Re: GOLDEN MYANMAR BUTTERFLY (GMB) TRAVELS & TOURS CO., LTD. ရွှေလိပ်ပြာ ရေယာဉ်ဖွင့်ပွဲ (2)

18 views
Skip to first unread message

thethtun aung

unread,
Dec 19, 2013, 12:12:06 AM12/19/13
to mandalaytour...@googlegroups.com, travel...@googlegroups.com
မြန်မာအမျိုးသားပိုင် လုပ်ငန်းစုများအား လျိုက်လှဲစွာ ကြိုဆိုပါသည်။
ယခုလို ခရီးစဉ်မျိုး များများချဲ့ထွင်နိုင်ပြီး ဆထက်တန်ဖိုး ရေရှည်
တည်တန့်အောင်မြင်ပါစေကြောင်း ဆုတောင်းပေးလိုက်ပါသည်။

သွေးသစ်
အစဉ်လေးစားလျက်

၂၀၁၃ Dec


On 12/16/13, Mandalay Tour Guides Society
<mandalaytour...@gmail.com> wrote:
> GOLDEN MYANMAR BUTTERFLY (GMB)
>
> TRAVELS & TOURS CO., LTD.
>
>
> *ရွှေလိပ်ပြာ ရေယာဉ်ဖွင့်ပွဲ (2)*
>
> “ရွှေလိပ်ပြာ” ရေယာဉ်ဖွင့်ပွဲသို့ တည်ထောင်သူ
> ဧည့်လမ်းညွှန်တစ်ဦးလည်းဖြစ်သူ ဦးစောထွန်း ၏ ဖိတ်ကြားချက်အရ မန္တလေးဇုန် EC
> အချို့ တက်ရောက်ဖြစ်ခဲ့ကြပါတယ်။ ဧည့်လမ်းညွှန်များသာမက ခရီးသွားကုမ္ပဏီများ၊
> စားသောက်ဆိုင်များစသည်မှ ဧည့်သည် (၇၀) ခန့် တက်ရောက်ခဲ့ပါတယ်။ ၄း၃၀ ခန့်မှာ
> “ရွှေလိပ်ပြာ” ရေယာဉ်ဖြင့် မရမ်းခြံဆိပ်မှ ထွက်ခွာခဲ့ကြပြီး အသွားလမ်းမှာ
> Cocktail, ကြက်၊ ၀က်ကြော်တို့ဖြင့် ဧည့်ခံကာ ဧရာဝတီမြစ်သဘာဝအလှများကို
> ကြည့်ရှုခံစားရင်း၊ မှတ်တမ်းတင်ဓါတ်ပုံများရိုက်ရင်း၊
> အင်းဝတံတားဟောင်းအကျော်တွင် ပြန်လှည့်ကာ အဆန်အပြန်လမ်းမှာတော့ ထမင်းကြော်၊
> ခေါက်ဆွဲကြော်တို့ဖြင့် ထပ်မံ၍ဧည့်ခံပါသေးတယ်။ ဦးစောထွန်း၏
> မိတ်ဆက်စကားလေးကတော့ -
>
> GMB Cruise Tour သင်္ဘောဝန်ဆောင်မှုမှာတော့ နိုင်ငံခြားသားများအတွက်
> ဧရာဝတီနှင့် ချင်းတွင်းမြစ်ကြောင်း တစ်လျှောကမှာရှိတဲ့
> သင်္ဘောခရီးစဉ်များကိုလည်း စီစဉ်ဆောင်ရွက်ပေးပါကြောင်း၊ မြန်မာရွှေလိပ်ပြာ
> ခရီးသွားကုမ္ပဏီတွင်ရှိသော သင်္ဘောများသည် နိုင်ငံခြားသားများအတွက်
> အထူးလုံခြုံစိတ်ချရသော သင်္ဘောများကိုသာ အသုံးပြုထားပါကြောင်း၊ သင်္ဘောများသည်
> မြန်မာကျွန်းသစ်များဖြင့် ပြုလုပ်ထားတာကြောင့် မြန်မာမှုအငွေ့အသက်များကိုလည်း
> ခံစားနိုင်ပါကြောင်း၊ သင်္ဘောပေါ်မှာ လူကြီးမင်းတို့စိတ်တိုင်းကျ
> စားသောက်ဖွယ်ရာများကိုလည်း စီစဉ်ဆောင်ရွက်ပေးပါကြောင်း၊
>
> ခရီးစဉ်များမှာ မန္တလေး - မင်းကွန်း၊ မန္တလေး - အင်းဝ - စစ်ကိုင်း၊
> မန္တလေး - ပုဂံ၊ မန္တလေး - ဗန်းမော် - ကသာ စသည် ခရီးစဉ်များလည်း ရှိပါကြောင်း၊
>
> ထူးခြားသော ခရီးစဉ်များအနေဖြင့်
> ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ စိတ်ဝင်စားဖွယ် Tour Sides များဖြစ်တဲ့
> ဗန်းမော်မြို့အနီးတစ်ဝိုက် ရွှေကူ၊ ကသာ၊ စဥ့်ကူး၊ ကျောက်မြောင်း စတဲ့
> မြို့များ၊ ထို့အပြင် ဧရာဝတီလင်းပိုင်များနှင့် တံငါသည်တိုရဲ့
> ငါးဖမ်းခြင်းလုပ်ငန်းများကို လေ့လာခြင်း၊
> ချင်းတွင်းမြစ်ကြောင်းတစ်လျှောက်မှာရှိတဲ့ စိတ်ဝင်စားဖွယ် Tour Sites
> များဖြစ်သော နာဂတိုင်းရင်းသားများနှင့် ချင်းတိုင်းရင်းသားများတို့၏
> ရိုးရာယဉ်ကျေးမှုဓလေ့များကို ကြည့်ရှုလေ့လာနိုင်ပါကြောင်း၊
>
> အထူးအစီအစဉ်အဖြစ် ဧည့်ခံပွဲများနှင့် ညစာစားပွဲများ၊
> လေ့လာရေးခရီးစဉ်များကို သီးသန့် ဆောင်ရွက်ပေးပါကြောင်း၊
>
> မန္တလေးမှ မင်းကွန်းသို့ နံနက် ၈း၃၀ တွင်ထွက်ခွါပြီး၊ မင်းကွန်းမှ
> မန္တလေးသို့ ၁း၀၀ တွင် ပြန်လည်ထွက်ခွါကြောင်း၊ မန္တလေးမှ ပုဂံသို့ နံနက် ၆း၃၀
> ထွက်ပြီး၊ (ရန္တပိုရွာသို့လည်ပတ်ပြီး) ပုဂံသို့ ညနေ ၄း၃၀ ခန့် ရောက်ရှိကြောင်း၊
> အစားအစာများမှာ တရုတ်စာနှင့် မြန်မာစာကို အထူးစီမံပြီး၊
> အနောက်တိုင်းအစားအစာများလည်း စီစဉ်ပေးကြောင်း၊
>
> အများဆုံး နိုင်ငံခြားသားဧည့်သည် အယောက် (၂၀) ထိ တင်ဆောင်နိုင်ပြီး၊
> မန္တလေး - မင်းကွန်း ရေယာဉ်ခနှုံးထားများမှာ -
>
> ၁ ယောက်မှ ၄ ယောက်ထိ = ၅၅၀၀၀ ကျပ်
>
> ၅ ယောက်မှ ၁၀ ယောက်ထိ = ၆၀၀၀၀ ကျပ်
>
> ၁၀ ယောက်မှ ၂၀ ယောက်ထိ = ၈၀၀၀၀ ကျပ် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါတယ်။ ညနေ ၄း၃၀
> မှာ မရမ်းခြံဆိပ်သို့ ပြန်လည်ရောက်ရှိခဲ့ကြပါတယ်။
>
>
>
> သောင်းနိုင်ဦး
>
> သတင်းနှင့်ပြန်ကြားရေး
>
> မန္တလေးဇုန်၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း
>
> ၁၅.၁၂.၂၀၁၃
>
> --
> You received this message because you are subscribed to the Google Groups
> "Mandalay Tour Guides Society" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to mandalaytourguides...@googlegroups.com.
> For more options, visit https://groups.google.com/groups/opt_out.
>

Rain Man

unread,
Dec 19, 2013, 11:43:23 PM12/19/13
to travelmyanmar
How much is it to charter a boat from Mandalay to Bagan (18~20 pax)?


2013/12/19 thethtun aung <thethtun...@gmail.com>
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/CAGeYNwu24coAehTR8hoRrJFVtVrCyn-CVuRKknjta%2BGJOhZ19A%40mail.gmail.com.
Reply all
Reply to author
Forward
0 new messages