A French Tourist wasn't deported

11 views
Skip to first unread message

Nyi Nyi ®

unread,
Feb 7, 2013, 4:54:01 AM2/7/13
to travel...@googlegroups.com
ရန်ကုန်မှ ကချင်ပြည်နယ် လိုင်ဇာသို့ ခြေကျင်ထွက်ခွာလာသော အင်အား ၄၃ ဦးပါအဖွဲ့သည် တောင်ငူမြို့ (၇)ရပ်ကွက် စည်ပင်ဂိုဏ်းအုပ် ဘုန်းတော်ကြီးကျောင်း၌ ရောက်ရှိအခြေပြုနေစဉ် ဇန်နဝါရီ ၂၉ ရက် ညနေပိုင်းတွင် တောင်ငူမြို့နယ် အုပ်ချုပ်ရေး အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ကမ္ဘာလှည့်ခရီးသည် ပြင်သစ်နိုင်ငံသား Mr.Peburelelde Chassey Christophel အသက်(၄၄) နှစ် နိုင်ငံကူးလက်မှတ်အမှတ် PPNo.P10 CT52036၊ ပြည်ဝင်ဗီဇာအမျိုးအစား Tourist Visa ကိုင်ဆောင်သူအား တွေ့ဆုံ၍ ယခုဆောင်ရွက် ချက်သည် ဗီဇာစည်းမျဉ်း စည်းကမ်းအား ချိုးဖောက်မှုရှိနေကြောင်း ပြောကြားကာ တာဝန်ရှိပုဂ္ဂိုလ်များဖြင့် ရန်ကုန်မြို့သို့ စနစ်တကျ ပို့ဆောင်ပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီး ဦးစီးဌာနမှူးက ရန်ကုန်အခြေစိုက် မြန်မာနိုင်ငံ ဆိုင်ရာ ပြင်သစ်သံရုံးမှ ကောင်စစ်ဝန် Mr.XAVIER D ARGUEUVER ထံသို့ ဇန်နဝါရီ ၃ဝ ရက် ညနေ ၆ နာရီခွဲခန့်တွင် ပြင်သစ်သံရုံး၌ စနစ်တကျ ပြန်လည်လွှဲပြောင်း အပ်နှံခဲ့သည်။ အဆိုပါ ကမ္ဘာလှည့်ခရီးသည် ပြင်သစ်နိုင်ငံသားသည် ၄င်းကိုင်ဆောင်ထားသော ပြည်ဝင်ဗီဇာပါ စည်းကမ်း သတ်မှတ်ချက်များအား ကျူးလွန် ဖောက်ဖျက်ခြင်း ဖြစ်သည့်အတွက် အစဉ်အလာဥပဒေ၊ လုပ်ထုံးလုပ်နည်းများအရ ပြည်နှင်ဒဏ်ပေး၍ လိုအပ်သော တားမြစ်မှုများ ထပ်ဆင့်ဆောင်ရွက်ရန် ဖြစ်သော်လည်း မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံတို့အကြား ရရှိထားသော နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုများအပေါ် အလေးထားသောအားဖြင့် ယင်းကမ္ဘာလှည့် ခရီးသည် ပြင်သစ်နိုင်ငံသားအား ပြည်ဝင်ဗီဇာပါ မူလအခွင့်အရေးများအား ရုပ်သိမ်းအရေးယူ ဆောင်ရွက်ခြင်း မပြုဘဲ ၄င်း၏ မိခင်နိုင်ငံ သံရုံးသို့သာ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းမီဒီယာ အချို့က လမ်းလျှောက်အဖွဲ့နှင့် ပါလာသော ကမ္ဘာလှည့်ခရီးသည် ပြင်သစ်နိုင်ငံသား Mr.Peburelelde Chassey Christophel ကို လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနက ပြည်နှင်ဒဏ်ပေးမည် ဟူသော ရေးသားဖော်ပြချက်သည် မှန်ကန်မှုမရှိကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန၏ သတင်း ထုတ်ပြန်ချက်အရ သိရှိရသည်ဟု ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။ ""
Reply all
Reply to author
Forward
0 new messages