မင်းမင်းလတ် (မြစ်မခ ) နှင်. MTGA

65 views
Skip to first unread message

Ko Nyi Nyi

unread,
Oct 16, 2012, 8:56:44 PM10/16/12
to travelmyanmar
မြစ်မခကိုMTGA ကန်.ကွက်စာ မှာ စာရေးသူအမည် မင်းမင်းလတ် (မြစ်မခ) ဖြစ်ရမယ်.အစား
မြစ်မခ(မြစ်ငယ်) ဆိုပြီးဖြစ်နေတယ် ။
မင်းမင်းလတ်(မြစ်ငယ်)ဟာ
မြန်မာနိုင်ငံသတင်းစာဆရာများအသင်း(မန္တလေးတိုင်းဒေသကြီး)မှာလည်း EC
တစ်ယောက်ဖြစ်ပါတယ် ။ မန္တလေးမှာ စာရေးဆရာ အသင်း ၃ သင်းရှိပြီး မင်းမင်းလတ်
တို.အဖွဲ.ဟာ လူထောက်ခံမှုအနည်းဆုံး ၊ နှစ်ယောက်တစ်ပိုင်းနဲ့.ဖွဲ.ထားတဲ.
အဖွဲ. ဖြစ်ပါတယ်။

ဧည်.လမ်းညွှန်များကို တရားဝင်မတောင်းပန်ပါက MTGA မှ တရားလိုလုပ်ပြီး
အသရေဖျက်မှု ဖြင်.တရားစွဲသင်.ပါတယ် ။

စာနယ်ဇင်းတွေ ဧည်.လမ်းညွှန်တွေ ကိုစော် ကားပေါင်းများနေပါပြီ ။

ကိုညီ (သရ၀ဏ်)

TUN tourguide

unread,
Oct 17, 2012, 4:24:35 AM10/17/12
to travel...@googlegroups.com, Ko Nyi Nyi, MTGA. ကိုကိုလတ် - အတွင်းရေးမှူး, မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း MTGA, G - M Chaw, G - ကိုအောင်ထွန်းလင်း, Shwemya Aung
မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း သို့ 
လိုင်စင်ရ ဧည့်လမ်းညွှန် / အင်္ဂလိပ်ဘာသာဧည့်လမ်းညွှန်များ၏
ရွေးချယ်ခံဘာသာစကားကိုယ်စားလှယ်/
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ပြန်ကြားရေးတာဝန်ခံ - ဦးထွန်းမြတ် (G-၁၈၄၄)
စာရေးဆရာ/ကဗျာဆရာ ဆူးသစ်နီ - ၏ Personal အိတ်ဖွင့်ပေးစာ

၁။ မြစ်မခ မီဒီယာ အုပ်စု၏ အွန်လိုင်းသတင်းဆောင်းပါး " ဧည့်မျှော်
နေဦးမည့် တိုးရစ် ဂိုက်မလေး " ဆောင်းပါးနှင့် ပတ်သက် ၍
မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်းမှ အဆိုပါ ဆောင်းပါးသည်၊
ဧည့်လမ်းညွှန်များ၏ ဂုဏ်သိက္ခာကို
တိုက်ရိုက်ထိခိုက်ပါကြောင်း ထောက်ပြ၍၊ ဆောင်းပါးရှင်မှ ဖြစ်စေ၊
မြစ်မခမီဒီယာမှ ဖြစ်စေ၊ လိုင်စင်ရဧည့်လမ်းညွှန်များသို့ 
တောင်းပန်မှု ပြုရန်၊ တောင်းဆိုခဲ့ပြီးဖြစ်ပါသည်။

