ရွှေပြားခတ်လုပ်ငန်း ပျောက်ကွယ်သွားတော့မလား
45 views
Skip to first unread message
Tomme Aung
unread,
Sep 21, 2014, 11:55:16 PM9/21/14
to travel...@googlegroups.com
ရွှေပြားခတ် လုပ်ငန်း တိမ်ကောတော့မလား?
ကျွန်တော်ရဲ့စာအုပ် ခရီးသွားအရွေ့ ထဲက စိုးရိမ်ဖွယ် ပျောက်ကွယ်သွားနိုင်သည့် ရွှေပြားခေတ် လက်မှု လုပ်ငန်းအကြောင်း ကဗျာစပ်ဆို ထားတာကို ကြိုတင်မျှဝေချင်ပါသည်။
ယနေ့ ရွှေဆိုင်းလုပ်ငန်း လုပ်ကိုင်သောမျက်ပါးရပ်တွင် ရွှေပြားခေတ်လုပ်ကိုင်သည့်လုပ်ငန်း နှစ်ဆယ်လောက်သာကျန်ပါတော့သည်။
အဓိက ရွှေဆိုင်းလုပ်ကိုင်သည့် အလုပ်ဆိုဒ်များ မှာ သိဒ္ဓိရှင် ။ မေတ္တာရိပ် ။ ရွှေနှင်းဆီ ။ကျော်စွာဝင်း နှင့် တခြား အမည် မကျော်ကြားသော လုပ်ငန်းသေးလေးများဖြစ်ပါသည်။
တစ်ချို့ ဆိုင်များလည်းရှိသော်လည်း
နိုင်ငံခြားသားများအတွက်သာ အဓိကထား လုပ်ကိုင်ကြသော Touristic ဆိုင်များဖြစ်ကြသည်။
ယခင် မင်းတုန်းမင်းလက်ထက်မှ ယနေ့ထက်တိုင် ထိမ်းသိမ်းလာခဲ့သော မြန်မာ့ ရိုးရာ ရွှေဆိုင်း လုပ်ငန်းသည် ယခုအခါတွင် ပျောက်ကွယ် သွားနိုင်သည့် အနေအထားဖြင့်ရင်ဆိုင်နေရပြီကို တွေ့လာရပါသည်။
ယခင်က ၁၉၉၀ ခုနှစ်အထိ လုပ်ငန်းစုပေါင်း ၁၀၀ နီးပါး ရှိခဲ့ပါသော်လည်း ယနေ့ခေတ် ၂၀၁၄ တွင် ၂၀ လောက်သာ ရှိပါတော့သည်။
ဆိုတော့ ဆယ်ရာစု တစ်ခုပြီးတိုင်း လုပ်ငန်းစု ၂၅ ခုလောက် ပျောက်ကွယ်လာခြင်းဖြစ်သည်။
လုပ်ငန်းရှင်တစ်ယောက်ကို ဘာဖြစ်လို့ဒီလိုဖြစ်တာလဲ ဟုမေးသော်
ယခင်မျက်ပါးရပ်ဆိုသည် ရွှေသန့်စင်လုပ်ငန်း ကို အဓိက ထားလုပ်ပြီး ရွှေဆိုင်းနှင့်တွဲဖက်လုပ်ကိုင် စားသောက်ကြသည်။ ရွှေလှော် လုပ်ငန်းဟုလည်းခေါ်ခဲ့ပါသည်။
ယနေခေတ်တွင် ရွှေဆိုင်ကြီးများပေါ်လာခဲ့ပြီး ခေတ်မီစက်ကြီးများဖြင့် ပြလုပ်လာသဖြင့် အလုပ်အကိုင် နည်းပါးလာသည်။ ရွှေဆိုင်းခတ် လုပ်သားများက တစ်ခြား ဆိုင်ကယ် ဝယ်ရောင်းအလုပ် နှင့် ငွေ ချက်ချင်းရသော အလုပ်များပြောင်းလုပ်လာသဖြင့် လုပ်သားရှားပါးလာခြင်းကလည်း အကြောင်းတစ်ခုဖြစ်ကြောင်း ပြောပြပါသည်။
ထိုကြောင့် ရွှေပြားခတ် လုပ်ငန်း လုပ်သူတို့ မိရိုးဖလာ အလုပ်ကို ဆက်လက်မလုပ်နိုင်ကြတော့ပါ။ ရွှေဈေး ကလည်း ယခင် ၂၀၀၅ အထိ ရွှေတစ်ကျပ်သား ၅၀၀၀၀ ထက် မက အခု ၆၆၀၀၀၀ ကျပ် ဖြစ်၍လည်းများများ မထုပ်လုပ်နိုင်ကြတော့ခြင်းဖြစ်သည်ဟု ဆိုပါသည်။
