊ ကျပ်ပြင်တခွင်လုံးကို
> အပေါ်စီးကနေမြင်နိုင်တဲ့နေရာပါ။ မိုးကုတ်မြို့ကိုတော့
> တောင်ယံကြားတွေကနေလှမ်းမြင်နိုင်ပါတယ်။ ဒီနေရာမှာ အလျှဉ်းသင့်လို့
> ဒေါ်နန်းကြည့်တောင် သမိုင်းအကျဉ်းကို ဖေါ်ပြပေးလိုက်ပါတယ်။
>
> မြန်မာသက္ကရာဇာ် (၁၀၂၃) ခုနှစ်တွင် ချင်းတွင်းနယ်သား *ငမောက်* ဆိုသူက
> ယခုအင်းဂေါင်းဟုခေါ်သည့် ကွက်ရပ်အနီးတွင် ခြံလုပ်ရင်း တွေ့ရှိခဲ့သည့်
> ကျောက်မြက်မှာ အရည်အသွေးအလွန်လှပပြီး အရွယ်လည်းကြီးသည့်အတွက် နှစ်ခြမ်းခွဲကာ
> တစ်ခြမ်းကို တရုတ်ပြည်သို့ သွားရောင်းခိုင်းပြီး တစ်ခြမ်းကို အင်းဝမြို့သို့
> သွားရောက်၍ ငါးထပ်ကြီးဒါယကာ ပင်းတလဲမင်းထံ ဆက်သခဲ့သည်။
>
> ပင်းတလဲမင်းလည်း များစွာအားရ၀မ်းသာဖြစ်ပြီး
> ဆုတော်ငွေများစွာချီးမြှင့်ခဲ့ပါသည်။ *“ငမောက်”* က ဆက်သသဖြင့် ထိုကျောက်ကို *
> “ပတ္တမြားငမောက်”* ဟု အမည်ပေးခဲ့သည်။ ထိုအချိန်နှင့် မရှေးမနှောင်းပင်
> တရုတ်ပြည်၌ မင်မင်းဆက်ပျက်ပြီး တိုင်းပြည်မငြိမ်မသက်ဖြစ်ရာ
> တရုတ်လူမျိုးအချို့မှာ နီးစပ်ရာတိုင်းပြည်များသို့ ထွက်ပြေးခိုလှုံကြသည်။
> ထိုသို့ထွက်ပြေးလာသည့် အထဲတွင် မြန်မာပြည်သို့ခိုးဝင်လာသော
> တရုတ်လူမျိုးတစ်ဦး၏ လက်ထဲ၌ ငမောက်ရောင်းခိုင်း လိုက်သော
> ပတ္တမြားတစ်ပိုင်းပါလာပြီး မြန်မာဘုရင်အား ဆက်သလိုက်သည်။
> ထိုပတ္တမြားတစ်ပိုင်းမှာ မြန်မာဘုရင်၏ လက်ထဲတွင်ရှိသော ငမောက်ကျောက်နှင့်
> တူလှသဖြင့် ဆက်ကြည့်လိုက်ရာ တစ်ပွင့်ထဲမှခွဲထားကြောင်း သိလိုက်ရသည်။
> ထို့ကြောင့် ဘုရင်လည်း အမျက်ဒေါ်သထွက်ပြီး ငမောက်နှင့်ဆွေမျိုးများအား
> သတ်ဖြတ်ကွက်မျက်လိုက်သည်။
>
> ယနေ့တိုင် ငမောက်နှင့် ဆွေမျိုးများအား သတ်ဖြတ်ကွက်မျက်ခဲ့သည့်
> နေရာကို လောင်းစင်ရွာဟူ၍လည်းကောင်း၊ ထိုအနီးရှိရွာမှာ
> ရေနှင့်ဝေးသောအရပ်ဒေသဖြစ်သဖြင့် ရေဝေးရွာဟူ၍ ခေါ်ဆိုကြသည်။ ငမောက်နှင့်
> ဆွေမျိုးများကွက်မျက်ခံရ၍ သေဆုံးသောနေရာကို မျှော်ကြည့်ရင်း *“ငမောက်၏
> အမဖြစ်သူ ဒေါ်နန်း”* ရင်ကွဲနာကျကာ သေဆုံးခဲ့သည့်တောင်ကို *“ဒေါ်နန်းကြည့်တောင်”
> *
> ဟုခေါ်ဆိုခဲ့သည်။
>
> ယင်းတောင်ပေါ်တွင် သာသနာတည်တံ့ပြန့်ပွားရေးအတွက်
> သာသနာပြုလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ကြသည့် ဆရာတော်များမှာ
> ဆရာတော်ဦးဥတ္တမ၊ ထို့နောက် ဆရာတော်ဦးဇဋိလ၊ ၎င်းနောက် ယခု ဆရာတော်ဥူးဥာဏောဒယ
> အရှင်သူမြတ်တို့ ဖြစ်ကြပါသည်။
>
>
>
> *ကျောက်တူးတွင်းများ*
>
> ဆက်လက်၍ ကျောက်မျက်ကုမ္ပဏီတစ်ခုဖြစ်တဲ့ ခိုင်ရွှေဝါ ကျောက်မျက်ကုမ္ပဏီ
