ဒီဆောင်းပါးကတော့ အမေရိကန်ထုတ်ကမ္ဘာကျော်ခရီးသွားမဂ္ဂဇင်းတစ်ခုဖြစ်တဲ့
Condé Nast Traveler ကနေကောက်နုတ်ဖော်ပြခြင်းဖြစ်ပါတယ်။ တစ်ချို့အချက်တွေကမြန်မာ့ခရီးသွားလုပ်ငန်းနဲ့တိုက်ရိုက်မသက်ဆိုင်ပေမယ့်
တစ်ခုခုတော့ ရတန်ကောင်းတယ် လို့ယူဆလို့ဘာသာပြန်ပေးလိုက်ပါတယ်။ မူရင်းဆောာင်းပါးရှင်ကတော့ Wendy Perrin ပါ။ အချုပ်ပြောရရင်တော့ ၂၀၁၄ မှာ ခရီးသွားခြင်းဆိုင်ရာအပြောင်းအလဲကို ကြိုတင်ဟောကိန်းထုတ်ထားတာလို့ပြောလို့ရပါတယ်။
၂၀၁၃မှာလည်း အပြောင်းအလဲတချို့ရှိခဲ့သလို ၂၀၁၄မှာဘာတွေဆက်ဖြစ်လာမလဲကြည့်ရအောင်။
၁။ ခင်ဗျားဟာ လေယာဉ်တော်တော်များများအတွက်ဈေးနုန်းနည်းနည်းပဲပေးတော့မယ်။
ဈေးနုန်းပြိုင်ဆိုင်မှုတွေ၊ ကောပိုရိတ်တွေရဲ့ လျော့ချလာတဲ့ ခရီးသွားစားရိတ်တွေကြောင့်အမေရိကားရဲ့ လေယာဉ်ဈေးနုန်းတွေ ကျဆင်းလာပြီဖြစ်ပါတယ်။ လေကြောင်း
ကုမ္ပဏီ အချင်းချင်းပေါင်းပြီးကုစားဖို့လုပ်နေတယ်လို့သိရပေမယ့် စောင့်ကြည့်ရမယ့်အချက်ပါ။ (ဒါက မြန်ပြည်ကြီးနဲ့မဆိုင်ဘူး။)
၂။ ဒါဟာ ဥရောပအတွက်လေယာဉ်စားရိတ် နဲ့တူနေနိုင်တယ်။
၃။ အစားအသောက်အတွက်သက်သက် ခရီးသွားတာတွေပိုများလာမယ်။
၎။ တောင်အမေရိကဟာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အသည်းစွဲ ခရီးသွားနေရာဖြစ်လာမယ်။
ဇွန်၊ ဇူလိုင်မှာ ကမ္ဘာ့ဖလား ရှိတာရယ် အိုလံပစ် ၂၀၁၆ ရှိတာတွေကြောင့် ဘရာဇီး ကတော့ ရေပန်းအစားဆုံးဖြစ်နေပါပြီ။ ဘရာဇီးကိုလာမယ့်သူတွေဟာ ဘရာဇီးကိုအလာ လမ်းမှာ အခြား တောင်အမေရိက နိုင်ငံတွေကို ၀င်ရောက်လည်ပတ်လာနိုင်တယ်။ အဲ့ဒီအထဲကမှ ပီရူးကတော့ လူကြိုက်များတယ်။ တောင်စောင်းမှဆောက်ထားတဲ့ "့Unbalance" လိုခေါ်တဲ့ဟိုတယ်လို အပျံစားဟိုတယ်တွေလည်း ဟိုတစ်ခုဒီတစ်ခုပေါ်လာနေပြီ။ ချီလီ နိုင်ငံ (ပက်တာဂိုနီးယာလိုနေရာမျိုးပေါ့ဗျာ)၊ ကိုလံဘီယာ နိုင်ငံတွေဟာလည်း ခရီးသွားသူတွေရဲ့ စားရင်းတွေထဲမှာ ပါနေပြီ။ ဒီလို ခရီးသွားသူတွေရဲ့ အာသာဆန္ဒမီးကို ဖြေဖျောက်ဖို့ လေကြောင်းလိုင်းတွေလည်းထပ်ပေါ်လာနေပါတယ်။