နောက်အကြောင်းတစ်ခုက ယခုမျက်ပါးရပ်နေရာတွင် လမ်းမတန်း အိမ် တစ်လုံး သိန်းသောင်းချီတန်လာနေသည်။ အချို့သောရွှေဆိုင်းလုပ်ကိုင်သူများက အိမ်နှင့်ခြံကို ရောင်းချပြီး တစ်ခြားအရပ်မှာ တစ်ခြားလုပ်ငန်းပြောင်းလုပ်ကိုင်ကြကြောင်း တွေ့ရပါသည်။
ပိုဆိုးသည်မှာ ယိုးဒယားက တင်သွင်းသော ရွှေပြားခတ်စက်များဖြင့် ရွှေပြားပြုလုပ် လာသဖြင့် လက်ခတ်လုပ်ငန်း အထိနာရပါသည်။
၂၄ ဂရမ် ကို ရွှေပြားပေါင်း ဥပမာ ၂၄၀၀၀ ရွှက်ရလျင် စက်ဖြင့်လုပ်ပါက ၂၆၀၀၀ ရွှက် ရသည်။
သို့ပါ၍ စက်နှင့် လုပ်သော ရွှေဆိုင်း
အရွှက် ၁၀၀ အထုပ်ကို ၂၉၀၀၀ ကျပ် ဖြင့် ဝယ်ရနိုင်ပြီး လက်ခတ်ရွှေပြားက ၃၂၀၀၀ ကျပ်အနဲဆုံးဈေးကျသင့်သဖြင့် လက်ခတ်ရွှေဆိုင်းလုပ်ငန်း ထိခိုက်လာပါသည်။
၂၀၁၄ ၈ လပိုင်းတွင် ရွှေတိဂုံ ဂေါပက အဖွဲ့က ဈေးသက်သာသော စက်ခတ်ရွှေးဆိုင်းသွင်းရန် လက်ခံလိုက်ခြင်းသည် အထိက ထိုးနှက်ချက် တစ်ခုဖြစ်လာနေပါသည်။
ကျပ် သိန်းတစ်သောင်းဖိုး ဝယ်ယူမှာဖြစ်သည်။
စက်ခတ် ရွှေဆိုင်းများကို ရွှေပန်းတိမ် နှင့် ရွှေလုပ်ငန်းလုပ်ကိုင်သူများက ယိုးဒယားမှ လာသော စက်များဖြင့် ရန်ကုန် နှင့် တစ်ခြားမြို့ကြီးများမှာ ထုတ်လုပ်လာကြကြောင်း သိရှိရပါသည်။
အထက်ပါအကြောင်းကို မိမိရေးသည့် စာအုပ်ထဲတွင်
' တိမ်ကောပျောက်ကွယ်နိုင်သည့် မြန်မာ့လက်မှုလုပ်ငန်းများ' ခေါင်းစဉ်အောက်တွင် အကျယ်တဝင့် ရေးသားဖော်ပြထားပါသည်။
နောင်လာနောက်သားများ လက်ခတ်ရွှေပြားခတ် လုပ်ငန်းအကြောင်းသိနိုင်စေရန် ကဗျာနဲ့ မှတ်တမ်း ရေးထားပါသည်။
အားပေးကြပါ လက်မှုပညာ။
ဝဏ္ဏ ခတ်တန်း
ညီမငယ်
ဟင်းထုပ်ရယ်ကမ်း
နေ့စာဝမ်းအတွက်
အသက်ဆက်ရေး
လုပ်ငန်းကိုပြေးမောင်ဝင်မယ်။
ရွှေခဲကိုယူ
၂၄ ဂရမ်ထူ
စက်ကြိတ်နန်းဆွဲ
ဖဲပြားသဏ္ဍန်ရလာမယ်။
မန်ကျီးရွှက်ငယ်
ကိုက်ကာအုပ်ထပ်
အသေးရွှက်ပေါင်း
လေးရာနှစ်ဆယ် စ ထုတယ်။
နာရီဝက်မယ်
ပြန့်ကားလာဝယ်
အပူမျှဖို့ အရေးကြီးတယ်။
အထုပ်သေးပြင်ထုပ်
ခြောက်စခွဲလို့
အထုပ်ပြန်အုပ်
တစ်နာရီသာသာ ဆက်ထုကွယ်။
အရွယ်ကြီးလာ
နေရာမဆံ့ဖြစ့်
ခုနှစ် ရာနှစ်ဆယ်
ထုပ်ကြီးထည့်ကာ ပြောင်းထုမယ်။
ငါးနာရီသာသာ
ထပ်ထောင်းကာမှ
နောက်ဆုံးအလှ ကြွလာတယ်။
ပါးလျ ပြန့်ကား
အထူပါးလှ
ဆံနွယ်စရဲ့ တစ်စ မှာခြောက်သွယ်