> လူထပြန့် သို့ ၀င်ရောက်လေ့လာခဲ့ကြပါတယ်။ ကျောက်တူးဖေါ်ရာတွင် ရေတူးတွင်းနှင့်
> မြေတူးတွင်းဆိုပြီး နှစ်မျိုးရှိသည်ဟုဆိုပြီး ၎င်းတွင်းမှာ
> ရေတူးတွင်းအမျိုးအစားဖြစ်သဖြင့် ရေအိုင်သ ဖွယ်တွေ့မြင်ခဲ့ရသည်။
>
>
>
> *ရွှေလိပ်ပြာဟိုတယ် (Golden Butterfly Hotel)*
> *Room Rates*
>
> *Superior Room*
>
> Foreinner 1 person 60 USD
>
> 2 person 75 USD
>
> 2 person + 1 Extra bed 85 USD
>
> Local 1 person 35000/-
>
> 2 person 35000/-
>
> 2 person + 1 Extra bed 45000/-
>
> *Family Room*
>
> Foreigner 1 person 100 USD
>
> 2 person 120 USD
>
> 3 person + 1 Extra bed 130 USD
>
> Local 1 person 60000/-
>
> 2 person 70000/-
>
> 3 person + 1 Extra bed 85000/-
>
>
>
> *မိုးကုတ်မြို့*
>
> မိုးကုတ်မြို့တည်နှစ်မှာ မြန်မာသက္ကရာဇ် (၅၇၉) ဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး၊
> ပြင်ဦးလွင်ခရိုင်တွင် ရှိသည်။ တောင်ဘက်နှင့်အရှေ့ဘက်တွင် ကျောက်မဲမြို့နယ်၊
> အနောက်ဘက်တွင် သပိတ်ကျင်းမြို့နယ်တို့နှင့် ဆက်စပ်လျှက်ရှိသည်။
>
> အရှေ့နှင့်အနောက် = (၃၀) မိုင်
>
> တောင်နှင့်မြောက် = (၁၅.၁၂) မိုင်
>
> စတုရန်းမိုင်ပေါင်း = ၄၅၃.၆၀ စတုရန်းမိုင်
>
> ဧရိယာအကျယ်အ၀န်း = ၂၉၀၃၀၅ ဧက
>
> ပင်လယ်ရေမျက်နှာပြထက်အမြင့် (မိုးကုတ်အရှေ့ပိုင်း) = ၃၈၀၀ ပေ
>
> ပင်လယ်ရေမျက်နှာပြင်ထက်အမြင့် (မိုးကုတ်အနောက်ပိုင်း) = ၄၇၀၀ ပေ
>
>
>
> *မိုးကုတ်ဟူသောအမည် (၄) မျိုး*
>
> *၁။ မိန်းကွတ်* ။ ။ (မိန်း) ဆိုသည်မှာ (မြို့)၊ (ကွတ်)
> ဆိုသည်မှာ ကွေ့ကောက်ခြင်း၊ ကောက်ကွေ့နေသောမြို့ ဟု အဓိပ္ပါယ်ရသည်။
>
> *၂။ မိန်းကု(ပ)* ။ ။ (မိန်း) ဆိုသည်မှာ (မြို့)၊ (ကု(ပ်))
> ဆိုသည်မှာ (ခမောက်)၊ ခမောက်ကို လှန်ထားသကဲ့သို့ ၇ှိသောမြို့ ဟု အဓိပ္ပါယ်ရသည်။
>
> *၃။ မိန်းကတ်* ။ ။ (မိန်း) ဆိုသည်မှာ (မြို့)၊ (ကတ်)
> ဆိုသည်မှာ (ချမ်းအေးခြင်း)၊ ချမ်းအေးသောမြို့ ဟု အဓိပ္ပါယ်ရသည်။
>
> *၄။ မိုးချုပ်မြို့*။ ။ညနေတွင် အခြားသောနေရာများထက်
> မှောင်လွယ်၍ မိုးချုပ်စောသောမြို့ (မိုးချုပ်မြို့) ဟု ခေါ်ရာမှ မိုးကုတ်မြို့
> ဟု ခေါ်လာကြောင်း ဆိုကြပါသည်။
>
>
>
> *ဖောင်တော်ဦးဘုရား*
> *ပတ္တမြားပုလ္လင်၊ ဘော်ပုလ္လင်နှင့် နဖူးသင်းကျစ်တော်၊ ရတနာရွှေပန်းခိုင်*
>
> မိုးကုတ်မြို့နယ်အတွင်းရှိ ရှမ်း၊ ပလောင်၊ မြန်မာ၊ လီရှော၊ ဂေါ်ရခါး
> စသောလူမျိုးများသည် ဖောင်တော်ဦးမြတ်စွာဘုရားအား ကြည်ညိုလှသောကြောင့်
