တောဆင်ရိုင်းများ သောင်းကျန်းမှု ချောင်းသာ အနီးရှိရွာများ ရင်ဆိုင်နေရ

10 views
Skip to first unread message

Thomas Latt

unread,
Nov 17, 2012, 10:51:11 PM11/17/12
to travelmyanmar

  တောဆင်ရိုင်းများ သောင်းကျန်းမှု ချောင်းသာ အနီးရှိရွာများ ရင်ဆိုင်နေရ

ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့နယ် ချောင်းသာ ကမ်းခြေသို့
သွားရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများ၌ တောင်ဆင်းရိုင်း
 များမကြာခဏ ဆိုသလို ၀င်ရောက် ကာ လူများအား အန္တရာယ်
ပြုသတ်ဖြတ်ခြင်း၊ လူနေအိမ်နှင့် စိုက်ခင်းများအား ဖျက်ဆီးနေခြင်း
တို့ကြောင့် ဒေသခံများ အနေဖြင့် စိုးရိမ်နေရ လျက်ရှိပြီး ယင်းဆင်ရိုင်း
များအား တိုင်းဒေသကြီး အစိုးရ၏ အစီအစဉ် ဖြင့် ကာကွယ် တားဆီးမှု
များပြုလုပ် ပေးစေလိုကြောင်း ဒေသခံပြည်သူ များထံမှ သိရှိရသည်။

“တောရှင်းပြီး ရော်ဘာ အစား ထိုး စိုက်ပျိုးမှုတွေ လုပ်တော့ ဆင်ရိုင်း
တွေ နေရာပျောက်ပြီး အနီးနားက ရွာတွေကို ရောက်ရောက်လာတာ၊
သူတို့ကြောင့် သေတဲ့လူတွေလည်း မနည်းတော့ဘူး။ ဆင်တွေဖျက်ဆီး
 လို့ပျက်စီးတဲ့အိမ်တွေလည်းမနည်း တော့ဘူး။ ရွာမှာလူတိုင်းက ဗျောက်
 အိုးဆောင်ထားရတယ်။ သူတို့လာရင် ခြောက်ဖို့ ဒါပေမဲ့ မထိရောက်ပါဘူး။
 ဒီဆင်ရိုင်းတွေကြောင့် တောစပ်သွားပြီး ၀မ်းရေးရှာမယ့် လူတွေလည်း
သွားမရှာရဲဘူး။ ဒါကို မစိုးရနဲ့ အစီအစဉ်တစ်ရပ်အနေ နဲ့
ဖြေရှင်းပေးစေချင်တယ်”ဟု ရှမ်းစုကျေးရွာနေပြည်သူတစ်ဦးက
ပြောကြားသွားခဲ့သည်။

တောများရှင်းပြီး ရာဘာအစားထိုးစိုက်ပျိုးမှုကြောင့် နေရာ ပျောက်၍
တောဆင်ရိုင်းများမှ အနီးရှီကျေးရွာများသို့ မကြာခဏ ၀င်ရောက်၍ စိုက်ခင်းနှင့်
 လူနေ အိမ်များအားဖျက်ဆီးခြင်း၊ လူများ အားအသက်
အန္တရာယ်ပြုနေခြင်း တို့ပြုလုပ်လျက်ရှိနေပြီး တောဆင်ရိုင်းအန္တရာယ်
အများဆုံးစိုးရိမ်နေ ရသောရွာများမှာ ရှမ်းစု၊ သစ်တိုပင်၊ ကလောခုံ၊ ၀ါဘိုး၊
လျှောပြာ၊ ရွာသစ်ကြီးစသည်တို့ဖြစ်ကြောင်း သိရှိရသည်။

ခန့်ခန့်(ဒဿနိက)
Hot News


1 comments:

http://www.dhammamettar.blogspot.com/ said...

ဆင်တွေအတွက် သစ်တောကြိုးဝိုင်း သတ်မှတ်ထားပေးသင့်ပါတယ်၊ ဆင်က လူတွေနေတဲ့ အရပ်ကို ကျွံဝင်လာတာမဟုတ်ပါဘူး၊ လူတွေကသာ အလိုလောဘရမ္မက်များလွန်းလာလို့ တောရိုင်းတိရိဆာန်များ နေစရာ ပျောက်လာတာဖြစ်ပါတယ်။ ခရိုနီတွေ လယ်ယာမြေကို ကျူးကျော်သလိုပဲ ရိုးသားတဲ့ တိရစ်ဆာန်နယ်များများကို လူသားတွေ ကျူးကျော်လာတာကြောင့် ဆင်တွေလဲ သတ်မှတ်နယ်မြေတောင်းဆိုလာကြတာဖြစ်ပါတယ်။ ဆင်များကို သီခြားတောသတ်မှတ်ထားတာကိုတော့ သီရိလင်္ကာနိုင်ငံမှာ မြင်ဖူးတာက လျပ်စီးကြိုးတွေနဲ့ ဓာတ်လိုက်အောင် တား ပေးထားတာတွေ့ရပါတယ်။
တိရိဆာန်အခွင်းအရေးအတွက်လဲ သဗ္ဗေသတ္တာ ဝေယျာ ဆိုတဲ့အတိုင်း မျှပေးကြပါလို့ အကြုံပြုခြင်ပါတယ်။

Reply all
Reply to author
Forward
0 new messages