၂။ သို့ ရာတွင် မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း က The
Voice Weekly၏ မေးမြန်းချက်ကို ပြောကြားသည် ဟူသော၊ သတင်းများအရ၊
- တရား ဥပဒေအရ ဆောင်ရွက် လာပါက ရင်ဆိုင် သွားမည် ဖြစ်သည်ဟုလည်းကောင်း
- ဒီကိစ္စနဲ့ ပတ်သက်လို့ ဘယ်လို မှ ဖြေရှင်းမှာ မဟုတ်ဘူး၊
- အဲ့ဒီ သတင်းထောက်ကလည်း တိုးရစ် ဂိုက် လို့ သုံးတာက လွဲလို့ FIT
ဆိုတာလည်း ထည့်ထား ပေးတယ်၊အမည်နဲ့ ရာထူး၊ အလုပ် လုပ်တဲ့ နေရာ တွေတောင်
ထည့်ရေးထားတာ မဟုတ်တော့ ရှင်းစရာလိုတယ်လို့ မထင်ဘူး ဟုလည်းကောင်း
- ထိုကိစ္စ နှင့် ပတ်သက်၍ တရား စွဲဆိုလာပါက မည်ကဲ့သို့
ဖြေရှင်းရန်စီစဉ်ထားကြောင်း The Voice Weekly ၏ မေးမြန်းချက် ကို ၎င်းက
စွဲပေါ့၊ မြန်မာပြည်မှာ အဲ့ဒါမျိုး ဂိုက်မတွေ အများကြီး၊ ပြုပြင် စေချင်
လို့ ထောက်ပြ တာ ကိုတရားစွဲမယ် ဆိုလည်း ငြင်းစရာ မရှိပါ ၊
ရင်ဆိုင်ရုံပါပဲ။ ဟု လည်းကောင်း
- ထိုသတင်း ဆောင်းပါအား ရွေးချယ်ခြင်းမှာ နိုင်ငံခြား
ရင်းနှီးမြှုပ်နှံမှု များဝင်ရောက် လာမည့် ကာလတွင် ယခုကဲ့သို့
အမျိုးသမီးတွေ မဖြစ် စေချင်တဲ့အတွက်ကြောင့် တာဝန်ရှိသူတွေ အနေနဲ့ တားဆီး
စေချင်သော စိတ်ဖြင့် Gender Issueဖြစ်သောကြောင့် တင်ခြင်း ဖြစ်ကြောင်း
ဦးအေးချမ်းဟိန်း က အွန်လိုင်း စာမျက်နှာပေါ် ယင်းဆောင်းပါး ရွေးချယ်
တင်ပြခြင်း နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားသည် ဟူ၍လည်ကောင်း တာဝန်ခံ
အယ်ဒီတာ ဦးအေးချမ်းဟိန်း ၏ သဘောထားများကို ကြားသိရပါသည်။

၃။ အကယ်၍ (အကယ်၍) မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း က
The Voice Weekly
၏ မေးမြန်းချက်ကိုအထက်ပါအတိုင်း ပြော ကြားသည် ဆိုပါက (ဆိုပါက) အဆိုပါ
တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း သဘောထားယူဆချက်များနှင့်ပတ်သက်၍၊
အောက်ဖေါ်ပြပါအတိုင်း ရှင်းလင်းခြင်း၊ မေးခွန်းထုတ်ခြင်းတို့ ကို ဦးစွာ
ပြုပါသည် -