> အဖိုးထိုက်တန်သော ပတ္တမြား၊ နီလာ၊ စိန်၊ ဂေါ်မုတ်၊ ဥဿဖရား၊ ပုလဲ၊ မြ၊ ပြောင်
> ခေါင်းစိမ်းစသော ကျောက်မျက်ရတနာများနှင့် ရှားပါးရတနာများကို ဖောင်တော်ဦး
> မြတ်စွာဘုရားအား နေ့စဉ်လိုလိုပင် လာရောက်လှူဒါန်းကြပါသည်။ အများပြည်သူ
> တို့လှူဒါန်းကြသည့် မိုးကုတ်တွင်းထွက် ကျောက်မျက်ရတနာမျိုးစုံဖြင့်
> စီချယ်ထားသော ရွှေသားခံ၊ ငွေသားခံပတ္တမြားပုလ္လင်တော်နှစ်ဆူကို
> ဖောင်တော်ဦးရုပ်ပွားတော်နှစ်ဆူအတွက် ပူဇော်ထားပါသည်။ ထင်းရူးခြံရပ်မှ
> ဦးဘသင်း+ဒေါ်အေး၊ ဈေးသစ်ရပ်မှ ဦးလောတာ+ရွှေလှ မိသားစု၊ မူလစည်ပင်သာယာရပ်မှ
> ဆရာမကြီး ဒေါ်ခင်စိန်တို့က ဦးဆောင်မတည်ကာ
> နဖူးသင်းကျစ်တော်နှစ်ဆူကိုလည်းကောင်း၊ မူလစည်ပင်သာယာရပ်
> ဗုဒ္ဓဝေယျာဝစ္စအဖွဲ့နှင့် အများပြည်သူတို့ကောင်းမှုဖြင့် ရတနာစီခြယ်ထားသော
> ရွှေပန်းခိုင်ကိုလည်းကောင်း ပြုလုပ်လှူဒါန်းထားပါသည်။
>
> ထိုပရိဘောဂစေတီများဖြစ်သည့် ပတ္တမြားပုလ္လင်၊ ဘော်ပုလ္လင်၊
> နဖူးသင်ကျစ်တော်၊ ရတနာရွှေပန်းခိုင်တို့မှာ တန်ဘိုးများစွာ ထိုက်တန်သောကြောင့်
> လုံခြုံမှုအပြည့်အ၀ စီမံထားပြီး ရပ်နီးရပ်ဝေးမှ ဘုရားဖူးလာရောက်ကြသူများ၊
> ဖူးမြော်နိုင်ရန် ဂေါပကအဖွဲ့၏ လုံခြုံစောင့်ရှောက်မှုဖြင့်
> စီစဉ်ဆောင်ရွက်ထားပါသည်။
>
>
>
> *မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓါတ်တော်အစစ်များနှင့် အသုံးအဆောင်ပစ္စည်းများ*
>
> ဖောင်တော်ဦးဘုရား အနီးတွင် ပဋိစ္စသမုပ္ပါဒ်စက်ဝိုင်းဒေသနာတော်ကို
> ဟောကြားလမ်းညွှန် ခဲ့တော်မူအပ်သော ရဟန္တာအရှင်သူမြတ် မိုးကုတ်ဆရာတော်ဘုရားကြီး၏
> ကြွင်းကျန်ရစ်သော ဓါတ်တော်အစစ်များနှင့် သက်တော်ထင်ရှားရှိစဉ်က
> အသုံးပြုတော်မူခဲ့သော အသုံးအ ဆောင်ပစ္စည်းများကို
> သွားရောက်ဖူးမြော်ကြည်ညိုခဲ့ကြပါတယ်။ ဓါတော်များမှာ မီးမခသော
> လင်္ကျာဘက်မျက်လုံးတော်(လက်ဝဲဘက်မျက်လုံးတော်မှာ အမရပူရမြို့၊
> စစ်ကိုင်းလမ်းခွဲရှိ ဓါတ်တော်စေတီတော်တွင် ဌာပနာထားပါသည်။)၊
> အသွေးတော်ဓါတ်တော်၊ အသားတော်၊ ဆံတော်၊ ရွှေအံတော်ဓါတ်တော်၊
> ဆရာတော်ကြီးအသုံးပြုခဲ့သောအခန်း၊ ခြင်ထောင်၊ စောင်၊ ခေါင်းအုံး၊ ကုတင်၊
> ကုလားထိုင်၊ ထိုင်ဖုံများ၊ အသံသွင်းဓါတ်ပြားစက်များ၊ သားရေသေတ္တာနှစ်လုံး၊
> မှန်ဘီရို၊ ကျမ်းစာအုပ်များစွာတို့ကို ဖူးမြော်ခွင့်ရခဲ့ပါတယ်။
>
>
>
> *ချမ်းသာကြီးမြတ်စွာဘုရား*
>
> အဲဒီနောက်ဆက်၍ ချမ်းသာကြီးမြတ်စွာဘုရားသို့ ဖူးမြော်ရန် ဆက်လက်ထွက်ခွာခဲ့ကြပါ
> တယ်။ မိုးကုတ်တစ်မြို့လုံးကို အပေါ်စီးမှ ရှုမြော်နိုင်သော နေရာဖြစ်ပါတယ်။
> ကြည့်၍ ပင်မကုန်နိုင်အောင်လှပတဲ့ရှုမြော်ခင်းများစွာ
