Groups keyboard shortcuts have been updated
Dismiss
See shortcuts

မြိတ်ကျွန်းစု

98 views
Skip to first unread message

Ko Nyi Nyi

unread,
Sep 25, 2012, 8:59:10 AM9/25/12
to travelmyanmar
တိုးရစ်များ မြိတ်ကျွန်းစုသို.သွားခွင်.ရှိမရှိ ပါမစ်လိုမလို သိပါရစေ

လေးစားစွာဖြင်.

ကိုညီ

Aye

unread,
Sep 25, 2012, 10:53:17 PM9/25/12
to travel...@googlegroups.com
မြိတ်ကျွန်းစုများ ဟုဆိုလျှင် ပါမစ်လိုပါသည်။ သက်ဆိုင်ရာ တာဝန်ရှိ ခရီးသွားလုပ်ငန်းမှ ခွင့်ပြုချက်ယူပြီး သက်ဆိုင်ရာမြို့နယ်များရှိ MTT နှင့် လ၀ကများအား အကြောင်းကြားရပါသည်။  မြိတ်မြို့ပေါ်နှင့် ကော့သောင်းမြို့ပေါ်များအတွက် ပါမစ်မလိုပါ။ မြို့ပေါ်တွင် ၃ မိုင်ပတ်ဝန်းကျင်အတွင်း သွားလာခွင့်ရှိပါသည်။ (ပါမစ်မပါ)။
သင်္ဘောခရီးစဉ်များအတွက် ၀င်ပေါက်ထွက်ပေါက် တူရန်မလိုပါ။ သက်ဆိုင်ရာမှ ညှိနှိုင်းပေးပါသည်။ အေးမြတို့ Mergui Princess နှင့် Ayer Princess ဖြင့် လိုက်ပါသည့် ခရီးသည်များအတွက် ရနောင်းမှ ၀င်ပြီး ရန်ကုန်မှ ပြန်ထွက်ခြင်း၊ ရန်ကုန်မှ ၀င်ပြီး ရနောင်းမှ ပြန်ထွက်နိုင်ရန် အတွက် ပါမစ်တောင်းပြီး ဆောင်ရွက်ပေးပါသည်။
အသေးစိတ်သိလိုပါလျှင် 401261၊ 09421107472 သို့ဆက်သွယ်မေးမြန်းနိုင်ပါသည်။

2012/9/25 Nyi Nyi ® <nyi...@gmail.com>
ပါမစ်မလိုဘူးကိုညီ၊ သွားလို့ရတယ်။  MTTနဲ့ မဖြစ်မနေလုပ်ရတာလေးတွေတော့ရှိတယ်။ ဥပမာ tour တစ်ခုအတွက် compulsory guide တစ်ယောက်ကိုမဖြစ်မနေခေါ်ရပါတယ်။ တရားဝင် တစ်ရက်ကိုဒေါ်လာ ၃၀ဖြစ်ပါတယ်။ မြန်မာပြည်ရဲ့ဝင်ကြေးအမြင့်ဆုံးဒေသတစ်ခုဖြစ်ပါတယ်။ ကော့သောင်းနဲ့ပတ်ဝန်းကျင် (မြိတ်.. မပါ)အတွက် နိုင်ငံခြားသားတစ်ဦးကို ၀င်ကြေး (သို့)ဇုန်ကြေး အမေရိကန်ဒေါ်လာ ၁၀၀ ဖြစ်ပြီး မြိတ်ဒေသအတွက်ပါဆိုလျင် တစ်ဦးကို ဒေါ်လာ ၁၅၀ ပေးရမှာဖြစ်ပါတယ်။ စက်လှေငှားရမ်းလျင် MTT license ရှိသောလှေကိုသာငှားရမ်းခွင့်ရှိတယ်လို့ဆိုပါတယ်။ များသောအားဖြင့် နိုင်ငံခြားသားအများစုက ထိုင်းနိုင်ငံဘက်ကလှေများဖြင့်သာဝင်လာတတ်ကြပြီး ၄င်းတို့အဆိုအရ ယင်းသို့သွားလာခြင်းကကုန်ကျစားရိတ်ပိုသက်သာတယ်လို့သိရပါတယ်။ စားရိတ်ထောင်းစေတဲ့နောက်တစ်ချက်ကတော့ ရန်ကုန်မှဝင်လာတဲ့ဧည့်သည်ကိုရန်ကုန်ကပဲပြန်ထွက်ခွာစေတဲ့စနစ်ကြောင့်ပဲဖြစ်တယ်လို့ပြောရမှာပါ။ ဥပမာ ဧည့်သည်တစ်ဦးဟာ ကော့သောင်းမှဝင်လာပြီး ရန်ကုန်မှထွက်ခွာနိုင်မည်ဆိုလျင်၊ ရန်ကုန်မှဝင်လာပြီး ကော့သောင်းမှထွက်ခွာနိုင်လျင် လေယာဉ်တစ်ကြောင်းစာစားရိတ်သက်သာနိုင်မှာပါ။ မြိတ်ဘက်ကိုခရီးသွားမယ်ဆိုရင် မော်လမြိုင်အောက် (တောင်ဘက်)ကို ကုန်းလမ်းနဲ့သွားခွင့်မရှိတဲ့အတွက် ထားဝယ်၊ မြိတ်၊ ကော့သောင်း မြို့ ၃ မြို့ထဲကတစ်မြို့ကိုလေယာဉ်နဲ့အရင်သွားရမှာဖြစ်ပါတယ်။ Asia Whales က ကိုဇော်ဝင်းကိုကတော့မြိတ်သားလည်းဖြစ်ပြီး ခရီးသွားလုပ်ငန်းလုပ်နေသူဖြစ်တာကြောင့်အထောက်အကူရနိုင်ပါတယ်။ သူ့ကိုဆက်သွယ်ချင်ရင်တော့

