CONDOLENCES

11 views
Skip to first unread message

ထွေးဦးမြန်မာ

unread,
Sep 27, 2013, 3:59:08 PM9/27/13
to puppetrymyanmar, travelmyanmar
သေတစ်နေ့ မွေးတစ်နေ့ လို့ပြောကြပါတယ်။

ဒီနေ့ အမျိုးသမီးမွေးနေ့မှာ ချစ်ခင်ရင်းနှီးသူတွေထဲက တစ်ဦးဦးသေမယ်လို့ ဘယ်သူထင်မှာလဲ။ အထူးသဖြင့် ၂၀၀၆ခုနှစ်ထဲက ဆိုးအတူ ကောင်းအဖက် တလှေထဲစီးလာခဲ့တဲ့ လုပ်ဖေါ်ကိုင်ဘက်တစ်ယောက် အလုပ်အတူတူလုပ်နေကြရင်း ရုတ်တရက် ဆုံးပါးလိမ့်မယ်လို့ ဘယ်သူထင်ကြပါမလဲ။

ကွေးသောလက် မဆန့်မီလို့ ဘယ်လိုပဲဘုရားဟောရှိပေမယ့် ကိုယ့်မျက်စိရှေ့မှာတင် နှုတ်မဆက်ပဲ ခွဲခွာသွားသူကိုကြည့်ပြီး ရင်ထဲမှာအောင့်တောင်လာပါတယ်။ ကိုယ်လည်း အသက်နဲ့ကိုယ်မြဲနေသေးလို့ ဒီစာကိုရေးနိုင်တာ။ သင်္ခါရတရားပေမယ့် ရှေ့ဆက်ရမယ့် လမ်းအတွက်တောင် အားမရှိချင်တော့ပါဘူး။ကိုယ်တောင် ဒီလိုဆိုရင် ကာယကံရှင် မိသားစု အထူးသဖြင့် သမီး၂ယောက်ရဲ့မိခင်ကြီး ဘယ်လိုဖြေသိမ့်ပါ့မလဲ။

၂၃ရက်နေ့ညကပဲ MiCasa မှာ အတူတူက အတူတူစားခဲ့ကြပါသေးတယ်။ ဒီနေ့လည်း ဆီဒိုးနားမှာ ထိုင်းခရီးသွားလုပ်ငန်းရှင်တွေကို ၇နာရီကနေ ၇နာရီခွဲထိ သူချစ်မြတ်နိုးတဲ့ ရုပ်သေးကြိုးတွေကို အပြုံးမပျက်ဆွဲပြီး လက်ခုပ်သံတွေကို ခံယူခဲ့တဲ့ဆရာ၊ ပွဲကအပြီး ပစ္စည်းတွေသိမ်းတော့တောင် ဝိုင်းကူခဲ့သေးတဲ့ဆရာ။ အိမ်ပြန်ဖို့ အောက်ဆင်းပြီး တင်စရာလှည်းသွားယူနေချိန်မှာ မြန်မြန်ပြန်တက်ခဲ့ပါလို့ဖုန်းဆက်လို့တက်သွားတော့ အသက်မရှိတော့ဘူး။

အပေါ်ထပ်ခန်းမထဲရောက်တော့ ဟိုတယ်ဆရာဝန်လည်း ရောက်နေပြီ။ ဟုတ်ရဲ့လားဗျာဆိုတော့ ကိုယ့်ရှေ့မှာတင် ဓါတ်မီးနဲ့ထိုးပြ၊ နားကြပ်နဲ့ နှလုံးခုံသံ နားထောင်ခိုင်း၊ သွေးတိုးမတိုးစမ်းခိုင်းကြည့်တော့ ဘာမှမပြတော့ဘူး။ မယုံနိုင်တာရော ထူပူပြီး ဘာကစလုပ်ရမှန်းကို မသိတော့ဘူး။