> ရှုကြည့်နိုင်သောနေရာကောင်းတစ်ခုဖြစ်ပါတယ်။
>
> မြန်မာသက္ကရာဇ် (၉၀၀) ပြည့်နှစ်တွင် ပြည်ဘုရင်းမင်းခေါင်သည်
> မိုးကုတ်မြို့သို့ ရောက်ရှိပြီး သူသွားလေရာ ပင့်ဆောင်ယူခဲ့သော
> ဘုရားဓါတ်တော်ဆူရေ (၃၀) ကျော်ကို ဌာပနာပြုကာ ချမ်းသာဘုရားကြီးကို တည်ခဲ့သည်။
>
> မြန်မာသက္ကရာဇ် (၁၂၆၈) ခုနှစ်တွင် စေတီတော်နှင့် ရုပ်ပွားတော်ကြီး
> ယိုယွင်းပျက်စီးခဲ့သဖြင့် မိုးကုတ်မြို့ပေါ်ရှိ ဂုဏ်သရေရှိလူကြီး (၂၈) ဦး
> အဖွဲ့ဖွဲ့၍ ဖိနပ်တော်ကို အတောင် (၅၀)ထိ ထပ်မံချဲ့ထွင် ပြင်ဆင်ကိုးကွယ်ခဲ့သည်။
>
> မြန်မာသက္ကရာဇ် (၁၂၇၀) ခုနှစ်၊ ၀ါခေါင်လတွင် ဗုဒ္ဓရက္ခိတရဟန်းတော်
> ဦးအာစရ အမှူးပြု၍ ထီးတော်တင်ပွဲကို အောင်မြင်စွာကျင်းပခဲ့သည်။
>
> ထိုအချိန်မှစ၍ ထိုပွဲတော်နှင့် ဆွမ်းလောင်းပွဲကို
> စတင်ကျင်းပခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။
>
>
>
> *ပွဲတော်ကြီးများ*
>
> နှစ်စဉ်တပို့တွဲလဆန်း (၁၁) ရက်မှ (၁၅) ရက်တိုင်တိုင်
> ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပပါသည်။ တပို့တွဲလဆန်း (၁၄)ရက်နေ့တွင်
> ပွဲတော်သို့လာကြသော ပရိသတ်များကို ထမင်းနှဲဖြင့် ကျွေးမွေးဧည့်ခံပါသည်။
> တပို့တွဲလပြည့်နေ့ နံနက်တွင် ဆွမ်းကြီးလောင်းပွဲ ကျင်းပပါသည်။
> နှစ်စဉ်မြန်မာနှစ်ဆန်း (၂) ရက်နေ့တွင် မိုးကုတ်မြို့နယ်အတွင်းရှိ အသက် (၈၅)
> နှစ်ကျော် အထက်ဆရာတော်များ အဖိုးအဖွားများကို ပူဇော်ကန်တော့ပွဲကျင်းပသည်။
>
> နှစ်စဉ် ကဆုန်လပြည့်နေ့မှ ကဆုန်လပြည့်ကျော် (၆)ရက်နေ့ထိ
> (၃)ညတိုင်တိုင် ဆီမီး (၁၀၀၀) ထွန်းညှိပူဇော်ပွဲ ကျင်းပပါသည်။ နှစ်စဉ်
> တန်ဆောင်မုန်းလဆန်း (၁၄)ရက်၊ (၁၅) ရက်နေ့များတွင် ဆီမီးထွန်းညှိပူဇော်ပွဲ
> ကျင်းပပါသည်။
>
>
>
> *ဗုဒ္ဓပူဇနိယပွဲနှင့် ဆွမ်းကြီးလောင်းပွဲနှစ်တရာပြည့် ကျင်းပခြင်း*
> *ချမ်းသာကြီးမြတ်စွာဘုရား ဂေါပကအဖွဲ့လူမှုရေးလုပ်ငန်းများ*
>
> နှစ်စဉ် နှစ်ဆန်း(၂)ရက်နေ့တွင် မိုးကုတ်မြို့ပေါ်ရှိ
> သက်တော်ရှည်ဆရာတော်များနှင့် မြို့မအုပ်စု၊ ရှောလီဝိုင်းအုပ်စု၊ လယ်ဦးအုပ်စု၊
> မင်းတံတားအုပ်စုအတွင်းရှိ ရပ်ကွက်များမှ အသက် (၈၅)နှစ်နှင့်
> အထက်အဖိုးအဖွားများကို ဘိုးဘွားပူဇော်ပွဲအဖြစ် (၇)ကြိမ်တိုင်တိုင်
> ပူဇော်ကန်တော့ပြီးဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်းလည်း ဘိုးဘွားပူဇော်ပွဲကို
> ဆက်လက်ကျင်းပ မည်ဖြစ်ပါသည်။
>
>
>
> *ပညာရိပ်၊ အခမဲ့သင်ကြားရေးကျောင်း*
>
> အနောက်ပိုင်း အုတ်အင်းရပ်ကွက်တွင်ရှိသော ပညာရိပ်အခမဲ့ပညာသင်ကြားရေး