No. 83, 8th Street, F/F, Lanmadaw Township. Yangon. Ph : 09-5184592, 222356, 226069 ဖြစ်ပါကြောင်း။
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/k-1kUxUlim0J.

For more options, visit https://groups.google.com/groups/opt_out.
 
 

Nyi Nyi ®

unread,
Sep 25, 2012, 11:31:32 PM9/25/12
to travel...@googlegroups.com
ကျေးဇူးတင်တယ် အေးမြ။ အဲ့ဒါပြောဖို့ကျန်သွားတယ်။ ကျွန်းစုတွေလည်မယ်ဆိုရင် ခွင့်ပြုချက်လိုပါတယ်။ ဒါပေမယ့် ကျွန်းတွေပေါ်မှာညအိပ်ညနေခွင့်မပြုဘူးလို့သိထားပါတယ်။ ထားဝယ်နဲ့မြိတ်အကြား၊ မြိတ်နဲ့ကော့သောင်းအကြား Express စီးရင်လည်းခွင့်ပြုမိန့်မလိုဘူးလို့သိထားပါတယ်။ (မှားလျင်ပြင်ပေးပါ)။ ကျနော်ဆိုလိုတာက လုပ်လို့မရတာမဟုတ်ဘူး၊ သာမာန်အတိုင်းခွင့်မပြုပဲ လျောက်ထားမှလုပ်လို့ရတာနဲ့မရတာကိုပြောတာပါ။ ကျေးဇူးတင်ပါတယ်။


Nyi Nyi


2012/9/26 Aye <ayem...@gmail.com>

Khine Kyi Min

unread,
Oct 2, 2012, 11:15:15 PM10/2/12
to travel...@googlegroups.com

မအေးမြတို့ Mergui Princess နှင့် Ayer Princess ဖြင့် လိုက်ပါသည့် ခရီးသည်များ ( တိုးရစ်များ ) အတွက် ပါမစ်တောင်းရင် ဘယ်လောက်အချိန်ကြာ ပါသလဲ ရှင် ..
မြိတ်ကျွန်းစု အတွက်ရော တခါတည်းလည်လို့ ရပါသလား ..

ကျေးဇူးတင်စွာဖြင့်

ခိုင်ကြည်မင်း




On Tuesday, September 25, 2012 7:36:30 PM UTC+6:30, Ko Nyi Nyi wrote:

Aye

unread,
Oct 2, 2012, 11:20:26 PM10/2/12
to travel...@googlegroups.com
အေးမြတို့ ပုံမှန်တောင်းချိန်က တစ်ပတ်ကနေ နှစ်ပတ်အထိကြာတတ်ပါတယ်။ တစ်ခါတစ်ရံ ရက်အလွန်နီးကပ်နေလျှင်လည်း ဟိုတယ်နှင့်ခရီးမှ တစ်ရက်နှစ်ရက်အတွင်း စီစဉ်ဆောင်ရွက်ပေးပါတယ် အမ။  မြိတ်ကျွန်းစုတွေအတွက်ပါ တစ်ခါထဲ ထည့်သွင်းဖော်ပြပြီး လည်ပတ်ခွင့်တောင်းနိုင်ပါတယ်အမ။

လေးစားစွာဖြင့်
အေးမြဦး
2012/10/3 Khine Kyi Min <makhi...@gmail.com>
--
You received this message because you are subscribed to the Google Groups "Travel Myanmar (Tourism information, activities, idea exchange inside Burma)" group.
To post to this group, send email to travel...@googlegroups.com.
To unsubscribe from this group, send email to travelmyanma...@googlegroups.com.
To view this discussion on the web visit https://groups.google.com/d/msg/travelmyanmar/-/urXLLLUljqsJ.

Ma Khine

unread,
Oct 3, 2012, 12:08:20 AM10/3/12
to travel...@googlegroups.com
အခုလိုပြောပြပေးတဲ့အတွက် ကျးဇူးတင်ပါတယ် .. မအေးမြ


2012/10/3 Aye <ayem...@gmail.com>
Reply all
Reply to author
Forward
0 new messages