၅။ ဥရောပက မြစ်တွေပေါ်မှာ သင်္ဘောလိုင်းတွေ ၀ုန်းဒိုင်းကျဲ ထပ်တိုးလာမယ်။
(မြန်မာပြည်က ဧရာဝတီမြစ်ပေါ်မှာတော့ ဒီနှစ်ထဲ နောက်ထပ် ၃ စီး အသစ်ထပ်မံရောက်ဖို့ရှိနေတယ် - ကြုံလို့အာချောင်လိုက်ပါတယ်။)
၆။ မိသားစု အပန်းဖြေခရီးထွက်သူတွေက အာဖရိက ကိုရွေးကြလိမ့်မယ်။
အဓိက ကတော့ သူရို့ဆီမယ် ကလေးတွေကိုအဓိကထားဖန်တီးတဲ့ ခရီးစဉ်တွေများလာတာလည်းပါတယ်။ theme parks တွေ game တွေဖန်တီးထားတာတွေလည်းပါတယ်။
၇။ ခရီးသွားတွေဟာ ဟိုတယ်အခန်းတွေထက် အိမ်ခန်းတွေကို ပိုရွေးလာကြမယ်။
အကျယ်အ၀န်း၊ ကိုယ်ရေးကိုယ်တာလုံခြုံမှု နဲ့ ဒေသအရသာတွေဟာ ဒီအရာကို ပံ့ပိုးပေးတဲ့အချက်တွေဖြစ်တယ်ဆိုတာ အံ့သြစရာ အသစ်အဆန်းတော့မဟုတ်ပါဘူး။ ဒါကြောင့် လုံးချင်းအိမ်တွေ အငှားလိုက်လာတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ဧည့်သည်တွေကိုယ့်ဆီမှာ မြဲအောင်၊ ပြန်လာအောင် ဟိုတယ်တွေဟာ ရောင်းချစရာ အသစ်အဆန်းတွေကိုရှာဖွေရမယ်။ ဒါဟာ နောက်ပြောမယ့် ဟောချက် ၈၊ ၉၊ ၁၀ ရဲ့အစတွေပဲဖြစ်တယ်။
၈။ ဟိုတယ်တွေဟာ ခင်ဗျားရဲ့ အိမ်လူနေမှုဘ၀ မှာပါ ၀င်ဆောင်မှုပေး ကြရတော့မယ်။
ဥပမာဆိုပါတော့ ခင်ဗျား အိမ်မှာ ကော့တေးပါတီလုပ်လို့ လူဘယ်နှစ်ယောက် ကိုဘယ်အရက်ဘယ်လိုစပ်ပြီး ဘာအမြည်းကိုဘယ်လိုချက်ဆိုတာမျိုးတွေပေါ့။
၉။ ဟိုတယ်တွေဟာ ဓာတ်ပုံစားအောင်လုပ်လာကြမယ်။
ဥပမာ ခင်ဗျားလက်ကိုင်ဖုန်းထဲက အင်စတာဂရမ်လို ပရိုဂရမ်မျိုးနဲ့ ဓာတ်ပုံရိုက်ပြီးအလုအယက်တင်ရတဲ့ အလှအပမျိုးတွေပေါ့။
၁၀။ ဟိုတယ်တွေဟာ ၂၄ နာရီလုံးသုံးလို့ ရတဲ့ ယာယီရုံးခန်းတွေဖွဲ့စည်း ပေးကြတော့မယ်။