> ကျောင်းကို ချမ်းသာကြီးဂေါပကနှင့် ဝေယျာဝစ္စအဖွဲ့မှ လိုအပ်သော စာသင်ခုံနှင့်
> ပစ္စည်းများကို လှူဒါန်းပေးနိုင်ခဲ့ပါသည်။ ယခုလက်ရှိသင်ကြားနေသော
> အိမ်ဝင်းတစ်ဝက်အား ချမ်းသာကြီးဂေါပကမှဦးဆောင်၍ ဆရာတော် ရှင်ဇ၀န (မေတ္တာရှင်)မှ
> (၃၀.၃.၂၀၁၁) ခုနေ့တွင် ၀ယ်ယူလှူဒါန်းပေးခဲ့ပြီး လိုအပ်သော ပစ္စည်းများကို
> ဆရာတော်ရှင်ဇ၀န (မေတ္တာရှင်)မှ ဆက်လက်လှူဒါန်းခဲ့ပါသည်။
> ချမ်းသာကြီးဂေါပကနှင့်ဝေယျာဝစ္စအဖွဲ့မှလည်း
> ကျောင်းသုံးစာအုပ်နှင့်ဘောပင်တို့ကို အခါအားလျော်စွာ
> ၀ယ်ယူလှူဒါန်းပေးခဲ့ပါသည်။
>
>
>
> *ချမ်းသာကြီးအခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသရေး*
> *ထာပွဲများ*
>
> နောက်ဆုံးအနေဖြင့် ထာပွဲ (ကျောက်မျက်ရောင်းဝယ်ပွဲ)သို့
> လေ့လာရန်ထွက်ခဲ့ကြပါတယ်။ ပွဲတော်ကြီးတမျှ အလွန်စည်ကာလှပြီး ရာချီသော
> ထီးမိုးကာများအောက်တွင် မိုးကုတ်မြို့၏ အဓိကရောင်းဝယ်ရေးလုပ်ငန်းဖြစ်တဲ့
> ကျောက်မျက်ရောင်းဝယ်ရေးဇုံတွင် ပွဲတိုက်နေကြသောသူများ ဖြင့်သာ
> ပြည့်နှက်နေပါတော့သည်။ စားသောက်စရာနှင့် လဘက်ရည်ဆိုင်များလည်း ရှိသည်။
> အထူးသဖြင့် မိုးကုတ်တွင်းထွက်ကျောက်မျိုးစုံတို့ကို ရောင်းဝယ်နေကြသည်။
> နေရာပိုင်ရှိသော မိတ်ဆွေ ကိုမြင့်မှ လိုက်လံမိတ်ဆက်ပေးသဖြင့်
> ကျောက်မျက်အကြောင်းတစေ့တစောင်းကို လေ့လာခွင့်ရခဲ့သည်။ ဆူညံခြင်း အော်ဟစ်ခြင်း၊
> မန္တလေးကားနှင့်ဆိုင်ကယ်တက္ကဆီများလို အဓမ္မဆွဲခေါ်ခြင်း အလျှင်းမရှိ၊
> အေးဆေးတည်ညိမ်စွာ မိမိအလုပ်မိမိစိတ်ဝင်တစား စည်းကမ်းရှိစွာ
> လှုပ်ရှားနေကြသည့်မြင်ကွင်းမှာ တော်တော်နှင့် မေ့ပျောက်လို့မရပါ။
>
>
>
> *ဒေါ်ရှန် (မီးရှည်၊ ခေါက်ဆွဲ၊ ဒံပေါက်)*
>
> နေ့လည်ကျော် (၂) နာရီပင်ထိုးနေချေပြီ။ နေ့လည်စာစားဖို့ပင်
> မေ့နေကြသည်။ စိတ်ဝင်စားစရာများလွန်းသဖြင့် ထာပွဲအတွင်းမှာ မနဲ
> ရုံးထွက်ခဲ့ရသည်။ မိတ်ဆွေ ကိုစန်းတင့်၏ ပြောပြချက်အရ မိုးကုတ်မြို့မှာ
> နာမည်အကြီးဆုံး ခေါက်ဆွဲဆိုင်မှာ ဒေါ်ရှန် ဟုဆိုသဖြင့် မိုးကုတ်ခေါက်ဆွဲအရာသာ
> မြည်းစမ်းခဲ့ကြသည်။ အမှန်ပင်ဖြစ်သည်။ ဆိုင်ဝန်ထမ်းများ၏ ဖေါ်ရွေပျူငှာစွာ
> နှုတ်ခွန်းဆက်သမှုနှင့်အတူ အစားအသောက်များလည်း အရသာရှိလှသည်။ ရန်ကုန်နှင့်
> မန္တလေးတို့တွင်လည်း ဆိုင်ခွဲများစွာရှိသည်။
>
> ဈေးဟောင်းရပ်၊ မိုးကုတ်မြို့၊ ၀၈၆-၂၀၁၂၃၊ ၀၉-၉၁၉၄၉၆၈၉၊ ၄၃၁၄၉၄၀၅၊ ၆၅၃၇၃၇၉
>
> ၃၃x၇၇ လမ်းဒေါင့်၊ ရတနာပုံဈေးအနီး၊ မန္တလေးမြို့၊ ၀၂-၇၃၄၂၁၊ ၀၉-၇၄၁၄၁၄၆၅၊
> ၄၇၁၁၅၀၁၁
>