- တရား ဥပဒေအရ ဆောင်ရွက် လာပါက ရင်ဆိုင် သွားမည်၊ ဘယ်လိုမှ ဖြေရှင်းမှာ
မဟုတ်ဘူး ဟု ပြောပေါက်ဆိုပေါက်များသည် မိမိတို့ မမှားဟု
ဆိုလိုရာရောက်သဖြင့်၊ လူကြီးမင်းအနေဖြင့် လူ့ အဖွဲ့ အစည်း တစ်ခု (သို့ )
၎င်း၏ အမည်တစ်ခု (ဥပမာ - ဧည့်လမ်းညွှန်မလေး၊ အယ်ဒီတာဘယ်သူဘယ်ဝါ) ကို
အမည်တပ်၍ မကောင်းရာတစ်ခု၊ မသင့်တော်ရာတစ်ခု၊ Negative Point of View
တစ်ခု ကို ရေးရာပြောရာတွင် (စိတ်ကူးယဉ်ဝတ္ထုပင်ဖြစ်ပါစေ)
ကျင့်ဝတ်နှင့်ညီသည်၊ Community တစ်ခုလုံးကို မထိခိုက် ဟု ယုံကြည်နေပါသလား
(မှတ်ချက်၊ ယနေ့ ခေတ်အချိန်အခါတွင်၊ အမည် Name ကိစ္စသည် အလွန် Sensitive
ဖြစ်သည်ကို သတိချပ်သင့်ပါသည်။ )
- တိုးရစ် ဂိုက် လို့ သုံးတာက လွဲလို့ FIT ဆိုတာလည်း ထည့်ထား
ပေးတယ်၊အမည်နဲ့ ရာထူး၊ အလုပ် လုပ်တဲ့ နေရာ တွေတောင် ထည့်ရေးထားတာ
မဟုတ်တော့ ရှင်းစရာလိုတယ်လို့ မထင်ဘူး ဟု ပြောဆိုချက်နှင့် ပတ်သက်၍၊
(က) တိုးရစ်ဂိုက်ဟု သုံးတာကို က၊ ကျုးလွန်ပြီးဖြစ်နေပါပြီ
(စကားပြန်များ၊ နိုင်ငံခြားသားများနှင့် အတူ တွဲ လုပ်နေသည့် ၀န်ထမ်းများ၊
နိုင်ငံခြားသားများနှင့် လိုက်ပါနေသူများ အနေဖြင့် တိုးရစ်ဂိုက်ဟု
မသုံးရပါ။ သုံးခွင့်မရှိပါ။ တိုးရစ်ဂိုက် ဆိုသည်နှင့် ဘွဲ့ ရ၊
ဘာသာစကားအနည်းဆုံးတစ်ခု
ကျွမ်းကျင်၊ သင်တန်းတက်၊ တရားဝင်လုပ်ငန်းလိုင်စင်ရ သည့် Professional
ဖြစ်ပါသည်၊ Industrial Title ဖြစ်ပါသည်)
(ခ) FIT ဆိုသည်မှာ၊ Foreign Independent Traveler ဖြစ်ပါသည်။ ခရီးသည်ကို
ဆိုလိုပါသည်။ တိုးရစ်ဂိုက် နှင့် မပတ်သက်ပါ။ အကယ်၍၊ Package Tour
မဟုတ်သော လမ်းလျောက်အိတ်ဆွဲ FIT များကို လိုက်သော လိုင်စင်မရှိသူများကို
ပြောလိုလျှင်လည်း တိုးရစ်ဂိုက်ဟု မရေးရပါ။ အပိုဒ်
(က)တွင်ရှင်းပြီးဖြစ်ပါသည်။ နိုင်ငံခြားသားနှင့် တွဲပါနေတိုင်း
တိုးရစ်ဂိုက်များမဟုတ်ပါ။ ( ယနေ့ မီဒီယာတော်တော်များများ Tourism
Industry ၏ သဘောသဘာဝကို နားမလည်ပါ။ Package Tour နှင့် FIT ကို
နားမလည်ကြပါ။ စကားချပ်)
(ဂ) အမည်နဲ့ ရာထူး၊ အလုပ် လုပ်တဲ့ နေရာ တွေတောင် ထည့်ရေးထားတာ မဟုတ်တော့
ရှင်းစရာလိုတယ်လို့ မထင်ဘူး ဆိုသည်နှင့် ပတ်သက်၍၊ တိုးရစ်ဂိုက်တွင်၊
ရာထူး သတ်မှတ်မှု မရှိပါ။ အမည် နှင့် အလုပ်လုပ်သည့်ကုမ္ပဏီ
အမည်ထည့်မရေးသည်၊ ရေးသည်မှာအဓိက မဟုတ်ပါ။
ဧည့်လမ်းညွှန်ဆိုသည်နှင့်ပင်အသိုင်းအ၀ိုင်း၏ ဂုဏ်သိက္ခာကို
ထိခိုက်ပြီးသားဖြစ်နေပါပြီ
(ဃ) မြန်မာပြည်မှာ အဲ့ဒါမျိုး ဂိုက်မတွေ အများကြီး၊ ပြုပြင် စေချင် လို့
ထောက်ပြ တာ ဟူသော အပြောနှင့်ပတ်သက်၍
မိမိတို့ Community သို့  ကျင့်ဝတ်မထိန်းဘဲ တိုက်ရိုက် ကျုးလွန်သည့်
ရင့်သည်းသော စကားဖြစ်ကြောင်း သတိချပ်ပါရန် နှင့် ယခုကဲ့သို့
အမျိုးသမီးတွေ မဖြစ် စေချင်တဲ့အတွက်ကြောင့် တာဝန်ရှိသူတွေ အနေနဲ့ တားဆီး
စေချင်သော စိတ်ဖြင့် တင်သည်ဟူသောအယူအဆနှင့် ပတ်သက်၍ ဆွေးနွေးလိုသည်မှာ၊
အကယ်၍ အဆိုပါစိတ်ထားမျိုးရှိသည်ဆိုပါက၊ လေ့လာဆန်းစစ်၍၊ အတည်အခန်
့အကျိုးပြု ဆောင်းပါးမျိုးရေး၍လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနသို
့အပြုသဘော
ဖြစ်စေ၊ တိုင်စာဖြစ်စေ ရေးသားဖေါ်ပြ၍လည်ကောင်း၊
မြန်မာအမျိုးသမီးများအားလုံးကို ဆိုလို လိုပါက၊ ဧည့်လမ်းညွှန် ဟူသော
Professional ကို တိုက်ရိုက်မသုံးစွဲခြင်းဖြင့်လည်းကောင်း၊ ယခုကဲ့သို့ 
အပျော်ဖတ်လိုလို၊ စိတ်ကူးယဉ်လိုလို၊ အပြာဆန်ဇါတ်လမ်းလိုလို၊ အပေါစား၊
အပေါ့စား စာများဖြင့် ဖေါ်ပြ၍ တိုင်းပြည်ကောင်းကျိုး၊
အမျိုးသားရေးတာဝန်ကို ထမ်းဆောင်သည်ဟု လုံးဝ ပြော၍ မရပါကြောင်း။
၎။ သို့ ဖြစ်၍၊ အဆိုပါ ဆောင်းပါးကြောင့် မိမိတို့ ဧည့်လမ်းညွှန်များ၏
ဂုဏ်သိက္ခာကို ပွန်းပဲ့စေသည်၊မိမိတို့ Professional ကို
ကျုးလွန်စော်ကားခံရသည်၊ မြန်မာအမျိုးသမီး လိုင်စင်ရ ဧည့်လမ်းညွှန်များ၏
လုပ်ငန်း နှင့် အမျိုးသမီး ကုဒြေ္ဒ ကို ကြီးစွာ ထိခိုက် သေးသိမ် စေသည် မှာ
လွန်စွာ ထင်ရှား၍ ဆောင်းပါးရှင် နှင့် မီဒီယာတာဝန်ခံအယ်ဒီတာ တို
့အနေဖြင့် ကျင့်ဝတ်များစွာကို ချိုးဖေါက်ခြင်းဖြင့် လုံးဝတာဝန်ရှိပါသည်။
၅။ မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းသည် မီဒီယာများနှင့် ချစ်စကို
ရှည်စေ မူဖြင့် မြစ်မခ မီဒီယာမှ တရားဝင် အကြောင်းပြန် ဆက်သွယ်ကာ၊
လေးစားရင်းနှီးစွာ ပြန် လည် ဖြေရှင်းခြင်းတစ်ခုပြုရန်ကိုသာ ၊ လိုလားလျက်
ရှိနေချိန်တွင်၊ မြစ်မခ မီဒီယာ မှ ပူးပေါင်းဆောင်ရွက်နိုင်ပါရန်၊
မြစ်မခ မီဒီယာမှ တာဝန်ခံ အယ်ဒီတာ ဦးအေးချမ်းဟိန်း သို့ 
မိမိတစ်ဦးတည်းသဘောဖြင့် အထက်ပါအတိုင်း အိတ်ဖွင့်စာ ရေးသား ပေးပို
့အပ်ပါသည်။
၆။ မြစ်မခ မီဒီယာ ၏ တုံ့ ပြန်မှုအပေါ်မူတည်၍ ၊
မြန်မာနိုင်ငံလိုင်စင်ရဧည့်လမ်းညွှန်များ၊ မြန်မာနိုင်ငံဧည့်လမ်းညွှန်များ
အသင်း(MTGA) တို့ နှင့် တသားတည်း ရပ်တည်သွားမည်ဖြစ်ပါကြောင်း။