နောက်မှခေါင်းအေးအေးထားပြီး ဘာကစလုပ်ရမလဲစဉ်းစားပြီး အရင်ဆုံး လူနာတင်ကားခေါ်ပေးဖို့ ဟိုတယ်ကိုပြောရတယ်။ မိသားစုကိုတော့ စိတ်အရမ်းလှုပ်ရှားကုန်မှာစိုးလို့ မူးလဲသွားတယ် အမြန်လိုက်လာခဲ့ပါ။ လောလောဆယ် ဟိုတယ်ဆရာဝန်ပြပြီး လူနာတင်ကားခေါ်ထားတယ်လို့ပဲ ပြောထားရပါတယ်။

ဟိုတယ်ကလည်း သူတို့အမှုပါတ်မှာစိုးလို့ထင်တယ်၊ ရဲအကြောင်းကြားလို့ ရဲတွေရောက်လာပြီး စစ်ချက်တွေယူတယ်။ ကိုယ်လဲအဲဒီတော့မှ ဖြစ်စဉ်ကို သေသေချာချာ သိရတော့တယ်။ ကားစောင့်နေတုန်း မနေ့ကဆေးခန်းပြထားတယ် ဆေးသောက်ဦးမယ်ဆိုပြီး ဆေးထုတ်သောက်တယ်တဲ့။ ဆေးသောက်မယ်ဆို အစာစားပြီးမှသောက်ပါဆိုပြီး ပေါင်မုန့်ထုတ်ပေးတာတောင် ဆေးသောက်ပြီးမှ စားမယ်ဆိုပြီး ဆေးအရင်သောက်လိုက်တယ်။ ပြီးမှပေါင်မုန့်စားနေတုန်း ရှေ့ကိုငိုက်ကျသွားလို့ ဆရာဘာဖြစ်လို့လည်းဆိုဝိုင်းမေးတော့ စကားပြန်မပြောတော့ဘူး။ သတိလစ်တယ်ထင်လို့ ခြေတွေလက်တွေ ဆုပ်နယ်ပေးချိန်မှာ ခြေထောက်တွေ အေးနေပြီ။ ဟိုတယ်ဝန်ထမ်းတွေကို ဆရာဝန်ရှိလားမေးပြီး ခေါ်ခိုင်းတော့ ရောက်လာတဲ့အချိန်မှာ အသက်မရှိတော့ဘူး။ ည ၈နာရီ ၁၅ လို့မှတ်တမ်းတင်ပါတယ်။

ဇနီးနဲ့သမီးရောက်လာတော့ ခဏထိုင်ခိုင်းပြီး စိတ်ငြိမ်ငြိမ်ထားဖို့ အရင်ပြောရတယ်။ ပြီးမှ အကျိုးအကြောင်းလည်း ပြောပြရော ငိုကြပါလေရော။ ကိုယ်လည်း မယုံနိုင်အောင် ဖြစ်ရကြောင်း ဆရာမဘာလုပ်ချင်လည်း ပြောပါဆိုပြီး နှစ်သိမ့်ရတယ်။ မနေ့က သွေးတက်လို့ ဆေးခန်းသွားပြရကြောင်း၊ ဒီနေ့လည်း နေမကောင်းရင် မသွားပါနဲ့လို့တောင် တားခဲ့ကြပါသေးတယ်၊ ရတယ် ကောင်းတယ်ဆိုပြီး အစောကြီး ထမင်းစားပြီး ထွက်သွားတာလို့ ပြောပါတယ်။

လိုအပ်တဲ့စစ်ချက်တွေယူပြီး ရန်ကုန်ဆေးရုံကြီးကိုပို့တော့ ညဆယ်နာရီခွဲပါပြီ။ သေဆုံးကြောင်းစစ်ဆေးလက်ခံပြီး နက်ဖြန်ခါ သေစာရင်းလာထုတ်ရန် စာရွက်ထုတ်ပေးလိုက်ပါတယ်။