> အမှတ်(၄) ၀င်္ကပါလမ်း၊ ဂျပန်သံရုံးအနီး၊ ဗဟန်း၊ ရန်ကုန်မြို့၊ ၀၉-၇၃၀၆၅၀၁၈
>
>
>
> *မိုးကုတ် - ပြင်ဦးလွင်လမ်း*
>
> နေ့လည်စားစားပြီး (၃း၁၅) ခန့်တွင် မိုးကုတ်မြို့မှ
> ပြန်လည်ထွက်ခွာခဲ့ကြသည်။ အပြန်လမ်းကို လာလမ်းအတိုင်းမပြန်ဘဲ
> လမ်းအခြေအနေသိလိုသဖြင့် မိုးကုတ်-ပြင်ဦးလွင်လမ်းမှ ပြန်ခဲ့ကြသည်။
> မိုးကုတ်-ပြင်ဦးလွင်လမ်းအရှည်မှာ (၈၅) မိုင်ခန့်ရှိပြီး၊ ပြင်ဦးလွင်-မန္တလေး
> လမ်းဆုံနေရာမှာ (၄၆) မိုင်ဖြစ်သဖြင့် မိုးကုတ်-ပြင်ဦးလွင်-မန္တလေးလမ်းမှာ
> စုစုပေါင်း (၁၃၁) မိုင်ခန့် ရှိသည်။
>
> ရှုခင်းများအလွန်လှသည်။ ချောက်ကြီးများနက်လှပြီး
> ဒေသထွက်မျှစ်ချိုးသူများ တွေ့ရတတ်သည်။ ရံဖန်ရံခါ တောဝက်များသွားလာလေ့ရှိသည်ဟု
> ဆိုသည်။ လမ်းဖောက်ပြီးသည်မှာ သိပ်မကြာသေးသဖြင့် လမ်းများကောင်းမွန်လှသည်။
> သို့သော် မန္တလေး-မိုးကုတ်လမ်းလောက် အကွေ့အကောင်မများသော်လည်း အတက်ကြီး
> အဆင်းကြီးသောလမ်းဖြစ်သည်။ ထို့ကြောင့် ကားကြီးများ သွားလာသည်ကို သိပ်မတွေ့ရပါ။
> ကားသေးများလည်း အလွန်ပင်နဲလှသည်။ ကျွန်တော်တို့စီးလာတဲ့ PAJERO ကားသည်ပင်
> ညှော်နံ့ထွက်သည်အထိ ရုံးရသည်။ လမ်းတွင် တစ်ကြိမ်အနားပေးခဲ့ရသည်။
> ဖုန်းလိုင်းများလုံးဝမမိသဖြင့် အကြောင်းတစ်ခုခုပေါ်လျှင်
> အကူအညီတောင်းရန်ခက်ခဲမည်။ ကားမကောင်းလျှင် (သို့မဟုတ်) ကားဆရာအမောင်း
> မကျွမ်းကျင်လျှင် ဒုက္ခရောက်နိုင်သည်။ ၎င်းလမ်းကို မဖြစ်မနေသွားရမည်ဆိုပါက
> ကြိုတင်စီစဉ်မှုများ လုပ်ဆောင်သင့်သည်။ ဥပမာ- မိုးကုတ် (သို့မဟုတ်)
> ပြင်ဦးလွင်မှ ကားဝပ်ရှော့များကို ကြိုတင်ဆက်သွယ်စီစဉ်ထားသင်သည်။ ထို့အပြင်
> ၎င်းလမ်းကြောင်းသည် လူသွားလာနဲပြီး တောခေါင်လှသဖြင့် လုံးခြုံရေး
> အလွန်အားနည်းနေသေးသည်ဟုမြင်မိသည်။ ၎င်းလမ်းပိုင်းတွင် နိုင်ငံခြားသားများကို
> စစ်ဆေးမည့်ဂိတ် (လူဝင်မှုကြီးကြပ်ရေးဌာန) မတွေ့ခဲ့ရပါ။
>
>
>
> *မန္တလေး-ပြင်ဦးလွင်-မိုးကုတ်လမ်း မိုင်အကွာအဝေး*
>
> ပြင်ဦးလွင်မှ (၃၈) မိုင်အထိ မြေပြန့်ဖြစ်တော့သည်။ (၂၇) မိုင်တွင်
> မိုးကုတ်-အုမ္မသီး-ပြင်ဦးလွင်လမ်းဆုံရှိသည်။ ထို့နောက် (၁၂) မိုင်တွင်
> နောင်ပိန်လမ်းခွဲရှိသည်။ အဲဒီနောက် မိုးကြိုးပစ်ရွာကို ဖြတ်ကျော်အပြီး၊
> ပြင်ဦးလွင်-လားရှိုးလမ်း (၄၆) မိုင် (၂) ဖာလုံ (ရေငယ်လမ်းဆုံ) သို့ (၆း၁၅)
> တွင် ဆိုက်ရောက်ခဲ့သဖြင့် အကြမ်းအားဖြင့် (၃) နာရီကြာမြင့်သည်ဟု
> ဆိုနိုင်ပါသည်။ မန္တလေးသို့ ည (၈း၀၀) ခန့်တွင် ပြန်လည်ရောက်ရှိခဲ့ကြသည်။
>
> မန္တလေး မှ ပြင်ဦးလွင် (ရေငယ်လမ်းဆုံ) = ၄၆ မိုင် ၂ ဖာလုံ
>