မျက်ပါးရပ်သူ အလှပေါ့ကွယ်။
မောင်ကြီးချွေးပန်း
လုံးကာဖျန်းလည်း
ဖုကြွကြွက်သား ကျစ်လှတယ်။
ဘုရားရွှေချ
လုံးတော်ကျသမို့
ဘာသာရေးတွေး မမောတယ်။
ဒို့မြို့ဒို့ရွာ
ဒီနေရာသာ
တွေ့ရခဲတဲ့ အလုပ်ဖြစ်တယ်။
ထုမယ့့်ထုမယ့် ။
သွေးသစ်
၂၀၀၁
ဖေဖော်ဝါရီ ကဗျာ
Order 1.jpg
Order 2.jpg
Golden Doom Guilded.jpg
Hla Darle Khin
unread,
Sep 22, 2014, 2:35:56 AM9/22/14
to travel...@googlegroups.com
Hi Ko Thwe Thit,
Allow me to share my opinion and please take note that this my only personal opinion. 
Though it is a tradition carried from generation to generation, considering to the human labour involved in the process, I would let it go this kind of traditions. 
I understand, there's an art involved in this process to balance the time, heat, thickness until the thin gold leaf are packed into small stack.  
The end products to be used at Pagodas may be too noble, but my question is whether it is really worth to maintain such kind of traditions in terms of time taken to become such thin gold leaf while the concerns for hard labour is more serious. 
Therefore, this is not an argument, but just my acceptance on traditions how I see it. 
Thanks 
Dar Le
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To unsubscribe from this group and stop receiving emails from it, send an email to travelmyanma...@googlegroups.com.
To post to this group, send email to travel...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msgid/travelmyanmar/397e4418-c8a7-4a8e-a407-7c2ffedde59a%40googlegroups.com.
For more options, visit https://groups.google.com/d/optout.
Maung Maung Oo
unread,
Sep 22, 2014, 11:45:45 PM9/22/14
to travel...@googlegroups.com
cultural tourism အတွက်ထိန်းသိမ်းဖို့ လိုလာပြီ။cambodia နဲ့  ထိုင်း ကိုအတုယူလေ့လာရမယ်ထင်တယ်ဗျာ။
Reply all
Reply to author
Forward
0 new messages