ဦးထွန်းမြတ် (G-၁၈၄၄) လိုင်စင်ရ ဧည့်လမ်းညွှန် /
အင်္ဂလိပ်ဘာသာဧည့်လမ်းညွှန်များ၏ ဘာသာစကားကိုယ်စားလှယ်/
မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်း၏ ပြန်ကြားရေးတာဝန်ခံ
စာရေးဆရာ/ကဗျာဆရာ ဆူးသစ်နီ
၁၇-၁၀-၂၀၁၂ (ဗုဒ္ဓဟူးနေ့ )

Ko Nyi Nyi

unread,
Oct 17, 2012, 8:01:54 AM10/17/12
to TUN tourguide, travel...@googlegroups.com, MTGA. ကိုကိုလတ် - အတွင်းရေးမှူး, မြန်မာနိုင်ငံ ဧည့်လမ်းညွန်များအသင်း MTGA, G - M Chaw, G - ကိုအောင်ထွန်းလင်း, Shwemya Aung
ကောင်းတယ်ကိုထွန်းမြတ်ရေ
တရားသာစွဲလိုက်တော.
ဒီကောင်တွေက ဖင်မှန်းခေါင်းမှန်းသိတဲ.ကောင်တွေမဟုတ်ဘူး
ကလောင်တစ်ချောင်းရပြီဆိုတိုင်း အရူးလက်ဓါးအပ်မိသလိုလုပ်စားနေကြတာ
ဘာကျင်.၀တ် ဘာ ကျွမ်းကျင်မှုမှ ရှိတာမဟုတ်ဘူး