> ပြင်ဦးလွင် (ရေငယ်လမ်းဆုံ) မှ မိုးကုတ်မြို့ = ၉၈ မိုင်
>
> မန္တလေး-ပြင်ဦးလွင်-မိုးကုတ် စုစုပေါင်း = ၁၀၄ မိုင် ၂ ဖာလုံ ရှိသည်။
>
>
>
> *မိုးကုတ်-ကျပ်ပြင်တွင် လည်ပတ်နိုင်သောနေရာအချို့*
>
> လည်ပတ်စရာနေရာများ များစွာရှိသောလည်း နေ့ချင်းပြန်ခရီးဖြစ်သဖြင့်
> နေရာစုံကို မသွားရောက်နိုင်ခဲ့ပါ။ တစ်ညအိပ်နှစ်ရက်ခရီးဆိုပါက အားလုံးစုံလင်စွာ
> လည်ပတ်နိုင်ပါမည်။
>
> ၁။ ဒေါ်နန်းကြည်တောင် ၂။ ဖောင်တော်ဦးဘုရား ၃။ မိုးကုတ်ဆရာတော်ဘုရားကြီး
> ဓါတ်တော်များ ၄။ ချမ်းသာကြီးမြတ်စွာဘုရား ၅။ ထာပွဲများ ၆။ ကျောက်ပြဿဒ်
> ၇။
> ပင့်ကူတောင်(တော်တော်မြင့်သည်) ၈။ ရွေကူကြီးဘုရား ၈။ ဘန်တပ်ဈေး ၉။
> ဘောဘတန်းဂူ(မိုးကုတ်ဆရာတော်ဘုရားကြီး ရဟန္တာဖြစ် တရားအားထုတ်ခဲ့သောဂူ) ၁၀။
> အင်္ဂလိပ်စစ်သင်္ဂြိုင်း ၁၁။ ပေါ်တော်မူဘုရား ၁၂။ မိုးမိတ်မြို့
>
>
>
> *မန္တလေး-မိုးကုတ်လမ်း မိုင်အကွာအဝေး*
>
> မန္တလေး - မတ္တရာ = ၂၀ မိုင်
>
> မန္တလေး - စကျင်လမ်းခွဲ = ၂၇ မိုင်
>
> စကျင်လမ်းခွဲ - စကျင်တောင် = ၅ မိုင်
>
> မန္တလေး - ရေနံသာ = ၂၉ မိုင်
>
> မန္တလေး - ဆည်တော်ကြီးလမ်းခွဲ = ၃၀ မိုင်
>
> ဆည်တော်ကြီးလမ်းခွဲ - ဆည်တော်ကြီး = ၁၆ မိုင်
>
> မန္တလေး - လက်ပန်လှ = ၅၀ မိုင်
>
> လက်ပန်လှ - စဥ့်ကူး = ၅ မိုင်
>
> လက်ပန်လှ - မိုးကုတ် = ၇၆ မိုင်
>
> လက်ပန်လှ - ဖော့တောလမ်းဆုံ = ၂၆ မိုင် (ဖော့တောလမ်းဆုံတွင်
> နိုင်ငံခြားသားစစ်ဆေးရေးဂိတ်ရှိသည်)
>
> ဖော့တောလမ်းဆုံ - ၇ မိုင်လမ်းဆုံ = ၃ မိုင်
>
> ၇ မိုင်လမ်းဆုံ - သပိတ်ကျင်မြို့ = ၇ မိုင်
>
> ဖော့တောလမ်းဆုံ - သပိတ်ကျင်းမြို့ = ၁၀ မိုင်
>
> မန္တလေး - သပိတ်ကျင်း = ၈၆ မိုင်
>
> ဖော့တောလမ်းဆုံ - မိုးကုတ်မြို့ = ၅၀ မိုင်
>
> ၇ မိုင်လမ်းဆုံ - တွင်းငယ် = ၁၈ မိုင်
>
> တွင်းငယ် - တကောင်း = ၂၇ မိုင်
>
> တွင်းငယ် - ဗန်းမော် = ၇၀ မိုင်
>
> တွင်းငယ် - ငွေအိုး = ၈၃ မိုင်
>
> တွင်းငယ် - စမ္ပါယ်နဂို = ၁၁ မိုင်
>
> တကောင်း - ငွေအိုး = ၅၆ မိုင်
>
> တွင်းငယ် - မိုးမိတ် = ၄၆ မိုင်
>
> *မှတ်ချက် ။ ။ ၇ မိုင် မှ ၄ မိုင် အတွင်း တော်ဆင်ရိုင်းများ ဖြတ်လမ်းရှိသည်။
> ရံဖန်ရံခါ အန္တရာယ်ရှိတတ်သည်။*
>
> ကျပ်ပြင်ဝင်ပေါက်မှ မိုးကုတ်မြို့အထိ (၁၁) မိုင်
>
> ကျပ်ပြင်မှ မိုးကုတ်မြို့အထိ (၇) မိုင်
>
>
>
> *(၂၀.၇.၂၀၁၃) ရက်နေ့က လေ့လာရေးခရီးသွားခဲ့သူများ*
>
> ၁။ ဦးသောင်းနိုင်ဦး
>
> ၂။ မချောချော
>
> ၃။ မအေးအေးသိမ့်
>
> ၄။ မသန္တာထွန်း
>
> ၅။ မသီရိ
>
> ၆။ မဆွေဆွေ
>