ဆရာဦးမောင်ကြည် အသက် (၆၉)နှစ် (ရုပ်သေးကြိုးဆွဲပညာရှင် )
(အငြိမ်းစား-အနုပညာဦးစီးဌာန/ယဉ်ကျေးမှုဝန်ကြီးဌာန) 
ပင်တိုင်ကြိုးဆွဲညာရှင်-ထွေးဦးမြန်မာရုပ်သေးအဖွဲ့၏ 
ဈာပနကို ၂၉-၉-၂၀၁၃(တနင်္ဂနွေနေ့)တွင် ရေဝေးသို့ ပို့ဆောင်သဂြုင်္ိဟ်မည်ဟု မိသားစု၏ သဘောဆန္ဒကို သိရပါတယ်။ 
(အချိန်အတိအကျသိရင် ကြေငြာပေးပါမယ်)

ဆရာဦးမောင်ကြည်တစ်ယောက် ကောင်းရာဘုံဘဝကိုရောက်ရှိ၍ ဆရာချစ်သော လုပ်ဖေါ်ကိုင်ဖက် ရုပ်သေးပညာရှင်များ၏ ရှေ့ဆက်ရမည့်ဘဝခရီးအတွက် ကောင်းချီးပေးနိုင်ပါစေ။

မိသားစုအတွက် ဖခင်ကောင်းတစ်ဦးဆုံးရှုံးရုံမက မြန်မာ့ရုပ်သေးလောကအတွက် ရုပ်သေးဆရာကောင်းတစ်ဦးဆုံးရှုံးမှုကို မှတ်တမ်းတင်ရင်း

ကြေကွဲစွာဖြင့်
ဦးထွေး(ထွေးဦးမြန်မာ)

Our beloved puppeteer, U Maung Kyi (69 yr), passed away at 8:15 PM on 27th Sep 2013.

Wishing to rest in peace

on behalf of puppeteers
HtweOoMyanmar

2-MAUNG KYI.jpg
2013-09-23-MiCasa Hotel.jpg
2013-09-27-Sedona.jpg

khin thidar

unread,
Sep 28, 2013, 8:01:01 AM9/28/13
to travel...@googlegroups.com, puppetrymyanmar
ှဆရာ ဦးမောင်ကြည် ကောင်းရာဘ၀ရောက်ပါစေ ၀မ်းနဲပါတယ် ဦးထွေးရေ
> --
> You received this message because you are subscribed to the Google Groups
> "Travel Myanmar (Tourism information, activities, idea exchange inside
> Burma)" group.
> To unsubscribe from this group and stop receiving emails from it, send an
> email to travelmyanma...@googlegroups.com.
> To post to this group, send email to travel...@googlegroups.com.
> To view this discussion on the web visit
> https://groups.google.com/d/msgid/travelmyanmar/CALPXUTW-wZ8jBScE6vhco0GKaw7GXxrTsu-d40Y-SM%3DeG4_YKQ%40mail.gmail.com.
> For more options, visit https://groups.google.com/groups/opt_out.
>

Linn Linn Htet

unread,
Sep 27, 2013, 8:56:02 PM9/27/13
to travel...@googlegroups.com

ထွေးဦးမြန်မာ အဖွဲ့သားများနှင့်ထပ်တူ ကြေကွဲဝမ်းနည်းမိပါကြောင်း

Lin Lin Htet
Tourist Guide

Travel Myanmar Group

unread,
Sep 29, 2013, 12:07:16 AM9/29/13
to travel...@googlegroups.com, puppetrymyanmar, htweoomya...@gmail.com
နောက်ဆုံးထွက်သက်အထိ မိမိရဲ့ အတတ်ပညာကို အသုံးချသွားသော မြန်မာပြည်က ရုပ်သေးဆရာကြီး ဦးမောင်ကြည်အား Travel Myanmar Group မှ admin နှင့် contributors များကိုယ်စား လေးစားဂုဏ်ပြုအပ်ပါတယ်။ ကျန်ရစ်သူမိသားစု၊ ထွေးဦးမြန်မာမိသားစု တို့နှင့်ထပ်တူဝမ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်ပါတယ်ဗျာ။
Reply all
Reply to author
Forward
0 new messages