ကိုညီ (သရ၀ဏ်)

2012/10/17 TUN tourguide <tuntou...@gmail.com>:

KTLuck

unread,
Oct 17, 2012, 8:03:49 AM10/17/12
to travel...@googlegroups.com
ပြင်းထန်စွာ ကန့်ကွက်ပါတယ်။ တရား စွဲဆို ထိုက်သော ပြစ်မှု ဖြစ်ပါသည်။

Sincerely yours



ky




2012/10/17 Ko Nyi Nyi <nyi...@gmail.com>

--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
For more options, visit https://groups.google.com/groups/opt_out.



Minn Zayar

unread,
Oct 21, 2012, 6:58:07 AM10/21/12
to travel...@googlegroups.com
ကိုထွန်းမြတ်တို့ နှင့်အတူ တစ်သားတည်းရှိနေပါတယ်ခင်ဗျာ့...ဒီစော်ကားမှု မျိုးကို ပြင်းပြင်းထန်ထန်ကန့် ကွက်ပါတယ်တယ်.။

2012/10/17 KTLuck <kya...@gmail.com>



--

Tin Aung Kyaw

unread,
Oct 22, 2012, 6:34:34 AM10/22/12
to travel...@googlegroups.com
မိတ်ဆွေများ
တည်ဆဲဥပဒေများ ကို သေချာလေ့လာပါ လက်ရှိ ဥပဒေ သည် သတင်းဂျာနယ် တစ်စောင် သည်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို အပုပ်ချ စွပ်စွဲပြော ဆိုစေ အုံးတော့အများပြည်သူ အကျိုးအတွက်ဆို လျှင် ကင်းလွတ်ခွင့်ရှိ နေပါသည် ရှေနေ များနှင့်တိုင် ပင်ပါ   သို့သော်ဆွဲမှဖြစ်မယ် ဆိုပါကဆွဲပါ  လုပ်ကြည့်ပါ

2012/10/22 Thatoe ThuZarAung <thatoe.t...@googlemail.com>
ခင်မင်ရသော မိတ်ဆွေများ

မီဒီယာက မတောင်းပန်လို့ အမှန်တကယ်ရှေ့တိုးချင်တယ်ဆိုရင် အချက်နှစ်ချက် အကြံပေးပါရစေ။

၁) တရားမစွဲသင့်ပါ။ အချိန်ကုန် ငွေကုန် လူပင်ပန်း ပါသည်။
 ဧည်လမ်းညွှန်များ၏ ဆိုင်းများထိုးပြီး ကန့်ကွက်လွှာကို ပြည်သူ့လွှတ်တော်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနကို တရားဝင် တင်ပြသင့်သည်။
စာနယ်ဇင်းများကို ခေါ်ပြီး ရှင်းလင်းမူ့ကို တပြိုင်နက်ထဲ ပြုလုပ်သင့်သည်။

၂) MTGA အသင်းက ကြီးမှုးပြီး အသင်းအမည်ခံ၍ ဧည့်လမ်းညွှန်များ ဆိုင်းထိုးကာ တရားစွဲမည်။
သို့ဆိုလျှင် အသင်းတွင် income နည်းပါးသောကြောင့် ဧည့်လမ်းညွှန်များက fun နှင့် လူအင်အား ထောက်ပံဖို့ လိုပါလိမ့်မည်။


ခင်မင်လျှက်
သတိုးသူဇာအောင်
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/M4wVpnAj2nkJ.

yin min htun

unread,
Oct 22, 2012, 9:41:36 PM10/22/12
to travel...@googlegroups.com
Hi friends,
Come on!!! do something!!!

>>> မြန်မာနိုင်ငံသတင်းစာဆရာများ**အသင်း(မန္တလေးတိုင်းဒေသကြီး)မှာ**လည်း EC


>>> တစ်ယောက်ဖြစ်ပါတယ် ။ မန္တလေးမှာ စာရေးဆရာ အသင်း ၃ သင်းရှိပြီး မင်းမင်းလတ်

>>> တို.အဖွဲ.ဟာ လူထောက်ခံမှုအနည်းဆုံး ၊ နှစ်ယောက်တစ်ပိုင်းနဲ့.ဖွဲ.ထား**တဲ.

Reply all
Reply to author
Forward
0 new messages