> ၇။ မဆုမို့မို့ကြည်
>
> ၈။ ကိုသိန်းထွန်း (ကားဆရာ)
>
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/CAF_m_ngSvWDWrVfoaeZu-L1Ey2EcV1FwyGs7jzwHzFxCBxo7ng%40mail.gmail.com.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>

Khaing Soe Linn Khaing

unread,
Jul 24, 2013, 1:18:47 AM7/24/13
to travel...@googlegroups.com
ညိငယ် သောင်းနိုင်ဦးး
ကိုယ့်ညီတို့တင်ထားတဲ့မိုးကုတ်ခရီစဉ်ဟာညီငယ့်၊ညီငယ်တွေနဲ့tourနဲ့မရောက်ဖူးသေးတဲ့Seniorsတွေအတွက်ပါတော်တော်လေး
အသုံးဝင်နေပါလိမ့်မယ်။အဲ့ဒီလမ်းကြောင်းမှာထူးခြားတဲ့လူမျိုးစုတစ်စုရှိတယ်။မြှောင်ဇီး(MyaungZee)လို့ခေါ်ပြီးရှမ်းလူမျိုးအုပ်စုထဲ
ထည့်တားတယ်။ဘာသာစကားရေးပုံကဗီယက်နမ်စာတွေနဲ့တူတယ်။ရွာနာမည်က(၁၂နှစ်လောက်ကြာတော့မေ့နေပြီ၊ဘာတဲ့လုံဘန်းလား၊ဘန်းလုံလားပဲ)။သူတို့တွေကိုလေ့လာလိုတဲ့နိုင်ငံခြားသားတစ်ချို့လာတတ်တယ်။ကိုယ်တော့(၂)ကြိမ်တိုင်ပွဲလမ်းသဘင်ကျင်းပဆင်နွဲခဲ့တယ်။ဓါတ်ပုံလေးတွေတင်ပေးလိုက်တယ်။FRESNOCAUSAကအချက်အလက်တွေတောင်းထားတယ်။အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီလူမျိုးနွယ်စုထဲကဖြစ်တယ်။
ဘန်းလုံလားပဲ)။သူတို့တွေကိုလေ့လာလိုတဲ့နိုင်ငံခြားသားတစ်ချို့လာတတ်တယ်။ကိုယ်တော့(၂)ကြိမ်တိုင်ပွဲလမ်းသဘင်ကျင်းပဆင်နွဲ
ခဲ့တယ်။ဓါတ်ပုံလေးတွေတင်ပေးလိုက်တယ်။FRESNO CA
USAကအချက်အလက်တွေတောင်းထားတယ်။အဲ့ဒီပုဂ္ဂိုလ်ဟာအဲ့ဒီလူ
မျိုးနွယ်စုထဲကဖြစ်တယ်။

Mr.Khaing(Comenseememyanmar)
Travel Manager/Travel Consultant
Travel Guide(G-1399)





Mr.Khaing(Comenseememyanmar)

Travel Manager/Travel Consultant

Travel Guide(G-1399)
> https://groups.google.com/d/msgid/travelmyanmar/CAFgoApt9WmhX1aMyb_nKVMhFg8S0Cp3WxhuT7XQO3FWg7%2B_bzQ%40mail.gmail.com.
> For more options, visit https://groups.google.com/groups/opt_out.
>
>
>


--
Great using ...
Mr.Khaing Document 031.jpg
Mr.Khaing Document 037.jpg
Photo 040 (2).jpg

Thatoe ThuZarAung

unread,
Aug 1, 2013, 9:20:39 AM8/1/13
to travel...@googlegroups.com
ကိုသောင်းနိုင်ဦး နှင့် အဖွဲ့ဝင်များ

တိကျသော၊ စေတနာပါသော၊ မိမိလုပ်ငန်းသဘော သဘာဝကို စာသားပေါ်တွင် ထင်မြင်အောင် ဖော်ပြနိုင်သော၊ မျှဝေလိုသော ဆန္ဒရှိသည်ကို မြင်သာသော အဆိုပါ စာတမ်းအတွက် အထူး ကျေးဇူးတင်ပါတယ်။
လေးစားပါတယ်။


ခင်မင်စွာဖြင့်
မသတိုးသူဇာအောင်
Reply all
Reply to author
Forward
0 new messages