ပြည်တွင်းဘဏ်များ ဗီဇာကတ်ထုတ်ပေးနိုင်မည့်အချိန်ကို စောင့်နေဟုဆို

13 views
Skip to first unread message

Thomas Latt

unread,
Aug 20, 2013, 9:15:37 PM8/20/13
to travelmyanmar
လေဆိပ်က အေတီအမ်၂ လုံး မှာ ဗီဇာကတ်နဲ့ ပိုက်ဆံထုတ်လို့ ရလား စမ်းကြည့်တယ်။ transaction တခုကို ၀န်ဆောင်ခ ၅၀၀၀ ကျပ်ယူတယ် ခင်ဗျ။

==

မြန်မာ နိုင်ငံသားများကို ဗီဇာကတ်ပေးသုံး မည့်အချိန်ကို မိမိတို့စောင့်ဆိုင်းနေ ကြောင်း ဗီဇာအင်တာနေရှင်နယ် ကုမ္ပဏီက ပြောကြားသည်။

လောလောဆယ်တွင် မြန် မာနိုင်ငံ၌ ဗီဇာကတ်ကို နိုင်ငံခြား ခရီးသွားများသာ သုံးစွဲနိုင်ခြင်း ရှိနေပြီး အခြေခံအဆောက်အ အုံများ တည်ဆောက်ပြီး ငွေကြေး လုပ်ငန်းဆိုင်ရာ စည်းမျဉ်းများ လျော့ချပေးမည့်အချိန်ကို ဗီဇာ က စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း ထိုင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ဗီ ဇာ၏ မန်နေဂျာ ဆွမ်ဘွမ်ခရော့ တီရနွန်က ပြောသည်ဟု ဩဂုတ် ၁၉ ရက်ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ရေးသားထားသည်။

ဗီဇာကတ်များ သုံးနိုင်သည့် နေရာ ၁၀၀ ခန့်နှင့် ဗီဇာကတ် ဖြင့် ငွေထုတ်နိုင်သည့် အေတီ အမ်စက် ၁၀၀ ခန့်တို့ရှိနေကြ သော်လည်း ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်များအတွက် ဗီဇာကတ် အသုံးပြုခွင့်မရှိသလို ပြည်တွင်း ဘဏ်များကိုလည်း ဗီဇာကတ် ထုတ်ပေးခြင်း ဗဟိုဘဏ်က ခွင့် မပြုသေးပေ။ မြန်မာနိုင်ငံတွင် လာမည့် သုံးနှစ်မှ ငါးနှစ်အတွင်း ဗီဇာကတ် လက်ခံပေးမည့် ကုန် သည်များ ၅၀၀၀ မှ ၆၀၀၀ ထိ တိုးတက်လာမည်ဟု ကုမ္ပဏီက ခန့်မှန်းထားသည်။

''မြန်မာနိုင်ငံမှာ လုပ်ငန်း အပြည့်အဝလုပ်နိုင်ဖို့ ကြိုတင် ပြင်ဆင်မှုလုပ်ရာမှာ အသိပညာ ဖလှယ်ရေးကို ကျွန်တော်တို့ အ ခု ဦးစားပေးလုပ်နေတယ်။ ကျွန် တော်တို့ ဘဏ္ဍာရေးစည်းမျဉ်း တွေနဲ့ အခြေခံအဆောက်အအုံ တွေ တိုးတက်လာတာကို စောင့် ရဦးမယ်။ အထူးသဖြင့် တယ်လီ ဖုန်းဆက်သွယ်မှုစနစ်ပေါ့''ဟု ဗီ ဇာကတ်၏ မြန်မာနိုင်ငံ မန်နေဂျာ ကပြောသည်။

သူက မြန်မာနိုင်ငံ ဗဟိုဘဏ် သည် ပြည်တွင်းဘဏ်များအား ဗီဇာကတ်များ ထုတ်ပေးရေး တ ဖြည်းဖြည်းချင်း ခွင့်ပြုလာလိမ့် မည်ဟု ယုံကြည်နေကြောင်း ဆက် လက်ပြောဆိုသည်။

ဗီဇာသည် လောလောဆယ် တွင် မြန်မာပြည်တွင်းဘဏ် ၁၈ ဘဏ်အနက် ၈ ဘဏ်ကို စီးပွား ရေးလိုင်စင် ထုတ်ပေးခဲ့ပြီး ဖြစ် သည်။ ထိုလိုင်စင်တွင် Visa နှင့် Master Card ကတ် နှစ်မျိုး စလုံးအတွက် ငွေကြေးထုတ်ယူ လွှဲပြောင်းခွင့်များ အကျုံးဝင်သည် ဟု သိရသည်။

မြန်မာနိုင်ငံတွင် လောလော ဆယ်၌ပြည်တွင်း ဘဏ်များက ထုတ်ပေးနေသော အမ်ပီယူကတ် များ သုံးစွဲသူပေါင်း တစ်သောင်း ခန့်ရှိနေသည်။

Yangon Media Group


Win Zaw - AE

unread,
Aug 22, 2013, 4:17:36 AM8/22/13
to travel...@googlegroups.com
Cash Withdraw Transaction will always be charged bro. But if you pay with Creditcard for service you use or items you purchase, it should NOT be charged..
Reply all
Reply to author
Forward
0 new messages