ဒါဟာ ဟိုတယ်မှာရှိတဲ့ Spa တွေ Bar တွေထက် ၀င်ငွေကောင်းမယ့် အချက်အလက်သစ်ပါ။ စပါးတွေ ဘားတွေလည်းနေရာပေးရာတာချင်းအတူတူ သူတို့က ဒီထက်အလုပ်ဖြစ်တာကိုရှာတဲ့သဘော။ သေချာတာကတော့စီးပွားရေးသမားတွေအတွက်ပေါ့ဗျာ။ သမားရိုးကျ ရုံးခန်းတွေကိုစိတ်ကုန်လာတဲ့ လုပ်ငန်းရှင်တွေ၊ ခရီးသွားနေတဲ့ လုပ်ငန်းရှင်တွေ အတွက်ဈေးကွက်အသစ်ချဲ့ထွင်တဲ့သဘောပါ။ နာမည်ကျော် Marriott ဟိုတယ်ကတော့အခုပဲ စလုပ်နေပြီလို့ဆိုပါတယ်။
၁၁။ ဟိုတယ်များနှင့် သင်္ဘောလိုင်းတွေဟာ ၂၁ ရာစုကို ခုမှ မဖြစ်မနေ၀င်လာပါတော့မယ်။
တခြားမဟုတ်ပါဘူး။ ၀ိုင်ဖိုင် ကိုအလကားပေးတော့မှာလို့ပြောတာပါ။
၁၂။ လေယာဉ်စီးတဲ့အခါ သက်တောင့်သက်သာဖြစ်စေမယ့် ရွေးချယ်မှုတွေ ရှိလာမယ်။
ဘယ်လေယာဉ်အသစ်စီးမှာလဲ၊ ဘယ်နေရာထိုင်မလဲ စသဖြင့်.....
၁၃။ တစ်ထောက်နားခရီးစဉ်တွေကို ပိုပြီးမျှော်လင့်လာကြမယ်။
မိုင်နုန်းတွက်တာတွေ သိပ်အလုပ်မဖြစ်တော့ဘူး။ လေဆိပ်မှာ layover ခဏနားပြီး နောက်ထပ်လေယာဉ်တစ်စီးကိုစောင့်တာထက် stopover လုပ်ပြီး အဲ့ဒီမြို့မှာ ၂ည ၃ရက်လောက်နေတာက ပိုပြီးအကျိုးရှိတယ်လို့ ခရီးသည်တွေကမြင်လာတယ်။ တနည်းအားဖြင့် ခရီးစဉ်တစ်ခုကနေ နှစ်ခု လုပ်လိုက်တာ။ Cox and Kings ရဲ့အဆိုအရ ဒီလိုလုတွေသိပ်များလာတယ်လို့ဆိုပါတယ်။
၁၄။ ဓာတ်ပုံကြည့်ပြီး အတုံးဆက်သလိုမျိုး သွားချင်တဲ့နေရာတွေကို ဆက်ပြီး ခရီးစဉ်တွေဆွဲလာ ကြမယ်။
ဒါကတော့ နည်းပညာ တိုးတက်လာတာနဲ့ လူ့စိတ်သဘောပါ။ စာတွေဖတ်မနေတော့ပဲ ပုံတွေကို ကောက်ပြီးစီလိုက်တာက ပိုမြန်တယ်မဟုတ်လား။ ဒါကိုကြည့်ချင်တယ်၊ ဒီကိုသွားမယ်။ ဒါမျိုး ဒါမျိုး...။
အချုပ်ပြောရမယ်ဆိုရင် နည်းပညာနဲ့ ၀န်ဆောင်မှုပေါင်းစပ်ပြီးပြောင်းလဲလာနေတဲ့ဒီကမ္ဘာကြီးမှာ အိမ်နီးချင်း ထိုင်းနိုင်ငံရဲ့ ၂၀%လောက်ဧည့်သည်အ၀င်ရဖို့ မနည်းရုန်းရတဲ့ကျနော်တို့ နိုင်ငံမှာ သူများထက် ရှေ့ကိုဆယ်ဆမကမျှော်ကြည့်ဖို့လိုနေပြီး ခရီးသွားဆိုင်ရာသုသေတနလုပ်ငန်းများပေါ်ပေါက်လာစေချင်ပါတော့တယ်။